07/09/2026
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ရိုဒရီဟာ မနေ့ညက အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးပါဝင်ကစားခဲ့ပြီး ပွဲဦးထွက်မှာပင် ပရိသတ်တွေကို အားရကျေနပ်မှုပေးနိုင်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
ရိုဒရီဟာ ဘောလုံးကို အေးဆေးတည်တည်ငြိမ်
ငြိမ်နဲ့ ကိုင်တွယ်ကစား ပြသခဲ့ကာ ဘောလုံးရရှိတိုင်း အမြန်ဆုံး ဆုံးဖြတ်ပြီး အသင်းဖော်တွေထံ တိကျစွာ ပေးပို့နိုင်ခဲ့တာတွေက ဘာစီလိုနာရဲ့ တိုက်စစ်စတင်မှုတွေကိုလည်း ပိုမိုကောင်းမွန်စေခဲ့ပါတယ်။
ဒါ့အပြင် ဘောလုံးပြန်လည်ရယူပေးခြင်းနဲ့ ကွင်းလယ်မှာ ပွဲကို ထိန်းချုပ်ပေးနိုင်ခြင်းတို့ကလည်း သူ့ရဲ့ အားသာချက်တွေ လို့ ပြောရမှာပါ။ ဘာစီလိုနာအနေနဲ့ ရိုဒရီကို ခေါ်ယူခဲ့ခြင်းက ကွင်းလယ်ပိုင်းမှာ အတွေ့အကြုံ၊ ဉာဏ်ရည်နဲ့ အဆင့်အတန်းမြင့်မားတဲ့ ကစားသမားတစ်ဦးကို ထပ်မံဖြည့်တင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲဦးထွက်တစ်ပွဲတည်းနဲ့ ရိုဒရီက ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလဲဆိုတာ စတင်ပြသနိုင်ခဲ့ပြီး၊ ဒါဟာ သူ့ရဲ့ ဘာစီလိုနာခရီးစဉ်ရဲ့ အစပဲ ရှိသေးတာ ဖြစ်ပါတယ်။