29/07/2026
အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း - ၆)
လိုင်းပေါ် မတက်တာ ကြာသွားလေပြီ...
စိတ်ပိုင်းဆိုင်ရာ ကိစ္စများနဲ့ ကိုယ့်ကိုကိုယ်ပြန်လည် တည်ဆောက်ရင်း အချိန်ယူလိုက်ရသကိုး....။
ဆေးဝါးနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းဖို့ အလုပ်တွေ ရှယ်ပလန်နဲ့ လုပ်နေတော့ အချိန်ကလည်း မလောက်ငှ။
ထားပါတော့.....မကြာခင် ဆေးဝါးပညာရှင်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ အဖွဲ့အစည်း တစ်ခုတာထွက်လာပါလိမ့်မယ်။ (တလရ ဘက်တော်သားများ အတွက်သာ)
တောတွင်းဝင်ဖို့ရာ ပထမ ဦးဆုံး နီးစပ်တဲ့ မြို့ကို ကိုယ်တိုင် ကိုယ်ကျ ကားမောင်းပြီး ထွက်လာလေပြီ။
အဝေးပြေးလမ်းမပေါ် မတက်ခင်ပင် ကားဘီးပေါက် 😅
မိုးက ရှယ်ပလန်နဲ့ရွာ....ကံကောင်းတာ တဆိုင်တည်းသော ဆိုင်ဖွင့်တော့ အဆင်ပြေပြီး မြို့ ၁ စီသို့ မောင်းနှင်လာလေပြီ။
မြို့သစ်ကို ဆိုက်ရောက်တော့ အသိအိမ်မှာ ၁ ည တည်းပြီး ကိုယ်ခရီးဆက်မယ့် ဆေးရုံကို လှမ်းဆက်သွယ်... ကားသမား က သွားဖို့ အဆင်မပြေသေးလို့ မနက်ဖြန်မှ ဆက်သွယ်ပါမယ်တဲ့။
အိုကေလေ ... တညတော့ ရွာဖက်လေး သွားတည်းလိုက်တယ်။ အားပါး.... ညလည်းရောက်ကော တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့။
အော်... မြို့ကြီးပြကြီးပေါ် မကြားဖူးတဲ့ အသံတွေ စကြားရလေပြီ။
မနက်ကျ ရာသီဥတုက ကြည်လင်ပြတ်သား အေးရာအေးကြောင်းပါပဲ။
နေ့လည်စာ စားနေရင်း ဖုန်းဝင်လာပါလေရော နာရီဝက်အတွင်း အရောက်လာပေးပါတဲ့ ဆုံရပ်ကို...
သွားဖို့က စိတ်လောတော့ နေ့လည်စာ စားလတ်စကို ချက်ချင်းရပ်ပြီး အထုပ်ဆွဲ.... နားတဲ့ နေရာထိ လိုက်လာတဲ့ အမေ နဲ့ အဒေါ်နဲ့ကို ကန်တော့ ... လှည့်မကြည့်ပဲ ထွက်လာလိုက်လေပြီ။
အိမ် နဲ့ အဝေးလံဆုံးသော နေရာ တစ်ခုစီကို လှမ်းရွယ်တဲ့ ပထမဦးဆုံး ခြေလှမ်းမည်၏။
ဘယ်အချိန် ဘယ်လိုဇာတ်သိမ်းနဲ့ ဒီဇာတ်လမ်းပြီးဆုံးမလဲတော့ မသိပေ။
လောက ဇာတ်ခုံ တစ်ခုရဲ့ အတက်အကျတွေအောက်မှာ ကံတရားရဲ့ ဇာတ်ဆရာ အလိုကျ က ပြရပါဦးမယ်။
နောင် လာမယ့် ဇာတ်ကွက်များ အတွက်တော့ စောင့်မျှော်......