Myanmar Tottenham Hotspur

Myanmar Tottenham Hotspur We Are Tottenham hotspur🐓🤍🏅🏆⚽🇲🇲

🚨🗣 Guillermo Vicario က စပါးအသင်းနဲ့ သူ့ရဲ့အချိန်ကာလ အဆုံးသတ်သွားခဲ့မှုအပေါ် “အတိတ်အကြောင်း၊ ‘ဒီလိုဖြစ်ခဲ့သင့်တယ်’ ဒါမှမဟ...
06/09/2026

🚨🗣 Guillermo Vicario က စပါးအသင်းနဲ့ သူ့ရဲ့အချိန်ကာလ အဆုံးသတ်သွားခဲ့မှုအပေါ်

“အတိတ်အကြောင်း၊ ‘ဒီလိုဖြစ်ခဲ့သင့်တယ်’ ဒါမှမဟုတ် ‘ဒီလိုလုပ်နိုင်ခဲ့ရင် ကောင်းမယ်’ ဆိုတဲ့ အကြောင်းတွေကို ကျွန်တော် မပြောချင်ပါဘူး။

အခြေအနေတချို့က တစ်သားတည်း မကိုက်ညီခဲ့တာတွေ ရှိခဲ့ပါတယ်။ အကြောင်းရင်းအမျိုးမျိုး ရှိကောင်းရှိနိုင်ပေမယ့် အခုအချိန်မှာတော့ အဲဒီအကြောင်းတွေကို ပြောဖို့ မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။

ကျွန်တော်ကတော့ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပြီး ဒီစွန့်စားခန်းအသစ်မှာ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီညီနဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးစားသွားချင်ပါတယ်။”


#စပါး
#တော့တင်ဟမ် #ဗီကာရီယို #ဂျုဗင်တပ်စ်

ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး နည်းပြဒီဇာဘီရဲ့ ပြောကြားချက်🗣️“ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ...
05/09/2026

ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး နည်းပြဒီဇာဘီရဲ့ ပြောကြားချက်🗣️

“ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ နောက်ဆုံးဂိုးဧရိယာထဲမှာတော့ ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုပါတယ်။

နောက်ဆုံးဂိုးဧရိယာထဲမှာ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ဖန်တီးနိုင်ဖို့ အရမ်းနီးကပ်လာတဲ့အချိန်တွေမှာ ပိုပြီး စိတ်အေးအေးထားနိုင်ဖို့ လိုပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

“ဒုတိယပိုင်းမှာ Marmoush ဂိုးကို ကန်ခဲ့တဲ့ အခွင့်အရေးကို ကျွန်တော် မှတ်မိပါတယ်။ အဲဒီအချိန်မှာ Robertson က ဘေးကနေ overlap တက်လာခဲ့တယ်။ ကျွန်တော်တို့သာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး Robertson ဆီကို ဘောလုံးပေးခဲ့မယ်ဆိုရင် ဒုတိယတိုင်ဘက်မှာ Kudus က ဂိုးသွင်းဖို့ အသင့်ရှိနေခဲ့ပါတယ်။

ဒါမှမဟုတ် ဒုတိယတိုင်ကို ကျော်သွားတဲ့ cross တွေ ဘယ်နှကြိမ်လောက်ရှိခဲ့လဲ။ Mathys Tel က နှစ်ကြိမ်၊ Savio က တစ်ကြိမ်လောက်ပါ။ Savio ရဲ့ အခြေအနေကတော့ နောက်ဆုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်တာပါ။

Pedro Porro က Mateus Fernandes ဆီကို ပေးလိုက်တဲ့ ဘောလုံး၊ သူက Kudus နဲ့ တွဲကစားပြီးနောက် Solanke ရဲ့ header အခွင့်အရေး ဖြစ်လာခဲ့တဲ့ အခြေအနေမှာ Mateus ဟာ ရှေ့ကို ဆက်တက်ပြီး ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့ လုံးဝ လွတ်နေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ အသင်းရဲ့ စိတ်ဓာတ်၊ အသင်းဖွဲ့စည်းပုံနဲ့ ဘောလုံးရှိချိန်၊ မရှိချိန် နှစ်မျိုးစလုံးမှာ ပြသခဲ့တဲ့ organisation တွေအတွက်တော့ ကျွန်တော် အရမ်းပျော်ပါတယ်။

ကျွန်တော်တို့ ဘာမှ အခက်အခဲအများကြီး မကြုံခဲ့ရပါဘူး။ Forest ရဲ့ ကစားဟန်ကလည်း အရမ်းရှင်းပါတယ်။ ဘောလုံးအရှည်ပေးပြီး ဒုတိယဘောလုံးတွေကို လိုက်ယူတဲ့ပုံစံပါ။ ဒါပေမယ့် အဲဒီဒုတိယဘောလုံးတွေမှာတောင် ကျွန်တော်တို့က duel တွေအများကြီး အနိုင်ရခဲ့ပါတယ်။

သူတို့မှာ ကစားသမားကောင်းတွေ ရှိပါတယ်။ ပြီးတော့
ဒီကွင်းမှာ အမှတ်ရယူနိုင်ဖို့ကလည်း မလွယ်ကူပါဘူး။

ကျွန်တော်တို့ အနိုင်မရခဲ့တဲ့အတွက်တော့ မပျော်နိုင်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ အသင်းအနေနဲ့ ရှေ့ဆက်သွားဖို့ လိုအပ်တဲ့ စိတ်ဓာတ်နဲ့ လမ်းကြောင်းက ဒါပဲလို့ ကျွန်တော် ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံး အတူတကွ အလုပ်လုပ်ပြီး အသင်းကို တည်ဆောက်ဖို့၊ အသင်းရဲ့ organisation ကို ဖန်တီးဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ စတင်ခဲ့တာပါ။

စာရွက်ပေါ်က လူစာရင်းကောင်းရုံ၊ အပြောင်းအရွှေ့ဈေးကွက်ကနေ ကစားသမားတွေ ဝယ်ယူထားရုံနဲ့ မလုံလောက်ပါဘူး။ အသင်းတစ်သင်းအဖြစ် အချိန်ယူပြီး တည်ဆောက်ဖို့ လိုအပ်ပါတယ်။”




#ဒီဇာဘီ #ရောဘတ်တိုဒီဇာဘီ #စပါး #တော့တင်ဟမ်
#နော်တင်ဟမ်ဖောရက်စ် #ဖောရက်စ်

Full Time နော်တင်ဟမ်ဖောရက်စ် 0-0 တော့တင်ဟမ်ဟော့စပါးအလူးလဲခံရပြီးတော့ ပူးတွဲ သရေကျသွားပါတယ်😅              #ပရီးမီးယားလိဂ်...
05/09/2026

Full Time

နော်တင်ဟမ်ဖောရက်စ် 0-0 တော့တင်ဟမ်ဟော့စပါး

အလူးလဲခံရပြီးတော့ ပူးတွဲ သရေကျသွားပါတယ်😅


#ပရီးမီးယားလိဂ်
#စပါး #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး
#နော်တင်ဟမ်ဖောရက်စ် #ဖောရက်စ်

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲစဉ်အတွက် စပါးအသင်းရဲ့ လူစာရင်းFighting spurs 💪💪💪                #စပါး  #ဖောရက်စ် #နော်တင်ဟမ...
05/09/2026

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ပွဲစဉ်အတွက်
စပါးအသင်းရဲ့ လူစာရင်း

Fighting spurs 💪💪💪


#စပါး #ဖောရက်စ်
#နော်တင်ဟမ်ဖောရက်စ် #တော့တင်ဟမ်ဟော့စပါး
#တော့တင်ဟမ် #ပရီးမီးယားလိဂ်

Happy 144th Birthday, Tottenham Hotspur 🤍🐓🏆၁၈၈၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ကျောင်းသားလူငယ်တစ်စုရဲ့ အိပ်မက်ကနေ စတင်ပေါ...
05/09/2026

Happy 144th Birthday, Tottenham Hotspur 🤍🐓🏆

၁၈၈၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ကျောင်းသားလူငယ်တစ်စုရဲ့ အိပ်မက်ကနေ စတင်ပေါက်ဖွားခဲ့တဲ့ စပါးအသင်းဟာ ယနေ့မှာတော့ ၁၄၄ နှစ်ပြည့်မြောက်ခဲ့ပါပြီ။

ကျောင်းသားလူငယ်တွေရဲ့ သေးငယ်တဲ့ အိပ်မက်တစ်ခုကနေ စတင်ခဲ့ပြီး၊ ယနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်သန်းပေါင်းများစွာရဲ့ နှလုံးသားထဲက အသင်းတစ်သင်း ဖြစ်လာခဲ့ပါပြီ။

အောင်မြင်မှုတွေရှိခဲ့တယ်…
စိတ်ပျက်စရာနေ့တွေလည်း ရှိခဲ့တယ်…
ပျော်ရွှင်စရာ အမှတ်တရတွေလည်း ရှိခဲ့သလို၊ နာကျင်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်…

ဒါပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် Tottenham Hotspur ဆိုတဲ့ အဖြူရောင်အတွက် ရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေရဲ့နှလုံးသားတွေကတော့ ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး။ 🤍

Fighting Tottenham Hotspur 🏆💪💪💪


#စပါး #တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ်

စပါးအသင်းနဲ့သူ့အကြောင်းကို Ange Postecoglou က မကြာသေးမီက သြစတြေးလျ Podcast တစ်ခုနဲ့ interview မှာ ပြောပြခဲ့တာက🗣️ Tottenh...
05/09/2026

စပါးအသင်းနဲ့သူ့အကြောင်းကို Ange Postecoglou က မကြာသေးမီက သြစတြေးလျ Podcast တစ်ခုနဲ့ interview မှာ ပြောပြခဲ့တာက🗣️

Tottenham ရဲ့ အောင်ပွဲခံ Parade လုပ်နေချိန်မှာပဲ ကျွန်တော် အလုပ်ထုတ်ခံရတော့မယ်ဆိုတာ ကြိုသိနေခဲ့တယ်။

တစ်ဖက်ကကြည့်ရင် Parade အတွင်းမှာပဲ ပရိသတ်တွေရှေ့ ထုတ်ပြောလိုက်ချင်ခဲ့တယ်။ အဲဒီလိုလုပ်ရင် Tottenham အသင်းတာဝန်ရှိသူတချို့ရဲ့ လုပ်ရပ်တွေကို ပရိသတ်တွေက မေးခွန်းထုတ်လာစေနိုင်လို့ပါ။

ဒါပေမယ့် ကျွန်တော့်အနေနဲ့ပရိသတ်တွေရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးချင်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ရဲ့ အောင်ပွဲခံပျော်ရွှင်မှုကို အဲဒီအချိန်အထိ အပြည့်အဝ ခံစားခွင့်ပေးပြီး မပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ange ရဲ့ အဓိပ္ပာယ်ကတော့ သူ့အလုပ်ထုတ်ခံရတော့မယ်ဆိုတာ သိနေခဲ့ပေမယ့်၊ Europa League ဖလားအောင်ပွဲအပြီး ပရိသတ်တွေရဲ့ အမှတ်တရကောင်းတွေကို မပျက်စီးစေချင်လို့ အဲဒီနေ့မှာ မဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ Podcast episode ကို စက်တင်ဘာ ၂ ရက်က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။


#စပါး

#

အဂ်လန် Premier League ရဲ့ Home-grown players စည်းမျဉ်းဆိုတာ ဘယ်လိုမျိုးလည်း? Home-grown players (HG players) ဆိုတာက ကစား...
05/09/2026

အဂ်လန် Premier League ရဲ့ Home-grown players စည်းမျဉ်းဆိုတာ ဘယ်လိုမျိုးလည်း?

Home-grown players (HG players) ဆိုတာက ကစားသမားရဲ့ နိုင်ငံသားဖြစ်မှုကို မကြည့်ဘဲ၊ အသက်ငယ်စဉ်မှာ အင်္ဂလန် သို့မဟုတ် ဝေးလ်စ်ဘောလုံးအဖွဲ့အစည်းအောက်က ကလပ်တစ်ခုခုမှာ လေ့ကျင့်ခဲ့တဲ့ အချိန်ကို အခြေခံပြီး သတ်မှတ်တာပါ။

Premier League စည်းမျဉ်းအရ

ကစားသမားတစ်ယောက်ဟာ အသက် 21 မပြည့်ခင် 3 နှစ် (သို့) 36 လ ကို England / Wales က ဘောလုံးကလပ်တစ်ခုမှာ မှတ်ပုံတင်ပြီး လေ့ကျင့်ခဲ့ရင် Home-grown player လို့ သတ်မှတ်နိုင်ပါတယ်။

အရေးကြီးတာက 🇬🇧
❌ အင်္ဂလိပ်လူမျိုးဖြစ်မှ Home-grown မဟုတ်ပါဘူး။
❌ အကယ်ဒမီကနေ ထွက်လာမှလည်း မဟုတ်ပါဘူး။

ဥပမာ
စပိန်ကစားသမားတစ်ယောက်က အင်္ဂလန်ကလပ်မှာ အသက်ငယ်စဉ် 3 နှစ်လေ့ကျင့်ခဲ့ရင် → Home-grown players ဖြစ်နိုင်ပါတယ်။

အင်္ဂလန်လူမျိုးတစ်ယောက်က အင်္ဂလန်/Wales မှာ 3 နှစ်
မလေ့ကျင့်ပဲ တခြားနိုင်ငံတခုမှာလေ့ကျင့်ခဲ့ရင် → Home-grown Players မဖြစ်နိုင်ပါဘူး။

Premier League Squad မှာတော့

Senior Squad 25 ယောက် စာရင်းထဲမှာ အများဆုံး 17 ယောက်ပဲ Non-home-grown ထည့်လို့ရပါတယ်။

ဒါကြောင့် အနည်းဆုံး 8 နေရာအထိ Home-grown player တွေ ရှိထားဖို့ အရေးကြီးပါတယ်။

အတိုချုံးပြောရရင်

Home-grown players ဆိုတာ အင်္ဂလန်နိုင်ငံသား ဖြစ်တာကို မဆိုလိုဘူး။ အသက်ငယ်စဉ် England/Wales က ကလပ်တစ်ခုမှာ 3 နှစ်လေ့ကျင့်ခဲ့ဖူးတာကို ဆိုလိုတာပါ။


#ပရီးမီးယားလိဂ် #စပါး #တော့တင်ဟမ်

ဒီညတော့တင်ဟမ်ဟော့စပါးပွဲရှိသည်⚔ နော်တင်ဟမ်ဖောရက်စ် vs တော့တင်ဟမ် 🏆ပရီးမီးယားလိဂ် - ပွဲစဉ် 3📅  Saturday , September 5, 20...
05/09/2026

ဒီညတော့တင်ဟမ်ဟော့စပါးပွဲရှိသည်

⚔ နော်တင်ဟမ်ဖောရက်စ် vs တော့တင်ဟမ်

🏆ပရီးမီးယားလိဂ် - ပွဲစဉ် 3

📅 Saturday , September 5, 2026

⏰ မြန်မာစံတော်ချိန် ည 8:30PM

🏟 ကွင်းတည်နေရာ: The City Ground,Nottingham,Nottinghamshire,England

ကွင်းလယ်ဒိုင်: Craig Pawson



#ဒီ‌‌ညတော့တင်ဟမ်ဟော့စပါးပွဲရှိသည် #စပါး #ဖောရက်စ်
#နော်တင်ဟမ်ဖောရက်စ် #တော့တင်ဟမ် #တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ်

2026/27 ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် စပါးအသင်း၏ လူစာရင်းကို အတည်ပြုလိုက်ပါဟပြီ။နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ...
04/09/2026

2026/27 ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် စပါးအသင်း၏ လူစာရင်းကို အတည်ပြုလိုက်ပါဟပြီ။

နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းပြီးနောက် စပါးအသင်းသည် မနေ့က စက်တင်ဘာလ ၃ရက်၊ ကြာသပတေးနေ့ တွင် 2026/27 ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်သို့ အသင်းလူစာရင်းကို တင်သွင်းပေးခဲ့သည်။

ဘောလုံးရာသီတိုင်း ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်သည့်အသင်းများသည် အသက် ၂၁ နှစ်အထက် Senior Player ကစားသမားအများဆုံး ၂၅ ဦး ပါဝင်သည့် လူစာရင်းကို တင်သွင်းပေးရသည်။

ထို ၂၅ ဦးထဲမှ အနည်းဆုံး ၈ ဦးမှာ Home Grown Player ဖြစ်ရမည်ဖြစ်ပြီး၊ ကျန် ၁၇ ဦးအထိကို Non-Home Grown Player များအဖြစ် ထည့်သွင်းနိုင်သည်။

ထို့အပြင် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် သို့မဟုတ် ထိုနေ့နောက်ပိုင်း မွေးဖွားပြီး အသင်းနှင့် စာချုပ်ရှိထားသော ကစားသမားများ အတွက် Under-21 လူစာရင်းကိုလည်း သီးခြားတင်သွင်းနိုင်ပြီး ထိုကစားသမားတွေကတော့အရေအတွက်ကန့်သတ်ချက် မရှိပါ။

စပါးအသင်း၏ ပထမအသင်းကစားသမားများဖြစ်သည့် Archie Gray၊ Lucas Bergvall နှင့် Mathys Tel တို့သည် Under-21 စည်းမျဉ်းနှင့် ကိုက်ညီနေသောကြောင့် Senior Squad 25 ဦးစာရင်းတွင် ထည့်သွင်းရန် မလိုအပ်ပါ။

စပါးအသင်းရဲ့2026/27 Premier League အပြီးသတ်လူစာရင်း

3 – Andy Robertson
4 – Tosin Adarabioyo*
5 – Marcos Senesi
6 – Jan Paul van Hecke
7 – Xavi Simons
8 – Conor Gallagher*
10 – James Maddison*
13 – Destiny Udogie
16 – Sandro Tonali
17 – Sávio
18 – Mateus Fernandes
19 – Dominic Solanke*
20 – Mohammed Kudus
21 – Dejan Kulusevski
22 – Omar Marmoush
23 – Pedro Porro
27 – Mykhailo Mudryk
28 – Wilson Odobert*
30 – Rodrigo Bentancur
31 – Antonin Kinsky
33 – Ben Davies*
37 – Micky van de Ven
39 – Martin Dúbravka
40 – Brandon Austin*
51 – Jacob Knightbridge*

(*) သည် Home Grown Player များကို ဆိုလိုသည်။

Spurs အသင်းရဲ့ Official မှ တရားဝင်အတည်ပြုထားသည့် 2026/27 ရာသီ ပရီးမီးယားလိဂ် လူစာရင်း ဖြစ်ပါတယ်။


#စပါး #ပရီးမီးယားလိဂ်

🚨 တော့တင်ဟမ်ဟော့စပါးအသင်းဟာ Richarlison ကို အသင်းရဲ့ 2026/27 ဘောလုံးရာသီအတွက် Premier League လူစာရင်းကနေ တရားဝင် ချန်လှပ...
03/09/2026

🚨 တော့တင်ဟမ်ဟော့စပါးအသင်းဟာ Richarlison ကို
အသင်းရဲ့ 2026/27 ဘောလုံးရာသီအတွက် Premier League လူစာရင်းကနေ တရားဝင် ချန်လှပ်ထားလိုက်ပါတယ်။🥹

ခြေစွမ်းကောင်းလား၊ မကောင်းလားဆိုတာကို အသာထားလိုက်ပါဦး…

အသင်းကို တကယ်ချစ်ပြီး၊ အသင်းအတွက် အမြဲတမ်း အစွမ်းကုန်ကြိုးစားကစားပေးခဲ့တဲ့ ကစားသမားတွေကို အသင်းဘက်က အခုလို ဆက်ဆံတာတွေ မြင်ရတဲ့အခါတော့ ရက်စက်လွန်းတယ်လို့ပဲ ခံစားရတယ်။

ဘောလုံးလောကမှာ အပြောင်းအရွှေ့တွေ၊ နည်းပြအပြောင်းအလဲတွေက မလွဲမသွေရှိလာမှာပါ။ ဒါပေမယ့် အသင်းအပေါ် စိတ်ရင်းနဲ့ ချစ်ပေးခဲ့သူ၊ အသင်းအင်္ကျီကို ဝတ်ဆင်တိုင်း အစွမ်းကုန်တိုက်ပွဲဝင်ပေးခဲ့သူတစ်ယောက်ကို ဒီလိုအခြေအနေမျိုးနဲ့ မြင်ရတာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။

Richarlison ရဲ့ ခြေစွမ်းကို ဝေဖန်ချင်လည်း ဝေဖန်လို့ရတယ်… ဒါပေမယ့် သူ စပါးအသင်းအတွက် စိတ်နှလုံးသားအပြည့်နဲ့ ကစားပေးခဲ့တာကိုတော့ ငြင်းလို့မရဘူး။

အခုလို Premier League လူစာရင်းကနေ ချန်လှပ်ခံရတာကို မြင်ရတော့ ဘောလုံးက တစ်ခါတလေ တကယ်ကို ရက်စက်တယ်ဆိုတာ ထပ်ပြီး ခံစားရတယ်… စိတ်မကောင်းပါဘူး Richy။

Good luck Richarlison 🤍🐦


#ရစ်ချာလီဆင် #စပါး #တော့တင်ဟမ်
#တော့တင်ဟမ်ဟော့စပါး #ပရီးမီးယားလိဂ်

Address

Johor Bahru

Alerts

Be the first to know and let us send you an email when Myanmar Tottenham Hotspur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share