Myanmar Premiership 'SG'

Myanmar Premiership 'SG' Myanmar Premiership Amateur Football League : Singapore

MPL Week 12 : Matches Results.................................30 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership Lea...
02/09/2026

MPL Week 12 : Matches Results.................................

30 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership League ပြိုင်ပွဲ ပွဲစဉ်များရဲ့ ရလဒ်များဖြစ်ပါတယ်။

Alchemy တို့ MPL ပထမဆုံး နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါပြီ။

TGFB FC Clean-Sheep နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။

Bagan FC ကတစ်ယောက်လျော့အနေအထားနှင့် အနိုင်ဂိုးသွင်းယူခဲ့ပြီး အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

Karenni FC က သွင်းဂိုးကြမ်းခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

April United ကတော့ Legend ကြီးတွေခြေစွမ်းပြပြီး ဂိုးမိုးရွာခဲ့တယ်ဆိုပါတော့...

MPL သတင်းနှင့် မီဒီယာ ✍️








မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Season 2 ( Week 12 ) ပွဲစဉ်များကို 30 Aug 2026 - Sunday မှာ ယှဉ...
29/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Season 2 ( Week 12 ) ပွဲစဉ်များကို 30 Aug 2026 - Sunday မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ် ။

အစောပိုင်းပွဲစဉ်အဖြစ် စင်္ကာပူစံတော်ချိန် 3 pm မှာတော့ Dragon Eleven Force FC နှင့် Alchemy United တို့ဟာ UWC Dover Stadium ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ် ။ ဒီပွဲစဉ်ဟာ အကြိတ်အနယ်ရှိမှာသေချာပေမယ့် ဘယ်အသင်းက အနိုင်ရယူသွားမလဲဆိုတာကတော့ ခန့်မှန်းရခက်တဲ့ပွဲမျိုးပါပဲ ပရိတ်သတ်ကြီးရေ ။
—————————
ညနေ 5 pm ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Warriors United နှင့် TGFB FC တို့ရဲ့ပွဲကိုလည်း UWC Dover ဘောလုံးကွင်းကြီးမှာပဲ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး စစ်သည်တော်တွေနဲ့ ကောင်ဇိုးလေးတစ်သိုက် အပြိုင်ဖိုက်မယ့်ဒီပွဲမှာ ဘယ်အသင်းကအောင်လံလွှင့်မလဲဆိုတာ လာရောက်အားပေးရင်း ကြည့်ရှုကြရအောင်လားပရိတ်သတ်ကြီးရေ ။
——————————
နောက်ကျပွဲစဉ်တစ်ပွဲဖြစ်တဲ့ Ju**ie FC နှင့် Karenni FC တို့ပွဲစဉ်ကိုလည်း စင်္ကာပူစံတော်ချိန် 7 pm ၌ UWC Dover Football Stadium မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ် ။ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့ Ju**ie လူငယ်တွေနဲ့ ကစားရခက်တဲ့ ကရင်နီလေးတွေအတွေ့မှာ ဘယ်အသင်းက ကင်းပေါက်လို့အမြင့်ရောက်မလဲဆိုတာ လာရောက်အားပေးကြပါဦး ပရိတ်သတ်ကြီးရေ ။
———————————
နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Triple Alliance FC နှင့် April United တို့ရဲ့ပွဲစဉ်ကိုတော့ SIA Sports Club ဘောလုံးကွင်းကြီး၌ စင်္ကာပူစံတော်ချိန် 7 pm မှာပဲယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ် ။ နိုင်ပွဲပျောက်နေတဲ့အသင်းနှစ်သင်းရဲ့ ထိပ်တိုက်အတွေ့မှာ Triple တစ်သိုက်ကပဲ အနိုင်ရသွားမလား ၊ April မင်းသားတွေကပဲ သုံးမှတ်ယူသွားမလားဆိုတာ လာရောက်အားပေးကြပါဦးပရိတ်သတ်ကြီးရေ ။
———————————-
7 pm ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Burma Union FC နှင့် Bagan FC တို့ရဲ့ ပွဲစဉ်ကတော့ Tampines Safra Stadium မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။ ခြေစွမ်းကောင်းတွေဆက်တိုက်ပြနေတဲ့ BU FC နှင့် ခြေမှန်ပြန်တွေ့လာတဲ့ လက်ရှိချန်ပီယံတို့ရဲ့ ပွဲစဉ်ဟာ ဒီအပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ပါပဲ ။ လူကျည်ဆံတွေနဲ့ Union ကပဲအနိုင်ယူသွားမလား ၊ နန်းမြို့ရိုးက ပုဂံသားတို့က အမှန်ကစားလို့ Tampines ညချမ်းတွေကိုသိမ်းပိုက်သွားမလားဆိုတာ လာရောက်အားပေးကြပါဦး ပရိတ်သတ်ကြီးရေ ။

MPL သတင်းနှင့် မီဒီယာ ✍️







ရောင်နီတွေ ထွန်းတောက်နေဆဲ မြစ်နှစ်သွယ်ကလည်း စီးဆင်းနေဆဲ...MPL Season : 2 ပွဲစဉ်ဇယား အခြေအနေ................................
27/08/2026

ရောင်နီတွေ ထွန်းတောက်နေဆဲ မြစ်နှစ်သွယ်ကလည်း စီးဆင်းနေဆဲ...

MPL Season : 2 ပွဲစဉ်ဇယား အခြေအနေ...................................

ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ Yaung Ni FC ကဦးဆောင်နေဆဲ...
Irrawaddy FC အသင်းက ထိပ်ဆုံးရောက်နိုင်ဖို့ လှေကားထစ်တွေကို ကျော်ဖြတ်နေနိုင်ဆဲ..
May Kha FC ကအဆင့် ၃ နေရာကနေ အခွင့်အရေးတွေအတွက် အာရုံစိုက်လို့ထားနိုင်ဆဲ..
4, 5, 6, 7, 8 ကအသင်းတွေကလည်း ချန်ပီယံ စည်းဝိုင်းထဲမှာရှိနေဆဲ...

ပြိုင်ဆိုင်မူ ပြင်းထန်တဲ့ League ဖြစ်တာနှင့်အညီ အသင်းတိုင်းအတွက် ပွဲစဉ်တိုင်းက အမှားခံလို့မရသလို ခက်ခဲစေမှာတော့အမှန်ပါပဲ။
စင်္ကာပူရဲ့ ထိပ်သီးအသင်းတွေအားလုံးပါဝင် ယှဉ်ပြိုင်နေတဲ့ MPL မှာ ပြိုင်ပွဲဝင်အသင်းတိုင်းကတော့ စနစ်တကျဖွဲ့စည်းထားကြပြီး အရည်အချင်းပြည့်ဝကြတဲ့ အသင်းတွေဆိုတာ အထူးညွှန်းဆိုစရာမလိုတော့ပါဘူး...

ရှေ့ဆက်ပွဲစဉ်တွေမှာ ဘာတွေဖြစ်လာကြမလဲ အမှတ်ပေး ဇယားရပ်တည်မူ အပြောင်းအလဲတွေက ဘယ်လိုတွေဖြစ်လာနိုင်လဲ ခန့်မှန်းရင်း
ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်ကြည့်လို့ သက်ဆိုင်ရာအသင်းတွေကို အားပေးကြပါဆို့..

MPL သတင်းနှင့် မီဒီယာ ✍️








MPL Week 11 : Matches Results.................................23 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership Lea...
26/08/2026

MPL Week 11 : Matches Results.................................

23 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership League ပြိုင်ပွဲ ပွဲစဉ်များရဲ့ ရလဒ်များဖြစ်ပါတယ်။

Irrawaddy FC ကအဖိုးတန် ၃ မှတ်ရယူနိုင်ပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။

May Kha FC နှင့် Alchemy United တို့ ၂ ဂိုးဆီသရေကျပြီး အမှတ်ခွဲဝေယူခဲ့ကြပါတယ်။

Yaung Ni FC က ၁ဂိုးတည်းသောသွင်းဂိုးဖြင့် အနိုင်ကို ရယူပြီး MPL ပွဲစဉ်များရဲ့ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဆက်လက်ထိမ်းနိုင်ခဲ့ပါတယ်။

Bagan FC ကတော့ ဂိုးမိုးရွာခဲ့ပြီး ပေါက်ကွဲညသံစဉ်တွေကို တီးခတ်ပြခဲ့ပါတယ်။

MPL သတင်းနှင့် မီဒီယာ ✍️








မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Yaung Ni FC Vs Woodlan...
22/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Yaung Ni FC Vs Woodlands FC တို့ရဲ့ ပွဲစဉ်ကို 23 Aug 2026 - Sunday ( 7 pm ) မှာ Tampines Safra Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။

MPL မှာ အကောင်းဆုံးခြေစွမ်းပြနေကြတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပွဲကြီးပွဲကောင်းတစ်ပွဲလို့ပဲ သတ်မှတ်ကြရမှာပါ ။
နိုင်သင့်တဲ့ပွဲတိုင်းကို အနိုင်ကစားပြီး ထိပ်ဆုံးကနေ ပိတ်ကြုံးနေတဲ့ ရောင်နီလုလင်တွေနဲ့ တွေ့သမျှအတားအဆီးတိုင်းကို အကောင်းဆုံးကျော်ဖြတ်ပြလာခဲ့ရင်း သမိုင်းသစ်ကိုရေးထိုးနေတဲ့ သစ်တောမင်းသားတွေရဲ့ မျက်နှာချင်းဆိုင်အတွေ့မှာ ဘယ်အသင်းထိုင်မေ့မလဲဆိုတာ စိတ်ဝင်စားစရာပါ ။

ကဲ.. ပရိတ်သတ်ကြီးရေ …!
ရောင်နီတွေနဲ့ တို့အတူ မှာလား
စိမ်းလန်းတဲ့သစ်တောတွေကိုပဲ ပေါင်းသင်မှာလား
ကွင်းအတွင်းကိုယ်ကိုယ်ကျ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

MPL သတင်းနှင့် မီဒီယာ ✍️







မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Phoenix Brothers FC Vs...
22/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Phoenix Brothers FC Vs Bagan FC တို့ရဲ့ ပွဲစဉ်ကို 23 Aug 2026 - Sunday ( 7 pm ) မှာ UWC Dover Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။

နိုင်တစ်ခါရှုံးတစ်လှည့်နဲ့ သံသရာလည်နေတဲ့ဝဲဂယက်ထဲက ဖီးနစ်ငှက်မင်းသားတွေနဲ့ ဒီရာသီမှာပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ လက်ရှိချန်ပီယံ နန်းမြို့ရိုးကပုဂံသားတစ်သိုက်တွေ့ဆုံမှုမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကလည်း စောင့်ကြည့်ရင်ခုန်ချင်စရာပါ ပရိတ်သတ်ကြီးရေ ။

မီးပုံထဲက ထိုးထွက်လာမယ့်
ဖီးနစ်ညီအကိုတွေကပဲ အနိုင်ယူသွားမလား …
နန်းမြို့ရိုးက လက်ရှိချန်ပီယံတွေကပဲ အနိုင်ရလဒ်နဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်လာနိုင်မလားဆိုတာ ကွင်းအတွင်းကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးရင်း စောင့်ကြည့်ကြရအောင်လား ပရိတ်သတ်ကြီးရေ ။

MPL သတင်းနှင့် မီဒီယာ ✍️







မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ May Kha FC Vs Alchemy ...
22/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ May Kha FC Vs Alchemy United တို့ရဲ့ ပွဲစဉ်ကို 23 Aug 2026 - Sunday ( 5 pm ) မှာ UWC Dover Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။

နိုင်ပွဲဆက်နေတဲ့ မေခသားတို့ရဲ့ နိုင်ပွဲဆာလောင်မှု ..
ရှုံးပွဲတွေကြားထဲက ရုန်းထွက်ဖို့ကြိုးစားနေတဲ့
Alchemy တစ်သိုက်ရဲ့ ရုန်းထွက်လိုမှု …
စတဲ့အဆိုပါနှစ်သင်းရဲ့ အားပြိုင်မှုဟာလည်း MPL စင်မြင့်ထက်ကို ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ် ။

မေခရဲ့မြစ်ပြင်ကျယ်ကို ချဲ့ထွင်ဖို့ကြိုးစားနေတဲ့ လူငယ်တွေရဲ့အင်အားကို အသိအမှတ်ပြုဝန်းရံမလား ၊ နိုင်ပွဲအတွက် ဖောင်ဖျက်တိုက်လာမယ့် Alchemy မင်းသားတွေရဲ့ သံမဏိစိတ်ဓာတ်ကို ရွေးချယ်မလားဆိုတာကတော့ ကွင်းအတွင်းလာရောက်အားပေးစောင့်ကြည့်ရမယ့် ပရိတ်သတ်ကြီးရဲ့ ရွေးချယ်ခွင့်ပါ ။

MPL သတင်းနှင့် မီဒီယာ ✍️







မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Irrawaddy FC Vs Taungg...
22/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Season 2 ( Week 11 ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Irrawaddy FC Vs Taunggyi Zone FC တို့ရဲ့ ပွဲစဉ်ကို 23 Aug 2026 - Sunday ( 5 pm ) မှာ Tampines Safra Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။
နိုင်ပွဲဆက်နေတဲ့ အသင်းကောင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တာနဲ့အညီ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲအဖြစ် ပရိတ်သတ်တို့ကို ဖမ်းစားဦးမှာကတော့ အသေအချာပါပဲ ။

ကဲဒီတော့ Super Sunday ရဲ့ ညနေခင်းလေးမှာ ဧရာဝတီလင်းပိုင်တွေနဲ့ မြစ်ပြင်ကျယ်ဆီအလည်သွားမလား ၊ တောင်ပေါ်သားတွေနဲ့ ထောင်ထိပ်ဖျားဆီ ခိုလှုံနားမလားဆိုတာ ကိုယ်တိုင်ရွေးချယ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

MPL သတင်းနှင့် မီဒီယာ ✍️







MPL Week 10 : Matches Results.................................16 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership Lea...
20/08/2026

MPL Week 10 : Matches Results.................................

16 Aug 2026 မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ Myanmar Premiership League ပြိုင်ပွဲ ပွဲစဉ်များရဲ့ ရလဒ်များဖြစ်ပါတယ်။

May Kha FC ကအဖိုးတန် ၃ မှတ်ရယူနိုင်ပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။

Yaung Ni FC က ဂိုးမိုးရွာပြီး MPL ပွဲစဉ်များရဲ့ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ဆက်လက်ထိမ်းနိုင်ခဲ့ပါတယ်။

အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းဖြစ်ခဲ့ပြီး BU FC အသင်းကအနိုင်ရလဒ်ဖြင့် ပွဲသိမ်းနိုင်ခဲ့ပါတယ်။

တောင်ပေါ်သားချင်းတွေ့စုံမူမှာ တောင်ပေါ်သား ပိုစစ်လို့ Taunggyi Zone FC ကပဲအနိုင်ရယူခဲ့နိုင်တာလားပေါ့..

ကစားသမားမစုံတဲ့ April သားတို့ Woodland FC ရဲ့ တိုက်စစ်နဲ့ သွင်းဂိုးတွေကို မတားဆီးနိုင်ခဲ့ပါ။

MPL သတင်းနှင့် မီဒီယာ ✍️








မင်္ဂလာပါ ပရိတ်သတ်ကြီး ။ Myanmar Premiership SG League - Week 10 ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Burma Union FC Vs Warriors United တ...
14/08/2026

မင်္ဂလာပါ ပရိတ်သတ်ကြီး ။
Myanmar Premiership SG League - Week 10 ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Burma Union FC Vs Warriors United တို့ရဲ့ ပွဲစဉ်ကို 16 Aug 2026 - Sunday ( 7 pm ) မှာ Tampines Safra Stadium ဘောလုံးကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ။

အရှိန်အဟုန်နဲ့ ချီတက်နေတဲ့ Mr Burma တို့နှင့် နိုင်ပွဲဆာလောင်နေတဲ့ စစ်သည်တော်တစ်သိုက်ရင်ဆိုင်အတွေ့မှာတော့ ဘယ်အသင်းက အနိုင် ( ၃ ) မှတ်နဲ့ အိမ်အပြန်မျက်နှာပန်းလှမလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာပါပဲ ပရိတ်သတ်ကြီးရေ ။

ကဲဒီတော့ Super Sunday ရဲ့ ညချမ်းလေးကို
Mr Burma တို့ကိုအားပေးရင်း ကုန်ဆုံးမလား
စစ်သည်တော်တစ်သိုက်ကို ဝန်းရံရင်း ဖြတ်ကျော်မလားဆိုတာ ကိုယ်တိုင်ရွေးချယ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

MPL သတင်းနှင့် မီဒီယာ ✍️







Address

2 Joo Koon Way
Singapore
628943

Telephone

+6588799776

Website

Alerts

Be the first to know and let us send you an email when Myanmar Premiership 'SG' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Premiership 'SG':

Shortcuts

Share

Category