13/05/2026
အာဆင်နယ်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ရာယာ ဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါပြီ။အသက်(၃၀)အရွယ် စပိန်နိူင်ငံသားဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ယခုအကြိမ်နဲ့ဆိုရင် (၃)ကြိမ်ဆက်တိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကိုတော့ စပိန်နိုင်ငံလက်ရွေးစင်အသင်းနှင့် တကြိမ်မှ ပါဝင်ကစားထားခြင်း မရှိသေးပါဘူး။ (၂၀၂၆)ကမ္ဘာ့ဖလားမှာတော့ စပိန်အသင်းအတွက် နံပါတ်(၁)ဖြစ်သင့်ပြီလို့ထင်ပါသလား။ မှတ်မှတ်ရရ လန်နိူ(Bernd Leno) ကို အရံခုံပို့ပစ်လိုက်တဲ့ ရမ်စ်ဒယ်(Aaron Ramsdale) နှင့်ယှဉ်ပြိုင်ပြီးတော့ အာဆင်နယ်ရဲ့ နံပါတ်(၁)ဂိုးသမားနေရာကိုယူခဲ့တာပါ။ ရောက်ခါစအချိန်မှာ ရမ်စ်ဒယ်ကို အရံနေရာမှာထားလို့ အာတီတာကိုတောင် မီဒီယာတချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူ့အပေါ်ထားတဲ့ အားကိုးယုံကြည်မှုကို အပျက်စီးမခံပဲနဲ့ ကြိုးစားခဲ့တာ အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်နေပါပြီ။