30/01/2025
🔥ပွဲချိန်ပြည့် ပြန်ကစားရနိုင်တော့မယ့် ဝက်ကင်🔥
ဝက်ကင်ကို ပြန်ခေါ်သင့်ပြီလား???🤔
အေဗီလာ တိုက်စစ်မှူး Duran ကို အသက်ငယ်ငယ်လေးနဲ့ ဆော်ဒီမှာ ရေသွားခပ်လို့ နှမြောနေကြတဲ့သူတွေ ရှိနေပေမယ့် ဝက်ကင်ကို သဘောကျတဲ့ FPL ဂျာကြီးတွေအတွက်ကတော့ သတင်းကောင်းပါပဲ
အေဗီလာက တိုက်စစ်မှူးအသစ် ခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ခေါ်ရင်လည်းချက်ချင်းအသုံးပြုမယ် မထင်ပါဘူး
ဒါ့အပြင် လာမယ့် GW 24 and 25 ကလည်း ပွဲချောင်ပါတယ်
GW 24 ——> 🐺WOL(A)
GW 25 ——> 🐴IPS (H)
GW 24 မှာ DGW ကစားရမယ့် ပါပူးနဲ့အဲဗာတန်ကစားသမားတွေ ဟော့နေလို့ GW 25 မှ ဝက်ကင်နဲ့ရော်ဂျာကို Double up မယ် တွေးရင်လည်း မမှားနိုင်ပါဘူး
ရော်ဂျာကတော့ ဂျာကြီး တော်တော်များများဆီမှာ ရှိကြမယ် ထင်ပါတယ်
Facts: ဝက်ကင်ဆိုတာလည်း Big game player တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး
အသင်းကြီး အသင်းလေး မရွေးဘဲ ကြိတ်တဲ့ကောင်ပါ
ပွဲချိန်ပြည့် ကစားရရင် ဘာလုပ်နိုင်လဲဆိုတာ အရင်နှစ်မှာ သက်သေပါပဲ
လောလောဆယ် အနေထားက မိနစ် share စရာ မလိုတော့ဘူးဆိုတော့ စောင့်ကြည့်ရမယ့် ဝက်ကင်လေး ပြန်ဖြစ်လာပါပြီ
ဂျာကြီးတို့ အားလုံး ကံကောင်းကြပါစေ