Arsenal Football Gallery

Arsenal Football Gallery Arsenal

🚨🔴 JULIÁN ÁLVAREZ UPDATE — ARSENALJulián Álvarez ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး Arsenal ဘက်က မျှော်လင့်ချက်တွေ ဆက်ရှိနေပါတယ်။ A...
29/08/2026

🚨🔴 JULIÁN ÁLVAREZ UPDATE — ARSENAL
Julián Álvarez ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး Arsenal ဘက်က မျှော်လင့်ချက်တွေ ဆက်ရှိနေပါတယ်။ Atlético Madrid က Álvarez ကို Barcelona ထံ ရောင်းချဖို့ တံခါးပိတ်ထားပြီးနောက် Arsenal ဟာ လက်ရှိအခြေအနေမှာ အဓိကရွေးချယ်စရာတစ်ခု ဖြစ်လာနေပါတယ်။
🇦🇷 Álvarez ကိုယ်တိုင်က Barcelona ကို ဦးစားပေးလိုခဲ့ပေမယ့် Atlético က Barcelona နဲ့ ဆွေးနွေးဖို့ မရှိတော့တာကြောင့် Arsenal ဘက်က အခွင့်အရေး ရလာပါတယ်။
💰 Atlético Madrid ဘက်ကတော့ Álvarez အတွက် £120m ဝန်းကျင်ကျော် တန်ဖိုးကို မျှော်မှန်းထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
⏳ အခုအချိန်မှာ အရေးကြီးဆုံးက Álvarez ရဲ့ ဆုံးဖြတ်ချက်ပါ။ Atlético Madrid က သူ့ကို တနင်္ဂနွေနေ့အထိ Arsenal ကို ပြောင်းမလား၊ အသင်းမှာပဲ ဆက်နေမလား ဆုံးဖြတ်စေချင်နေပါတယ်။
🔴⚪ Arsenal က Álvarez ကို ခေါ်နိုင်မလား? ဒီ Transfer Saga က နောက်ဆုံးရက်အထိ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ 👀

Level အရမ်းကွာလွန်းတဲ့ပွဲမှာသက်တောင့် သက်သာ ပဲ အနိုင်ရခဲ့တဲ့ အာဆင်နယ်။ရာသီ အဖွင့် ပွဲမှာ တန်းတက် အသင်းက လက်ရှိ Champion ...
22/08/2026

Level အရမ်းကွာလွန်းတဲ့ပွဲမှာ
သက်တောင့် သက်သာ ပဲ အနိုင်ရခဲ့တဲ့ အာဆင်နယ်။

ရာသီ အဖွင့် ပွဲမှာ တန်းတက် အသင်းက
လက်ရှိ Champion တွေကို
ဒုက္ခ ကြီးကြီးမားမား မပေးနိုင်ခဲ့ကြပါဘူး

ဇိုးလစ်က တကယ်အားကိုရမယ့်
ကစားသမားဆိုတာကို သက်သေ ထပ်ပြခဲ့တဲ့ပွဲ။

အရင်က အာဆင်နယ်တိုက်စစ်က
RW တခြမ်းစောင်းနေတာကနေ
ခုတော့ ဇိုးလစ်ကြောင့် balance ညီလာပြီး
ချောချောမွေ့မွေ့လည်း ဖြစ်လာတယ်။

ဆန်းချက် နဲ့တောင် ကစားပုံဆင်တယ်။
ဘယ်ခြေ ညာခြေ အသုံးပြုနိုင်တာက
တကယ်အားရစရာ ကောင်းပါတယ်။

Attacking football style ကို မြင်တွေ့ရမယ့်
နှစ် လို့ အရိပ်အယောင်တွေ မြင်နေရပါပြီ။

ကလာဖီအိုရီ ဒဏ်ရာ ကင်းနေဖို့ပဲ
လိုပါတော့တယ်။

လွယ်ကူတဲ့ ရာသီ အဖွင့်ပါပဲ

တကယ်ချစ်တဲ့ သူကတော့ဘယ်လောက်နောက်ကျကျစောင့်နေမှာပါပဲ🥰🥰
21/08/2026

တကယ်ချစ်တဲ့ သူကတော့
ဘယ်လောက်နောက်ကျကျ
စောင့်နေမှာပါပဲ🥰🥰

ကျတော် သံသရ ဖြစ်နေတာကအာဆင်နယ်က နောက်ထပ် လူကော ဝယ်ပါဦးမလားလို့အတွေးဝင်နေမိတာပဲ။LW တောင် မရောက်လာဖို့ များမယ်ထင်တယ်
17/08/2026

ကျတော် သံသရ ဖြစ်နေတာက
အာဆင်နယ်က နောက်ထပ်
လူကော ဝယ်ပါဦးမလားလို့
အတွေးဝင်နေမိတာပဲ။

LW တောင် မရောက်လာဖို့ များမယ်ထင်တယ်

အာဆင်နယ် နဲ့  LW ပြဿနာ အဖြေရှာတော်မူခန်းအာဆင်နယ်မှာ အားအနည်းဆုံး နေရာကလည်း LW နေရာပဲ။မနှစ်က ထရောဆက် ရဲ့ ပါးရည် နပ်ရည်တွေ...
06/08/2026

အာဆင်နယ် နဲ့ LW ပြဿနာ အဖြေရှာတော်မူခန်း

အာဆင်နယ်မှာ အားအနည်းဆုံး
နေရာကလည်း LW နေရာပဲ။
မနှစ်က ထရောဆက် ရဲ့ ပါးရည် နပ်ရည်တွေကြောင့် ဂိုးလာဘ် တွေ ကြောင့်သာ ဆိုးဆိုးရွားရွား
မဖြစ်ခဲ့တာ။ ဒါတောင်မှ LW အားနည်းချက်က
သိသာလွန်းအားကြီးခဲ့တယ်။

ဒီရာသီမှာ အဲ့ အားနည်းချက်ကို ဖြည့်ဖို့
ဗီနီ အဲဗားရက် တို့ အဓိက ထား
လိုက်ခဲ့ပေမဲ့ ခုချိန်အထိတော့အဆင်မပြေသေးဘူး
ပြောရမယ်။
ဗီနီ ကတော့ သူလစာတိုးဖို့ အရေး
အာဆင်နယ် ကို အသုံးချသွားတယ်ပြေရမှာပဲ။
LW အတွက် ခေါ်ထားတဲ့ ဇိုးလစ် က
ရေရှည် အဆင်ပြေနိုင်ပေမဲ့
ထရောဆက် ရဲ့ ပါးရည် နပ်ရည်
ဘောလုံး skill ကို မမီတဲ့အတွက်
ဒေါင်ဒေါင်မြည် LW မဟုတ်တော့
Tide space တွေမှာ one by one ကျော်ဖြတ် နိုင်တဲ့
ကစားသမား ရောက်လာဖို့လိုပါတယ်။
အဲ့လိုကစားသမား မျိုး မရောက်လာခဲ့ရင်
LW က မနှစ်ကထက် ပိုအားနည်းသွားနိုင်တယ်။

Vini ရောက်လာခဲ့ရင်
အကောင်းတွေထက် အဆိုးတွေ ဖြစ်လာဖို့ များတဲ့အတွက်
ကျတော်တော့ Vini ကို မလိုချင်ခဲ့ဘူး။
ကျတော်တို့ လိုနေတာ Vini လောက် ကောင်းဖို့ မလိုဘူး။
အသင်းလိုက်ကစားတတ်ပြီး
Skillful ဖြစ်ရင်ကို ကျတော်တဲ့ အသင်းအတွက် လုံလောက်ပါပြီ။
LW တစ်ယောက် ရောက်လာခဲ့ရင်
ကျတော်တို့ အသင်း တော်တော် ပြည့်စုံပြီ ပြောလို့ရပါပြီ

Vini ဟာ အာဆင်နယ် လိုအပ်နေတဲ့ကစားသမား type ပါ။ ဒါပေမဲ့ အာဆင်နယ် အတွက် လိုချင်လားဆိုတော့ ကျတော် တဦးတည်း အမြင်အရမလိုချင်ပါဘ...
03/08/2026

Vini ဟာ အာဆင်နယ် လိုအပ်နေတဲ့
ကစားသမား type ပါ။
ဒါပေမဲ့ အာဆင်နယ် အတွက်
လိုချင်လားဆိုတော့ ကျတော် တဦးတည်း အမြင်အရ
မလိုချင်ပါဘူးး။

Real ဟာ အာဆင်နယ်ထက်
အရှိန်အဝါ အားဖြင့် ပိုပြီး တဆင့်မြင်တဲ့ အသင်းပါ။
ပြီးတော့ ကစားသမားတွေရဲ့
Dream club လည်း ဖြစ်တယ်။

ဒီလို အသင်း ဆီကနေ
Vini ဘာလို့ ထွက်ချင်လဲဆိုတော့
Vini က ရီးရဲယ်ဟာ
သူ့ကို အမ်ဘာပေ ကို တန်ဖိုး ထားသလိုမျိုး
တန်ဖိုးမထားဘူးလို့ ခံစားရလို့ပါ။

အဲ့တာကြောင့် လစာတွေ signing bonus
တွေ တိုးတောင်းနေခြင်းဖြစ်ပါတယ်။
ရီးရဲလ် ဘက်ကလည်း
Vini က ရီးရဲလ် မှာဆက်ကစားချင်မှန်း
သိတော့ Vini အလိုကို သိပ်လိုက်မယ် မထင်ပါဘူး။

Vini ကလည်း ရီးရဲလ် မပေးလည်း
အာဆင်နယ်က ပေးတယ်ဆိုပြီး
အာဆင်နယ်ကို အသုံးချပြီး ရီးရဲယ်ကို
အကြပ်ကိုင်နေတယ်လို့ မြင်တာပဲ။

ကစားသမားကောင်းဖြစ်တဲ့အတွက်
ရရင် လိုချင်တယ်။
မရလည်း ဘာမှ မဖြစ်ဘူးလို့ပဲ တွေးတယ်။

Vini ကိုပေးရမယ့် လစာ တွေ
တခြား ဖြစ်လာနိုင်တဲ့ ပြဿနာတွေကြောင့် Vini ထက်
တခြား ကစားပုံကောင်းပြီး
အသင်းတွင်းစည်းလုံးမှုကို မထိခိုက်စေမယ့်
ကစားသမားမျိုးကို ရရင်တော့ အဲ့လို ကစားသမားမျိုး
ပိုပြီး လိုချင်တယ်။ဘာကိုလာ တို့ လို type မျိုးရှာဝယ်နိုင်ရင်လည်း အဆင်ပြေမယ်ထင်ပါတယ်။

❤️🤍 THANK YOU, CHRISTIAN NØRGAARDArsenal ကွင်းလယ်လူ Christian Nørgaard ဟာ Everton အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလ...
02/08/2026

❤️🤍 THANK YOU, CHRISTIAN NØRGAARD
Arsenal ကွင်းလယ်လူ Christian Nørgaard ဟာ Everton အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ယုံကြည်ရတဲ့ သတင်းတွေက ဖော်ပြနေပါတယ်။
Emirates မှာ အချိန်တိုသာ ကစားခွင့်ရခဲ့ပေမယ့် Nørgaard ဟာ အသင်းလိုအပ်တဲ့အချိန်တိုင်း အကောင်းဆုံး ကြိုးစားပေးခဲ့သူတစ်ယောက်ပါ။
ပရိသတ်တွေအတွက်တော့ သူ့ရဲ့ အလုပ်ကြိုးစားမှုနဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်က အမြဲအမှတ်ရနေမှာပါ။
အသင်းသစ်မှာ အောင်မြင်မှုတွေ ဆက်လက်ရရှိပြီး ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ Arsenal Football Gallery မှ ဆုတောင်းပေးလိုက်ပါတယ်။
Thank You, Christian. ❤️🤍 Good Luck at Everton! 🍀

𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚 | Arsenal နဲ့ Bruno Guimarães အပြောင်းအရွှေ့ နီးစပ်လာပြီ?Arsenal ဟာ Newcastle United အသင်းခေါင်းဆောင် Bruno Gui...
31/07/2026

𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚 | Arsenal နဲ့ Bruno Guimarães အပြောင်းအရွှေ့ နီးစပ်လာပြီ?

Arsenal ဟာ Newcastle United အသင်းခေါင်းဆောင် Bruno Guimarães ကို ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်တင်နေတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

သတင်းတွေအရ Arsenal ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဝန်းကျင်နဲ့ သဘောတူညီမှုရရှိဖို့ ကြိုးပမ်းနေပြီး၊ ကစားသမားဘက်ကလည်း Emirates ကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ Official Announcement မထွက်သေးသလို၊ အသင်းနှစ်သင်းကြား အပြီးသတ်သဘောတူညီမှုလည်း မရသေးပါဘူး။

🚨 OFFICIAL: Arsenal အသင်း Christos Tzolis ကို တရားဝင်ခေါ်ယူArsenal အသင်းက ဂရိလက်ရွေးစင် တောင်ပံကစားသမား Christos Tzolis ...
24/07/2026

🚨 OFFICIAL: Arsenal အသင်း Christos Tzolis ကို တရားဝင်ခေါ်ယူ
Arsenal အသင်းက ဂရိလက်ရွေးစင် တောင်ပံကစားသမား Christos Tzolis ကို Club Brugge အသင်းထံမှ တရားဝင်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Tzolis ဟာ ဘယ်တောင်ပံကို အဓိကကစားနိုင်ပြီး လိုအပ်ပါက ညာတောင်ပံနဲ့ တိုက်စစ်ပိုင်းနေရာအချို့မှာလည်း ကစားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Mikel Arteta အတွက် တိုက်စစ်ရွေးချယ်စရာတွေ ပိုမိုများပြားလာမှာဖြစ်ပြီး၊ အသင်းရဲ့ ရာသီသစ်အစီအစဉ်မှာ Tzolis ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

❤️🤍 Arsenal ပရိသတ်တွေရေ... Tzolis ရဲ့ အပြောင်းအရွှေ့ကို ဘယ်လိုမြင်ကြလဲ။ Comment မှာ ပြောခဲ့ကြပါဦး။

🚨 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚: Arsenal အတွက် သတင်းဆိုး! Saliba ရဲ့ ဒဏ်ရာအခြေအနေကို တရားဝင်အတည်ပြုArsenal ပရိသတ်တွေ မကြားချင်ဆုံးသတင်းတစ်ခု ...
23/07/2026

🚨 𝗕𝗥𝗘𝗔𝗞𝗜𝗡𝗚: Arsenal အတွက် သတင်းဆိုး! Saliba ရဲ့ ဒဏ်ရာအခြေအနေကို တရားဝင်အတည်ပြု
Arsenal ပရိသတ်တွေ မကြားချင်ဆုံးသတင်းတစ်ခု ထွက်ပေါ်လာပါပြီ။
🔴 William Saliba ဟာ ကျောဒဏ်ရာ ကြောင့် အချိန်အတော်ကြာ အနားယူရတော့မယ် လို့ Arsenal အသင်းက တရားဝင်အတည်ပြုလိုက်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ Rehabilitation Program လုပ်ဆောင်ရမှာဖြစ်တာကြောင့် ရာသီအစပိုင်းပွဲစဉ်တချို့ကို လွဲချော်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
Saliba ဟာ Arteta ရဲ့ ခံစစ်အစီအစဉ်မှာ အရေးပါဆုံးကစားသမားတစ်ဦးဖြစ်တာကြောင့် ဒီဒဏ်ရာက Arsenal အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
💬 Saliba မရှိချိန်မှာ Arsenal ရဲ့ ခံစစ်ကို ဘယ်သူက အကောင်းဆုံး အစားထိုးနိုင်မယ်လို့ ထင်လဲ?
👇 Comment မှာ မင်းရဲ့အမြင်ကို ပြောခဲ့ပါဦး။
❤️ Get Well Soon, Wilo! 🔴⚪ Come Back Stronger! COYG!

ที่อยู่

69 Wat Khu Sang Alley, Tambon Nai Khlong Bang Pla Kot, Amphoe Phra Samut Chedi District, Samut Prakan
Bangkok
10290

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Arsenal Football Galleryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท