Gunner's Era Arsenal Fandom

🥇 2004 ခုနှစ်နောက်ပိုင်းအများဆုံးနိုင်ပွဲဆက်လာတဲ့အာဆင်နယ် 🎖️➡️ ၂၀၀၄ ခုနှစ်ရှုံးပွဲမရှိစံချိန်တင်ပြီး ပရီးမီးယားလိဂ်ရယူခဲ...
13/09/2026

🥇 2004 ခုနှစ်နောက်ပိုင်းအများဆုံးနိုင်ပွဲဆက်လာတဲ့အာဆင်နယ် 🎖️

➡️ ၂၀၀၄ ခုနှစ်ရှုံးပွဲမရှိစံချိန်တင်ပြီး ပရီးမီးယားလိဂ်ရယူခဲ့ပြီးနောက်ပိုင်း အာဆင်နယ်ဟာအကြာဆုံးနိုင်ပွဲဆက်မှုစံချိန်ပြန်ရခဲ့ပါတယ်။ ✨





🌟 4 MOTM in 5 Matches ➡️ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ အကောင်းဆုံးကစားသမားရခဲ့တဲ့ ကပ္ပတိန် အိုဒီ 🔸 ပြီးခဲ့တဲ့ရာသီက ...
10/09/2026

🌟 4 MOTM in 5 Matches

➡️ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ အကောင်းဆုံးကစားသမားရခဲ့တဲ့ ကပ္ပတိန် အိုဒီ

🔸 ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့်ရုန်းကန်ခဲ့ရတဲ့ အိုဒီဂတ်ဟာ ယခုရာသီမှာတော့ အထူးခြေစွမ်းပြကာ အသင်းကိုအဓိကမောင်းနှင်နေပြီပဲဖြစ်ပါတယ်။ အသင်းရဲ့အရေးပါတဲ့အချိန်‌တွေမှာ အဆုံးအဖြတ်ဂိုးတွေပါသွင်းယူနေပြီး ခြားနားမှုတွေကိုဖန်တီးပေးနေပါတယ်။ ဗိုက်ကင်းရဲ့ ဝိဉာဉ်တွေပြန်ဝင်စားလာမှုနှင့်အတူ အသင်းကိုဦးဆောင်ကစားနေတာပြန်လည်တွေ့မြင်ရမှုဟာ ကျနော်တို့အတွက်တော့ ထိပ်တန်းကစားသမားတယောက်ကိုဝယ်ယူလိုက်သလိုမျိုးတောင်ထင်မှားစေပါတယ်။

Keep going Capt. 🫡





🔥 ၂ ပွဲဆက် ဂိုးဖန်တီးမှုနဲ့ အကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ Calafiori 💪🏻
01/09/2026

🔥 ၂ ပွဲဆက် ဂိုးဖန်တီးမှုနဲ့ အကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ Calafiori 💪🏻




⚽ Arsenal 3-0 Coventry City FT🔸 ယနေ့မနက်အစောပိုင်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ဟာ တန်းတက်ကိုဗင်ထရီစီးတီးအသ...
22/08/2026

⚽ Arsenal 3-0 Coventry City FT

🔸 ယနေ့မနက်အစောပိုင်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ဟာ တန်းတက်ကိုဗင်ထရီစီးတီးအသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့ပါတယ်။ အာဆင်နယ်ကတော့လက်ရှိချန်ပီယံအသင်းပီပီ ပွဲကိုစိုးမိုးကစားရင်း အားလုံးမျှော်လင့်ထားခဲ့သလို သက်တောင့်သက်သာပဲအနိုင်ယူခဲ့ပါတယ်။ တန်းတက်အသင်းဆိုပေမယ့် ခြေစွမ်း‌ခြေစမဆိုးလှသလို အလယ်အလတ်အဆင့်လူအင်အားဖြည့်တင်းမှုတွေပါပြုလုပ်ထားခဲ့တဲ့ ကိုဗင်ထရီအသင်းကလဲ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။

အာဆင်နယ်ကတော့သူတို့ရဲ့ system အတိုင်း ဖြေးဖြေးမှန်မှန်ပဲထိုးဖောက်ကစားခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်သာသာလောက်မှာပဲ ဘယ်ခြမ်းကခံစစ်ကစားသမား ရှင်းထုတ်မှုမသေသပ်ရာက နေကာလာဖီအိုရီက ဧရိယာအတွင်းပြန်ချိုးပေးတာကနေ အသင့်အနေအထားနဲ့ ဟားဗတ်စ်က first time shot ပုံစံနဲ့သွင်းယူခဲ့ပါတယ်။ တန်းတက်ကိုဗင်ထရီတို့ အဖွင့်ဂိုးပေးလိုက်ရချိန်မှာပိုပြီး စုစည်းမှုပျက်သွားပြီး ဆာကာရဲ့ ဒုတိယဂိုးကိုလဲဆက်တိုက်ဆိုသလိုခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးကတော့ဘယ်တောင်ပံက ကစားသမားအသစ် ဇိုးလစ်ရဲ့ ပေးပို့မှုကို ကိုဗင်ထရီ ခံစစ်သမားတွေ ဖရိုဖရဲတားဆီးရာကနေ ဆာကာက အသာအယာပဲပိတ်သွင်းသွားတာပါ။

ပထမပိုင်းမှာတင် ၂ ဂိုးအသာရခဲ့တဲ့အာဆင်နယ်ဟာ ဒုတိယပိုင်းပြန်စတော့လဲ ပွဲကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့ ကစားသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစ စချင်းမှာတင် ခြေစွမ်းပြနေတဲ့ ကပ္ပတိန် အိုဒီဂတ်က ဘန်ဝှိုက်ရဲ့ပေးပို့မှုကိုပိတ်သွင်းကာ ပွဲကိုလုံးဝအဆုံးသတ်ပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ အလှည့်ကျ လူစားလဲမှုတွေရှိခဲ့ပြီး ပွဲရှိန်ကိုအနည်းငယ်ချကာ squad player တချို့အတွက်ပွဲကစားချိန်ဖန်တီးပေးခဲ့ပါတယ်။

➡️ အဖွင့်ပွဲမှာတင် ညာခြမ်းတိုက်စစ်က nostalgic combination ဖြစ်တဲ့ အိုဒီဂတ် ဆာကာ ဘန်ဝှိုက်တို့ တွဲဖက်မှုကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ပြိုင်ဖက်ကစားသမားတွေ အတော်လေးကိုအခက်တွေ့ခဲ့ပါတယ်။ ဘယ်ခြမ်းတိုက်စစ်မှာလဲ ကစားသမားသစ် ဇိုးလစ်က အနည်းငယ်လောကြီးမှုတွေရှိခဲ့ပေမယ့် ကာလာဖီယိုရီ နဲ့အတွဲညီညီခြေစွမ်းပြနိုင်ခဲ့ကာ ဘယ်တောင်ပံတယောက်ထပ်ဝယ်ဖို့မလိုလောက်ဖူးဆိုတဲ့ message ကိုပါပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့အဖွင့်ပွဲမှာတင်ဂိုးပြတ်ခြေပြတ်ကစားကာအနိုင်ယူနိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ တက်ထိုင်နိုင်ခဲ့ကြောင်းတင်ပြရင်းး 🏆





📢 ဒီနေ့မနက် ၁ နာရီခွဲအချိန်မှာတော့ ကျနော်တို့ရဲ့ မှော်ဝင်ဆန်းပြား တော်ဝင်ဂန်းနားတို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုစတင်ယ...
21/08/2026

📢 ဒီနေ့မနက် ၁ နာရီခွဲအချိန်မှာတော့ ကျနော်တို့ရဲ့ မှော်ဝင်ဆန်းပြား တော်ဝင်ဂန်းနားတို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုစတင်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။

🔸 အာဆင်နယ်ဟာ တန်းတက်ကိုဗင်ထရီ စီးတီးအသင်းကို အိမ်ကွင်းမှာလက်ခံကစားမှာဖြစ်ပြီး သမိုင်းတလျှောက်တွေ့ဆုံမှုတွေမှာလဲ ပြတ်ပြတ်သားသားအသာစီးရထားတာတွေ့ရပါတယ်။ အာဆင်နယ်ဟာ ကိုဗင်ထရီအသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှု ၇၆ ပွဲမှာ ၄၃ ပွဲထိအနိုင်ရခဲ့ပြီးတော့ ၁၉ ပွဲသရေကျ၊ ၁၄ ပွဲသာရှုံးနိမ့်ထားပါတယ်။ နောက်ဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် ၂၀၁၄ ဇန်နဝါရီလမှာ FA Cup ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကြရာမှာ ၄ ဂိုး ဂိုးမရှိရလာဒ်နဲ့ အနိုင်ယူထားပါတယ်။ ကိုဗင်ထရီအသင်းကတော့ ၂၅ နှစ်အကြာမှာ ပထမဦးဆုံးအကြိမ် ပရီးမီးယားလိဂ်ကိုပြန်လည်ခြေချခွင့်ရတာလဲဖြစ်ပါတယ်။

➡️ ချယ်ဆီးဂန္တဝင် ဖရန့် လမ်းပတ်ရဲ့ဦးဆောင်မှုအောက်မှာ ကြယ်ပွင့်ကစားသမားပါဝင်မှုမရှိပဲ အသင်းလိုက်ကစားပုံကိုဦးစားပေးကာ championship ကစားပုံအတိုင်း ကြံ့ခိုင်မှုအားပြုပြီး ရေကုန်ရေခမ်းကစားလာဖို့ရှိပါတယ်။ သူတို့ရဲ့တကျော့ပြန်ခရီးစဉ်မှာ တခုခုလုပ်ပြနိုင်ဖို့လဲအားခဲထားကြောင်း လမ်းပတ်ကပြောကြားထားသလို အာဆင်နယ်ကိုကြောက်ရွံ့မနေပဲ တုန့်ပြန်သွားမယ်လို့ကြွေးကြော်ထားပါတယ်။

♦️ တဖက်မှာလဲ ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် အာဆင်နယ်ကလဲ ပြီးခဲ့တဲ့တနင်းဂနွေနေ့ကလိုပဲ သူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသဖို့ကြိုးစားမှာဖြစ်သလို အိမ်ကွင်းအရှိန်နဲ့မဖြစ်မနေအနိုင်ယူသွားဖို့လဲရှိနေပါတယ်။

🏆 ဒီပွဲအတွက်ကတော့အိမ်ရှင်အာဆင်နယ်ကပဲအနိုင်ယူသွားဖို့များနေသလို အာဆင်နယ်သာသွင်းဂိုးစောစောရသွားပါက snowball ပုံစံမျိုးနဲ့ဂိုးပြတ်ခြေပြတ်လဲဖြစ်သွားနိုင်ပါတယ်။ ကျနော့်အထင်တော့ အာဆင်နယ် ၂ - ၀ ကိုဗင်ထရီလောက်တော့မှန်းထားပါတယ်။

👉 ညီကိုတို့ရော ရလာဒ်က ဘယ်လောက်ဖြစ်မယ်လို့ထင်ကြလဲဗျ 👀





🏆 ချန်ပီယံခရီးလမ်းမှာ ပါရမီဖြည့်ပေးခဲ့တဲ့ အကယ်ဒမီကစားသမားတွေကို ပေါင် ၂၀၀၀၀ စီ ဘောနပ်ပေးအပ်ခဲ့တဲ့အာဆင်နယ် 💸🔸​အာဆင်နယ်အသင...
21/08/2026

🏆 ချန်ပီယံခရီးလမ်းမှာ ပါရမီဖြည့်ပေးခဲ့တဲ့ အကယ်ဒမီကစားသမားတွေကို ပေါင် ၂၀၀၀၀ စီ ဘောနပ်ပေးအပ်ခဲ့တဲ့အာဆင်နယ် 💸

🔸​အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အကယ်ဒမီ လူငယ်ကစားသမားတွေကို ပေါင် ၂၀,၀၀၀ စီ ဆုကြေးငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

​ဟေးလ်အန့်အကယ်ဒမီထွက် လူငယ်ကစားသမား အများအပြားဟာ နည်းပြ မီခေးလ် အာတေတာရဲ့ ပထမအသင်းကြီးနဲ့အတူ ပုံမှန် လေ့ကျင့်ခန်းဆင်းခဲ့ကြပြီး လေ့ကျင့်ရေးကွင်းထဲမှာ ပြိုင်ဘက်အသင်းနေရာကနေ ပါဝင်ကစားပေးရင်း အသင်းကြီးရဲ့ ပွဲကြိုပြင်ဆင်မှုတွေကို များစွာကူညီပေးခဲ့ကြပါတယ်။

​အချို့လူငယ်ကစားသမားတွေက အသင်းရဲ့ တရားဝင်ပွဲစဉ်တွေမှာ ဝင်ရောက်ကစားခွင့် မရခဲ့ကြပေမဲ့လည်း ရာသီတစ်ခုလုံး လိုက်ပါကူညီပေးခဲ့တဲ့ သူတို့ရဲ့ ကွင်းနောက်ကွယ်က ကြိုးပမ်းအားထုတ်မှုတွေကို အာဆင်နယ်အသင်းဘက်က အလေးအနက်ထား အသိအမှတ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

​ဒါကြောင့်လည်း ပထမအသင်းကြီးနဲ့အတူ ပါဝင်ကူညီပေးခဲ့ကြတဲ့ လူငယ်ကစားသမားတွေကို အသင်းဘက်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေါင် ၂၀,၀၀၀ စီ ဂုဏ်ပြုဆုကြေး ပေးအပ်ခဲ့ပါတယ်။

ပရိတ်သတ်တွေကတော့ ဒီသတင်းကိုကြားပြီး အကယ်ဒမီကစားသမားတွေအပေါ် အာဆင်နယ်​အသင်းရဲ့ အသိအမှတ်ပြုမူက အတုယူဖွယ်ကောင်းပြီး သိပ့်ကို လှပတဲ့ လေးစားဖွယ် လုပ်ရပ်တစ်ခုလို့ ချီးကျူးနေကြပါတယ်။





🗣️ ကစားသမားသစ် ကွန်ဆာ အနေနဲ့ အာဆင်နယ်မှာ ကျောနံပတ် 1️⃣5️⃣ ဝတ်ဆင်ပါမယ်အာဆင်နယ်အသင်းမှာကျောနံပါတ် ၁၅ ဝတ်ဆင်ခဲ့ဖူးသူတွေကတော...
20/08/2026

🗣️ ကစားသမားသစ် ကွန်ဆာ အနေနဲ့
အာဆင်နယ်မှာ ကျောနံပတ် 1️⃣5️⃣ ဝတ်ဆင်ပါမယ်

အာဆင်နယ်အသင်းမှာ
ကျောနံပါတ် ၁၅ ဝတ်ဆင်ခဲ့ဖူးသူတွေကတော့

▪️Ray Parlour
▪️Cesc Fàbregas
▪️Denílson
▪️Alex Oxlade-Chamberlain
▪️Ainsley Maitland-Niles
▪️Jakub Kiwior




အိုဒီဂတ် နဲ့ ကင်းကိုင်တို့ဟာ တတိယဂိုးမသွင်းမီ မန်စီးတီးဂိုးသမားကိုလှည့်စားလိုက်လို့ လဲကျသွားချိန်မှာ နှစ်ဦးစလုံးကအပြုံးက...
18/08/2026

အိုဒီဂတ် နဲ့ ကင်းကိုင်တို့ဟာ တတိယဂိုးမသွင်းမီ မန်စီးတီးဂိုးသမားကိုလှည့်စားလိုက်လို့ လဲကျသွားချိန်မှာ နှစ်ဦးစလုံးကအပြုံးကိုယ်စီနဲ့ရယ်မောနေခဲ့ကြပါတယ် 👀 🤭

ဒီလိုယုံကြည်မှုမျိုး အာဆင်နယ်မှာမမြင်ရတာကြာပြီလေ 🙊



25/05/2026

🎊 Champions of England Again 👑🏆

အာဆင်နယ်ဟာ ၂၂နှစ်ကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုတကျော့ပြန်ရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်ခရီးအစထဲက အ...
19/05/2026

အာဆင်နယ်ဟာ ၂၂နှစ်ကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုတကျော့ပြန်ရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အာတီတာဟာ အာဆင်နယ်ခရီးအစထဲက အောင်မြင်မှု‌တွေ အရယူမယ်လို့အခိုင်အမာပြောဆိုပြီးကိုင်တွယ်ခဲ့တဲ့ process တခုဟာလဲ ခရီးတွင်ခဲ့ပြီဖြစ်ပါတယ်။ လွယ်လွယ်လေးရခဲ့တာမဟုတ်သလို ဝေဖန်မှုပေါင်းစုံကြားထဲက လဲကျပြန်ထ ဘေးကတိုက်ခိုက်မှုတွေကြားထဲမှာ ရုပ်ပိုင်းဆိုင်ရာသာမက အသင်းရဲ့ Mentality ဟာထိပ်တန်းအဆင့်မှာရှိနေဖို့ပါကြိုးစားခဲ့ရတာပါ။ အချိန်တန်ရင်သွားမှာပါဆိုတဲ့အိပ်မက်ဆိုးကြီးကနေနိုးထနိုင်ခဲ့သလို၊ အချိန်တန်ရင်ငါတို့ဖလားပါပဲဆိုပြီးဂုဏ်ယူစွာပြောဆိုနိုင်ခဲ့ပါပြီ။ မလိုသူတွေဘယ်လိုပြောပြောပန်းတိုင်ကဘယ်မှာလဲဆိုတာကပျောက်ပျက်မသွားပဲ တန်းတန်းမတ်မတ်ပန်းဝင်နိုင်ခဲ့ပါပြီ။ အာတီတာက ဒီအောင်မြင်မှုအတွက် အခရာကျသလို ယိုယွင်းနေတဲ့ ကွင်းတွင်းကွင်းပြင်ပြသနာတွေကို တဖြေးဖြေးဖြေရှင်းရင်းဖလားစိန်ခေါ်သူ၊ ဖလားနဲ့လက်တကမ်းအလို၊ ထိုမှတဆင့်ဖလားဆွတ်ခူးသူအဖြစ်တဆင့်ခြင်းပုံဖော်ရေးသားခဲ့ပြီး အသင်းသားတိုင်းဟာလဲ စိတ်ဓာတ်ကအစညီညတ်စွာတက်လှမ်းခဲ့ကြပါတယ်။ အာရီးပရိတ်သတ်တွေအတွက်ပိုပြီးလှပတဲ့နေ့တွေထပ်ရောက်လာဖို့ရှိနေပြီး မေလကုန်ကျ ကစားရမည့် ချန်ပီယံလိဂ်ဖိုင်နယ်ကိုပါအနိုင်ရခဲ့မယ်ဆိုရင်တော့ဖြင့်......

🏆🥇⏳




ที่อยู่

503 21Floor K. S. L. Tower Sri-Ayutthaya Road
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Gunner's Eraผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์