15/09/2026
🚨 Tottenhamနဲ့ Richarlisonတို့ရဲ့ပြဿနာအမှန်🚨
မနေ့ကသတင်းစာရှင်းလင်းပွဲမှာ နည်းပြပြောသွားတာက ရစ်ချာလီဆင်ကို သူ့အနေနဲ့ထည့်သုံးမရတဲ့အခြေနေမို့ ဘယ်ပွဲမှမသုံးဘူးပြောခဲ့တာ။
ပြဿနာက ပြီးခဲ့ရာသီတည်းက အသင်းကတာဝန်ရှိသူတွေနဲ့ ကစားသမားတွေကြားအဆင်မပြေတာတွေအတော်များခဲ့ပုံရတယ်။ အဲအကြောင်းကိုကဘယ်ကစားသမားမှ အသင်းကမထွက်မီပြောကြမှာမဟုတ်သလို ထွက်သွားရင်လည်း သူတို့ဟာ Professionalတွေဖြစ်တာကြောင့် အတင်းပြောသလ်ုပြန်ပြောနေမှာမဟုတ်ပါဘူး။
ဒီပြဿနာတွေကြောင့်နည်းပြက ရာသီအစမှာသက်တမ်းတိုးဖို့ သူဖျောင်းဖျခဲ့သော်လည်း ရစ်ချာလီဆင်ကအသင်းမှာမနေတော့ဘူးလို့ပြတ်ပြတ်သားသားပြောခဲ့တယ်။
အဲဒီတော့အသင်းဘက်ကလည်းသူ့ကို ထည့်မကစားဖို့နည်းပြကိုပြောမှာပဲ။
နည်းပြကသတင်းစာရှင်းလင်းပွဲမှာကိုပြောခဲ့တယ်။ သူကကြားလူပါ။ အသင်းနဲ့ ရစ်ချီတို့ဖြစ်တဲ့ကိစ္စကိုသူ့အနေနဲ့အများကြီးဝင်ပြောလို့မရပါဘူး။
နည်းပြပြောတာလည်းဟုတ်နေတာပဲလေ သူ့နေရာကနေဝင်စဥ်းစားကြည့် အသင်းမှာတခြားကစားသမားတွေရှိနေတာကို ထွက်တော့မယ်ဘယ်လိုမှတားမရတဲ့ကစားသမားကိုထည့်ကစားမလား။ အဲလိုဆိုမထွက်တဲ့သူတွေတွက်တရားမလား။
ဒါကို Engageရပြီးရော ၁၉သင်းဖန် Pageတွေက နည်းပြကလုံးဝထည့်မသုံးလို့ပဲရစ်ချာလီဆင်ကကန်ခွင့်မရတာလိုလိုလျှောက်ပြော လျှောက်ရေးနေကြတာမြင်လို့ ထရေးလိုက်တာ။ တချို့အသင်းကိုချစ်သလိုနဲ့ spur fan pageထောင်စားတဲ့ကောင်တွေက သူတို့ Reactရရေးပြီးရော တခြား ၁၉သင်းဖန်တွေကလည်း လှောင်ရေးရေးကြတာပေါ့...🐔🐔🐔