အားကစားရွာ

အားကစားရွာ Welcome to Sports Village.
အားကစားရွာမှ ကြိုဆိုပါတယ်ခင်ဗျာ...

11/12/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ဆမ်​အေ က ဝိတ်မ​အောင်ပါဘူး။ ၁၂၆.၄ ပေါင် ဖြစ်​နေပါတယ်။ သွေးလင်းထက်က ၁၂၄.၈ ပေါင်နဲ့ ဝိတ်​အောင်ပါတယ်။ သူဆို့ သတ်မှတ်ထားတဲ့ S...
26/09/2025

ဆမ်​အေ က ဝိတ်မ​အောင်ပါဘူး။ ၁၂၆.၄ ပေါင် ဖြစ်​နေပါတယ်။ သွေးလင်းထက်က ၁၂၄.၈ ပေါင်နဲ့ ဝိတ်​အောင်ပါတယ်။ သူဆို့ သတ်မှတ်ထားတဲ့ Strawweight က ၁၁၅ ပေါင် နဲ့ ၁၂၅ ပေါင် ကြားဖြစ်ပါတ​ယ်။ ဆွေး​နွေးပြီးတဲ့အခါ သွေးလင်းထက်က လက်ခံထိုးမှာဖြစ်ပြီး ဆမ်​အေ က​တော့ ပေါင်ပို​ကြေး ပေးရမှာ ဖြစ်ပါတယ်။

ONE Lumpinee 126
Friday, Aug. 26 | 7:30 P.M. | Lumpini Stage

#သွေးလင်းထက်



Credit-

" ဘဝကို ထိန်းကျောင်းပေးတာဟာ ဝါသနာနဲ့ရည်မှန်းချက်ပဲ " တချို့တွေဟာ ဝါသနာနောက်ကိုလိုက်ရင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြ...
20/09/2025

" ဘဝကို ထိန်းကျောင်းပေးတာဟာ ဝါသနာနဲ့ရည်မှန်းချက်ပဲ " တချို့တွေဟာ ဝါသနာနောက်ကိုလိုက်ရင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြတယ်။ ကျွန်တော်လည်း ဝါသနာနောက်ကိုလိုက်ရင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ရပါပဲ။

သူ့နာမည်က ကျော်စိုး(ကဘော်မြေ) ။
အားလုံးကတော့ ဆရာစိုး၊ ကို​ကျော်စိုး စသည်ဖြင့် ချစ်စနိုးနဲ့ခေါ်ကြတယ်။ သူဟာ အောင်မြင်ကျော်ကြားတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ချင်မှဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ နည်းပြဘဝမှာတော့ ​အောင်မြင်တဲ့ ရိုးရာမောင်တွေကို အများအပြားမွေးထုတ်ပေးနိုင်ခဲ့တယ်။ ရိုးရာလက်ဝှေ့ရဲ့ခေတ်တစ်ခုကို ဦးဆောင်နိုင်ခဲ့တဲ့ ရိုးရာမောင်တွေကို လေ့ကျင့်ပေးခဲ့သူလည်းဖြစ်တယ်။

ဆရာ သာစည်မောင်မောင်ကြီး ကစလို ဆရာဦးဝင်းဇင်ဦးတို့လို့ ရိုးရာလက်ဝှေ့ရဲ့ တကယ့်ဂုရုကြီးတွေနဲ့သားတပည့်လို့နေရင်းနဲ့ သူဟာ ပန်းတိမ်ပညာရှင်ဘဝကနေ ရိုးရာလက်ဝှေ့လောကထဲကို ဝင်ရောက်လာခဲ့တယ်။ စည်းကမ်းကောင်းတယ်။ နည်းစနစ်ပိုင်းကျေညက်တယ်။ စည်းရုံးသိမ်းသွင်းနိုင်မှုနဲ့အတူ ပွဲအခြေအနေကို အကဲဖြတ်နိုင်စွမ်း အရမ်းအားကောင်းတယ်။ ဒီလိုနဲ့ သူ့ရဲ့ခေတ်တစ်ခေတ်မှာ တွေ့မရှောင်၊ တူးတူး စတဲ့ ရိုးရာမောင်တွေကို ပထမတန်းလက်ဝှေ့ကျော်တွေဖြစ်တဲ့အထိ အရောင်တင်ပေးနိုင်ခဲ့တာကိုလည်း အားလုံးအသိဖြစ်ပါလိမ့်မယ်။

တွေ့မရှောင်တစ်ခေတ်ဟာ လှည်နေလှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သလို တူးတူးတစ်ခေတ်မှာလည်း ရနိုင်သမျှ မှတ်တိုင်တွေကို စိုက်ထူပေးနိုင်ဖို့ လမ်းပြပေးနိုင်ခဲ့တဲ့သူဖြစ်တယ်။

တွေ့မရှောင်ဟာ တိုက်စစ်အားပြုတဲ့ဖိုက်တာဆိုရင်
တူးတူးဟာ အကောင်းဆုံးတန်ပြန် တိုက်စစ်ဖိုက်တာဖြစ်ခဲ့တယ်။ Fight Style နဲ့ IQ ကို ကစားသမားရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်မူတည်ပြီး ဝါသနာကို ရည်မှန်းချက်​အဖြစ်နဲ့ အောင်မြင်မှုရနိုင်ဖို့ အကောင်းဆုံးလမ်းပြနိုင်ခဲ့သူဖြစ်တယ်။

ကိုကျော်စိုး(ကဘော်မြေ)ရဲ့ လက်ဝှေ့ခရီးလမ်းဟာ နည်းပြဘဝမှာတင် ဆယ်စုနှစ် ၃ခုအကြာ မိုင်တိုင်ရှိခဲ့ပါပြီ။ ဒီအတောအတွင်း စောဇော်လွင်၊ ကြိုးဝိုင်းဒိုင်လုပ်နေတဲ့ ကျော်တင့်၊ ကျော်ဆန်း၊ အနားယူသွားတဲ့ ထွန်းလွင်မိုး၊ တွေ့မရှောင်၊တူးတူး၊အယ်ထီးကော်၊ နည်းပြဆရာတွေအဖြစ် ရွှေဖလား(ကျားမနိုင်)၊ချိုင်းထူး(ပဲခူးကလပ်)စတဲ့ ဖိုက်တာတွေကို အရောင်တင်ပေးခဲ့သူဖြစ်တယ်။ သူတို့ဖိုက်တာဘဝရဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်စေမယ့် Turning pointတိုင်းမှာ ကိုကျော်စိုးဟာ အခရာကျခဲ့တယ်။

ဒီလိုကာလကြာရှည်စွာ ရိုးရာလက်ဝှေ့လောကမှာ ဂုဏ်သိက္ခာကြီးမားစွာနဲ့ ဘာကြောင့် ရပ်တည်နိုင်ခဲ့သလဲလို့မေးရင် ဖြေစရာတစ်ခုပဲရှိမယ်ထင်ပါတယ်။

သူရဲ့ ဝါသနာနောက်ကိုလိုက်ရင်း ရည်မှန်းချက်ကို မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ခဲ့လို့ပါပဲ။ ဒါဟာ သူ့လို နည်းပြတစ်ဦးအတွက်တော့ ယုံမှားသံသယဖြစ်စရာ လုံးဝမရှိတဲ့အကြောင်းပြချက်ဖြစ်တယ်။

ကိုကျော်စိုးဟာ အခုဆိုရင် ကျွန်တော်တို့ 555mix Sports Club ရဲ့နည်းပြချုပ်အဖြစ်နဲ့ လက်ဝှေ့လောကထဲက အရည်အသွေးရှိပြီး ဝါသနာကိုအရင်းခံတဲ့ လူငယ်ကစားသမားတွေရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့ အတူတူရှိနေပါတယ်။

ဒါ့ကြောင့် လူငယ်တွေအနေနဲ့ တိုက်ခိုက်ရေးအားကစားမှာ ကြီးလေတဲ့ ဝါသနာရှိတယ်ဆိုရင်
ရည်မှန်းချက်တွေကို အကောင်အထည်​ဖော်နိုင်ဖို့အတွက် 555mix Sportsနဲအတူ ကိုကျော်စိုး(ကဘော်မြေ)ရှိနေပါတယ်။

ဆက်သွယ်ရန် 09-795261330




တစ်ခေတ်တစ်ခါက ကိုဇော်နိုင်ကိုအောင်ထွန်းထွန်း ကိုလှမိုးတို့လိုပဲ အကြားနဲ့တင်ကြွေခဲ့ရတဲ့ ကစားသမားက ကိုဇော်နိုင်ပါပဲ။သူက ပဲ...
13/09/2025

တစ်ခေတ်တစ်ခါက ကိုဇော်နိုင်
ကိုအောင်ထွန်းထွန်း ကိုလှမိုးတို့လိုပဲ အကြားနဲ့တင်ကြွေခဲ့ရတဲ့ ကစားသမားက ကိုဇော်နိုင်ပါပဲ။
သူက ပဲခူတိုင်း ပြည်မြို့သား။
သူ့ခေတ်သူ့အခါက အ‌ရမ်းကောင်းခဲ့တဲ့ခံစစ်မူး။ကျတော့်အဖေဆို အမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။
ဒီ့ဘက်ခေတ်နောက်တန်းတွေထဲမှာ ဇော်နိုင်က အကောင်းဆုံးပဲတဲ့။
အဖေက မြန်မာ့ဘောလုံးကို အရမ်းအားပေးခဲ့တဲ့ဝါသနာအိုးကြီး။
ပြည်နယ်နှင့်တိုင်း ပထမတန်း။ အားရင်အားသလို သွားသွားကြည့်တဲ့သူ။
တခါတလေအမေနဲ့တောင်စကားများတဲ့အထိ။
ကျတော်ဘောလုံးပွဲတွေ ကြည့်တတ်တဲ့
အချိန်မှာတော့ ကိုဇော်နိုင်က လက်ရွေးစင်မပါတော့ဘူး။
93/94/95 မြန်မာ့ဘောလုံး ပြန်လည်ဦးမော့လာချိန်မှာ သူကဘဏ္ဍာအခွန်မှာပဲ ကစားတော့တယ်။
သူက ပဲခူးတိုင်းက ထွက်ပေါ်လာတဲ့ ကစားသမား။ 1986အာရှလူငယ်ပြိုင်ပွဲကစပြီး လူငယ်လက်ရွေးစင်ဖြစ်လာခဲ့တယ်
အဲ့ဒီ့နောက် မြန်မာ့လက်ရွေးစင်အသင်းကြီးမှာ အဓိကနောက်ခံလူတစ်ယောက်ဖြစ်လာခဲ့သလို 1987/89/91ဆီးဂိမ်းသုံးကြိမ်ထိ ပါဝင်ကစားခဲ့တဲ့သူဖြစ်တယ်။
မှတ်တမ်းမှတ်ရာတွေအရ သူဟာ 1992နောက်ပိုင်း လက်ရွေးစင်အသင်းမှာ သူမပါတော့ဘူး။
သူ့ကို ပထမဆုံးကြည့်ဖူးတာက 1997အာရှကလပ်ပြိုင်ပွဲမှာ။ ဘဏ္ဍာအခွန်အသင်းနဲ့
သီရိလကာ်ကလပ်အသင်းဖြစ်တဲ့ဆောင်းဒါးနဲ့ကစားခဲ့တဲ့ပွဲ။သုဝဏ္ဏကွင်းကြီးမှာပေါ့။အဲ့အချိန်မှာ သူကစားတာကောင်းသေးတယ်
ကိုစောဘမြင့် ‌ကိုဇော်နိုင်အတွဲက အရမ်းကိုငြိမ်လွန်းတယ်
နောက်ထပ်ကြည့်ခဲ့ရတာက ဗီယက်နမ်ကလပ်ဒေါင်သက်နဲ့ပွဲ။
အိမ်ကွင်းပွဲကို တိုက်ရိုက်ကြည့်ခဲ့ရသလို ဗီယက်နမ်မြေမှာကစားခဲ့တဲ့ပွဲကိုတော့ အခွေနဲ့ပြန်ကြည့်ခဲ့ရတယ်။
ကွားတာဖိုင်နယ်ပွဲတွေကိုလည်း အခွေနဲ့ပြန်ကြည့်ခဲ့ရတယ်။
ကျတော် အားကစားမီဒီယာလောကထဲရောက်လာချိန်မှာ ကိုဇော်နိုင့်အကြောင်းကိုမေးမိတယ်
သူက ဘယ်လိုကစားသမားလဲပေါ့။
သူက ပင်ကိုပါရမီအရမ်းကောင်းခဲ့တဲ့ကစားသမား။ဘောကြောအရမ်းနပ်တယ်
Passတွေကလည်း ကောင်းမှကောင်းပဲ
သူ့ကိုတစ်ဦးချင်းဖြတ်ကျော်ဖို့မလွယ်ဘူး
ခံစစ်နောက်တန်းတစ်ခုလုံးကို ဦးဆောင်နိုင်စွမ်းရှိတယ် ဘောလုံးကိုဦးနှောက်သုံးကစားတဲ့နောက်တန်းသမားပေါ့တဲ့။
ငယ်ငယ်က အဖေပြောပြခဲ့တာနဲ့မီဒီယာသမားဘဝမှာ သူနဲ့ခေတ်ပြိုင်ကစားခဲ့တဲ့သူတွေပြောပြခဲ့တာက အတူတူပဲ
သူနဲ့ပတ်သတ်ရင် အရမ်းစိတ်ဝင်စားမိတာက 1992နောက်ပိုင်း လက်ရွေးစင်အသင်းတွေမှာ ဘာလို့မပါတော့တာလဲ
ပင်ကိုပါရမီအရမ်းကောင်းခဲ့တဲ့ကစားသမားက ဘာလို့လက်ရွေးစင်မှာမကစားတော့တာလဲ။ကိုစောဘမြင့် ကိုစိုးနိုင် ကိုမင်းဇော်ဦး တို့နဲ့အတူတူ လက်ရွေးစင်ပါခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ အမြဲတွေးခဲ့ဖူးတယ်...
Credit #အလင်းဖြူ

🔷  မြန်မာ့ဖိုက်တာ အဲမွီကို အားပေးကြရမယ့် 🥊 ONE Friday Fights 124 လာပါပြီ.... မြန်မာဖိုက်တာနဲ့ တွဲဆိုင်းပါမှ ကြည့်ရတာ ပို...
12/09/2025

🔷 မြန်မာ့ဖိုက်တာ အဲမွီကို အားပေးကြရမယ့် 🥊 ONE Friday Fights 124 လာပါပြီ....
မြန်မာဖိုက်တာနဲ့ တွဲဆိုင်းပါမှ ကြည့်ရတာ ပိုအားရတယ်ဆိုတဲ့ ONE Friday Fights ပရိသတ်တွေအတွက်
ထိုင်းဖိုက်တာ Maemmot ကို ယှဉ်ပြိုင်သွားမယ့် မြန်မာဖိုက်တာ အဲမွီ ရဲ့ပွဲစဉ်၊
ထိုင်းဖိုက်တာ Suriyanlek Por Yenying vs ထိုင်းဖိုက်တာ Decho Por Borirak တို့ရဲ့ ပွဲစဉ်နဲ့
ရှားဖိုက်တာ Alaverdi Ramazanov vs ထိုင်းဖိုက်တာ Dernchon Lukjaomaesaithong တို့ရဲ့ ပွဲစဉ်အပါအဝင်
စိတ်ဝင်စားစရာ
🥊ONE Fight Night 124 ပွဲစဉ်တွေကို
SKYNET SPORTS X ရုပ်သံလိုင်းနဲ့ SKYNET Application တွေကနေ တိုက်ရိုက်(Live) အားပေးလိုက်ကြရအောင်။🤩🤩🤩
🥊 ONE Fight Night 124
📡 SKYNET SPORTS X
🗓️ 12. 9. 2025 ( Fri ) 7:30 PM
▪ SKYNET APPLICATION ကို Download ရယူရန်
Download Link : https://bit.ly/45r3tiU


Group C ISPE FC Women အနေဖြင့် တောင်ကိုရီးယား၊မြောက်ကိုရီးယား၊ဂျပန် နိုင်ငံကိုယ်စားပြုအသင်းများနှင့် အုပ်စု ဂ တွင် အတူတက...
12/09/2025

Group C
ISPE FC Women အနေဖြင့် တောင်ကိုရီးယား၊မြောက်ကိုရီးယား၊ဂျပန် နိုင်ငံကိုယ်စားပြုအသင်းများနှင့် အုပ်စု ဂ တွင် အတူတကွကျရောက်သည်။

အုပ်စု ဂ ပွဲစဉ်များကို မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

Credit&Copy

🇲🇲🇲🇲🇲🇲မျိုးလေး နဲ့ ဝမ်းဝမ်းပွဲ ဖြစ်ပြီ🇲🇲🇲🇲🇲🇲       ခြင်းဝါသနာရှင်ပရိသတ်များ မျှော်လင့်တောင့်တနေကြတဲ့ မျိုးလေးနဲ့ ဝမ်းဝမ်...
12/09/2025

🇲🇲🇲🇲🇲🇲မျိုးလေး နဲ့ ဝမ်းဝမ်းပွဲ ဖြစ်ပြီ🇲🇲🇲🇲🇲🇲

ခြင်းဝါသနာရှင်ပရိသတ်များ မျှော်လင့်တောင့်တနေကြတဲ့ မျိုးလေးနဲ့ ဝမ်းဝမ်းပွဲကတော့ တကယ်ကို ဖြစ်မြောက်သွားခဲ့ပါပြီ သို့သော် ယခုကာလအတွင်းတော့ ပွဲမဖြစ်သေးပါဘူး ကျွန်တော်တို့ တမုတ်ဆိုးကလပ်မှ ညီငယ်လေး ချစ်လွန်းပိုတစ်ယောက်ထဲ ရန်ကုန်သွားရတာမို့ စပွန်ဆာမပါ အုပ်ချုပ်သူမပါဘဲ ပွဲကတော့ မဖြစ်နိုင်ပါဘူး မန္တလေးသား နှစ်ယောက်ကို ရန်ကုန်မှာသွားပွဲတည်လိုက်ရင်လဲ မန္တလေးပရိသတ်များ ကျွန်တော်တို့ကို ဆဲဆိုတာ ခံရပါလိမ့်မယ် ခြင်းဝါသနာရှင်ပရိသတ်များ ဆန္ဒကို အလေးထားသောအားဖြင့်
မျိုးလေးနဲ့ ဝမ်းဝမ်းပွဲကို ဆည်တဲ‌ဗိုလ်ကွင်းလဲမဟုတ် တမုတ်‌ဆိုးကွင်းလဲမဟုတ်တဲ့ ကျောက်မီးကွင်းသို့မဟုတ် ရွှေခြင်းလုံးကွင်း (ဖွင့်ပေးခဲ့ရင်)မှာ အဖွင့်တစ်ပွဲထဲ ကစားပေးပါ့မယ် ကျောက်မီးကွင်းက မန္တလေးမှာဖြစ်‌နေလို့ ရန်ကုန်သားတွေလဲ ကြည့်ချင်ပါတယ်‌ဆိုပါက မိမိကိုယ်ပိုင်ကွင်းတွေမဟုတ်တဲ့ မန္တလေးကမည်သည့်ကွင်းကိုမဆို ရိုးရိုးတစ်ပွဲ အဖွင့်တစ်ပွဲ ရန်ကုန်ကမည်သည့်ကွင်းကိုမဆို ရိုးရိုးထိုးတစ်ပွဲ အဖွင့်တစ်ပွဲ ခတ်ကစားပေးပါမယ်‌ဗျ တကယ်လို့ ခြင်းဝါသနာရှင်ပရိတ်သတ်များ အဖွင့်တစ်ပွဲထဲ သဘောကျပါက ကျောက်မီးကွင်းသို့မဟုတ် ရွှေခြင်းလုံးကွင်းမှာ တည်ကြေးအတိုင်း စရံတင်ထားပြီး ပြိုင်ပွဲပြီးသည်အထိ စောင့်ဆိုင်းပေးပြီး ခတ်ကစားမည်ဖြစ်ပါကြောင်း ချစ်လွန်းပိုဝမ်းဝမ်းပွဲကို ကြည့်ရူချင်နေကြတဲ့ ခြင်းဝါသနာရှင်ပရိသတ်များကို အထူးသတင်းကောင်းပါးအပ်ပါတယ်ဗျ💛💛💛

Credit&Copy
#တမုတ်ဆိုးပိုက်ကျော်ခြင်းကလပ်

ဒူးဒဏ်ရာကြောင့် 1vs1 ပွဲ မဝင်ဖြစ်ကြောင်း အသိပေးလာတဲ့ ကျောင်းဆရာ***********စက်တင်ဘာ ၉၊ ၂၀၂၅။ နာမည်ကြီး ပိုက်ကျော်ခြင်းကစာ...
10/09/2025

ဒူးဒဏ်ရာကြောင့် 1vs1 ပွဲ မဝင်ဖြစ်ကြောင်း အသိပေးလာတဲ့ ကျောင်းဆရာ
***********
စက်တင်ဘာ ၉၊ ၂၀၂၅။

နာမည်ကြီး ပိုက်ကျော်ခြင်းကစားသမားတစ်ဦးဖြစ်တဲ့ ကျောင်းဆရာက Manulife Challenge Cup ၂၀၂၅ ရဲ့တစ်ဦးချင်းပြိုင်ပွဲကို ဒူးဒဏ်ရာကြောင့် မပါဝင်ဖြစ်တော့ဘူးလို့ ဒီကနေ့မှာ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ရဲ့1 vs 1 ပြိုင်ပွဲလူစာရင်းထဲမှာ ကျောင်းဆရာအမည်ပါဝင်လာခဲ့ပေမယ့် မနေ့က ပြုလုပ်ခဲ့တဲ့ အုပ်စုမဲနှိုက်ရွေးချယ်ပွဲမှာတော့ မပါဝင်ခဲ့ပါဘူး။

"Manulife 1vs1 ပွဲ ကတော့မခတ်ဖြစ်ပါဘူးနော်။ ဒူးဒါဏ်ရာက တစ်ယောက်ကြေးခတ်ဖို့ အဆင်သင့်မဖြစ်သေးလို့ပါနော။ ကျွန်တော့်ပွဲကို အားခဲထားတဲ့ ညီအစ်ကိုများတောင်းပန်ပါတယ်နော" လို့ ဒီကနေ့မှာ သူရဲ့ဖေစ်ဘွတ်ပေချ့်မှာ ရေးသားထားတာပါ။

"ဒူးနာနေလို့ အဲလောက်မရွေ့နိုင်တော့ဘူး။ နှစ်ယောက်ကြေး၊ သုံးယောက်ကြေးက နည်းနည်းဆော့လို့ရတယ်လေ။ တစ်ယောက်ကြေးကျတော့ ရွှေ့ရတာအဆင်မပြေဘူး" လို့ မန္တလေးမြို့၊ ကျောက်မီးကွင်းမှာ ပျဉ်းပြားနဲ့တည်ပွဲမတိုင်ခင် ကိုမင်းရဲ့ Live ထဲမှာလည်း ကျောင်းဆရာက ဆိုခဲ့ပါတယ်။

Manulife cup ပိုက်ကျော်ခြင်းပြိုင်ပွဲကို အခုလာမဲ့ စက်တင်ဘာ ၁၁-၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး တစ်ဦးချင်းပြိုင်ပွဲကို ကစားသမား ၆ ဦးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အုပ်စုမဲခွဲမှုအခြေအနေအရ အုပ်စု (က) မှာ အောင်အောင်၊ ချစ်လွန်းပို၊ ထိုက်နောင်လတ် (ပုပု) တို့ကျရောက်နေပြီး အုပ်စု (ခ) မှာ အောင်မျိုးကျော်၊ သူရစိုး၊ မင်းထွဋ်စံ တို့ပါဝင်နေပါတယ်။

တစ်ဦးချင်းပြိုင်ပွဲရဲ့ ပထမဆုကို ကျပ်သိန်း (၂၀)၊ ဒုတိယဆုကို ကျပ် (၁၅) သိန်းတို့ ချီးမြင့်သွားမယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Credit&Copy

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်Manulife တို့ပူးပေါင်းစီစဥ်ကျင်းပသောManulife Champion Cup 2025 ၏Events များထဲ...
08/09/2025

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်
Manulife တို့ပူးပေါင်းစီစဥ်ကျင်းပသော
Manulife Champion Cup 2025 ၏
Events များထဲမှ ရင်ဖိုစိတ်လှုပ်ရှားစွာရသပေးစွမ်းမည့်

တစ်ဦးချင်းပြိုင်ပွဲ ကြီးမှာ
ပါဝင်ယှဥ်ပြိုင်ကြမည့်
အားကစားသမား(8)ဦးကတော့

ကျောင်းဆရာ
ချစ်လွန်းပို
အောင်မျိုးကျော်@မျိုးလေး
ကျောက်ကျော
အောင်ကြီး
ကျောင်းသား
ထိုက်နောင်လတ်@ခွေးပု
မင်းစံ တို့ပဲဖြစ်ပါတယ်

သူတို့ထဲကဘယ်သူချန်ပီယံဖြစ်မလဲ
ဆိုတာကတော့မကြာခင်ပရိသတ်ကြီးရှေ့မှာကြိုးစားယှဥ်ပြိုင်ကြတော့မှာဖြစ်ပါတယ်

ပရိသတ်ကြီးလည်းသုဝဏ္ဏအားကစားရုံ(၁)မှာကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်

တစ်ဦးချင်းပြိုင်ပွဲ ရဲ့ အုပ်စုအဆင့်ပွဲတွေကို ၁၂ရက်နေ့မှာစတင်ကျင်းပမှာဖြစ်တာကြောင့်အုပ်စုမဲနှိုက်ခြင်းကို
(8-9-2025)နံနက် ၁၀ နာရီမှာ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံအစည်းအဝေးခန်းမမှာပြုလုပ်မှာဖြစ်ပါတယ်

ပရိသတ်ကြီးအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲ
အုပ်စုမဲနှိုက်တာကိုအဖွဲ့ချုပ်Liveမှာတိုက်ရိုက်ကြည့်ရှုနိုင်ဖို့လည်းစီစဥ်ထားပါတယ်


#သတင်းပြန်ကြားရေး

ที่อยู่

Rama 9
Bangkok
10310

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ အားကစားရွာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท