Learning & Sharing with Khin

Learning & Sharing with Khin ♻️♻️♻️ personal development အောင်မြင်‌ေပျာ်ရွှင်‌ေငွဝင်ချင်သူတိုင်း/ဘဝအမောတွေပြေချင်သူတိုင်းအတွက် မျှဝေပေးနေတဲ့နေရာလေးပါ♻️♻️♻️

11/03/2026

🌿Morning🌿

Have a nice day!!

#ချစ်တဲ့


09/03/2026

🌿Morning 🌿

သင်ယူနည်း ပြောင်းရင် ဘဝ ပြောင်းတယ်

စာဖတ်တယ် ဒါပေမဲ့ မမှတ်မိဘူး
သင်တန်းတက်တယ် ဒါပေမဲ့ ပြန်သုံးလို့ မရဘူး
Video ကြည့်တယ် ဒါပေမဲ့ ၃ ရက်ကြာတော့ မေ့သွားတယ်

ပြဿနာက ဉာဏ် မဟုတ်ဘူး
ပြဿနာက သင်ယူနည်း

သင်ယူနည်း ၆ ခု ရှိတယ်

၁။ Feynman Technique
ကိုယ် သိတာကို ကလေး တစ်ယောက်ကို ရှင်းပြပါ
ရှင်းပြလို့ မရရင် ကိုယ် တကယ် မသိသေးဘူး
ရှင်းပြလို့ ရတဲ့နေ့ ကိုယ် တကယ် သိပြီ

၂။ Active Recall
စာဖတ်ပြီးရင် စာအုပ် ပိတ်ပါ
ပြီးတော့ ကိုယ့်ဘာသာ ပြန်ရေးပါ
ဖတ်တာ နဲ့ ပြန်ထုတ်တာ မတူဘူး
ပြန်ထုတ်တဲ့အခါ ဦးနှောက်က အလုပ်လုပ်တယ်

၃။ Spaced Repetition
တစ်ခါ ဖတ်ပြီး ထားလိုက်ရင် မေ့မယ်
ဒါပေမဲ့ ၁ ရက် ကြာမှ ပြန်ဖတ်
၃ ရက် ကြာမှ ပြန်ဖတ်
၇ ရက် ကြာမှ ပြန်ဖတ်
ဒီလို ခြားပြီး ပြန်ဖတ်ရင် အမှတ်ရထဲ ထပ်ထပ် ရိုက်ထည့်သလို ဖြစ်တယ်

၄။ Interleaving
တစ်ခုတည်း ကို ၃ နာရီ ဆက်မလေ့ကျင့်နဲ့
အမျိုးမျိုး ရောပြီး လေ့ကျင့်ပါ
ဦးနှောက်က ခွဲခြားတတ်လာတယ်
ချိတ်ဆက်တတ်လာတယ်

၅။ Teaching
သင်ပေးပါ
ကိုယ် သိတာကို တစ်ခြားသူ ကို သင်ပေးတဲ့အခါ
ကိုယ့်ထဲ ၂ ဆ ပိုစွဲတယ်
သင်တာ က သင်ယူတာရဲ့ အမြင့်ဆုံး အဆင့်

၆။ Reflection
တစ်နေ့ ပြီးတိုင်း ၅ မိနစ် ပြန်ကြည့်ပါ
ဒီနေ့ ဘာ သင်ခဲ့ရလဲ
ဘာ နားလည်ခဲ့လဲ
ဘာ မနားလည်သေးဘူးလဲ
ဒီ ၅ မိနစ် က ၅ နာရီ ဖတ်တာထက် တန်ဖိုး ရှိတယ်

လူအများစု ထင်တာက
"ငါ စာဖတ်ရင် ရပြီ"

တကယ်က ဖတ်တာ က ပထမ အဆင့်ပဲ

ဖတ်ပြီး ပြန်ထုတ်ပါ
ပြန်ထုတ်ပြီး သင်ပေးပါ
သင်ပေးပြီး ပြန်ကြည့်ပါ

ဒါ သင်ယူတဲ့ စက်ဝိုင်း
ဒီစက်ဝိုင်း ကို ပတ်လေ ကိုယ် ကြီးထွားလေ

သင်ယူနည်း ပြောင်းပါ
ဘဝ ပြောင်းပါလိမ့်မယ်

from toetet
#ချစ်တဲ့


🌿Morning 🌿🍁Have a good day ‼️
07/03/2026

🌿Morning 🌿

🍁Have a good day ‼️

‼️ "သင်သိထားတဲ့
'ဗဟုသုတ‌လေး တစ်ခုက
တခြား တစ်ယောက်အတွက်
'အသက်ကယ်ဆေး'
ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?"

😔 ​လူအများစုက
ငါကသိပ်မတော်ဘူး...ငါ့မှာ...
ဘာထူးခြားတဲ့ အရည်အချင်းမှ
မရှိဘူးလို့ ထင်တတ်ကြတယ်...

ဒါပေမဲ့ တကယ်တော့...
လူတိုင်းမှာ တန်ဖိုးတစ်ခုတော့
အမြဲရှိပါတယ်...

🤳 သင် အလွတ်ရနေတဲ့
Shortcut လေးတစ်ခု ...

သင် ကျွမ်းကျင်နေတဲ့
ဖုန်းအသုံးပြုနည်းလေး တစ်ခုက

သင်တန်းတက်ဖို့
အခက်အခဲဖြစ်နေတဲ့သူ
တစ်ယောက်အတွက်တော့
အရမ်းအရေးကြီးတဲ့
အဖြေ ဖြစ်နေတတ်ပါတယ်...

✍ ​ဗဟုသုတဆိုတာ
မျှဝေလေ ပွားများလေပါပဲ...

သင်ရော... ဒီနေ့
တခြားသူအတွက် အသုံးဝင်မယ့်
ဘာအကြောင်းအရာလေး
မျှဝေပေးချင်လဲ?
ကွန်မန့်မှာ ရေးခဲ့နော်...



02/03/2026

🌿Morning🌿

#ကမ္ဘာကျော်စာရေးဆရာ Sandeep maheshwari ပြောတဲ့စကားလေးကြိုက်လို့

‼️သင့်ရဲ့ဘဝကို ပြောင်းလဲပေးမဲ့သူကို လိုက်ရှာနေတယ်ဆိုရင် မှန်ထဲကိုသာ ကြည့်လိုက်ပါ‼️

#ချစ်တဲ့


28/02/2026

🌿Morning 🌿

‼️ကိုယ့်ဘဝကို ပြောင်းချင်တယ် ဆိုပြီး
ကိုယ့်ဘဝကို ပြောင်းမယ့် အချိန်ကို မပေးဘူး

မနက် ၆ နာရီ နိုးတယ်
TikTok ဖွင့်တယ်
၇ နာရီ ဖြစ်သွားတယ်

ညနေ အလုပ်ပြန်လာတယ်
မောတယ် ပင်ပန်းတယ်
Drama ကြည့်တယ်
အိပ်ယာဝင်တယ်

မနက်ဖြန် ထပ်လုပ်တယ်
ဒီအတိုင်း ၁ လ
ဒီအတိုင်း ၁ နှစ်
ဒီအတိုင်း ၅ နှစ်

ပြီးတော့ ပြောတယ်
"ငါ့မှာ အခွင့်အရေး မရှိဘူး"
"ငါ့မှာ အချိန် မရှိဘူး"

အချိန် မရှိတာ မဟုတ်ဘူး
အချိန်ကို ဘယ်မှာ သုံးနေလဲ မသိတာ

တစ်နေ့ ၁ နာရီ
၁ နှစ်ဆို ၃၆၅ နာရီ
စာအုပ် ၃၀ ကျော် ဖတ်နိုင်တယ်
Course ၃ ခု ပြီးနိုင်တယ်
Skill အသစ် ၁ ခု ရနိုင်တယ်

တစ်နေ့ ၁ နာရီ
TikTok ကို ပေးမလား
ကိုယ့်ဘဝကို ပေးမလား

"အချိန်မရှိဘူး" မဟုတ်ဘူး
"ဦးစားမပေးဘူး" ဆိုတာ ရိုးသားစွာ ဝန်ခံပါ

ပြောင်းချင်ရင် သင်ပါ
သင်ချင်ရင် အချိန်ပေးပါ
အချိန်ပေးချင်ရင် တစ်ခုခု စွန့်လွှတ်ပါ

ကိုယ့်ဖုန်းထဲမှာ တက္ကသိုလ် ရှိတယ်
ဖွင့်မဖွင့် ကိုယ့်အပေါ် မူတယ်

from Toe Tet
#ချစ်တဲ့


26/02/2026

🌿Morning🌿

‼️ ဘဝမှာ တိုးတက်ချင်ရင်
မနေ့ကငါနဲ့ဒီနေ့ငါ ပြိုင်ပါ
တစ်ခြားလူနဲ့မနှိုင်းယှဉ်ပါနဲ့‼️

#ချစ်တဲ့


20/02/2026

🌿Morning🌿

To do daily
(1) Learn
(2)Apply
(3) Grow

#ချစ်တဲ့


14/02/2026

🌿Morning🌿

နေ့စဉ် လုပ်ရမဲ့အချက်(၃)ချက်
(၁)ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခု လုပ်ပါ (exercise)
(၂)သင်ယူမှုတစ်ခုလုပ်ပါ(learning)
(၃) ပြန်သုံးသပ်ပါ(review)

#ချစ်တဲ့


11/02/2026

🌿Morning🌿

‼️အလုပ်တစ်ခုက စဖို့ခက်သလို့ အောင်မြင်ဖို့ဆိုရင် အဆုံးထိသွားဖို့လိုတယ်‼️

#ချစ်တဲ့


06/02/2026

🌿Morning🌿

🍁ကောင်းသောနေ့လေး ဖြစ်ကြပါစေ🙏

#ချစ်တဲ့


05/02/2026

🌿Morning🌿

🍁Need to do list daily(4)ချက်🍁
(1)Learn
(2)Do
(3) Practice
(4) Reflection

#ချစ်တဲ့


04/02/2026

🌿Morning 🌿

‼️ဘဝမှာ မလွဲသာလို့
‌‌
ခြေတစ်လှမ်းနောက်ဆုတ်ခဲ့ရရင်

အရှိန်ယူတဲ့ခြေတစ်လှမ်း ဖြစ်ပါစေ

အရှုံးပေးတဲ့ ခြေတစ်လှမ်းမဖြစ်ပါစေနဲ့‼️

#ချစ်တဲ့


Address

Singapore

Telephone

+959781500850

Website

Alerts

Be the first to know and let us send you an email when Learning & Sharing with Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learning & Sharing with Khin:

Share