03/09/2026
"ကော်နာမက်ဂရီဂေါရဲ့ ပါးစပ်ကို ပိတ်ပစ်ချင်တယ်" လို့ဆိုလာတဲ့ ဂျက်စတင်ဂေဂျီ
အင်တာဗျူးတစ်ခုမှာ မင်းဖိုက်တာသက်တမ်းတစ်လျှောက် ထိုးခဲ့ဖူးတဲ့ဖိုက်တာတွေထဲက ဘယ်သူနဲ့ပြန်ထိုးချင်လဲလို့ ဂျက်စတင်ဂေဂျီကိုမေးခဲ့ပါတယ်။
" ကျွန်တော်သာ နောက်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ခွင့်ရမယ့်သူကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အိုလီဗီရာ ဒါမှမဟုတ် ဟော်လိုဝေးကို ရွေးချယ်မှာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးကို တိုပူရီးယာက အနိုင်ယူပြထားခဲ့ပြီလေ၊ ကျွန်တော်က တိုပူရီးယားကို အနိုင်ရထားတာဆိုတော့ သူတို့ကို ကျွန်တော်ပဲ ပြန်အနိုင်ယူလိုက်ရသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ပဲ ကျေနပ်အောင် ဖြေတွေးရပါတော့မယ်။
ဒါကြောင့် မက်ဂရီဂေါ်ကိုပဲ ရွေးချယ်ရလိမ့်မယ်ထင်ပါတယ်။ သူ့ပါးစပ်ကို ပိတ်ပစ်ရတာက တကယ့်ကို ပျော်စရာကောင်းမှာပါ။ "ဆိုပြီး ဂျက်စတင်ဂေဂျီကဖြေကြားသွားခဲ့ပါတယ်။
ဂျက်စတင်ဂေဂျီအနေနဲ့ ကော်နာနဲ့တော့ တစ်ခါမှ မထိုးဖူးသေးပါဘူး။ ဒါပေမယ့် ဖိုက်တာတိုင်းနီးပါးက ကစားသမားဘဝအနားယူခါနီးမှာ ကော်နာနဲ့ တစ်ကြိမ်လောက်ထိုးပြီး ငွေထုပ်ပိုက်ပြီးအနားယူသွားချင်ကြတာပါ။
#ကော်နာမက်ဂရီဂေါ