21/08/2026
"သစ်တောထဲ သို့ အမဲလိုက်ထွက်ခန်း"
Tempinis ဆိုတဲ့ သစ်ပင်တွေ ခပ်များများပေါက်တဲ့နေရာကို အစွဲပြုပြီး Tampines ဆိုတဲ့ မြို့နယ်လေး ဖြစ်လာတယ်လို့ အယူရှိခဲ့ကြပါတယ်....။
လာမယ့် တနင်္ဂနွေနေ့မှာတော့.... အဲ့ဒီ Tampines ရဲ့ အနောက်အရပ်မှာ ရောင်နီလုလင်တို့ဟာ သစ်တောတွေထဲ အမဲလိုက်ထွက်ကြမှာပဲဖြစ်ပါတယ်.....။
ပွဲတိုင်း ကြည့်ကောင်းတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ MPL ပွဲစဥ်တွေထဲက ပွဲကောင်းလေး တစ်ပွဲကို လက်မလွတ်ချင်ဘူး..... ရောင်နီလုလင်တို့ရဲ့ အမဲလိုက်ခန်းကို ကြည့်ရှုအားပေးချင်တယ်ဆိုရင်တော့ဖြင့်.... Safra ကွင်းထဲက ပရိတ်သတ်ထိုင်ခုံတန်းတွေက မိတ်ဆွေတို့ကို ကြိုဆိုလျက်ပါဗျာ.....။
Yaung Ni FC Vs Woodland FC (MPL Match Day)