friendship super cup

friendship super cup Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from friendship super cup, Sports League, Yangon.

SEASON-2အတွက်စာရင်းသွင်းတဲ့အသင်းတော့ပြည့်နေပြီစဖို့ပဲကျန်တော့တယ်ဒါပေမယ့် Season-2ကို MAYလမှပဲပြန်စပါမယ်၂လတစ်ခါလုပ်ဖို့pl...
24/02/2026

SEASON-2အတွက်စာရင်းသွင်းတဲ့အသင်းတော့ပြည့်နေပြီ
စဖို့ပဲကျန်တော့တယ်
ဒါပေမယ့် Season-2ကို MAYလမှပဲပြန်စပါမယ်
၂လတစ်ခါလုပ်ဖို့planမို့ပါ
ဆက်တိုက်လုပ်ရင်လည်း
မိန်းမက အိမ်ပေါ်ကနှင်ချတော့မယ်🤣🤣🤣

23/02/2026

Owner Ayoke သို့ ဂုဏ်ပြုလွှာ

နေရောင်အောက်က မှတ်တမ်းအလင်း
==========================

​မီးပွင့်မတတ် ပူပြင်းတဲ့ နေ့လယ်ခင်း
ကွင်းလယ်က မြက်ခင်းစိမ်းတွေတောင် အခိုးအငွေ့ထွက်လို့...
ဒါပေမဲ့ နေမင်းရဲ့ ဒေါသကို
သူကတော့ အပြုံးနဲ့ စိန်ခေါ်ခဲ့တယ်။
​Viewfinder ထဲမှာ စီးဝင်နေတဲ့ အားကစားစိတ်ဓာတ်
ချွေးစက်တွေကြားက ဖြတ်ပြေးသွားတဲ့ ဂိုးသွင်းခဏ
အနုပညာဆိုတာ အေးမြတဲ့အခန်းထဲမှာတင် ရှိတာမဟုတ်ဘူးဆိုတာ
သူ့ရဲ့ Owner Ayoke ဆိုတဲ့ နာမည်လေးနဲ့အတူ
ကွင်းဘေးက ဖုန်မှုန့်တွေကြားမှာ သက်သေထူခဲ့တယ်။
​အလင်းကို ကစားတယ်
အမှောင်ကို ချော့မြှူတယ်
ပူလောင်မှုကိုတော့ ပုံရိပ်လှလှတွေအဖြစ် အေးခဲပစ်လိုက်တယ်...
သူ့လက်ချောင်းလေးတွေ ကလစ်ခနဲ နှိပ်လိုက်တိုင်း
သမိုင်းဟာ ပုံရိပ်ယောင်မဟုတ်ဘဲ အသက်ဝင်လာခဲ့တယ်။
​ကျေးဇူးပါ Owner Ayoke ရေ...
မင်းရဲ့ အပင်ပန်းခံ ရိုက်ချက်တွေကြောင့်
ဒီဗိုလ်လုပွဲဟာ ဓာတ်ပုံအယ်လ်ဘမ်ထဲမှာတင်မကဘူး
ပရိသတ်တွေရဲ့ နှလုံးသားထဲမှာပါ
ထာဝရ အရောင်တောက်နေတော့မှာပါ။
မနက်ဖြန်တွေမှာ ဒီပုံတွေကို ပြန်ကြည့်မိတိုင်း
မင်းရဲ့ စေတနာနဲ့ အနုပညာကို
ငါတို့ ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေမှာပါ။

ပုံ/ ကော်မတီလူကြီးဆိုက္ကားဆရာ😁

ပြိုင်ပွဲဝင် အသင်းအားလုံးသို့ မှတ်တမ်းတင်ဂုဏ်ပြုခြင်းရှုံးနိုင်ဆိုတာထက် မိမိတို့ဝါသနာပါရာ အားကစားကို စိတ်အားထက်သန်စွာနဲ့...
23/02/2026

ပြိုင်ပွဲဝင် အသင်းအားလုံးသို့ မှတ်တမ်းတင်ဂုဏ်ပြုခြင်း

ရှုံးနိုင်ဆိုတာထက် မိမိတို့ဝါသနာပါရာ အားကစားကို စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့အတွက် အသင်းတိုင်းကို လေးစားအသိအမှတ်ပြုပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ် (Teamwork) က ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကစားသမားစိတ်ဓာတ် (Fair Play) နဲ့ အဆုံးအထိ ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက် ကော်မတီအနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။

​နောင်လာမယ့် ပြိုင်ပွဲတွေမှာလည်း အခုထက်မက ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ပြိုင်ပွဲဝင် အသင်းအားလုံး ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်ကြည်ရင်းနှီးမှုဖြင့်၊
ပြိုင်ပွဲကျင်းပရေးကော်မတီ
(Friendship Super Cup)

SEASON-1ရဲ့CHAMPIONဖြစ်တဲ့NEW IMAGE FOOTBALL CLUBရဲ့အောင်ပွဲခံပုံရိပ်တစ်ချို့နောက်ထပ်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု အသ...
23/02/2026

SEASON-1ရဲ့
CHAMPIONဖြစ်တဲ့
NEW IMAGE FOOTBALL CLUBရဲ့အောင်ပွဲခံပုံရိပ်တစ်ချို့
နောက်ထပ်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု အသီးအပွင့်တွေကို
ဆက်လက်ခူးယူ သုံးဆောင်နိုင်ပါစေလို့
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

friendship super cup အပျော်တမ်းဘောလုံးပြိုင်ပွဲရဲ့ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆု YE LAY ဂုဏ်ယူပါတယ်ညီ...
23/02/2026

friendship super cup အပျော်တမ်းဘောလုံးပြိုင်ပွဲရဲ့
ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆု
YE LAY
ဂုဏ်ယူပါတယ်ညီလေးရေ
ဒီပြိုင်ပွဲကနေ အစပြုပြီး
အနာဂါတ်မှာ ဒီထက်ပိုမိုတဲ့ ခြေစွမ်းတွေနဲ့အတူ(သောက်တလွဲလုပ်တာတွေ ပြင်ဆင်ပြီး😁ရေးချင်လို့ကိုထည့်ရေးတာ) သွင်းဂိုးတွေအများကြီး ပိုင်ဆိုင်နိုင်ပါစေ
ရည်မှန်းထားသမျှတွေ အောင်မြင်ပါစေလို့
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှရဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

friendship super cup အပျော်တမ်းဘောလုံးပြိုင်ပွဲရဲ့ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆု MIN THU KYAW ဂုဏ်ယူပါတယ်ညီလေ...
23/02/2026

friendship super cup အပျော်တမ်းဘောလုံးပြိုင်ပွဲရဲ့
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆု
MIN THU KYAW
ဂုဏ်ယူပါတယ်ညီလေးရေ
ဒီပြိုင်ပွဲကနေ အစပြုပြီး
အနာဂါတ်မှာ ဒီထက်ပိုမိုတဲ့ လက်စွမ်းတွေပိုင်ဆိုင်နိုင်ပါစေ
ရည်မှန်းထားသမျှတွေ အောင်မြင်ပါစေလို့
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှရဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

22/02/2026

ချန်ပီယံNEW IMAGE FC အသင်းအား ဆုတံဆိပ်ဆွဲပြား ဆုဖလားချီးမြင့်

22/02/2026

friendship super cup
Season-1ရဲ့
CHAMPION
NEW IMAGE FOOTBALL CLUB

22/02/2026

friendship super cup ပြိုင်ပွဲရဲ့
အကောင်းဆုံးဂိုးသမားဆု
ဂိုသွင်းအများဆုံးဆု
ဒုတိယဆုရရှိသောWHITE PANDA FC အား ဆုများချီးမြှင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when friendship super cup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category