08/06/2026
စကားမပြောဘူး
ပြောလိုက်ရင်လည်း တလွဲ
သူလည်းခေသူမဟုတ်
ကိုနိုင်ထွေး is the Best
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ။
Myanmar New Year Cup 2026 (Singapore) ပြိုင်ပွဲကြီးတွင် Bagan FC အသင်း၏ ကွင်းလယ်ကစားသမား Naing Htwe (No.16) သည် ပြိုင်ပွဲ၏ အကောင်းဆုံး ကွင်းလယ်လူဆု (Best Midfielder Award) ကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။
ပြိုင်ပွဲတစ်လျှောက် အသင်း၏ ကစားကွက်ကို ထိန်းကျောင်းပေးနိုင်မှု၊ တိုက်စစ်နှင့် ခံစစ်ကို ချိတ်ဆက်ပေးနိုင်မှု၊ အရေးကြီးသော ပွဲစဉ်များတွင် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်မှုတို့ကြောင့် ယခုဆုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။
တစ်ဦးချင်း အောင်မြင်မှုသာမက Bagan FC အသင်းကိုလည်း Myanmar New Year Cup 2026 Champion ဆုဖလား ရယူနိုင်ရန် အဓိက အင်အားတစ်ရပ်အဖြစ် ပါဝင်စွမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
အသင်း၏ ဂုဏ်သိက္ခာအတွက် ကြိုးစားပေးခဲ့သည့် Naing Htwe အား MNYC မှ အထူးဂုဏ်ပြုအပ်ပါသည်။
“Champion အသင်းတစ်သင်းရဲ့ အောင်မြင်မှုနောက်ကွယ်မှာ Champion Mindset ရှိတဲ့ ကစားသမားတွေ အမြဲရှိနေတတ်ပါတယ်။”
Congratulations, Naing Htwe! 👏💙
✍️📸 MNYC သတင်းနှင့်မီဒီယာ