28/08/2026
PACE RUNNING CLUB
28Aug2026
🏃♂️ ... မိုးကုန်ခါနီး စက်တင်ဘာလကစလို့ ပုဂံ၊ တောင်ကြီး စတဲ့ ဒေသစုံမှာ အပြေးပြိုင်ပွဲတွေ တန်းစီပြီး ရှိနေပါတယ်နော်။
မိမိပြေးမယ့် ပြိုင်ပွဲအမျိုးအစားပေါ်မူတည်ပြီး Runners တယောက်ချင်းစီအတွက် ထိရောက်မယ့် အပြေးလေ့ကျင့်ခန်းတွေကို PACE Trainers တွေက သေချာစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။
ပြိုင်ပွဲဝင်မယ့်သူတွေအတွက်ပဲလား? မဟုတ်ပါဘူး။
✅ ကျန်းမာရေးအတွက် ပြေးချင်သူ
✅ ကိုယ်အလေးချိန် (ဝိတ်) ချချင်သူ
✅ အခုမှ အပြေးလောကထဲ စမ်းပြေးကြည့်မယ့် အခြေခံ (Beginners) သမား
အပြေးဆိုတာကို ကိုယ့်ခန္ဓာကိုယ်နဲ့ ထိတွေ့ခံစားပြီး စတင်ချင်သူတိုင်းအတွက် PACE က အသင့်ရှိနေပါတယ်။
🎯 တပတ်မှာ ၆ ရက်ကို ၁ ရက်ချင်းစီအလိုက် မတူညီတဲ့ အပြေးလေ့ကျင့်ခန်း ပုံစံမျိုးစုံနဲ့ လေ့ကျင့်ပေးမှာပါ။
ပြေးနေတဲ့တလျှောက်လုံး ဒဏ်ရာအနာတရ ကင်းကင်းနဲ့ တဖြည်းဖြည်း ပြောင်းလဲလာမယ့် တိုးတက်မှုတွေနဲ့ ပြေးနိုင်ဖို့ PACE Running Club မှာ ပါဝင်လိုက်ပါ။
⏱️ အချိန်: မနက် ၅:၃၀ နာရီ
📍 နေရာ: ကန်တော်ကြီး ဆင်ရုပ်အပေါက် (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) နဲ့ သုဝဏ္ဏကွင်း မိန်းဝင်ပေါက်ဘယ်ဘက် ကားပါကင်နေရာ