Confidence Lady with Awin

Confidence Lady with Awin Welcome to Smart Lady World

08/09/2025

❤️

10/05/2025

တစ်နေ့တာမှာ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်လို့
ပြောဖူးကြလား ??

အများစုကတော့ မပြောဖြစ်‌ကြဘူးနော်
မနက်ခင်းကနေစ နေ့လည်ခင်း အပါအဝင်
ညအိပ်ယာဝင်ထိ တစ်ခြားလူတွေကို
ချစ်ကြောင်း ကျေးဇူးတင်ကြောင်း
အကြိမ်များစွာ ပြောတတ်ကြပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြောဖို့တော့ မေ့နေကြတယ်🥹🥹

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လည်းလိုသလို
ချစ်ကြောင်းပြောဖို့လည်းလိုပါတယ်
အလားတူပဲ အလုပ်တစ်ခုကို ပြီးမြှောက်အောင်လုပ်နိုင် အခါမှာလည်း "ငါလုပ်နိုင်ခဲ့ပီ ငါကအရမ်းတော်တာပဲ"
စသဖြင့် မိမိကိုယ်ကိုယ် Appreciate လုပ်ပီး
ချီးကျူးတတ်ဖို့လိုပါတယ် ❤️❤️

ပြောတဲ့နေရာမှာ စိတ်ထဲကပြောတာမျိုးမဟုတ်ပဲ
နှုတ်ကထုတ်ပြောကြည့်ပါ
ကျေနပ်ပျော်ရွှင်ခြင်းကို ခံစားမိပါလိမ့်မယ်😍😍

လူအများစုက ကိုယ့်ကိုယ် သူများက
တန်ဖိုးထားပီးမချစ်ရင်အပြစ်တင်တတ်ကြပီး
မိမိကိုယ်ကိုယ် ချစ်ဖို့တော့ မေ့နေကြတယ်
ကိုယ့်ကိုယ်ကိုယ်ချစ်ပီး တန်ဖိုးထားလေးစားမှ
တစ်ခြားလူကလည်း ကိုယ့်ကို တန်ဖိုးထားလေးစားမယ်
ဆိုတဲ့အချက်လေးကို မမေ့ပါနဲ့🌻🌻

ကိုယ့်ကိုယ်ကိုယ် ချစ်ပါ တန်ဖိုးထားပါ လေးစားပါ
တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့
ကိုယ့်ကိုယ်ကိုယ်"ချစ်တယ်"ပြောဖို့ သတိရပါနော်😘😘

ကဲ ဒီpostလေးကို ဖတ်မိပီဆိုတော့
Comment လေးမှာ ‌ "I Love Myself"လို့ရေးပီး
ကိုယ့်ကိုယ်ကိုယ် ချစ်ကြောင်းဖော်ပြလိုက်ကြရအောင်😍

#အဝင်း


I'm ready & so happy to join Sir.🌻🌻
08/05/2025

I'm ready & so happy to join Sir.🌻🌻

08/05/2025

#မအားအောင်နေပါ

အားနေရင် အတွေးတွေများနေတတ်တယ်
မကောင်းတာတွေ တွေးမိရင်
Energy တွေကျပီး ဘာမှမလုပ်ဖြစ်တော့တာတွေရှိတယ်

ဘာမှမလုပ်တော့ ဘာမှမရဘူး
ဘာမှမရတော့ ဝမ်းနည်းတယ် အားငယ်တယ်
သူများတွေနဲ့ ကိုယိ့ကိုယ်ကိုယ်နှိုင်းယှဉ်တယ်
ငါကသူ့လောက်မတော်ဘူး အဖြစ်မရှိဘူး🙇🙇
စသဖြင့်ပေါ့ .....

တကယ်တော့ ကိုယ်မတော်တာ မဟုတ်ပါဘူး
"အားနေရင် အတွေးအမှားများနဲ့ ကိုယိ့ကိုယ်ကိုယ်
လွယ်လွယ်နဲ့ ဒုက္ခပေးမိတာပါ"🥹🥹

ဒါကြောင့် မအားအောင်နေပါ
အတွေးမများနဲ့ ကိုယိ့ကိုယ်ကိုယ် စိတ်ဒုက္ခမပေးနဲ့❌❌

တစ်ခဏတာ စိတ်ဒုက္ခတစ်ခုကြောင့်
ဘဝတစ်လုံး ဆုံးရှူံးနိုင်သလို
တစ်ခဏတာ စိတ်အေးချမ်းမှုတစ်ခုကြောင့်ပဲ
တစ်ဘဝလုံးလှပစေတတ်ပါတယ်။

#ပျော်စေတယ်—ဒီစိတ်
#ပျက်စေတယ်—ဒီစိတ်
#ဖန်တီးတယ်—ဒီစိတ်
#ဖျက်ဆီးတယ်—ဒီစိတ်

ကိုယ့်ရဲ့ရှင်သန်ဖြစ်တည်မှုတိုင်းက
ကိုယိ့ရဲ့စိတ်အပေါ်မှာ မူတည်တယ်

ဒါကြောင့်...
ကိုယ့်ကိုကိုယ် စိတ်ဒုက္ခ မပေးနဲ့။
ကိုယ့်စိတ်ကိုပဲ ကိုယ့်ဘဝအောင်မြင်မှုအတွက်
တည်ဆောက်ပါ ပျိုးထောင်ပါ။🌻🌻

#အဝင်း

08/05/2025

ကိုယိ့ရဲ့တစ်နေ့တာကို ဘယ်လိုMoodနဲ့ စ ချင်လဲ??

ကိုယ်ဖြတ်သန်းတဲ့မနက်ခင်းတစ်ခုက
တစ်နေ့တာလုံးပေါ်သက်ရောက်နိုင်တယ်ဆိုတာ မမေ့နဲ့

မနက်ခင်းမှာ စိတ်အနှောက်ယှက်ဖြစ်ရပီဆိုရင်
တစ်နေ့တာလုံးမှာ ဘာလုပ်လုပ်
အဆင်မပြေဖြစ်တာမျိုးတွေ ကြုံဖူးကြလား??

မနက်စောစောမှာ
"ဈေးသည်တွေ ဈေးဦးလှန်ရင်
တနေ့တာလုံးဈေးရောင်းမကောင်းတော့သလို
#စိတ်ဦးလှန်ရင်လည်း တစ်နေ့တာလုံး ပျက်စီးတတ်တယ်"

တစ်နေကုန် ဒေါသထွက်စရာတွေပဲတွေ့ပီး
ဘာလုပ်လုပ်အဆင်မပြေခြင်းတွေနဲ့ပဲ ကြုံရတတ်တယ်

ဒါကြောင့် နိုးထလာတဲ့မနက်ခင်းမှာ
ပူပင်သောကတွေကင်းပီး တစ်နေ့တာလုံး
အဆင်ပြေပျော်ရွှင်ဖို့ဆိုရင်

#မထိုက်တန်တဲ့လူနဲ့ မထိုက်တန်တဲ့အရာတွေကို
ကိုယ့်ခေါင်းထဲမထည့်နဲ့❌❌

သူများလာထည့်သမျှတွေ လက်ခံနေမယ်ဆိုရင်
ကိုယ့်ရဲ့ခေါင်းဟာ အမှိုက်ပုံးနဲ့တူသွားမယ်

ကိုယ့်ဘဝအတွက် ကိုယ်ဟာ ပဲ့ကိုင်ရှင်
ကိုယ်သာလျှင် အရှင်သခင်ပဲမို့
လိုတာတွေသိမ်း ✅✅
မလိုတာတွေဖယ်❌❌

ကိုယ့်ရဲ့မနက်ခင်းကို ဘယ်လို စ တင်ချင်လည်းဆိုတာ
ကိုယ်နဲ့ပဲဆိုင်တယ်

ကိုယ့်ခေါင်းထဲကို မလိုအပ်ပဲထည့်မိထားတဲ့
အမှိုက်တွေ ရှိနေပီလား??

ကိုယ့်ရဲ့အတွေ့အကြုံလေးကိုလည်း
Comment မှာ မျှဝေပေးခဲ့ပါအုံးနော် 🌻🌻

#အဝင်း

07/05/2025

ဘဝရဲ့ အခက်ခဲတွေ ကြုံတွေ့ရတဲ့အခါ

ပြသနာကို အာရုံစိုက်မလား ??
ဖြေရှင်းနည်းကို အာရုံစိုက်မလား??

#အဝင်း

07/05/2025

"ဘဝမှာ စိတ်ပင်ပန်းစရာတွေနဲ့ ကင်းချင်တယ်ဆို?"

#ဘူကောင်တွေကိုရှောင်🙅🙅
ဘာလဲ ဘူကောင် ??

ဘူကောင်ဆိုတာ?
ကိုယ့်ပတ်ဝန်းကျင်မှာလည်း မြင်ဖူးကြမှာပါ

ကိုယိ့ဘဝကိုစိတ်တိုင်းမကျ
သူများဘဝကိုလည်းစိတ်တိုင်းမကျသူ🙇🙇

ကိုယိ့ဘဝကို မကျေနပ်
ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်နဲ့
Negative Energy ဖြန့်ဖြူးတဲ့သူ 🤷🤷

Unhappy 😡😡
Unlucky 😞😞
ဖြစ်နေတဲ့ဘူကောင်တွေပေါ့

Energyဆိုတာ ကူးစက်တတ်တာမို့
Happy, Healthy& Positive ဘဝတစ်ခုကို
ပိုင်ဆိုင်ခြင်တယ်ဆိုရင် ဘူကောင်တွေကိုရှောင်ပါ

"Protect your energy -Not everyone deserves a seat in your life! "

ကိုယိ့ဘဝမှာရော
ဘယ်လိုဘူကောင်မျိုးတွေနဲ့တွေ့ဖူးလည်း?
လက်ရှိမှာရော ကိုယိ့အနားမှာ ရှောင်ရမယ့် ဘူကောင်တွေရှိနေလား?

Comment လေးမှာ ‌ပြောပြခဲ့ပါအုံး နော်

#အဝင်း

06/05/2025

အချိန်ဆိုတာ ဘဝဖြစ်လို့
ဘာကိုပဲလုပ်လုပ်
ဘဝနဲ့ရင်းပြီးလုပ်နေရတယ်လို့
မှတ်ယူသင့်တယ်

ကိုယ့်ကိုယ်ကိုယ် စေတနာတကယ်ရှိရင်
အရေးမပါတဲ့အလုပ်တွေနဲ့
အချိန်မကုန်သွားအောင် ဂရုစိုက်ဖို့လိုတယ်။🌻🌻

#အဝင်း


06/05/2025

လူတွေမှာ
ဖြစ်ချင်တဲ့အရာနဲ့ မဖြစ်ချင်တဲ့အရာ
လိုချင်တဲ့အရာနဲ့ မလိုချင်တဲ့အရာဆိုပီး ရှိတတ်ကြတယ်

သေသေချာချာ သတိထားကြည့်မိရင်
ကိုယ်မလိုချင်တဲ့အရာ မဖြစ်ချင်တဲ့ အရာတွေကိုပဲ
အာရုံစိုက်နေကြတာများတယ်

ကိုယ်က မဖြစ်ချင်တဲ့အရာတွေကိုပဲ အာရုံစိုက်နေရင် မဖြစ်ချင်တဲ့အကြောင်းတရားတွေကိုပဲ တွေးမိမယ်

ငါဒါမျိုးမဖြစ်ချငိဘူး 🙇❌
ငါဒါမျိုးမလိုချငိဘူး🙇❌
ဘာကြောင့် ငါမလိုချင်တာတွေ လာဖြစ်နေရသလဲ ဆိုပီး ထပ်ခါတလဲလဲရေရွတ်မယ် ညီးတွားမယ်

ဒါဆို ကိုယ်မဖြစ်ချင်တာတွေပဲ
ကိုယိ့အာရုံထဲမှလာလာပေါ်နေမယ်

ဒီလိုနဲ့ပဲ အတွေးသံသရာလည်ရင်း စိတ်သောကတွေရောက် စိတ်ဆငိးရဲရ‌တယ်

ငါလိုချင်တာကို ရအောင် /ဖြစ်အောင်
ဘယ်လိုလုပ်ရမလည်းလို့ အာရုံမစိုက်မိတော့
ဖြစ်မယိ့ နည်းလမ်းလည်း မစဉ်းစားမိတော့ဘူး

ဒါကြောငိ့ မလိုချင်တာတွေမရဖို့
လိုချင်တာတွေရပီး ဖြစ်ချင်တာတွေဖြစ်ဖို့ဆိုရင်

"ကိုယ်မလိုချင်တဲ့အရာတွေကို
အာရုံစိုက်လွန်ကဲနေမယ့်အစား။❌❌
ကိုယ်လိုချင်တဲ့အရာတွေကို
စွဲစွဲလမ်းလမ်းအာရုံစိုက်ပါ"✅✅✅

#အဝင်း

သစ်ပင်ကြီးတစ်ပင်ကို တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်လုပ်လို့ မရဘူး။ ဘဝအပြောင်းအလဲကလည်း ဒီလိုပဲ။ တခါတလေ အချက်ပေါင်း ၃၆၅ ချက်...
05/05/2025

သစ်ပင်ကြီးတစ်ပင်ကို
တစ်ချက်ခုတ်ရုံနဲ့ ပြိုလဲအောင်လုပ်လို့ မရဘူး။

ဘဝအပြောင်းအလဲကလည်း ဒီလိုပဲ။
တခါတလေ အချက်ပေါင်း ၃၆၅ ချက်လောက်
လိုကောင်းလိုမယ်။
ဒီထက်လည်း ပိုနိုင်တယ်။

ဒါပေမယ့် အရေးကြီးတာ
နေ့စဥ်ရဲ့ စွမ်းပကားကို လျှော့မတွက်ဖို့ပဲ

#အဝင်း

05/05/2025

စိတ်ချမ်းသာချင်ရင် ဖုန်းကို သတိနဲ့သုံး

ကိုယ့်ဘဝကို သူများဘဝတွေနဲ့ လိုက်မနှိုင်းယှဉ်နဲ့ .❌
အဲ့ဒါ စိတ်ခွန်အားတွေကို လျော့စေတယ်🙇🙇

ငှက်ကရေမကူးနိုင်သလို
ငါးကလည်း လေပေါ်မပျံနိုင်ဘူး
လူတိုင်းမှာ သူ့အစွမ်းစနဲ့သူ ရှိ‌ပီးသားပါ🌻

ဖုန်းသုံးနေရင်းနဲ့ စိတ်ခွန်အား ၊ ရုပ်ခွန်အားတွေကို ထိခိုက်လာပြီဆိုရင် အထူးဂရုစိုက်ပါ။

ဖုန်းပွတ်နေတဲ့ လက်မ လေးကို ထိန်းသိမ်းပါ။ 🙅🙅
လက်မကို limitလုပ်ပါ။
ဖုန်းကြည့် ပြီး နုံးချိမနေပါစေနဲ့ ။😰😰

#အဝင်း

Address

Singapore
238858

Telephone

+6588433688

Website

Alerts

Be the first to know and let us send you an email when Confidence Lady with Awin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Confidence Lady with Awin:

Share

Category