02/09/2026
အာဆင်နယ် အကယ်ဒမီထွက် နယ်လ်ဆင်တစ်ယောက်
ကတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဖီယင်နု အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
နယ်လ်ဆင်ဟာ ဆေးစစ်ဆေးမှုတွေကို ဒီနေ့မှာပဲ အောင်မြင်စွာ ခံယူခဲ့ပြီးနောက် ဖီယင်နုအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီအချို့က ဖီယင်နုအသင်းမှာ အငှားသွားရောက် ကစားစဉ်ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့သူဖြစ်ပြီး
အခုအခါမှာတော့ အသင်းဟောင်းဆီ ပြန်လည်ခြေချခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။