21/06/2026
Germany 2-1 Ivory Coast
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့ကြတဲ့ အုပ်စု(C) ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဂျာမနီ - အိုင်ဗရီကို့စ် ပွဲမှာတော့ ဥရောပ အင်အားကြီး ဂျာမနီအသင်းက အိုင်ဗရီကို့စ်အသင်းကို 2 ဂိုး 1 ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ယခုပွဲအနိုင်ရဖို့ရုန်းကန်ခဲ့ရပြီး Dark Hose အသင်းဖြစ်တဲ့ အိုင်ဗရီကို့စ် ရဲ့ မာမာထန်ထန်ကစားပုံကြောင့် ကွင်းလယ်ပိုင်းလှုပ်မရဖြစ်ခဲ့ပါတယ်။ ထို့အပြင် အိုင်ဗရီကို့စ် ဂိုးသမား Fofana ရဲ့ လက်စွမ်းပြမှု၊ ခံစစ်ပိုင်းက Abadou၊ Kossounou တို့ရဲ့ခြေစွမ်းပြမှုကြောင့် ကိုင်ဟာဗက် ဦးဆောင်တဲ့ ဂျာမနီတိုက်စစ်ကို အကောင်းဆုံး တုံ့ပြန်ကစားခဲ့ကြပါတယ်။ ပထမပိုင်း မိနစ် ၃၀ အရောက်မှာတော့ အယ်အာလီ အသင်းကွင်းလယ်လူ Kessie က အိုင်ဗရီကို့စ်အတွက် အဖွင့်ဂိုးသွင်းကာ
ဂျာမနီအသင်းကိုအခက်တွေ့စေခဲ့ပါတယ်။ ဒုတိယအရောက်မှာတော့ ဂျာမန် နည်းပြ နာဂယ်စမန်းက အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုကို လုပ်ခဲ့ပါတယ်။ ခြေစွမ်းမပြနိုင်တဲ့ Musiala ရဲ့နေရာကို Undav နဲ့လဲပြီး ဝှက်ဖဲထုတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီး လူစားဝင်ကစားသမား Undav က ၆၈ မိနစ်အရောက်မှာ ခြေပဂိုးသွင်းယူပြီး ဂျာမနီတို့ သက်သာရာရခဲ့ပါတယ်။ ပွဲချိန် မိနစ်၉၀ အထိနှစ်သင်းစလုံးဂိုးမသွင်းနိုင်ကြပဲ 1-1 ဆိုတဲ့ရလဒ်နဲ့ ပြီးဆုံးပြီထင်ခဲ့ပေမယ့် ဒီနေ့ပွဲရဲ့ Hero ဖြစ်သူ Undav ကပဲ နာကျင်အချိန်ပို၄ မိနစ်အရောက်မှာ ဂျာမနီအတွက်အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယခုပွဲအနိုင်ကြောင့် ဂျာမနီဟာ အုပ်စု(E) ရဲ့ ထိပ်ဆုံးမှာ နှစ်ပွဲကစား ရမှန် ၆ မှတ်နဲ့ ဦးဆောင်ထားနိုင်ပြီး ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။