Merseyside Football Club

Merseyside Football Club Liverpool Player Analysis & News

နိုင်ငံတကာ သတင်းပတ်အပြီး ဖောရက်စ်အသင်းကိုAnfield မှာ ယှဉ်ပြိုင်ကစားသွားမယ့် လူစာရင်းဖြစ်ပါတယ်။🛑
22/11/2025

နိုင်ငံတကာ သတင်းပတ်အပြီး ဖောရက်စ်အသင်းကိုAnfield မှာ ယှဉ်ပြိုင်ကစားသွားမယ့် လူစာရင်းဖြစ်ပါတယ်။🛑

အရှုံးပေးထားလို့ အကောင်းမှတ်😆 နိုင်ပွဲယူရတာက သိပ်လည်းမခက်ပါဘူး👀🛑
05/11/2025

အရှုံးပေးထားလို့ အကောင်းမှတ်😆

နိုင်ပွဲယူရတာက သိပ်လည်းမခက်ပါဘူး👀🛑

   လီဗာပူး ကွင်းလယ်လူ ဂရာဗင်ဘက်ခ်ျဟာ Manchester United နဲ့ပွဲစဉ်မှာ ခြေကျင်း၀တ် နာကျင်မှုခံစားခဲ့ရတာကြောင့် ဆေးစစ်မှုမျာ...
20/10/2025



လီဗာပူး ကွင်းလယ်လူ ဂရာဗင်ဘက်ခ်ျဟာ Manchester United နဲ့ပွဲစဉ်မှာ ခြေကျင်း၀တ် နာကျင်မှုခံစားခဲ့ရတာကြောင့် ဆေးစစ်မှုများခံယူရမှာ ဖြစ်ပါတယ်။

ပွဲပြီးရလဒ်Liverpool (1_2) Manchester United   ဒုတိယပိုင်းမှာ  အသင်းဟာ ကစားပုံတိုးတက်လာပြီး ခြေပဂိုးပြန်ရခဲ့ပေမယ့် ခံစစ်...
19/10/2025

ပွဲပြီးရလဒ်

Liverpool (1_2) Manchester United

ဒုတိယပိုင်းမှာ အသင်းဟာ ကစားပုံတိုးတက်လာပြီး ခြေပဂိုးပြန်ရခဲ့ပေမယ့် ခံစစ်ပိုင်းအလှူကြီးပေးမှုတွေကြောင့် အင်္ဂလန်ဒါဘီပွဲမှာ ထိုက်တန်တဲ့ အရှုံးရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ပါပြီ။ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် (၃)ပွဲဆက်ရှုံးနိမ့် မှတ်တမ်းပိုင်ဆိုင်ခဲ့ရကာ နည်းပြအနေနဲ့ ကစားကွက်ပိုင်းနဲ့ ဂတ်ပိုကိုဘာလို့ဆက်သုံးနေလဲ? ဆာလာနေရာ ဖရင်ပေါင်ကို ဘာလို့မသုံးလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ တိုက်စစ်မှူး ချီယေဆာကိုလည်း ဒီထက်ပိုပြီး နေရာပေးဖို့ သတ္တိရှိသင့်ပါပြီ။

ပထမပိုင်းရလဒ် Liverpool (0_1) Manchester United  နိုင်ငံတကာသတင်းပတ်အတွင်း ကစားသမားတွေဟာ ကိုယ့်နိုင်ငံအသီးသီးတွက် ခြေစွမ်...
19/10/2025

ပထမပိုင်းရလဒ်

Liverpool (0_1) Manchester United

နိုင်ငံတကာသတင်းပတ်အတွင်း ကစားသမားတွေဟာ ကိုယ့်နိုင်ငံအသီးသီးတွက် ခြေစွမ်းတွေပြနေပြီး အစုအဖွဲ့ကောင်းကောင်း နည်းစနစ်မှန်မှန်နဲ့ ပြန်လာနိုင်မယ် ခန့်မှန်းထားပေမယ့် ဘောလုံးပိုင်ဆိုင်မှုသာတာကလွဲရင် ခံစစ်ပိုင်းနဲ့ တိုက်စစ်ဆင်မှုက အရင်ပုံစံကိုရိုးရာမပြတ် ထိန်းထားဆဲပါပဲ။ ဒီကစားကွက် ဒီခြေနဲ့ကတော့ ဖလားမပြောနဲ့၊ ရာသီကုန်အဆင့်(၄)တောင် ၀င်ဖို့မလွယ်။

🛑Anfield မှာ မန်ယူနဲ့ ယှဉ်ပြိုင်ကစားမယ့် အသင်းရဲ့ပွဲထွက်လူစာရင်းဖြစ်ပါတယ်။ တိုက်စစ်မှူး အိဆက်ပါ၀င်လာပါတယ်။ နည်းပြအာနယ်စလ...
19/10/2025

🛑Anfield မှာ မန်ယူနဲ့ ယှဉ်ပြိုင်ကစားမယ့် အသင်းရဲ့ပွဲထွက်လူစာရင်းဖြစ်ပါတယ်။

တိုက်စစ်မှူး အိဆက်ပါ၀င်လာပါတယ်။ နည်းပြအာနယ်စလော့က ကြံ့ခိုင်မှုပြည့်၀ကြောင်း ပြောဆိုထားတာကြောင့် ယနေ့ပွဲစဉ်မှာ ပွဲချိန်ဘယ်လောက်ထိ ပေးကစားသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကွင်းလယ်မှာ ဗီယက်ဇ်ကို အရန်ခုံပို့ထားပြီး ဆိုဘို၊ မာကာ၊ ဂရာဗီအတွဲကိုပြန်လည် အသုံးပြုထားပါတယ်။

ညာနောက်ခံလူအဖြစ် ဘရက်ဒလေကို ပွဲထုတ်ပါတယ်။

"ကြီးမားတဲ့ ရာသီကောင်းတစ်ခု ပိုင်ဆိုင်ချင်ပါတယ်၊ ဂျာမနီမှာ ကျွန်‌တော်လုပ်ခဲ့သလိုမျိုး ဆက်ပြီးလုပ်ဆောင်ပါမယ်။ စဉ်ဆက်မပျက်...
19/10/2025

"ကြီးမားတဲ့ ရာသီကောင်းတစ်ခု ပိုင်ဆိုင်ချင်ပါတယ်၊ ဂျာမနီမှာ ကျွန်‌တော်လုပ်ခဲ့သလိုမျိုး ဆက်ပြီးလုပ်ဆောင်ပါမယ်။ စဉ်ဆက်မပျက် ကြိုးစားနေကြောင်း ပြသနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ချင်ပါတယ်။

ဒီအသင်းနဲ့အတူ နိုင်ပွဲတွေ ဆက်ယူချင်ပါတယ်။ ပြင်သစ်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် အတွေ့အကြုံအသစ်တွေများစွာရရှိခဲ့ပြီး စိန်ခေါ်မှုတွေဆက်တိုက်ကြုံနေရပေမယ့် ကျွန်တော့်အတွက်တော့ အေးဆေးပါပဲ။

ကစားသမားတစ်ယောက်‌အနေနဲ့ ရည်မှန်းချက်တွေ အများကြီးရှိပြီး အဲ့တာတွေဖြစ်မြောက်မို့ အသင်းနဲ့အတူ ကြိုးစားရမယ်ဆိုတာ နားလည်ထားပါတယ်"

Hugo Ekitike (လီဗာပူး တိုက်စစ်မှူးသစ်)

နိုင်ငံတကာသတင်းပတ်အပြီး  AXA မှာ လေ့ကျင့်ရေးပြန်ဆင်းနေကြတဲ့ လီဗာပူးအသင်းသားများ📷
17/10/2025

နိုင်ငံတကာသတင်းပတ်အပြီး AXA မှာ လေ့ကျင့်ရေးပြန်ဆင်းနေကြတဲ့ လီဗာပူးအသင်းသားများ📷

အီဂျစ်လက်ရွေးစင်အသင်းဟာ မိုဆာလာရဲ့သွင်းဂိုး(၂)ဂိုးနှင့်အတူ  Djibouti အသင်းကို အနိုင်ရရှိခဲ့ပြီး (၂၀၂၆)ကမ္ဘာ့ဖလားကို ယှဉ်...
09/10/2025

အီဂျစ်လက်ရွေးစင်အသင်းဟာ မိုဆာလာရဲ့သွင်းဂိုး(၂)ဂိုးနှင့်အတူ Djibouti အသင်းကို အနိုင်ရရှိခဲ့ပြီး (၂၀၂၆)ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

❕မက်ဂူဟီအပြောင်းအရွှေ့❕ ဒီနွေးဈေးကွက်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့တဲ့ ပဲလေ့စ်အသင်းရဲ့ အသင်းခေါင်...
07/10/2025

❕မက်ဂူဟီအပြောင်းအရွှေ့❕

ဒီနွေးဈေးကွက်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်ခဲ့တဲ့ ပဲလေ့စ်အသင်းရဲ့ အသင်းခေါင်ဆောင်ဖြစ်သူ ဗဟိုနောက်ခံလူ Marc Guehi ကို ထိပ်တန်းအသင်းကြီးအချို့က စိတ်ဝင်စားလာပါတယ်။

ဂျာမာန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်ခံစစ်မှူးကို ခေါ်ယူရန် အတော်လေး စိတ်၀င်စားနေပါတယ်။ မြူးနစ်အသင်းကလည်း လီဗာပူးနည်းတူ ကစားသမားကို (၂၀၂၆)နွေမှာ အလွတ်ဖြင့် ခေါ်ယူချင်နေတာပါ။

လာလီဂါအသင်း‌ကြီးဖြစ်တဲ့ ဘာစီလိုနာက ကစားသမားကိုချဉ်းကပ်နေပြီး ရီးရဲမက်ဒရစ်ကလည်း နောက်ခံလူအား ခေါ်ယူရေး ယှဉ်ပြိုင်မှုထဲ ပါ၀င်သွားဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းအနေနဲ့ ကိုနာတေးကို သက်တမ်းမတိုးနိုင်သေးတဲ့အပြင် ‌နွေမှာခေါ်ယူခဲ့တဲ့ လူငယ်ခံစစ်မှူးလေး Leoni ကလည်း ACL injury ကြောင့် (၁)နှစ်နီးပါး အနားယူရမှာပါ။
လီဗာပူးအနေနဲ့ ဇန်နဝါရီဈေးကွက်မှာ အနည်းဆုံး ဗဟိုခံစစ်မှူး(၁)ဦးခေါ်ယူဖို့ လိုအပ်နေတာကတော့ သေချာနေပါပြီ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Merseyside Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category