27/05/2026
🏃♀️ မပြေးခင် Warm Up (သွေးပူလေ့ကျင့်ခန်း) လုပ်ပါ
🏃♂️ ပြေးပြီး Static Stretch, Cool Down (သွေးအေး အကြောလျော့ခြင်း) လုပ်ပါ
Body Combat သွေးပူလုပ်ခြင်းတွေက အပြေးအတွက် အထောက်အကူမဖြစ်စေပါဘူးနော်
Runner တွေအတွက် “Warm Up” နဲ့ “Stretching” က
Run Outfit ထက်တောင် ပိုပြီးအရေးကြီးပါတယ် 😄
✅ Warm Up လုပ်ခြင်းက
ခန္ဓာကိုယ် ကို သွေးလှည့်ပတ်ခြင်းဆိုင်ရာများ၊ အဆုတ်၊ နှလုံးနှင့် အကြောအချဉ်တွေကို ပြေးဖို့အတွက် အဆင်သင့် ဖြစ်စေပါတယ်။
နှလုံးခုန်နှုန်း ကို ဖြည်းဖြည်းခြင်းတက်စေပါတယ်။
ထိခိုက်အနာတရ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။
ပြေးတဲ့အချိန် စွမ်းဆောင်ရည်ကို ပိုကောင်းစေပါတယ်
👉 High Knees
👉 Leg Swing
👉 Walking Lunges
👉 Light Jogging
တစ်မျိုးကို (၅)မိနစ်လောက်စီ သွေးပူ လုပ်ပေးလိုက်ရုံနဲ့ ပြေးရတာ က ပိုမို ချောမွေ့လာစေပါတယ်။
❌ မပြေးခင် အကြာကြီး အကြောလျော့တာကတော့ မလိုအပ်ပါဘူး။
🏁 ပြေးပြီးတဲ့အချိန် Static Stretch လုပ်ဖို့လည်း မမေ့ပါနဲ့။
✅ Static Stretching (Cool Down) လုပ်ခြင်းက
ပြေးပြီးတဲ့နောက် ကြွက်သားတွေ တင်းရင်းနေတာ၊ နာကျင်နေတာတွေကို လျော့ကျစေပါတယ်။
Recovery ပိုမြန်စေပါတယ်။
ပြေးပြီး နောက်နေ့ ခန္ဓာကိုယ် နာကျင်နေတာတွေ၊ အကြောအချဉ်တွေ နာကျင်နေတာတွေကို သက်သာစေပါတယ်
👉 Head Stretch (ဦးခေါင်းပိုင်း)
👉 Shoulder Stretch (ပခုံးကြွက်သား)
👉 Arm Stretch (လက်မောင်း ကြွက်သား)
👉 Calf Stretch (ခြေသလုံးကြွက်သား)
👉 Hamstring Stretch (ဒူးကောက်ကြောကြွက်သား)
👉 Quad Stretch (ပေါင်ကြွက်သား)
👉 Hip Stretch (တင်ပါးကြွက်သား) အစရှိတာတွေကို
တစ်ခုကို 20–30 seconds လောက် ဖြည်းဖြည်းချင်း ပုံစံတကျ နည်းစနစ်မှန်မှန်လေးလုပ်ပေးပါ။
အဓိကအရေးကြီးတဲ့အချက်
Statci Stretch ပြုလုပ်နေတဲ့အချိန် ခန္ဓာကိုယ်ကို ဖြေလျော့ထားပါ၊ တင်းမထားပါနဲ့၊ လေကို တဝကြီး ရှူသွင်း/ထုတ် လုပ်နေပါ၊ အသက်ကို အောင့်မထားပါနဲ့။
💡 “Warm Up က Injury ကို ကာကွယ်ပေးပါတယ်
Static Stretching က Recovery ကို ကူညီပေးပါတယ်”
BUC Runners လေးတွေ Injury Free နဲ့ Strong Strong ပြေးနိုင်ကြပါစေ 🧡
#