Next Level Fitness

Next Level Fitness Find Your Next Level!

မင်းရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်ပြီလား။NEXT LEVEL FITNESS ထဲ ခြေချလိုက်တိုင်း သင်ဟာ မနေ့ကထက် ပိုကောင...
04/09/2026

မင်းရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်ပြီလား။

NEXT LEVEL FITNESS ထဲ ခြေချလိုက်တိုင်း သင်ဟာ မနေ့ကထက် ပိုကောင်းတဲ့ ဗားရှင်းတစ်ခုကို တည်ဆောက်နေတာပါ
"Beyond Your Limits" ဆိုတဲ့အတိုင်း ကန့်သတ်ချက်တွေကိုဖြတ်ကျော်ပြီး အကောင်းဆုံး ဗားရှင်းတစ်ခုကို တည်ဆောက်ပါမိတ်ဆွေ။

📌 ကျွန်တော်တို့ဆီမှာ သင်နဲ့ကိုက်ညီမယ့် သီးသန့် လေ့ကျင့်ရေးအစီအစဉ်တွေ၊ ခေတ်မီကိရိယာတွေနဲ့ ပရော်ဖက်ရှင်နယ် နည်းပြဆရာတွေ အဆင်သင့်ရှိနေပါပြီ။

အကောင်းဆုံးဗားရှင်းကိုရှာဖွေနိုင်ဖို့ NEXT LEVEL FITNESS ကို အခုပဲ JOIN လိုက်ပါ မိတ်ဆွေ။

📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699

🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀

Find Your Next Level !
Come & Join


04/09/2026

မနက်နဲ့ ညနေ ဘယ်ချိန် Gym ဆော့တာ ပိုကောင်းလဲ ??





03/09/2026

🔥 Next Level Fitness မှာ အလုပ်လုပ်နိုင်မယ့် အခွင့်အရေးကြီး!

Fitness Industry ထဲမှာ Career တစ်ခု တည်ဆောက်ချင်သူတွေအတွက်
Next Level Fitness မှာ အလုပ်လုပ်နိုင်မယ့် အခွင့်အရေး ရောက်ရှိလာပါပြီ။ 💪

📌 မနက်ဖြန် နောက်ဆုံးရက် ဖြစ်လို့
စိတ်ဝင်စားရင် အခွင့်အရေးကို လက်မလွတ်ခင် အခုပဲ CV တင်လိုက်ပါ!



အဆင့်မြင့်တဲ့ ကြံ့ခိုင်မှုတစ်ခုကိုဆိုတာ စတင်တယ်ဆိုတာ တစ်ရက်တာလုပ်ဆောင်ရတဲ့အရာမဟုတ်ပါဘူး ရေရှည် အဆက်မပြတ် ဆက်လုပ်သွားရတာပ...
02/09/2026

အဆင့်မြင့်တဲ့ ကြံ့ခိုင်မှုတစ်ခုကိုဆိုတာ စတင်တယ်ဆိုတာ တစ်ရက်တာလုပ်ဆောင်ရတဲ့အရာမဟုတ်ပါဘူး ရေရှည် အဆက်မပြတ် ဆက်လုပ်သွားရတာပါ။

ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ဖို့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ နဲ့ ဘယ်အခြေအနေမှာမှ လက်မလျှော့ဖို့ ဆိုတဲ့ စိတ်ဓာတ်ပိုင်း ပြောင်းလဲမှုတစ်ခု ကိုစတင်နိုင်ဘို့အတွက် သင့်ရဲ့ ဘေးမှာ NEXT LEVEL FITNESS ကရှိနေပေးမှာပါ။

ဒီခရီးမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်ရဲ့ Personal Trainer က သင့်ဘေးမှာ အမြဲရှိနေပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ ကူညီပေးသွားမှာပါ။

📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699

🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀

Find Your Next Level !
Come & Join


#ကျန်းမာကြံ့ခိုင်မှု

01/09/2026

စိတ်ညစ်နေရင် — Gym ဆော့ပါ။
အသဲကွဲနေရင် — Gym ဆော့ပါ။
စိတ်ဓာတ်ကျနေရင် — Gym ဆော့ပါ။
ရည်းစားမရှိရင် — Gym ဆော့ပါ။
ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေရင် — Gym ဆော့ပါ။
အိမ်မှာ အဆင်မပြေရင် — Gym ဆော့ပါ။
အလုပ်မှာ အဆင်မပြေရင် — Gym ဆော့ပါ။
ပျင်းနေရင် — Gym ဆော့ပါ။
ကိုယ့်ကိုယ်ကို မလှဘူးလို့ထင်ရင် — Gym ဆော့ပါ။

ဘာပဲဖြစ်နေပါစေ… Gym ဆော့ပါ။

Next Level Fitness မှာ Gym ဆော့ပါ။ 💪





💪 GYM MOTIVATION 💪Gym သွားတိုင်း တက်ကြွအားအင်တွေ ပြည့်နေဖို့ တကယ်အရေးကြီးတာက "Show Up" ဖြစ်ဖို့ပါ။စိတ်ဓာတ်ကျလို့ အားနည်း...
31/08/2026

💪 GYM MOTIVATION 💪

Gym သွားတိုင်း တက်ကြွအားအင်တွေ ပြည့်နေဖို့

တကယ်အရေးကြီးတာက "Show Up" ဖြစ်ဖို့ပါ။
စိတ်ဓာတ်ကျလို့ အားနည်းနေချိန်မှာတောင် GYM ရောက်တာနဲ့ စိတ်ဖိစီးမှုကို လျော့ချနိုင်မှာပါ။ကိုယ့်အတွက် စိတ်ရော ကိုယ်ပါ ရလဒ်ကောင်းတွေ ရလာဘို့အရေးကြီးပါတယ်။

🏆 ပြိုင်ဘက် ကိုယ်ကိုယ်တိုင် ဖြစ်ပါစေ။

မနေ့ကထက် ဒီနေ့ နည်းနည်းပိုကောင်းအောင်၊ ပိုသန်မာအောင် ကြိုးစားပါ။ တစ်နေ့ချင်းစီရဲ့ တိုးတက်မှုလေးတွေက နောက်ဆုံးမှာ ကြီးမားတဲ့ပြောင်းလဲမှုကို ဖန်တီးပေးလိမ့်မယ်။

🎯 ပန်းတိုင်လေးတွေ ချမှတ်ပါ။
သေးငယ်တဲ့ ပန်းတိုင်ပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ အိပ်မက်ပဲဖြစ်ဖြစ် — ရေးမှတ်ထားပါ။ မျက်စိနဲ့မြင်ရတဲ့ ပန်းတိုင်က စိတ်အားတက်ကြွမှုကို ဆက်ထိန်းပေးတယ်ဆိုတာ သိပါသလား။

⏳ လုပ်ငန်းစဉ်ကို ယုံကြည်ပါ။
ရလဒ်ကောင်းတွေ ချက်ချင်းမြင်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ ဆက်လုပ်သွားရင် သင်လိုချင်တဲ့နေရာကို ရောက်သွားမှာပါ။

🌟 "ဂုဏ်ယူနိုင်တဲ့ရလဒ်မရသ၍ မရပ်ပါနဲ့။"
ဒီစကားကို သင်ကိုယ်တိုင် သက်သေပြဖို့
NEXT LEVEL FITNESS မှာ GYM ဆော့ပါ မိတ်ဆွေ။

📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699

🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀

Find Your Next Level !
Come & Join


Confidence က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တယ်…လိုင်းပေါ်မှာ အမတစ်ယောက်ပြောထားတဲ့“လှလို့ Confidence ရှိတာလား၊ Confidence...
30/08/2026

Confidence က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တယ်…

လိုင်းပေါ်မှာ အမတစ်ယောက်ပြောထားတဲ့
“လှလို့ Confidence ရှိတာလား၊ Confidence ရှိလို့ လှတာလား?” ဆိုတဲ့ စကားလေးကို ဘယ်လိုထင်ကြလဲ?

ဒီပုံနှစ်ပုံကိုကြည့်မယ်ဆိုရင်လေ…
ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိဘူးနော်။

၂၀၂၅ တုန်းကလည်း ဒီရုပ်ပဲ၊ ဒီ Body ပဲ။
၂၀၂၆ ခုနှစ်မှာလည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိပါဘူး။

ညီမလည်း သူများတွေလို Gym ကို အပြင်းအထန် မဆော့နိုင်သလို၊ အစားအသောက်ကိုလည်း အများကြီး မထိန်းနိုင်ပါဘူး။
အခုလည်း ဒီ Body၊ ဒီ Weight၊ ဒီရုပ်ရည်ပါပဲ။

ဒါပေမယ့်…

နေ့စဉ် အားကစားလုပ်ဖြစ်လာတာ၊
ကောင်းမွန်တဲ့ Community တစ်ခုထဲမှာ နေထိုင်ရတာ၊
ကိုယ့်ရဲ့အလုပ်မှာ တဖြည်းဖြည်း ကျွမ်းကျင်လာတာတွေကနေ—

“Confidence” ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တစ်ခု ရှိလာခဲ့တယ်။

အဲ့ဒီ Confidence ကပဲ ညီမကို ပြောင်းလဲစေတယ်လို့ ခံစားရပါတယ်။

လူအများကြားမှာ စကားပြောရဲလာတယ်။
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာတယ်။
ပြင်တတ်ဆင်တတ်လာတယ်။
နောက်ဆုံးမှာတော့… ကိုယ်တိုင်ကိုယ်ကျ ပိုလှလာတယ်လို့ ခံစားလာရတယ်။

တချို့လူတွေက Body လည်းလှ၊ ရုပ်လည်းလှပေမယ့် တစ်ခုခုလိုအပ်နေသလို ခံစားနေရတာ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျဖြစ်နေရတာတွေ ရှိတတ်ပါတယ်။

တကယ်တော့ အဲ့ဒီမှာ လိုအပ်နေတာက
အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ Confidence ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် အပေါ်မှာ မေးထားတဲ့မေးခွန်းကို ညီမ ပြန်ဖြေရမယ်ဆိုရင်တော့—

“လှလို့ Confidence ရှိတာ မဟုတ်ဘူး။
Confidence ရှိလာလို့ ပိုလှလာတာပါ”
လို့ပဲ ခံယူထားပါတယ်။

ကိုယ့်ကိုယ်ကို မလှဘူးလို့ ခံယူထားတဲ့သူတွေလည်း ဒီစာကို ဖတ်နေမယ်လို့ ထင်ပါတယ်။

ဒါကြောင့်…

နေ့စဉ် အားကစားလုပ်ကြည့်ပါ။
ကိုယ့်ဘဝကို မြှင့်တင်ပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုထဲမှာ နေကြည့်ပါ။
လူတွေနဲ့ များများစကားပြောကြည့်ပါ။
ကိုယ့်ရဲ့အလုပ်မှာ Professional တစ်ယောက်ဖြစ်လာအောင် ကြိုးစားကြည့်ပါ။

အဲ့ဒီအရာတွေကနေ တဖြည်းဖြည်းနဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မှု (Confidence) ရှိလာပါလိမ့်မယ်။

ပြီးတော့ တစ်နေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတဲ့အခါ…

“ငါ အရင်ကထက် ပိုလှလာတယ်”
လို့ ကိုယ်တိုင် ခံစားလာရပါလိမ့်မယ်နော်။ ❤️





29/08/2026

အောင်မြင်တဲ့ Fitness Trainer တစ်ယောက်ဖစ်ဖို့ ….

GYM ကို ရွေးချယ်တဲ့အခါ ဘာတွေကို အရင်ဆုံး ကြည့်လေ့ရှိလဲ။Trainers၊စက်ပစ္စည်းကိရိယာ၊ ဈေးနှုန်းနဲ့ ပတ်ဝန်းကျင်ပေါ့။ဒါဆိုရင် ...
28/08/2026

GYM ကို ရွေးချယ်တဲ့အခါ ဘာတွေကို အရင်ဆုံး ကြည့်လေ့ရှိလဲ။
Trainers၊စက်ပစ္စည်းကိရိယာ၊ ဈေးနှုန်းနဲ့ ပတ်ဝန်းကျင်ပေါ့။

ဒါဆိုရင် ကျွန်တော်တို့ ရဲ့ NEXT LEVEL FITNESS က သင့်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ 🔥

✔️ Professional Trainers
မှန်ကန်တဲ့ Technique တွေကို သေချာသင်ပေးမယ့် အတွေ့အကြုံရှိ Trainersများ။

✔️ Modern Equipment
နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ကိရိယာများနဲ့ ဘေးကင်းလုံခြုံစွာ လေ့ကျင့်နိုင်မယ်။

✔️ Flexible Membership
လစဉ်၊ ၃ လ၊ ၆ လ စသည်ဖြင့် သင့်ဘတ်ဂျက်နဲ့ အချိန်ဇယားကို လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်နိုင်တယ်။

✔️ Friendly Community
လေ့ကျင့်ရတာ ပျော်စရာကောင်းအောင်၊ တွန်းအားဖြစ်အောင် ဖော်ရွေကြင်နာတဲ့ မိတ်ဆွေသစ်များစွာ။

📍 Next Level Fitness
🏢 အမှတ် (၇၈)၊ မဟာသုခိတာ ၅ လမ်း (မြောက်)၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
📞09-4299-24699

🕒ဖွင့်ချိန်: မနက် ၆:၀၀ - ည ၉:၀၀

Find Your Next Level !
Come & Join


အဆီနည်းတဲ့ လူက ရုပ်ပိုနုတယ်…ခင်ဗျားတို့ ပတ်ဝန်းကျင်မှာလေ နုလိုက်တာ အရွယ်တင်လိုက်တာ ဆိုတဲ့ လူတွေ အကုန်လုံးနီးပါးကလေ သေးသေ...
26/08/2026

အဆီနည်းတဲ့ လူက ရုပ်ပိုနုတယ်…

ခင်ဗျားတို့ ပတ်ဝန်းကျင်မှာလေ နုလိုက်တာ အရွယ်တင်လိုက်တာ ဆိုတဲ့ လူတွေ အကုန်လုံးနီးပါးကလေ သေးသေးကျစ်ကျစ်နဲ့ အဆီကင်းတဲ့ လူတွေကြီးပဲ ဆိုတာ သတိထားမီလား?

အာ့လိုပြောလို့ ဝဝ ကစ်ကစ် ဖောင်းဖောင်းလေးတွေကို ရုပ်ရင့်တယ် ပြောတာမဟုတ်ဘူးနော်

ဒါမဲ့ အသက်၄၀/၅၀ ကျော် အထက်တွေ ဖစ်လာပီဆိုရင်တော့ ငယ်စဉ်က ဝဝ ကစ်ကစ်နေလာတဲ့ လူတွေဟာ အဆီကင်းတဲ့ ပိန်ပိန်ပါးပါးကျစ်ကျစ်လစ်လစ်တွေထက် ရောဂါရနိုင်ခြေနူန်းတွေ မြင့်လာတာကို သတိထားမီလာတယ်

ကျွန်တော် ဥပမာ တစ်ခုပြောပြမယ်
ခင်ဗျားတို့ ရပ်ကွပ်ထဲမှာပဲဖစ်ဖစ် အမျိုးအဆွေထဲမှာပဲဖစ်ဖစ် သတင်းတွေမှာ ပါလာတဲ့ အသက်၇၀/၈၀၎င်းထိတောင် ကျန်းမာနေတဲ့ လူတွေဆိုတာ အဝလွန်တဲ့လူတွေ အဆီများတဲ့ လူတွေ ဗိုက်ကြီးတွေ ပူတဲ့ လူတွေ မရှိသလောက်ရှားတယ်

အသက်ကြီးတဲ့ အထိ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားတဲ့ လူတွေရဲ့ ၉၅% နူန်းဟာ ပိန်ပိန်ပါးပါး ကျစ်ကျစ် ခန္ဓာကိုယ်တွေသာဖစ်တယ်

ကြွက်သားတည်ဆောက်ခြင်းဟာ အကောင်းဆုံးဖစ်ပေမဲ့ လူတိုင်းကတော့ အကြောင်းကြောင်းကြောင့် မလုပ်ဖစ်ကြပါဘူး

ဒါမဲ့ လူတိုင်း လုပ်နိုင်တဲ့ အရာကတော့ အဝမလွန်
အောင် ထိန်းဖို့ပါပဲ

အဝမလွန်ခြင်း တနည်းအားဖြင့် ကျစ်ကျစ်လစ်လစ်ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာကိုယ် အသက်ကြီးတဲ့ထိ ထိန်းထားခြင်းအားဖြင့် ဆီးချို သွေးတိုးလိုမျိုး ရောဂါများ အလွယ်တကူမဝင်ရောက်နိုင်ခြင်း ၊ သွားလာလူပ်ရှားနေထိုင်ရတာ ပေါ့ပါးသွက်လက်ခြင်း ၊ လူတိုင်းအလိုချင်ဆုံးအရာဖစ်တဲ့ အရွယ်တင်နုပျိုခြင်း စတဲ့အကျိုးကျေးဇူးပေါင်းများစွာကို ခံစားရမှာဖစ်ပါတယ်။





Address

No. 78, Mahar Thukhitar 5th(North) Street, East Gyogone
Yangon
11221

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Next Level Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share