05/10/2026
***ဒဏ်ရာကြောင့် နိုင်ငံကနေ အာဆင်နယ်ဆီပြန်လာရတဲ့ နောက်ခံလူ***
အာဆင်နယ်အသင်းရဲ့ နောက်ခံလူ အက်ဇ်ရီ ကွန်ဆာဟာ ဒဏ်ရာပြသနာကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ပြီး အသင်းဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ကွန်ဆာဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ သွားရောက်မပူးပေါင်းခင်ကတည်းက ဒဏ်ရာအနည်းငယ် ရနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အင်္ဂလန်အတွက် နှစ်ပွဲကစားပေးခဲ့ပြီး ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တဲ့အတွက် အသင်းဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကွန်ဆာရဲ့ ဒဏ်ရာအခြေအနေဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် လာမယ့်စနေနေ့မှာ ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်ကိုတော့ ကစားနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။