Bagan Marathon

Bagan Marathon Running Marathon

Bagan Marathon 2026 Coming soon in November
05/04/2026

Bagan Marathon 2026
Coming soon in November

Bagan Marathon 2025 Official Race Resultနို၀င်ဘာလ ၁၅ ရက်နေ့ကကျင်းပခဲ့သော ပုဂံမာရသွန် ၂၀၂၅ပွဲတွင် ပြိုင်ပွဲ၀င်များ၏ စံချိ...
23/11/2025

Bagan Marathon 2025 Official Race Result
နို၀င်ဘာလ ၁၅ ရက်နေ့ကကျင်းပခဲ့သော
ပုဂံမာရသွန် ၂၀၂၅ပွဲတွင် ပြိုင်ပွဲ၀င်များ၏ စံချိန်မှတ်ရာတွင် မမျှော်လင့်သော နည်းပညာဆိုင်ရာ အကန့်အသတ်များ ကြုံတွေ့ခဲ့ရသဖြင့် ပင်မနည်းစံနစ် နှင့် အရံနည်းစံနစ်များမှ စံချိန်များကို တိုက်ဆိုင်စစ်ဆေးပြီး စံချိန်များကိုထုတ်ပေးခြင်းဖြစ်ပါသည်။
အကယ်၍ အဆင်မပြေမှုအချို့ရှိခဲ့ပါက နားလည်ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်

Results များကို Phone နှင့်ကြည့်ရှုမည့်သူများသာ ပြုလုပ်ရန်...

Phone ထဲတွင် Google Sheets App Install လုပ်ထားရန် လိုအပ်ပါသည်။
Google Sheets Install လုပ်ပြီးလျှင် Open လုပ်ပါ။
ပြီးလျှင် မိမိ Gmail ဖြင့် Sign-in ပြုလုပ်ထားပါ။
ပြီးလျှင် ကျွန်တော်တို့ တင်ပေးထားသော Link ကို နှိပ်၍ဖွင့်ပါ။
ပွင့်လာလျှင် လက်မ၊ လက်ညှိုးသုံးပြီး Phone Screen ကိုဖိ၍ ချုံ့/ချဲ့လုပ်ကြည့်ပါ။
ပြီးလျှင် အစိမ်းရောင်အကွက် Search By BIB အောက်က အဝါရောင်အကွက်ကို ထောက်လိုက်ပါ။
Phone Screen ေအာက်ခြေတွင် "Enter text or formula" ကို ထောက်လိုက်ပါ။
စာရိုက်လို့ရတာ ပေါ်လာပါမည်။
မိမိ BIB နံပါတ်အား ရိုက်ထည့်ပါ။ Oops ဆိုတဲ့ Box ပေါ်လာလျှင် Ok နှိပ်ပါ။
ဥပမာ - 10km အပြေးသမားများ A10111, 21km အပြေးသမားများ B21110, 42km အပြေးသမားများ C42110 ဟုရိုက်ထည့်ပါ။

Computer နှင့် Results ကြည့်မည့်သူများ၊ Link ကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။ အပေါ်က အဆင့်တွေမလိုအပ်ပါ။
Link ကို နှိပ်လျှင် မိမိ Gmail ဖြင့် Sign-in ပြုလုပ်ပြီး Search By BIB ေအာက်က အဝါကွက်ထဲတွင် မိမိ BIB နံပါတ် ရိုက်ထည့်၍ ရှာကြည့်ပါ။

10Km Result Link
https://docs.google.com/spreadsheets/d/1YsNcMiYydcrpCHJwZoHcDLtrZCsEKBSbwowiDkT1nnM/edit?usp=sharing

21Km Result Link
https://docs.google.com/spreadsheets/d/1oPR11uzRElhjWjTpyjEosaYPPVf2MK9oV9R_Gvsu-Es/edit?usp=sharing

42Km Result Link
https://docs.google.com/spreadsheets/d/1QAdG4BQzuW5fh-2kcPQtw2YKIXBdL7pfLZWnkpboEtM/edit?usp=sharing

A huge thank you to all the volunteers! 🙏 🙏 🙏 Your smiles, support, and endless energy kept us going every step of the w...
15/11/2025

A huge thank you to all the volunteers! 🙏 🙏 🙏
Your smiles, support, and endless energy kept us going every step of the way. We couldn’t have done it without you!
🤝🤝🤝



အထူးသတိပေးကြေညာချက် Bagan Marathon 2025 Bagan Marathon ပြိုင်ပွဲဝင််မည့် ပြိုင်ပွဲဝင်များအနေဖြင့် BIB ( ပြိုင်ပွဲဝင်အမှတ...
13/11/2025

အထူးသတိပေးကြေညာချက်
Bagan Marathon 2025
Bagan Marathon ပြိုင်ပွဲဝင််မည့် ပြိုင်ပွဲဝင်များအနေဖြင့် BIB ( ပြိုင်ပွဲဝင်အမှတ် စာရွက်)အား မြင်သာသည့်နေရာ ရင်ဘက်တွင် တပ်ဆင်ထားပေးပါရန် အထူးပန်ကြားအပ်ပါသည်။ ဒါမှသာ Check Point များတွင် သက်ဆိုင်ရာ ဒိုင်များမှ ပြိုင်ပွဲဝင်များ၏ BIB( ပြိုင်ပွဲဝင်အမှတ်စာရွက်) အား 1-2 Meter မှ မြင်သာနိုင်မည်ဖြစ်ပါသည်။
Check Point နေရာများတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီ မှ သတ်မှတ်ထားသည့် လက်ပတ်များကို ရယူရမည်ဖြစ်ပါသည်။ Check Point များတွင် လက်ပတ်မပါသည့် ပြိုင်ပွဲဝင်များအား ဆုရရှိမည့် စာရင်းတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
ပြိုင်ပွဲဝင်များမှ (Windbreaker အတွင်းဘက်, ကျောဘက် နှင့် အရာဝတ္တု တခုခုဖြင့် ) ဖုံးအုပ်ထားခြင်းမျိုး မဖြစ်စေရန် အထူးသတိထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်-( ပြိုင်ပွဲဝင်များအနေဖြင့် ပန်းဝင်မျဉ်း finish line သို့ဝင်လျှင် အိင်္ကျီ ချွတ်ဝင်ခဲ့လျှင် မိမိရဲ့ BIB ( ပြိုင်ပွဲဝင်စာရွက်) အား ဒိုင်များ မြင်သာ အောင်ပြသပေးဖို့ သတိပေးအပ်ပါသည်။

အစဉ်လေးစားလျှက်
ပုဂံမာရသွန် ပြိုင်ပွဲကျင်းပရေး ကော်မတီ

ကမ္ဘာ့အမွေအနှစ်များ စုစည်းရာ မြန်မာနိုင်ငံ့ဂုဏ်ဆောင် မဟာပုဂံမြေမှာ Runderful Myanmar က ဦးဆောင်ကျင်းပမယ့် Bagan Marathon ...
13/11/2025

ကမ္ဘာ့အမွေအနှစ်များ စုစည်းရာ မြန်မာနိုင်ငံ့ဂုဏ်ဆောင် မဟာပုဂံမြေမှာ Runderful Myanmar က ဦးဆောင်ကျင်းပမယ့် Bagan Marathon 2025 မှာ A Life Insurance က Life Insurance Partner အနေဖြင့် ပါဝင်မှာဖြစ်ပါတယ်။

A Life အနေနဲ့ Life Insurance Partner အဖြစ် ပြိုင်ပွဲဝင်တွေအားလုံးကို Cover ပေးထားမှာဖြစ်လို့ စိတ်အေးစွာနဲ့ ပန်းတိုင်သို့ လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ Running Journey တစ်လျှောက်ရဲ့ ပြေးလှမ်းတိုင်းမှာ A Life က coverage များဖြင့် ကာကွယ်ပေးထားမှာဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် စိတ်အေးစွာနဲ့ ပြိုင်ပွဲဝင်နိုင်မှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲနေ့ (၁၅) ရက်နေ့တွင်လည်း A Life ကရှိနေမှာဖြစ်လို့ coverage package များအကြောင်းသိလိုလျှင် A Life Booth သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

12/11/2025

မကြာမီ စတင်တော့မယ့် Runderful ပုဂံမာရသွန်ပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ Runner တို့အဆင်သင့်ဖြစ်ကြပြီလား?

ပြိုင်ပွဲမစခင် စိတ်ရောကိုယ်ပါ ကျန်းမာနေအောင်ပြင်ဆင်ထားသင့်တဲ့အပြင် အစားအသောက်ကိုလည်း ပြိုင်ပွဲမကျင်းပခင်တစ်ရက်နှင့် ကျင်းပမည်ရက်မှာ ဂရုတစိုက် စားသုံးသင့်သလို၊ အိပ်ရေးဝဝလည်းအိပ်သင့်ပါတယ်။ စိတ်ကိုအေးအေးထားပြီး အပြေးပြိုင်ပွဲကို အာရုံစိုက်ထားကြရအောင်။

ဒါအပြင် ဒီပြိုင်ပွဲကြီးရဲ့ Life Insurance Partner ဖြစ်တဲ့ A Life ဘက်က အစီအစဉ်လေးကတော့ စိတ်လှုပ်ရှားစရာရင်ခုန်ဖွယ်ရာကောင်းလှပါတယ်။ Vest အိတ်ထဲ တပါတည်းထည့်ပေးလိုက်တဲ့ စတစ်ကာတွေကို မိမိပြိုင်ပွဲဝင်မယ့် အင်္ကျီ၊ ရေဗူး၊ ကား အစရှိတဲ့ ကပ်လွယ်တဲ့နေရာများမှာကပ်ပြီး Facebook ပေါ်ကို နိုဝင်ဘာ ၁၅ ရက်နေ့ ကနေ ၁၈ အတွင်းမှာအောက်က Hashtag တွေနဲ့ တင်ပေးရင် Luckydraw အစီအစဥ်အနေနဲ့ ဒီဟိုတယ်တွေမှာ Staycation တည်းလို့ရမှာဖြစ်ပါတယ်။



အင်မတန်လွယ်ကူပြီး ပျော်စရာကောင်း၊ Community Unity ကိုပြသလို့ကောင်းတဲ့ အစီအစဉ်လေးဖြစ်လို့ runner တို့ join ဖို့မမေ့နဲ့နော်။

Bagan Marathon ပြန်လာပြီနော်!နိုဝင်ဘာ(၁၅)ရက်နေ့မှာကျင်းပမယ့်  ပုဂံမာရသွန် 2025  မှာ ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို ခံစားရ...
12/11/2025

Bagan Marathon ပြန်လာပြီနော်!
နိုဝင်ဘာ(၁၅)ရက်နေ့မှာကျင်းပမယ့် ပုဂံမာရသွန် 2025 မှာ ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို ခံစားရင်း ပါဝင်ဆင်နွဲမယ့် Runner တွေ အတွက် Hikari Ion Supply Drink က Main Sponsor အနေနဲ့
အပြည့်အဝ Support ပေးထားပါတယ်။

တောက်ပတဲ့ နေရောင်အောက်မှာ ပြေးရင်း Hikari နဲ့ ရေဓာတ်ဖြည့်ပြီး
ဇွဲမလျော့ဘဲ တက်တက်ကြွကြွ ပန်းတိုင် ကို အရောက်သွားကြရအောင်…💪

ပုဂံရဲ့ ခမ်းနားကြီးကျယ်မှုတွေနဲ့အတူ ပြေးလမ်းတလျှောက်မှာ Hikari က အမြဲအတူရှိနေမှာပါ။
✨ Hikari’s Running Beside You in Bagan!


#ဟိကာရီနဲ့ရေဓာတ်ဖြည့်ပါ



🏅🏅🏅 Sponsorship Announcement and Prize for Winners 🏅🏅🏅အပြေးသမားတွေအတွက် Garmin ဆိုတာ သစ္စာရှိတဲ့ အဖော်မွန်ပဲဆိုတာ အားလုံ...
12/11/2025

🏅🏅🏅 Sponsorship Announcement and Prize for Winners 🏅🏅🏅
အပြေးသမားတွေအတွက် Garmin ဆိုတာ သစ္စာရှိတဲ့ အဖော်မွန်ပဲဆိုတာ အားလုံးသိကြမှာပါ…

ဒီတစ်ခါမှာတော့ မြန်မာနိုင်ငံရဲ့ အထင်ကရ အပြေးပြိုင်ပွဲကြီးဖြစ်တဲ့ ပုဂံ မာရသွန် (Bagan Marathon 2025) မှာ Garmin က ဂုဏ်ယူစွာနဲ့ Official Sponsor အဖြစ် ပါဝင်ပံ့ပိုးတော့မှာဖြစ်ကြောင်း ဝမ်းသာအားရ ကြေညာအပ်ပါတယ်…

Garmin ဟာ ပြိုင်ပွဲအောင်မြင်မှုတင်မဟုတ်ပဲ ပြည်တွင်း အားကစားလောကကိုလည်း အားပေးမြှင့်တင်လိုတဲ့အတွက် 42, 21, 10 KM တို့မှာ ပထမ၊ ဒုတိယ၊ တတိယ ရရှိကြမယ့် ပြည်တွင်း အပြေးသမားများ တွေကိုလည် ဆုတွေချီးမြှင့်သွားမှာဖြစ်ပါတယ်…
ဆုတွေကတော့

🏅 42 KM (Local Winner - Male) Forerunner 265
🏅 42 KM (Local Winner - Female) Forerunner 265

🏅 21 KM (Local Winner - Male) Forerunner 165
🏅 21 KM (Local Winner - Female) Forerunner 165

🏅 10 KM (Local Winner - Male) 500,000 MMK
🏅 10 KM (Local Winner - Female) 500,000 MMK
ဖြစ်ပါတယ်။

ပုဂံရဲ့ ထူးခြားလှပတဲ့ ရှုခင်းတွေကြားမှာ စိတ်လှုပ်ရှားစရာ အပြေးပြိုင်ပွဲကြီးကို Garmin နဲ့အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…

Address

Yangon
Yangon
11011

Website

Alerts

Be the first to know and let us send you an email when Bagan Marathon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category