All Sharing All sharing

🌹ပန်းဆယ်မျိုး🌹ပန်းဆယ်မျိုးဆိုသည်မှာ လူများသုံးစွဲနေကြသော ပစ္စည်းများကို ထုတ်လုပ်သည့် အနုပညာလုပ်ငန်းဆယ်မျိုးကို ဆိုလိုသည်...
05/06/2026

🌹ပန်းဆယ်မျိုး🌹

ပန်းဆယ်မျိုးဆိုသည်မှာ လူများသုံးစွဲနေကြသော ပစ္စည်းများကို ထုတ်လုပ်သည့် အနုပညာလုပ်ငန်းဆယ်မျိုးကို ဆိုလိုသည်။ "ဘုရားမတင် နတ်မဝင် လူတွင်ဆယ်မျိုးပန်း" ဟုလည်း အဆိုရှိသည်။ ၎င်းပန်း(၁၀)မျိုးတို့မှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ နှင့် ပန်းယွန်းတို့ ဖြစ်ကြပါသည်။ (အမှတ်စဉ်တို့ကို "ပဲ၊ တိမ်၊ တဉ်း၊ တော့၊ မော့၊ ရန်၊ ပု၊ ပွတ်၊ ချီ၊ ယွန်း" ဟူသော အလွယ်မှတ်အတို
ကောက်အစီအစဉ်အတိုင်း စီစဉ်ထားခြင်း ဖြစ်ပါသည်။)

(၁) ပန်းပဲ
ပန်းပဲဆိုသည်မှာ သံကို မီးအားကောင်းကောင်းဖြင့် ရဲနေအောင်ဖုတ်၍ လိုရာသံထည်ပစ္စည်းပြုလုပ်သည့် လုပ်ငန်းဖြစ်သည်။

ပန်းပဲတို့သည် ပေါက်ပြား၊ တူရွင်းငန်းပြား၊ ပုဆိန်၊ ရဲတင်း၊ တူ၊ ပဲခွပ်၊ ပေါက်ချွန်း၊ တူးရွင်း၊ ထွန်ခြစ်၊ လှည်းသံပတ်၊ လှည်းဝင်ရိုး၊ ဆိတ်မျက်လုံး၊ ကတ်ကြေး၊ ဓား စသည်တို့ကို ပြုလုပ်သည်။

************************

(၂) ပန်းထိမ်
ပန်းထိမ်ဆိုသည်မှာ ရွှေထည်ငွေထည်ပြုလုပ်သော လုပ်ငန်းဖြစ်သည်။

ရွှေပန်းထိမ်တို့သည် နားတောင်း၊ နားဆွဲ၊ နားကပ်၊ ကြယ်သီး၊ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ကို ပြုလုပ်သည်။ ငွေပန်းထိမ်တို့သည် သောက်ရေဖလား၊ ဧည့်ခံဖလား၊ ဆုဖလား၊ ဒိုင်း၊ ခါးပတ်၊ ဓားအိမ် စသည်တို့ကို ပြုလုပ်သည်။

************************

(၃) ပန်းတဉ်း
ပန်းတဉ်းဆိုသည်မှာ ကြေးထည်ပစ္စည်းများကို ပြုလုပ်သော လုပ်ငန်းဖြစ်သည်။

ပန်းတဉ်းတို့သည် ကြေးစည်၊ မောင်း၊ ကြေးနောင်၊ ခြူ၊ ဆည်းလည်း၊ ခေါင်းလောင်း၊ လင်းကွင်း၊ ဖလား၊ ကြေးအိုး၊ ဇွန်း၊ ကြေးလင်ပန်း၊ ဟင်္သာအလေး၊ ကြေးသပိတ် စသည်တို့ကို ပြုလုပ်သည်။

************************

(၄) ပန်းတော့
ပန်းတော့ဆိုသည်မှာ အင်္ဂတေဖြင့် ရုပ်လုံးများ၊ ခြူးပန်းခြူးနွယ် အလှပန်းခက်များကို ပြုလုပ်သော လုပ်ငန်းဖြစ်သည်။

ပန်းတော့တို့သည် အင်္ဂတေသရွတ်တို့ဖြင့် ခြင်္သေ့ရုပ်၊ နဂါးရုပ်၊ ပန်းခက်ပန်းနွယ် စသည်တို့ကို ပြုလုပ်သည်။

************************

(၅) ပန်းတမော့
ပန်းတမော့ဆိုသည်မှာ ကျောက်ဆစ်လုပ်ငန်းဖြစ်သည်။

ပန်းတမော့တို့သည် ဘုရားဆင်းတု၊ သိမ်တိုင်၊ ကျောက်စာတိုင်၊ ခြင်္သေ့ရုပ်၊ ဆင်ရုပ်၊ သမင်ရုပ်၊ ကျောက်ပျဉ်၊ ကျော်ငရုတ်ဆုံ၊ ကျောက်စားပွဲ စသည်တို့ကို ပြုလုပ်သည်။

************************

(၆) ပန်းရန်
ပန်းရန်ဆိုသည်မှာ မြေအုတ်၊ ကျောက်အုတ်တို့ကို အင်္ဂတေနှင့် တွဲကပ်၍ လိုအပ်သောအဆောက်အအုံများ တည်ဆောက်သော လုပ်ငန်းဖြစ်သည်။

ပန်းရန်တို့သည် တိုက်အိမ်၊ ဘုရားစေတီ၊ တံတား စသည်တို့ကို တည်ဆောက်သည်။

************************

(၇) ပန်းပု
ပန်းပုဆိုသည်မှာ သစ်သားကိုလည်းကောင်း၊ ဆင်စွယ်ကိုလည်းကောင်း အရုပ်များ၊ ပန်းများ ထုလုပ်သော လုပ်ငန်းဖြစ်သည်။

ပန်းပုတို့သည် လူရုပ်များ၊ တိရစ္ဆာန်များ၊ ခြူးပန်းခြူးနွယ် အလှပန်းခက်များကို ထုလုပ်သည်။

************************

(၈) ပန်းပွတ်
ပန်းပွတ်ဆိုသည်မှာ သစ်သားကို လုံးချောအောင် ပွတ်ခံ၍ လူ့အသုံးအဆောင် ပြုလုပ်သော လုပ်ငန်းဖြစ်သည်။

ပန်းပွတ်တို့သည် ထီးရိုး၊ ကုတင်ခြေထောက်၊ စားပွဲခြေထောက်၊ တန်ဆောင်းပွတ်လုံး၊ လက်ရန်းပွတ်လုံးတို့ကို ပြုလုပ်သည်။

************************

(၉) ပန်းချီ
ပန်းချီဆိုသည်မှာ သက်ရှိသတ္တဝါပုံများ၊ သက်မဲ့အရာဝတ္ထုပုံများကို ဆေးရောင်အမျိုးမျိုးဖြင့် သရုပ်ပေါ်အောင်ရေးဆွဲသော လုပ်ငန်းဖြစ်သည်။

ပန်းချီတို့သည် လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုပုံ၊ ရှုမျှော်ခင်းပုံ၊ ဒီဇိုင်းပုံ၊ ကာတွန်းပုံတို့ကို ရေးဆွဲသည်။

************************

(၁၀) ပန်းယွန်း
ပန်းယွန်းဆိုသည်မှာ ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ပြုလုပ်သော လုပ်ငန်းဖြစ်သည်။

ပန်းယွန်းတို့သည် သပိတ်၊ ဆွမ်းအုပ်၊ လက်ဖက်အုပ်၊ မောင်းထောင်ခွက်၊ သောက်ရေခွက်၊ ကွမ်းအစ်၊ ဆေးတောင်း၊ ဆေးလိပ်သေတ္တာ စသည်တို့ကို ပြုလုပ်သည်။

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်



🙏🙏🙏

04/06/2026

ရွှေတိဂုံ‌စေတီတော်ကြီး 🙏🙏🙏

04/06/2026

ဓာတ်ပုံပြိုင်ပွဲလေးတစ်ခုလုပ်မယ်

ကိုယ့်ဖုန်းနဲ့ရိုက်ထားတဲ့ ပုံ
ကော့မန့်မှာ မန့်ခဲ့

ကဲ အမျိုးတို့ရေ တိုက်ကြည့်ကြပါအုန်း များများပေါက်ကြပါစေဗျာ🙏🙏
01/06/2026

ကဲ အမျိုးတို့ရေ တိုက်ကြည့်ကြပါအုန်း များများပေါက်ကြပါစေဗျာ🙏🙏

ဟော ဘာပြောရင်ကောင်းမလဲ ဒီကောင်ကို
29/05/2026

ဟော ဘာပြောရင်ကောင်းမလဲ ဒီကောင်ကို

26/05/2026

နောက်ဆုံး ဆုတောင်းလေးကို သဘောကျ 😁😁😁

🌿 အိမ်မှာ ရှမ်းနံနံတစ်ပင် ရှိခြင်းဟာ "ဆေးသေတ္တာတစ်လုံး" ပိုင်ဆိုင်ရတာထက် ပိုတန်ဖိုးရှိပါတယ်ရှမ်းနံနံဟာ ဟင်းခတ်အမွှေးအကြိ...
25/05/2026

🌿 အိမ်မှာ ရှမ်းနံနံတစ်ပင် ရှိခြင်းဟာ "ဆေးသေတ္တာတစ်လုံး" ပိုင်ဆိုင်ရတာထက် ပိုတန်ဖိုးရှိပါတယ်
ရှမ်းနံနံဟာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရနံ့မွှေးရုံတင်မက ကျန်းမာရေးအတွက် အံ့မခန်း အစွမ်းသတ္တိတွေ ပေးစွမ်းနိုင်တဲ့ အိမ်တိုင်းတွင် မရှိမဖြစ် ဆောင်ထားသင့်တဲ့ "သဘာဝဆေးဖက်ဝင်အပင်" တစ်မျိုး ဖြစ်ပါတယ်။

✨ ရှမ်းနံနံရွက်ရဲ့ အံ့မခန်းအကျိုးကျေးဇူးများ
ရှမ်းနံနံကို အစိမ်းလိုက် စားသုံးပေးရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် အခုလို အကျိုးပြုနိုင်ပါတယ်။
• နုပျိုမှုကို ထိန်းသိမ်းပေးခြင်း - ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။
• ရောဂါဘယ ကာကွယ်ခြင်း - နာတာရှည် ရောဂါဝေဒနာများ ဖြစ်ပွားမှုကို ဟန့်တားပေးတယ်။
• အစာခြေစနစ် ကောင်းမွန်စေခြင်း - အစာခြေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးပြီး အစာကြေညက်အောင် ကူညီပေးတယ်။
• စိတ်ဖိစီးမှု လျှော့ချပေးခြင်း - အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိတ်ကြည်လင် လန်းဆန်းစေတယ်။
• နှလုံးကျန်းမာရေး - သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါအန္တရာယ်ကနေ ကာကွယ်ပေးတယ်။

🍳 မီးဖိုချောင်ထဲက ရှမ်းနံနံ (အသုံးပြုပုံများ)
ရှမ်းနံနံဟာ မီးဖိုချောင်မှာ အသုံးဝင်ဆုံး ဟင်းခတ်ပင်တစ်မျိုးပါ။
1. ဟင်းပွဲများတွင် ထည့်သွင်းခြင်း - ငါးညှီနံ့တွေ ပျောက်ပြီး အရသာ ပိုကဲသွားစေဖို့ တို့စရာအဖြစ် သော်လည်းကောင်း၊ ယမ်သုပ်၊ လာဘ်သုပ်နဲ့ တုံယမ်းဟင်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
2. ကျန်းမာရေး လက်ဖက်ရည် - အရွက်တွေကို ရေနွေးကြမ်းလို ဖျော်သောက်ရင် ခန္ဓာကိုယ်ကို အားပြည့်လန်းဆန်းစေပါတယ်။
3. ရှေးမူဆေးဖက်ဝင် ကုထုံး - အရွက်၊ ပင်စည်နဲ့ အမြစ်တွေကို ရှေးယခင်ကတည်းက တိုင်းရင်းဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

💡 ရှမ်းနံနံမြစ်ရဲ့ ထူးခြားတဲ့ အာနိသင်
ရှမ်းနံနံမြစ်မှာ "ဆီးရွှင်စေတဲ့ ဆေးဖက်ဝင်အာနိသင်" ပိုမိုပြင်းထန်စွာ ပါဝင်ပါတယ်။
• ဖောရောင်ခြင်းကို သက်သာစေခြင်း - ခန္ဓာကိုယ်ထဲမှာ အောင်းနေတဲ့ အရည်တွေကို ဖယ်ရှားပေးလို့ ဖောရောင်ခြင်းအတွက် အလွန်ထိရောက်ပါတယ်။
• ဆီးလမ်းကြောင်း ကျန်းမာရေး - ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးအိတ်ရောင်ခြင်းတို့ကို ကုသရာမှာ ကူညီပေးပါတယ်။

📌 အမြစ်ကို အသုံးပြုနည်း (၃) နည်း
• ပြုတ်၍သောက်ခြင်း - အမြစ်ကို ရေစင်အောင်ဆေး၊ ပြုတ်ပြီး ဆေးရည်အဖြစ် သောက်သုံးနိုင်ပါတယ်။
• လက်ဖက်ရည်အဖြစ် ဖော်စပ်ခြင်း - အမြစ်ကို အခြောက်လှန်း၊ အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်သောက်နိုင်ပါတယ်။
• အပြင်ပန်း လိမ်းကျံခြင်း - အမြစ်ကို ညက်အောင်ထောင်းပြီး အင်းဆက်ကိုက်ခံရတဲ့နေရာ ဒါမှမဟုတ် ကိုက်ခဲတဲ့နေရာတွေမှာ အုံပေးနိုင်ပါတယ်။
အနှစ်ချုပ်အနေနဲ့... ရှမ်းနံနံပင်ဟာ မီးဖိုချောင်အတွက်တင်မကဘဲ ကျန်းမာရေးအတွက်ပါ တန်ဖိုးဖြတ်မရနိုင်တဲ့ "သဘာဝရဲ့ လက်ဆောင်မွန်" တစ်ပါးပင် ဖြစ်ပါတော့တယ်။



🙏🙏🙏

သွေးအားနည်းလို့ သွေးပေါင်ကျတာ (သွေးဖိအားကျတာ) ဟာ သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူးဆေးခန်းမှာ ဒီလိုလူနာမျိုးတွေ ခဏခဏ တွေ့ရလေ့ရှိပ...
25/05/2026

သွေးအားနည်းလို့ သွေးပေါင်ကျတာ (သွေးဖိအားကျတာ) ဟာ သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး
ဆေးခန်းမှာ ဒီလိုလူနာမျိုးတွေ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ အချို့လူနာတွေဆိုရင်...
💬 "ဆရာမ... ခဏခဏ ခေါင်းမူးတယ်၊ အထိုင်အထလုပ်ရင် မျက်စိပြာသွားတယ်၊ မောလည်းလွယ်တယ်၊ မေ့လည်း တတ်တယ်၊ ခြေလက်တွေဆိုလည်း အမြဲအေးစက်နေတာပဲ၊ သမီး ဘာဖြစ်တာလဲဟင်?" လို့ စိုးရိမ်တကြီးနဲ့ မေးတတ်ကြပါတယ်။
သေချာစစ်ဆေးကြည့်လိုက်တဲ့အခါ... ပြင်းထန်တဲ့ ရောဂါကြီးကြီးမားမား မဟုတ်ပေမဲ့ "သွေးအားနည်းတာ" နဲ့ "နှလုံးအားနည်းတာ" ကို တွဲတွေ့ရတတ်ပါတယ်။ တိုင်းရင်းဆေးပညာ ရှုထောင့်အရဆိုရင်တော့ ဒါကို “သွေးလေချို့တဲ့ခြင်း” လို့ ခေါ်ပါတယ်။
ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ အဖြစ်ခပ်များများပါ။ အထူးသဖြင့် ရာသီသွေးဆင်းပြီးချိန်တွေနဲ့ သားသမီးအများကြီး ဖွားမြင်ဖူးတဲ့ မိခင်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အချို့ဆိုရင် သားအိမ်ပြဿနာ ဒါမှမဟုတ် ကျောက်ကပ်အားနည်းတာနဲ့ တွဲနေတတ်ပြီး သွေးအားကို ပိုလို့တောင် နည်းစေပါတယ်။

🩸 သွေးအားနည်းရင် ဘာကြောင့် သွေးပေါင်ကျရတာလဲ?
ပုံမှန်ဆိုရင် နှလုံးဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဆီ သွေးရောက်အောင် အားစိုက်ပြီး ညှစ်ထုတ်ပေးရပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ သွေးပမာဏ (သွေးအား) မလုံလောက်တဲ့အခါ သွေးဖိအား (သွေးပေါင်) ပါ လိုက်ကျလာပါတော့တယ်။ အကျိုးဆက်အနေနဲ့ နှလုံးက ပိုပြီးပင်ပန်းလာရသလို၊ ခန္ဓာကိုယ်မှာလည်း စွမ်းအင်တွေ ကုန်ခမ်းလာရပါတယ်။
သွေးလေချို့တဲ့ရင် ခံစားရမယ့် လက္ခဏာများ-
• ဦးနှောက်နှင့် အာရုံကြော - ခေါင်းကိုက်ခြင်း၊ ခေါင်းထဲမှာ နောက်ကျိကျိဖြစ်ပြီး ဦးနှောက်မကြည်လင်ခြင်း။
• အမြင်အာရုံနှင့် မျှခြေ - ခေါင်းမူးခြင်း၊ မျက်စိပြာခြင်း၊ အထိုင်အထလုပ်လျှင် လဲကျမလို ဖြစ်ခြင်း။
• သွေးလှည့်ပတ်မှု - ခြေလက်များ အေးစက်ခြင်း၊ ထုံကျင်ခြင်း။
• ခန္ဓာကိုယ်စွမ်းအင် - နုံးချည့်နေခြင်း၊ တစ်နေ့လုံး အိပ်ငိုက်နေခြင်း။
• မှတ်ဉာဏ် - မေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုမရှိဘဲ အလုပ်လုပ်ရာတွင် မှားယွင်းခြင်း။
• အသက်ရှူစနစ် - အသက်ရှူမဝခြင်း၊ သာမန်ထက် ပိုပြီး မောလွယ်ခြင်း။

🌿 တိုင်းရင်းဆေးနည်းဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်ပုံ
၁။ သွေးအားကောင်းဆေးနှင့် နှလုံးအားဖြည့်ဆေး သောက်သုံးပေးခြင်း
• နှလုံးရဲ့ အပူဓာတ် (စွမ်းအင်) ကို မြှင့်တင်ပေးရပါမယ်။
• သွေးပမာဏတိုးစေပြီး ဦးနှောက်ဆီ သွေးကောင်းကောင်းရောက်အောင် တွန်းအားပေးရပါမယ်။
၂။ အမျိုးသမီးများအတွက် သားအိမ်နှင့် ကျောက်ကပ်စနစ်ကို ဂရုစိုက်ခြင်း
• သားအိမ်နဲ့ ကျောက်ကပ်ဟာ သွေးကို ဖြစ်ပေါ်စေတဲ့ အဓိကနေရာတွေ ဖြစ်လို့ပါ။
• အဖြူဆင်းတာ ဒါမှမဟုတ် ရာသီသွေးမမှန်တဲ့ ပြဿနာရှိရင် သွေးအားနည်းခြင်းနဲ့ တိုက်ရိုက်တွဲနေတတ်ပါတယ်။
၃။ အစားအသောက်နှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း**
• ရေအေးသောက်ခြင်းကို ရှောင်ပြီး **ရေနွေး** ကို ပိုသောက်ပေးပါ။
• သွေးအားကောင်းစေတဲ့ အစားအစာများ (ဥပမာ- ကြက်အသည်း၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး) ကို ပိုမိုစားသုံးပေးပါ။
• အိပ်ရေးဝဝအိပ်ပါ၊ ညနက်သည်အထိ မအိပ်ဘဲမနေပါနဲ့။
• ညမအိပ်ခင် (တစ်ရက်ခြားတစ်ခါ) ဆေးဖက်ဝင်အပင်များ (သို့မဟုတ်) ရေနွေးနွေးလေးထဲ ခြေထောက်စိမ်ပေးပါ။

💡 သတိပြုရန်
"သွေးပေါင်ကျတာ" ကို သေးငယ်တဲ့ကိစ္စလို့ သတ်မှတ်ပြီး ပေါ့ဆမထားပါနဲ့။ နှလုံးက ခန္ဓာကိုယ်အနှံ့ သွေးကောင်းကောင်း မပို့နိုင်ရင် ဦးနှောက်အားနည်းပြီး စွမ်းအင်တွေ ကုန်ခမ်းသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အကြောင်းရင်းရှာမရဘဲ "နာတာရှည် မောပန်းနွမ်းနယ်မှု" ကို ခံစားရနိုင်ပါတယ်။
သင့်မှာ အထက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဝေဒနာတွေ ပိုမတိုးလာခင် အမြန်ဆုံး လာရောက်ပြသ တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 😊



🙏🙏🙏

အဘိုးပြောပြမယ်... သေချာမှတ်သားကြနော်"ဆူးပုပ်ရွက် ဆိုတာ အနံ့နံရုံတင် မဟုတ်ဘူး"အခုခေတ် ကလေးတွေကတော့ အနံ့ရတာနဲ့ ရှောင်ဖယ်ကြ...
25/05/2026

အဘိုးပြောပြမယ်... သေချာမှတ်သားကြနော်
"ဆူးပုပ်ရွက် ဆိုတာ အနံ့နံရုံတင် မဟုတ်ဘူး"
အခုခေတ် ကလေးတွေကတော့ အနံ့ရတာနဲ့ ရှောင်ဖယ်ကြတာပဲ။ ဒါပေမဲ့ လူကြီးသူမတွေကတော့ မြင်တာနဲ့ ဆွတ်ခူးပြီး မီးဖိုချောင်ထဲ အပြေးယူသွားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ရိုးရိုးဟင်းသီးဟင်းရွက် မဟုတ်ဘဲ "အဖိုးတန် ဆေးဖက်ဝင်အပင်" ဖြစ်လို့ပါပဲ။

✨ လူအများစု သတိမထားမိတဲ့ ဆူးပုပ်ရွက်ရဲ့ အစွမ်းသတ္တိများ
• 🦴 အရိုးနဲ့ အဆစ်အမြစ်ကို အားဖြည့်ပေးခြင်း
ဆူးပုပ်ရွက်မှာ ကယ်လ်စီယမ်ဓာတ်က နွားနို့ထက်တောင် ပိုမိုမြင့်မားပါတယ်။ ဒူးနာ၊ ခါးနာတတ်သူတွေ ပုံမှန်စားပေးရင် အဆစ်အမြစ် နာကျင်တာတွေ သိသိသာသာ သက်သာလာပါလိမ့်မယ်။
• 🩸 သွေးအားကောင်းစေပြီး နုံးချိတာကို ပြေပျောက်စေခြင်း
သံဓာတ် ကြွယ်ဝစွာ ပါဝင်လို့ မျက်နှာဖျော့တော့တဲ့သူ၊ ခေါင်းမူးလွယ်တဲ့သူတွေ စားပေးရင် အားအင် ပြည့်ဝလာစေပါတယ်။
• 💨 လေအောင့်လေပွခြင်းကို ကင်းဝေးစေခြင်း
ရှေးလူကြီးတွေက ဆူးပုပ်ကို ကြက်ဥနဲ့ ကြော်စားခိုင်းတာဟာ အရသာရှိလို့တင် မဟုတ်ပါဘူး။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး လေပွတာကို သက်သာစေလို့ ဖြစ်ပါတယ်။
• 🧠 အိပ်စက်ခြင်းနဲ့ ဦးနှောက်ကို အကျိုးပြုခြင်း
ဗီတာမင် B ကောင်းကောင်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုများတဲ့သူ၊ အိပ်ပျော်ဖို့ ခက်ခဲသူတွေ စားပေးရင် စိတ်ကို တည်ငြိမ်ပြီး လန်းဆန်းစေပါတယ်။
• 🦠 အူလမ်းကြောင်း သန့်စင်ပေးပြီး ကိုယ်နံ့ဆိုးကို လျှော့ချပေးခြင်း
အမျှင်ဓာတ် (Fiber) မြင့်မားတာကြောင့် အညစ်အကြေးတွေကို ကောင်းမွန်စွာ စွန့်ထုတ်ပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေပါတယ်။
• 👁️ အမြင်အာရုံကို အားကောင်းစေခြင်း
အခြားဟင်းသီးဟင်းရွက်တွေထက် Beta-carotene ပါဝင်မှု မြင့်မားတာကြောင့် မျက်စိမှုန်ခြင်းနဲ့ အမြင်အာရုံ ချို့တဲ့ခြင်းကို ကာကွယ်ပေးပါတယ်။

🔥 အဘိုး အတိုချုပ် ပြောပြမယ်...
အနံ့ပြင်းလေ အာနိသင်ကောင်းလေပဲ။ အနံ့စူးလေလေ ဆေးစွမ်းထက်မြက်လေလေ ပါပဲ။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက အိမ်နောက်ဖေးမှာ စိုက်ထားကြတာပေါ့။ အလှစိုက်တာ မဟုတ်ဘူး... "ကျန်းမာရေးကို စောင့်ရှောက်ဖို့" စိုက်ကြတာ။
တစ်ပတ်ကို (၂) ကြိမ်ကနေ (၃) ကြိမ်လောက် စားပေးပါ။ ဈေးကြီးတဲ့ ဗီတာမင်အားဆေးတွေထက်တောင် တချို့နေရာမှာ ပိုပြီး အစွမ်းထက်ပါတယ်။
မှတ်ထားနော်...
ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အရာတွေဟာ တစ်ခါတလေကျရင် မွှေးပျံ့ချင်မှ မွှေးနေတတ်တာမျိုးပါ။ 🌿



🙏🙏🙏

အမတို့ အိမ်နားက ဦးလေးကြီးတစ်ယောက်ရှိတယ်။ သူက ခြေထောက်နာတာ၊ ဒူးနာတာ နာတာရှည်ဝေဒနာ ခံစားနေရတာကြာပြီ။ အထူးသဖြင့် ရာသီဥတု စိ...
25/05/2026

အမတို့ အိမ်နားက ဦးလေးကြီးတစ်ယောက်ရှိတယ်။ သူက ခြေထောက်နာတာ၊ ဒူးနာတာ နာတာရှည်ဝေဒနာ ခံစားနေရတာကြာပြီ။ အထူးသဖြင့် ရာသီဥတု စိုထိုင်းတဲ့နေ့မျိုးဆိုရင် လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး။ ခြေထောက်တွေက လေးလံထိုင်းမှိုင်းနေပြီး ဖောရောင်နေတယ်။ တစ်ခုခုက ခြေထောက်ထဲမှာ ပိတ်မိနေသလိုပဲလို့ ဦးလေးက ပြောပြတယ်။

ဦးလေးကြီး အမကို ပြောပြတာက "စူးစူးဝါးဝါး နာတာမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်စေတဲ့ ဝေဒနာမျိုးပဲ" တဲ့။ ထိုင်တာ၊ လမ်းလျှောက်တာ၊ ရပ်တာ... အကုန်လုံးက ခက်ခဲနေတာပေါ့။

အဲဒီလို ဖြစ်နေတုန်းမှာပဲ အိမ်နားက အဖွားတစ်ယောက်က ဦးလေးကို အကြံပေးတယ်။ "စပါးလင်ပြုတ်ရည်ကို တစ်နေ့တစ်ခွက် နွေးနွေးလေး သောက်ကြည့်ပါ" တဲ့။ ဒါက ကြီးမားတဲ့ရောဂါတစ်ခုခုပျောက်ဖို့အတွက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ စပါးလင်က ရေနဲ့ လေကို ကောင်းကောင်းထုတ်ပေးနိုင်တယ်။ ဖောရောင်တာကို လျော့ကျစေပြီး သွေးလေလည်ပတ်မှုကို ပိုကောင်းစေတယ်တဲ့။

ဒါနဲ့ ဦးလေးကလည်း ဒီလွယ်ကူတဲ့နည်းအတိုင်းပဲ လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ စပါးလင် ၅-၆ ပင်ကို ရေ ၁ လီတာနဲ့ ပြုတ်ပြီး မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း သောက်တယ်။
ရက်နည်းငယ်ကြာပြီးနောက်မှာ ဦးလေးက အရင်ကလို ခက်ခဲပင်ပန်းတဲ့ ဝေဒနာတွေဟာ တဖြည်းဖြည်း သက်သာလာတယ်လို့ ပြောတယ်။ ခြေထောက်တွေလည်း မဖောတော့ဘူး၊ မထိုင်းမှိုင်းတော့ဘူး။ မနက်အိပ်ယာနိုးရင် "ခြေထောက်တွေက ပေါ့ပါးနေတယ်" တဲ့။
လှေကားတက်တာလည်း အရင်ကထက် ပိုသွက်တယ်။ ဥယျာဉ်ထဲမှာ အလုပ်လုပ်တာလည်း ပိုကြာကြာ လုပ်နိုင်ပြီး မကြာခဏ နားစရာ မလိုတော့ဘူး။ အမ နားထောင်ရင်းနဲ့တောင် ဝမ်းသာမိတယ်။ ဘာလို့လဲဆိုတော့ စပါးလင်က ခန္ဓာကိုယ်ရဲ့ ရေဓာတ်ထုတ်စနစ်ကို ကောင်းမွန်စေတယ်၊ ဖောရောင်တာကို လျော့ကျစေပြီး ခန္ဓာကိုယ်ထဲက မအီမသာ ဖြစ်နေတာတွေကိုလည်း သက်သာစေလို့ ဦးလေးကြီး တကယ်ပဲ လမ်းလျှောက်ရတာ သက်သာသွားတာပေါ့။

ဒါကြောင့် အမက ဒါကို ပြောပြချင်တာပါ။ ခြေထောက်ဖောတာ၊ ကိုယ်ဖောတာ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါ ကိုယ်တွေလက်တွေ လေးလံထိုင်းမှိုင်းတယ်လို့ ခံစားရတဲ့သူတွေရှိရင် အိမ်တွင်းဖြစ် ဒီစပါးလင်ပြုတ်ရည်လေးကို စမ်းသောက်ကြည့်နိုင်ပါတယ်။ သူက အစွမ်းပြင်းတဲ့ ဆေးတော့ မဟုတ်ပေမဲ့ ကိုယ်ခန္ဓာကို ပေါ့ပါးစေပြီး လှုပ်ရှားရတာ လွယ်ကူစေပါတယ်ရှင်။



🙏🙏🙏

ที่อยู่

Ranong
Bangkok
85000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ All Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์