𝑺𝑯-𝑭𝒐𝒐𝒕𝒃𝒂𝒍𝒍 𝑨𝒈𝒆𝒏𝒕

𝑺𝑯-𝑭𝒐𝒐𝒕𝒃𝒂𝒍𝒍 𝑨𝒈𝒆𝒏𝒕 𝑺𝑯-𝑭𝒐𝒐𝒕𝒃𝒂𝒍𝒍 𝑨𝒈𝒆𝒏𝒕

■ မန်ယူနိုက်တက်နည်းပြဟောင်း အာမိုရင်မ်ဟာ စိတ်ကြီးဝင်နေသူလို့ အလန်ရှီးယား ပြစ်တင်ဝေဖန်အင်္ဂလန်တိုက်စစ်မှူးဟောင်းနဲ့ ရုပ်သ...
27/01/2026

■ မန်ယူနိုက်တက်နည်းပြဟောင်း အာမိုရင်မ်ဟာ စိတ်ကြီးဝင်နေသူလို့ အလန်ရှီးယား ပြစ်တင်ဝေဖန်

အင်္ဂလန်တိုက်စစ်မှူးဟောင်းနဲ့ ရုပ်သံဝေဖန်သူ အလန်ရှီးယားက မန်ယူနိုက်တက်နည်းပြဟောင်း အာမိုရင်မ်ဟာ စိတ်ကြီးဝင်နေသူလို့
ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

၎င်းက ကာရစ်လက်အောက် ပွဲဦးထွက်နှစ်ပွဲမှာ ပရီးမီးယားလိဂ်အကောင်းဆုံးနှစ်သင်းကို အနိုင်ယူပြလိုက်ချိန်
အာမိုရင်မ်အနေနဲ့ ဘာတွေတွေးနေမလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

အာမိုရင်မ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က ရာထူးက ထုတ်ပယ်ခံရပြီး သူ့လက်ထက်မှာ back-three နဲ့ကစား
တဲ့ ၃-၄-၂-၁ ကစားကွက်ကို မအောင်မြင်ပေမဲ့ အပြောင်းအလဲလုပ်ဖို့ ခေါင်းမာခဲ့တာဖြစ်တယ်။

ယနေ့မှာ အသက် ၄၁ နှစ်ပြည့်တဲ့ အာမိုရင်မ်ဟာ မန်ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ ၁၄ လတာအတွင်း ၆၃ ပွဲမှာ
အနိုင်ရာခိုင်နှုန်းက ၃၈.၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

ဒီ ၆၃ ပွဲမှာ ၂၄ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၂၁ ပွဲရှုံး မှတ်တမ်းပဲ ရရှိခဲ့တာဖြစ်တယ်။

ရာသီကုန်အထိ တာဝန်ပေးအပ်ခံထားရတဲ့ နည်းပြ ကာရစ်ကတော့ အသင်းကို ၄-၂-၃-၁ ကစားကွက်နဲ့ ပုံဖော်
ခဲ့ပြီး မန်စီးတီးကို ၂-၀ ဂိုး၊ အာဆင်နယ်ကို ၃-၂ ဂိုးတို့နဲ့ အသီးသီး အနိုင်ယူခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို အနိုင်ယူခဲ့သလို အခုလည်း အာဆင်နယ်ကို အဝေးကွင်းမှာ ၃ ...
26/01/2026

မိုက်ကယ်ကာရစ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို အနိုင်ယူခဲ့သလို အခုလည်း အာဆင်နယ်ကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ ထပ်မံအနိုင်ယူပြီး အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ဖော်ဆောင်လိုက်ပါတယ်။ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုအကြိတ်အနယ် ရှိလာခဲ့ပါတယ်။ အာဆင်နယ်အတွက် မီကေးလ်မယ်ရီနိုက ပွဲပြီးခါနီး ၈၄ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့လို့ အာဆင်နယ်ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပေမယ့်၊ ၈၇ မိနစ်မှာတော့ မားသီးယပ်စ်ကွန်ညာက ကိုက်၂၀ အကွာကနေ လှပပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ မန်ယူအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၂၁ ပွဲအတွင်း ပထမဆုံးအကြိမ် ၃ ဂိုးအထိ ပေးလိုက်ရတဲ့ ပွဲစဉ်ဖြစ်သလို၊ ချန်ပီယံပြေးလမ်းမှာလည်း မန်စီးတီးနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ အာတီတာရဲ့ အာဆင်နယ်အသင်း နိုင်ပွဲရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မိုက်ကယ်ကာရစ်ရဲ့ ပါးနပ်တဲ့ နည်းဗျူဟာတွေကြောင့် မန်ယူတို့ဟာ အဆင့် ၄ အတွင်းကို ကျကျနန ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးနှစ်သင်းကို ဆက်တိုက်အနိုင်ယူပြလိုက်တဲ့ မန်ယူရဲ့ ခြေစွမ်းကတော့ လက်ရှိမှာ တားဆီးရ ခက်ခဲတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေအတွက်တော့ ဒီနိုင်ပွဲက တကယ့်ကို ဂုဏ်ယူစရာဖြစ်ပြီး အာဆင်နယ်အတွက်တော့ ချန်ပီယံဆုအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။ အာဆင်နယ်ကတော့ မန်ယူကိုတောင်မနိုင်ဘဲ ချန်ပီယံ​ဖြစ်နိုင်ပါဦးမလားဆိုတာကတော့...။

ရော်နယ်ဒိုဟာ ဒီရာသီကုန်မှာ အယ်လ်နာဆာအသင်းကနေ ထွက်ခွါတော့မှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ကစားသမားဘ၀မှ အနားယူသွားတော့မ...
23/01/2026

ရော်နယ်ဒိုဟာ ဒီရာသီကုန်မှာ အယ်လ်နာဆာအသင်းကနေ ထွက်ခွါတော့မှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ကစားသမားဘ၀မှ အနားယူသွားတော့မှာဖြစ်ပါတယ်။

ဒီသတင်းကို လန်ဒန်အားကစား အကြီးတန်းသတင်းထော၊က် ဂျက်ကော့စ်ဘန်မှဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကို အာဆင်နယ်ကစာသမားဟောင်း ဝေါလ်ကော့က မေးခွန်းတစ်ခု မေးခဲ့ပါတယ်။၂၀၀၈ ခုနှစ် မန်ယ...
22/01/2026

မန်ယူအသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကို အာဆင်နယ်ကစာသမားဟောင်း ဝေါလ်ကော့က မေးခွန်းတစ်ခု မေးခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မန်ယူအသင်းနဲ့ လက်ရှိရာသီအာဆင်နယ်အသင်း၊ ဘယ်သူပိုကောင်းလဲဆိုတာပါ။

ဝိန်းရွန်နီက ဝေါလ်ကော့ရဲ့ အမေးကို အခုလိုမျိုး ပြတ်ပြတ်သားသားဖြေဆိုခဲ့ပါတယ်။

" ၂၀၀၈ ခုနှစ်၊ မန်ယူအသင်းက ပိုကောင်းတာပေါ့" ဆိုတာပါပဲ။

၂၀၀၈ ခုနှစ်မှာ မန်ယူအသင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ပိုင်ဆိုင်ခဲ့ပါတယ်။

လက်ရှိရာသီအာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်အပါအဝင်
ဖလားလေးလုံးလမ်းကြောင်း ပေါ်မှာ ရှိနေပါတယ်။

ယူနိုက်တက်ကို တကျော့ပြန် ရောက်တုန်းက ကာရစ်အပေါ် ရော်နယ်ဒိုရဲ့ ချီးကျူးစကား‘ မိုက်ကယ် ကာရစ်ဟာ ကစားသမား တယောက် အနေနဲ့ တကယ်...
18/01/2026

ယူနိုက်တက်ကို တကျော့ပြန် ရောက်တုန်းက ကာရစ်အပေါ် ရော်နယ်ဒိုရဲ့ ချီးကျူးစကား

‘ မိုက်ကယ် ကာရစ်ဟာ ကစားသမား တယောက် အနေနဲ့ တကယ် class ရှိခဲ့ပါတယ်။ သူဟာ ကြီးကျယ်တဲ့ နည်းပြ တယောက် ဖြစ်လာနိုင်ပါတယ်။ ဒီလူအတွက် မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး။

ကျွန်တော်ကတော့ သူနဲ့ အတူ တွဲကစားခဲ့ရတဲ့ အတွက်ရော၊ အခုလို သူ့လက်အောက်မှာ ကစားခွင့် ရခဲ့တဲ့ အတွက်ပါ ဂုဏ်ယူပါတယ်။
‘ 🗣️ ခရစ်တီယာနို ရော်နယ်ဒို ( ၂၀၂၁ ကာရစ် မန်ယူကို ယာယီကို ကိုင်ခဲ့စဉ်က တွစ်တာမှာ တင်ခဲ့တဲ့ပို့စ် )

ပရီးမီးယားလိဂ် - ကာရစ်ရဲ့ပွဲဦးထွက် ဒါဘီပွဲမှာ စီးတီးကို ယူနိုက်တက် ဂိုးပြတ်နိုင်မန်ယူနိုက်တက် ၂-၀ မန်စီးတီးအမ်ဘူမို ၆၅’ ...
17/01/2026

ပရီးမီးယားလိဂ် - ကာရစ်ရဲ့ပွဲဦးထွက် ဒါဘီပွဲမှာ စီးတီးကို ယူနိုက်တက် ဂိုးပြတ်နိုင်

မန်ယူနိုက်တက် ၂-၀ မန်စီးတီး
အမ်ဘူမို ၆၅’ ⚽
ဒေါဂူ ၇၆’

ယာယီနည်းပြ မိုက်ကယ် ကာရစ်အတွက်တော့ အိပ်မက်ဆန်တဲ့ အစပြုမှုပါ။ နိုင်ပွဲရရုံတင် မဟုတ်ဘဲ အထင်ကြီးစရာကောင်းပြီး အစွမ်းကုန် ပေးဆပ်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ မထွက်ခွာဘူးလို့ ကတိပေးလိုက်ပါတယ်။မန်ယူအ...
16/01/2026

ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ မထွက်ခွာဘူးလို့ ကတိပေးလိုက်ပါတယ်။

မန်ယူအသင်းနည်းပြ ရာထူးကနေ အာမိုရင်မ် ထုတ်ပယ်ခံရပြီးနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်လှုပ်ခတ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ
သူ့ကို ဆော်ဒီလိဂ်ကစိတ်ဝင်စားဖူးပြီး မန်ယူအသင်းဘက်ကလည်း ရောင်းချဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာပဲဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က လက်ရှိရာသီကုန်ဆုံးရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့မှာ ဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့
ပြောထားပါတယ်။

မြန်မာငွေ 𝟏 သိန်းရင်းပြီး 𝟑 သင်းထဲနဲ့ သိန်း 𝟓𝟎 ရ မောင်းပေါ-က်😱———————————————————————————-မနှစ်က ဒီလိုအချိန်မှာပေါ-က်တဲ့...
12/01/2026

မြန်မာငွေ 𝟏 သိန်းရင်းပြီး 𝟑 သင်းထဲနဲ့ သိန်း 𝟓𝟎 ရ မောင်းပေါ-က်😱
———————————————————————————-
မနှစ်က ဒီလိုအချိန်မှာပေါ-က်တဲ့ ပေါ-က်မော-င်း 👇👇👇

ပေါ-က်မော-င်းကိုပုံမှာကြည့်ရှူနိုင်ပါတယ်✅

အိုင်ဘ-တ်၇၈၉… ကစားမယ်ဆိုရင် 𝟓 နှစ်တိုင်တိုင်နာမည်ပျက်မရှိ 𝟐𝟒 နာရီ ဝန်ဆောင်မူပေးပြီး ငွေကြေးယုံကြည်စိတ်ချရတဲ့ 𝐒𝐡𝐰𝐞 𝐇𝐭𝐮𝐧 နဲ့လက်တွဲပါ🤝

အိုင်ဘတ်၇၈၉…ကစားရန် 👇👇👇

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦/𝐕𝐢𝐛𝐞𝐫-𝟎𝟗 𝟖𝟖 𝟓𝟓𝟓𝟓 𝟑𝟏𝟏 ကိုဆက်သွယ်ပါ😘

ဒီရာသီအကုန်မှာ မန်ယူအသင်းကနေ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်...
12/01/2026

ဒီရာသီအကုန်မှာ မန်ယူအသင်းကနေ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် အသင်းတွေဖြစ်ကြတဲ့ အယ်ဟီလယ်နဲ့ အယ်အစ်တီဟတ်အသင်းတွေရဲ့ မက်မောလောက်စရာ ငွေကြေးနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုရာသီ မန်ယူအသင်း ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေသလို ဖာနန်ဒက်စ်ကလည်း နည်းပြ အမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ ကွင်းလယ်ကို ဆင်းပြီး ကစားနေရတဲ့အတွက် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။ ဒီ သတင်းတွေနဲ့အတူ ဆော်ဒီကလပ်အသင်းတွေရဲ့ ဖာနန်ဒက်စ်အပေါ်စိတ်ဝင်စားမှုကလည်း ပြန်လည်အသက်ဝင် လာခဲ့ပါတယ်။

ဒါပေမဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ မန်ယူ အသင်းရဲ့ ဘောလုံးစီမံကိန်းတွေအပေါ် အပြည့်အဝယုံကြည်နေဆဲဖြစ်သလို မန်ယူအသင်း အောင်မြင်မှုတွေ တစ်ကျော့ပြန်ရရှိဖို့ကိုလည်း ကူညီပေးချင်တာကြောင့် အင်္ဂလန်မှာဆက်နေဖို့ကိုပဲ အာရုံစိုက် ထားတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ စက်တင်ဘာလက ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ပရီးမီးယား လိဂ် သွင်းဂိုး ၁၀၀ ပြည့်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းနဲ့ ဦးဆောင်နိုင် စွမ်းတွေက အသင်းရဲ့ သမိုင်းကြောင်းမှာ ထည့်သွင်းရေးမှတ်ထားရမယ့် စွမ်းဆောင်မှုတွေဖြစ်တယ်လို့ မန်ယူနည်းပြ အမိုရင်က ချီးကျူးထားပါတယ်။

Address

LanTwae 3
Yangon
11041

Alerts

Be the first to know and let us send you an email when 𝑺𝑯-𝑭𝒐𝒐𝒕𝒃𝒂𝒍𝒍 𝑨𝒈𝒆𝒏𝒕 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share