Dataman.mst

Dataman.mst we click for pdf...

အင်းတော်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီးကျောင်း ပျက်စီး၊ စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင်...
26/05/2023

အင်းတော်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီးကျောင်း ပျက်စီး၊ စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေးတာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းတော်မြို့နယ်၊ ရွာသာယာရွာကို တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

ယနေ့မေလ ၂၅ ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်မှ ကျွန်းတောရွာ၊ တုံစီရွာဘက်သို့ လက်နက် ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ပြီးအင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူများအားလုံး ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကသာခရိုင် တပ်ရင်း ၂ (အင်း တော် PDF) နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကြားဖြတ်တိုက်တာ၊ ပြောက်ကျားတိုက်တာတွေ ပြုလုပ်နိုင်ခဲ့တယ်၊ အထိနာတယ်လို့လဲ သိရပါတယ်၊ ဒီအတိုင်းဆိုရင် အထိနာတာ ၂ ရက်ရှိပြီ၊ ဒါကြောင့် ဗုံးကျဲနေတာ၊ တော်တော်များများကျဲနေတယ်၊ ဗန်းမောက်ဘက်မှာလဲ တိုက်ပွဲမှာလည်း အထိနာတော့ အဲဘက်မှာလဲ ကျဲချနေတယ်လို့ သိရတယ်၊ ရဲဘော်တွေ အား လုံး အန္တရာယ်ကင်းတယ်၊ ပျက်စီးဆုံးရှုံးမှုတွေ ၊ တခြားထိခိုက်မှုအနေအထားကတော့ လေလော ဆယ် စစ်တမ်းကောက်နေတုန်းအခြေအနေမှာပဲ ရှိပါသေးတယ်” ဟု ABSDF မြောက်ပိုင်းမှ ထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်…mst

click တယ်ဆိုတာကလဲစစ်ဆင်ရေးတရပ်ပါပဲ...စစ်တပ်က ရွာတွေကို မီးရှို့တယ်... မီးဘေးရှောင် စစ်ဘေးရှောင်တွေ များသည်ထက် များလာတယ်။...
27/08/2022

click တယ်ဆိုတာကလဲစစ်ဆင်ရေးတရပ်ပါပဲ...

စစ်တပ်က ရွာတွေကို မီးရှို့တယ်... မီးဘေးရှောင် စစ်ဘေးရှောင်တွေ များသည်ထက် များလာတယ်။ စစ်တပ်က သူတို့လုပ်ရပ်ကြောင့် ဒုက္ခရောက်သွားတဲ့ ပြည်သူကို နောက်ဆက်တွဲ တာဝန်ယူတာလုံးဂမရှိဘူး။ မျှော်လဲ မမျှော်လင့်နဲ့။ သူတို့က ရည်ရွယ်ချက်ရှိရှိလုပ်တာ။ ဒီကောင်တွေကတော့ လူစိတ်မရှိတဲ့ကောင်တွေဖြစ်လို့ ကိုယ်ချင်းစာတရားဆိုတာလဲ သိမှာမဟုတ်ဘူး...

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လူစိတ်ရှိတယ်။ ကိုယ်ချင်းစာတရားရှိတယ်။ လူသားချင်းစာနာတတ်ကြတယ်။ ဒုက္ခရောက်နေသူကိုတွေ့ရင် မျက်နှာမလွှဲနိုင်ကြဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ကျေးရွာတွေ လူနေအိမ်တွေ မီးရှို့တဲ့နောက်မှာ ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် တာဝန်တစ်ခုပါပိုလာတယ်။ စစ်ဘေးရှောင် ဒုက္ခရောက်တဲ့ ပြည်သူတွေကို နေရာထိုင်ခင်း စီစဥ်ပေးရတာရှိမယ်။ စားရေးသောက်ရေး အတတ်နိုင်ဆုံး လုပ်ပေးကြတာရှိမယ်... လုံခြုံရေးအတွက် ထည့်သွင်းစဥ်းစားရတာရှိမယ်။ ဒီလိုတတ်နိုင်သလောက်လုပ်ပေးနေတဲ့ ကုန်ကျစရိတ်တွေဟာ အနည်းနဲ့အများတော့ ရှိကြတယ်။ အဖွဲ့တွေအနေနဲ့ ဒီကုန်ကျစရိတ်ဟာ သူတို့တော်လှန်ရေးအတွက် အသုံးပြမြယ့်ငွေထဲကပဲ သွားရတယ်။ ဒီလိုခွဲဝေအသုံးပြုရတဲ့အတွက် သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အနည်းနဲ့အများတော့ နှောင့်နှေးလာကြမှာပဲ။ သူတို့လဲ ဘယ်မျက်ကွယ်ပြုနိုင်မှာလဲ။ ဒီပြည်သူအတွက် သူတို့တိုက်နေတာလေ...

ဒါကတော်လှန်ရေးမှာ ကြုံနေရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာမှုတစ်ခုပဲရှိပါသေးတယ်။ ဒီလိုဒုက္ခရောက်တဲ့ ပြည်သူဟာ အာဏာရှင်လက်အောက်မှာတော့ တစ်နေ့တစ်ခြား ပိုများလာဖို့ပဲရှိပါတယ်။ ဒါကနယ်ဘက်တွေမှာ လတ်တလောကြုံနေရတာနော်။ ဒါတွေက မြို့ပေါ်မရောက်လာနိုင်ဘူးလို့ထင်ပါသလား။ နည်းလမ်းသာမတူရင်နေမယ်။ မြို့ပေါ်ကိုလဲရောက်နေပြီ။ လူချမ်းသာများလဲ မလွတ်တော့ဘူး။ PDF အယောင်ဆောင်ပြီး ဆက်ကြေးကောက်တာတွေ ဖြစ်လာနေပြီ။ ကြုံတဲ့သူတွေ ကြုံနေရပြီ။ သူတို့ကတော့သူတို့နည်းအတိုင်း သွေးခွဲမယ်၊ အယောင်ဆောင်မယ်၊ ထိုးချမယ်ဆိုတာတွေ ဆက်တိုက်လုပ်လာမှာ...

ပြောရရင်တော့ အာဏာရှင်ရဲ့ မကောင်းမှုမှန်သမျှဟာ အိမ်ရှေ့ရောက်နေပြီ...ဒီအတိုင်း လည်စင်းခံတော့မှာလား... ပြုသမျှ ငြိမ်ခံတော့မှာလား။ ကျနော်တို့လုပ်နိုင်တာအကုန်လုပ်ဖို့လိုနေပြီ။ တစ်ချို့တွေ ပင်ပန်းနေကြပြီ။ တစ်ချို့တွေ နေ့ရောညပါ နားချိန်မရှိဘူး။ အပြည့်အဝနားလည် ကိုယ်ချင်းစာပါတယ်။ ပြောရတာလဲမျက်နှာပူမိပါတယ်။ ဒါပေမယ့် ဒီတစ်ခါပဲပင်ပန်းရမှာ။ အာဏာရှင်ကို တော်လှန်ဖြုတ်ချဖို့ ကြုံတောင့်ကြုံခဲ အခွင့်အရေးရတယ်လို့ သဘောထားပြီး လုပ်နိုင်တာမှန်သမျှ လုပ်ကြတာပေါ့...ကျနော်တို့ပြည်သူအတွက်ကတော့ Click တာဟာလဲ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတာပါပဲ...mst

အောင်မြင်နေချိန်မှာအနားမှာလက်ခုပ်သံတွေဝိုင်းဝိုင်းလည်နေပေမဲ့...ကျဆုံးချိန်မှာတော့လှည့်ကြည့်မယ့်သူတောင်ရှိမှာမဟုတ်တော့ဘူး...
17/08/2022

အောင်မြင်နေချိန်မှာ
အနားမှာလက်ခုပ်သံတွေ
ဝိုင်းဝိုင်းလည်နေပေမဲ့...

ကျဆုံးချိန်မှာတော့
လှည့်ကြည့်မယ့်သူတောင်ရှိမှာမဟုတ်တော့ဘူး...

သိထားဖို့က
အောင်မြင်ချိန်မှာမြှောက်ပင့်ပေးတာကို
သာယာဖို့မလိုသလို
ကျဆုံးချိန်မှာစိတ်ဓာတ်
ပြိုလဲမသွားဖို့ကအဓိကပါ.......

ဘဝဆိုတာအမြဲမအောင်မြင်နိုင်သလို
အမြဲတမ်းလဲရှုံးနိမ့်မနေပါဘူး
ဘဝမှာကြုံလာသမျှတွေထဲကအတုနဲ့အစစ်
အမှန်နဲ့အမှားခွဲခြားတတ်ဖို့ပဲလိုတာပါ...mst

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်ပြီး အခေါက်ရွှေတစ်ကျပ်သား ၂၇ သိန်းခွဲအထိ စျေးတက်၊ ကျပ်ငွေတန်ဖိုး တရှိန်ထိ...
13/08/2022

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်ပြီး အခေါက်ရွှေတစ်ကျပ်သား ၂၇ သိန်းခွဲအထိ စျေးတက်၊ ကျပ်ငွေတန်ဖိုး တရှိန်ထိုး ကျဆင်းနေ...

ရန်ကုန်၊ ဩဂုတ် ၁၃

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျော် သွားပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းခွဲအထိ စျေးထိုးတက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်...

အကြမ်းဖက်မင်းအောင်လှိုင်က ဝါဇီစက်ရုံမှ ထုတ်ဝေလိုက်သည့် ငွေစက္ကူ အသစ် ဘီလီယံ ၄၀၀ ကို အခမ်းအနားဖြင့် လွှဲပြောင်းမှုကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ဆောင်ရွက်ပြီးနောက် ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျသွားခြင်းဖြစ်သည်...

လက်ရှိ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီစျေးနှုန်းမှာ အခေါက်ရွှေ ၁၆ ပဲရည် (အကယ်ဒမီ မီးလင်းရွှေ) ၂၇ သိန်း ၅ သောင်း ကျပ်၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၁၀ ကျပ် စျေးပေါက်လျက်ရှိသည်...

"ငွေစက္ကူတွေ ဘီလီယံချီ ရိုက်ထုတ်တဲ့ အကျိုးဆက်ပါပဲ... လက်ကြီးတွေ အကုန်လုံး မြန်မာငွေတွေ ထုတ်ကုန်ကြပြီ... အဲဒါကြောင့် ပိုဆိုးလာဖို့ပဲရှိပါတယ်။ ကျပ်ငွေတွေ တအားကို တန်ဖိုးထိုးကျနေတယ်ဗျာ" ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်...

ယမန်နေ့က ရွှေစျေးနှုန်းသည် ၂၆ သိန်းကျော်ကျော်သာရှိခဲ့ရာမှ ယနေ့တွင် ၂၈ သိန်းနီးပါး စျေးထိုးတက်လာပြီး ဒေါ်လာစျေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ယမန်နေ့ ၂၈၀၀ ကျပ်ကျော်သာရှိရာမှ ယနေ့ ၃၀၀၀ ကျပ်ကျော်သွားခြင်းဖြစ်သည်...

ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရွှေစျေးသည် ၂၈ သိန်း ၃ သောင်းဖြင့် စျေးပိတ်ပြီး ဒေါ်လာစျေးမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ ဝန်းကျင်ဖြင့် စျေးပိတ်သွားကြောင်း သိရှိရသည်...mst

04/08/2022

Pelosi ရဲ့ လေယာဉ်ဟာ ထိုင်ဝမ်လေပိုင်နက်ကို ဝင်ရောက်လာပါပြီ... သူမရဲ့ လေယာဉ်ကို ထိုင်ဝမ်တိုက်လေယာဉ်တွေကပါ တက်ပြီး အမေရိကန် ဂျက်လေယာဉ်တွေနဲ့အတူ ဝန်းရံကြိုဆို မောင်းနှင်လာပါတယ်...

တရုတ်လေပိုင်နက်ထဲ မဝင်အောင် ရှောင်ပြီး မောင်းနှင်လာတာဖြစ်ပါတယ်... ထိုင်ဝမ်ကို ဝင်ဖို့ လုံခြုံရေးအသုံးစရိတ်က ဒေါ်လာ သန်း ၉၀ ခန့်ရှိပါတယ်...

တရုတ်ဘက်က တုံ့ပြန်မှုကို မတွေ့ရသေးပါ... အမေရိကန်နဲ့ တရုတ်ဟာ စီးပွားရေး Super power တွေဖြစ်လို့ သူတို့ချင်း စစ်ဖြစ်ဖို့က အလွန်နည်းပါတယ်... စစ်ဖြစ်ရင် တကမ္ဘာလုံး စီးပွားပျက်ကပ်ထဲ အမြန်ကျရောက်သွားနိုင်ပါတယ်...

Pelosi ဟာ အမေရိကန်မှာ သမ္မတ ၂ ယောက်ပြီးရင် အကြီးဆုံးပုဂဂ္ဂိုလ်မို့ တရုတ်ကလဲ အတော်စဉ်းစားပြီး လုပ်ရမှာဖြစ်ပါတယ်။ ဘာမှမဖြစ်ရင်တော့ ကောင်းပါတယ်။ ဖြစ်လာရင်တော့ အကျိူးဆက်ကို အာရှတိုက်ကော တကမ္ဘာလုံးကပါ ပြင်းပြင်းထန်ထန် ခံစားရပါလိမ့်မယ်။ Pelosi ပြန်သွားပြီးနောက်မှာတော့ ထိုင်ဝမ်ကို တရုတ်က ထိုးစစ်ဆင်တာမျိုးတော့ ဖြစ်နိုင်ချေရှိနေပါသေးတယ်...mst

02/08/2022

ဗိုလ်နဂါးရဲ့ ရဲရဲတောက်မိန့်ခွန်း...

02/08/2022
ဖိနပ်ချွတ်စရာမလိုပဲအလှဓါတ်ပုံတွေရိုက်လို့ရလို့ရုရှားသူတွေပျော်နေကြတာတဲ့ဂူဂူရေစိမ့်ရဲ့လား...mst
29/07/2022

ဖိနပ်ချွတ်စရာမလိုပဲအလှဓါတ်ပုံတွေရိုက်လို့ရလို့ရုရှားသူတွေပျော်နေကြတာတဲ့ဂူဂူရေစိမ့်ရဲ့လား...mst

ဝမ်ယိပြောသွားတာက မင်းတို့ 2023 PR Election ထိရောက်အောင်သွား ဆိုတဲ့အဓိပ်ပါယျသကျရောကျပါတယျအာဆမ်ကခုထိအချိန်ဆွဲပေးတယ် ကျန်အခ...
05/07/2022

ဝမ်ယိပြောသွားတာက မင်းတို့ 2023 PR Election ထိရောက်အောင်သွား ဆိုတဲ့အဓိပ္ပါယ်သက်ရောက်ပါတယ်

အာဆမ်ကခုထိအချိန်ဆွဲပေးတယ် ကျန်အချိန်တွေအတွက် တရုတ်ကထပ်ဆွဲပေးမှာပါ စပစကအမေစုကို
ထုတ်ပြီး ယောင်ပြဆွေးနွေးမယ် ထောင်ထဲကနေ နေအိမ်အကျယ်ချုပ် ပြောင်းထားကလွဲပြီး အပြင်မထုတ်ဘူး

တလရအပေါ် ပြည်သူအထင်လွဲအောင်လုပ်လိမ့်မယ်
NUG နဲ့ NLD သွေးခွဲအကွက်တွေသုံးလိမ့်မယ်
အခုတိုက်နေတာ ပုဂ္ဂိုလ်ရေးလွတ်မြောက်ဖို့တိုက်နေတာ
မဟုတ်လို့ ရင်ကြားစေ့ရေးအပေါ် ယုံကြည်ချက်ထားလို့
မရဘူး...

စနစ်ကိုတိုက်နေတာဖြစ်တယ် စစ်အာဏာရှင်ကိုအမြစ်လှန်နေတာဖြစ်တယ် ဘယ်အကြောင်းရာနဲ့မှ ဆွေးနွေးလို့
မရပါဘူး ထောင်ချောက်ထဲအကြိမ်ကြိမ် ဝင်ခဲ့ပြီးပြီ
ထပ်မဝင်ကြပါနဲ့တော့ အခုပွဲအမြစ်ပြတ်မှ နောင်မျိုးဆက်တွေ စစ်ယူနီဖောင်းမြင်ရင် ဦးမချရမှာ...

စစ်ရေးသည်သာ အဓိက အဆုံးထိဆက်လျှောက်မယ်
ကမ္ဘောဒီးယားက ခမာနီ ပိုပေါ့ ကျရူံးသလို မင်းအောင်လိုင် ပိုပေါ့နောက်လိုက်ပြီးမှ ပွဲသိမ်းမယ်
နာတော့နာမှာပေါ့ နောက်တစ်ခါ အမြစ်ကထပ်မထွက်ဖို့
အံကြိတ်တောင့်ထားလိုက်ကြပါ

ကျနော်တို့အတူတကွဆက်ရူန်းကြရအောင်ပါ
သွေးကြွေးမှာ ဆွေးနွေးရင် ဖျင်ပေးရမယ်ဆိုတာတော့
မှတ်ထားပေးပါလို...mst

Address

Jalan
Jalan

Telephone

+601128842825

Website

Alerts

Be the first to know and let us send you an email when Dataman.mst posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dataman.mst:

Share

Category