24/05/2026
မနက်ဖြန် မြန်မာအချိန် ည (၈) နာရီမှာ ပြုလုပ်သွားမယ့် ကျွန်တော့်ရဲ့ Webinar ကို မ Join ရသေးတဲ့လူတွေအနေနဲ့
အခုပဲ Comment မှာ "Join" လို့ မန့်ပြီး စာရင်းပေးနိုင်ပါသေးတယ်ခင်ဗျာ။
မနက်ဖြန်ညမှာ ကိုယ့်လူတို့အားလုံးနဲ့ ဆုံကြပါမယ်ဗျာ။ 🚀
ကိုယ့်လူတို့နဲ့ မဆုံံရတာကြာပြီမို့ ကျွန်တော် Seminar တစ်ခု လုပ်ပေးဖို့ စီစဥ်ထားပါတယ်။ 🚀
Seminar ကို မေလ (၂၅) ရက်နေ့၊ တနင်္လာနေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီမှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ဒီ Seminar မှာ Body Combat အပြင် Fitness နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ကျွန်တော်ကိုယ်တိုင်လည်း မျှဝေပေးသွားမယ်၊ ကိုယ့်လူတို့လည်း ပါဝင်ဆွေးနွေးကြမယ်။
နောက်ပြီး ကိုယ့်လူတို့သိချင်တဲ့ မေးခွန်းတွေကိုလည်း ကျွန်တော်က ဖြေပေးသွားပါမယ်။
ဒီ Seminar က စာသင်သလိုကြီးသွားမှာမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေး သွားကြမှာဖြစ်လို့ Body Combat ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ တခြား Fitness နဲ့ဆိုင်တာတွေကို မေးချင်လို့ပဲဖြစ်ဖြစ် လာပြီး Join လို့ရပါတယ်ခင်ဗျာ။
ကျွန်တော်နဲ့ဆုံဖို့ အချိန်နှစ်နာရီလောက် ပေးနိုင်တယ်ဆိုရင်တော့ Comment မှာ "Join" လို့ မန့်ခဲ့ပေးပါဗျ။
ကိုယ့်လူတို့အားလုံးနဲ့ ဆုံချင်ပါတယ်ဗျာ။ 🚀