Dreaming Child

Dreaming Child Dreaming Child is here to hold space with presence, courage, and love — honoring the dreams that guide us toward new possibilities.

🔥 Sitting in the Fire:A Process-Oriented Psychology Approach to Dealing with Conflict, Facilitation, and Trauma🔥 မီးပုံအ...
25/08/2026

🔥 Sitting in the Fire:
A Process-Oriented Psychology Approach to Dealing with Conflict, Facilitation, and Trauma

🔥 မီးပုံအလယ်မှာ ထိုင်ခြင်း

Process Work ချဉ်းကပ်မှုနဲ့
ပဋိပက္ခများ၊ စေ့စပ်ညှိနှိုင်းမှုများနှင့်
စိတ်ဒဏ်ရာများကို ရင်ဆိုင်ဖြေရှင်းခြင်း လေးပတ်တာ သင်တန်းရဲ့ session နှစ်ခုတော့ အဆင်ပြေပြေပြီးဆုံးခဲ့ပါပြီ။

တက်တက်ကြွကြွပါဝင်ပေးကြသူတွေကြောင့်သာ မြိုင်မြိုင်ဆိုင်ဆိုင်သင်ယူမှုဖြစ်ခဲ့တာမို့ ပါဝင်သူအားလုံးကိုကျေးဇူးတင်ပါတယ်။





ဒိုင်ယာလော့၏ အခက်အခဲများကျနော့်ကို Bohm’s Dialogue နဲ့ မိတ်ဆက်ပေးသူက ထိုင်းနိုင်ငံက ဆရာNathaပါ။၂၀၁၉-၂၀၂၀ ၀န်းကျင်  intra...
05/08/2026

ဒိုင်ယာလော့၏ အခက်အခဲများ

ကျနော့်ကို Bohm’s Dialogue နဲ့ မိတ်ဆက်ပေးသူက ထိုင်းနိုင်ငံက ဆရာNathaပါ။
၂၀၁၉-၂၀၂၀ ၀န်းကျင် intra-faith dialogue တွေကို ဆရာနဲ့ အတူ co-facilitate လုပ်နေတဲ့ကာလ၊
ဒီ့မတိုင်ခင်က j krishnamurti နဲ့ စကားဝိုင်းတွေမှာ Bohm ကိုတွေ့ဖူးပေမယ့် သူ့ရဲ့ ဒိုင်ယာလေ့ာကို မသိခဲ့ဘူး။

Bohm’s Dialogue ဟာ ကျနော့်မှာ
အရင်ရှိပြီးသား ဒိုင်ယာလော့အယူအဆဟောင်းတွေကို ပြောင်းလဲသွားစေတယ်။ ဒါကြောင့်ကိုယ်တွေ့ ကိုယ်ကြုံဒိုင်ယာလော့မှာ ရုန်းကန်ရင်နားလည်လာတဲ့ ပွိုင့်တချို့နဲ့ အခက်အခဲတွေကိုပြောပြချင်ပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် ကျနော့်မှာ
သံသယရှိတယ်။ Bohm’s Dialogue အယူအဆကို စတင် ဖော်ထုတ်စဉ်က ပါဝင်သူအများစုဟာ ပညာတတ်၊ တက္ကသိုလ် ဆရာ/ဆရာမ၊ သီအိုရီသမားတွေနဲ့ ဒဿနပညာရှင်တွေ များပါတယ်။ သူတို့ဆီမှာ သာမန်အားဖြင့် စကားပြောဆို ဆွေးနွေးနိုင်တဲ့ အရည်အသွေးနဲ့ Self-control (စိတ်ကို ထိန်းချုပ်
နိုင်စွမ်း) တစ်ခုရှိနေကြတာရယ်၊ Dialogue လုပ်ဖို့ အကြောင်းပြချက်ခိုင်ခိုင်မာမာရှိတာရယ်ကြောင့် သူတို့လိုလူတွေကြားမှာ Dialogue ဟာ
အလုပ်ဖြစ်နိုင်ပေ့မယ် ပြင်းထန်တဲ့ပဋိပက္ခတွေကိုရင်ဆိုင်နေရတဲ့ လူအဖွဲ့အစည်း
တွေကြား အလုပ်ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယပါ။

Dialogue ကိုဘာသာရေး၊နိုင်ငံရေး၊ တတ်ကြွလှုပ်ရှားသူ၊စီးပွါးရေးအစုအဖွဲ့မျိုးစုံကိုနဲ့ အလုပ်လုပ်ခွင့်ရလာတဲ့ အတွေ့အကြုံတွေအရ
လူ့အဖွဲ့အစည်းကို တလုံးတစည်းတည်း 'Wholeness' ဖြစ်ဖို့ကြိုးစားရာမှာ အများဆုံးကြုံရတဲ့ စိန်ခေါ်မှုတွေကို သတိထားမိလာတယ်။

အထူးသဖြင့် ဖိနှိပ်ခံထားရသူ၊ ဒဏ်ရာရထားသူ (Traumatized) နဲ့ အာဏာမဲ့နေသူတွေကို 'မင်းတို့ရဲ့ ဒေါသနဲ့ ခံစားချက်ကို ဆိုင်းငံ့ထားပါ' လို့ သွားတောင်းဆိုတာဟာ အာဏာရှိသူတွေရဲ့ မတရားမှုကို အသံတိတ်အောင် ဖုံးကွယ်ပေးလိုက်သလို ဖြစ်သွားတတ်တယ်။

Bohm ပြောချင်တဲ့ Suspension (ဆိုင်းငံ့ခြင်း) ဆိုတာ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းတဲ့ Suppression မဟုတ်ဘူး။ သို့သော် ဒီနှစ်ခုက သွားသွားရောနေတယ်။

Suspension ရဲ့ စစ်မှန်တဲ့ သဘောက ခံစားချက် သို့မဟုတ် အတွေး ပေါ်လာတဲ့အခါ ဒါကို ချက်ချင်း တုံ့ပြန်မူမလုပ်လိုက်ဘဲ (Not acting out immediately)၊ ဓာတ်ခွဲခန်းထဲမှာ မှန်ဘီလူးနဲ့ ကြည့်သလို ကိုယ်တိုင် ပြန်လည်ကြည့်ရှုခြင်း မျိုးကို ပြောတာပါ။

ဒေါသထွက်လာရင် 'ငါ ဒေါသ မထွက်ရဘူး' လို့ ဖိနှိပ်တာမဟုတ်ဘဲ 'ငါ့ ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ဒေါသစွမ်းအင် ဘယ်လို စိမ့်ထွက်လာသလဲ' ဆိုတာကို သတိပြုမိဖို့ဖြစ်ပါတယ်။ သို့ပေတဲ့ စစ်ပွဲဇုံတွေ၊ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေအလယ်မှာ ဒီလိုလုပ်ဖို့ဆိုတာ လူသားတွေအတွက် သာမန်အားဖြင့် မဖြစ်နိုင်သလောက် ခက်ခဲလွန်းတယ်ဆိုတာကိုတော့ ကျနော်လက်ခံပါတယ်။

Obstacles in Dialogue 🔥

Bohm က သူရဲ့ On Dialogue စာအုပ်မှာ
Dialogue ပြုလုပ်ရာမှာ ကြုံတွေ့ရမယ့် အဓိက အတားအဆီးတွေနဲ့ စိန်ခေါ်မှုတွေကို
ပိုပြီး အလေးအနက်ရေးထားပါတယ်။
ဒိုင်ယာလော့ကိုစိတ်ဝင်စားသူများ ရှာဖတ်ကြဖို့တိုက်တွန်းချင်တယ်။ သတိထားဖို့ကောင်းတာတွေချုံရေးပါ့မယ်။

ပုံသေယူဆချက်များနဲ့ ကာကွယ်လိုစိတ်
(Assumptions and Defendiveness)

လူတိုင်းမှာ ကိုယ်စီ အလွန်ခိုင်မာတဲ့ အယူအဆ (Nationalism, Religion, Identity, Ideology) တွေ ရှိကြတယ်။ ဒီယူဆချက်တွေကို တစ်စုံတစ်ယောက်က စိန်ခေါ်လာတဲ့အခါ စိတ်ထဲက 'ငါ့ဖြစ်တည်မှုကို တိုက်ခိုက်နေပြီ' လို့ခံစားရပြီးအလိုအလျောက် ကာကွယ်တဲ့စနစ် (Defense Mechanism) ပေါ်လာပြီးရန်လိုတုန့်ပြန်တတ်ကြတယ်။

အုပ်စုအရွယ်အစားနဲ့ဦးဆောင်သူ ပြဿနာ
(The Problem of Size and Facilitation)

Bohm’s Dialogue ပုံစံမှာ လူအရေအတွက်ကစကားပြောတယ်။
Dialogue တစ်ခုမှာ လူ ၄၀ မှ ၅၀ ထက် ပိုများသွားရင်အများအားဖြင့် အဓိပ္ပါယ်တွေဖလှယ်ဖို့အထိစကားပြောခြင်းလုပ်ဖို့ ခက်သွားတယ်။ ဒါ့ပြင် ဦးဆောင်သူ (Facilitator) အပေါ် အရမ်းမှီခိုမိရင် အစုအဖွဲ့ရဲ စစ်မှန်တဲ့ ‘Group Mind' ပေါ်မလာတော့ဘဲ Facilitator ရဲ့ အလိုနောက် ပါသွားတတ်တယ်။

စိတ်ပျက်လက်ပျက်ဖြစ်မှု
(Frustration)

Dialogue စတင်ခါစမှာ ဘာ Agenda မှ မရှိ၊ ရလဒ်လည်း ချက်ချင်းမထွက်တဲ့အတွက် ပါဝင်
သူတွေ စိတ်ပျက်တာ (Frustration)ကိုကြုံရတယ်။ ဒါကြောင့် ဒိုင်ယာလုပ်ဖို့ “အကြောင်း” လူတွေကြားမှာ အားကောင်းဖို့လိုတယ်။ မဟုတ်ရင်
အပြန်အလှန် ငြင်းခုံ စွပ်စွဲမှုတွေပေါ်လာပြီး အုပ်စု ပြိုကွဲသွားနိုင်တယ်။
Bohm က Frustration အဆင့်ကို ကျော်လွန်အောင် သည်းခံနိုင်မှပဲ ပိုမိုနက်ရှိုင်းတဲ့ အခြေအနေဆီရောက်မယ်လို့ဆိုတယ်။

အတွေးရဲ့ လှုပ်ရှားမှုကို ခံစားသိနိူင်စွမ်း
(Proprioception of Thought)

ဒီတစ်ခုက သိပ်ခက်တယ်။ အတွေးရဲ့ သဘာဝကိုမြင်အောင်လုပ်ရတာသိပ်ခက်တာပေါ့။
အတွေးဆိုတာ အပြင်ဘက် Reality ကို ရောင်ပြန်ဟပ်နေတာ မဟုတ်ဘဲ အတွေးကိုယ်တိုင်က ပြဿနာကို ဖန်တီးနေခြင်းဖြစ်တယ်ဆိုတာ လူအများမသိကြဘူး။

ဒီကနေ့ အခြေအနေမှာ Dialogue လုပ်ဖို့ အကြီးမားဆုံး အတားအဆီးကဘာတွေဖြစ်မလဲလို့စဉ်းစာကြည့်တယ်။

David Bohm ရဲ့ သီအိုရီနဲ့ ကမ္ဘာမှာဖြစ်နေတာကို ဆက်စပ်ကြည့်ရင်
ကမ္ဘာသူ/သားများ အချင်းချင်း Dialogue မလုပ်
နိုင်အောင် တားဆီးနေတဲ့ အဓိက အတားအဆီး (၃)ခုလောက်ရှိနိုင်တယ်။

၁ ။ဆိုရှယ်မီဒီယာနှင့် စိတ်ပိုင်းဆိုင်ရာ
အပိုင်းအစဖြစ်မှုများ
Echo Chambers & Algorithm-driven Fragmentation

Bohm တို့ သက်ရှိထင်ရှားရှိစဉ်က စိတ်ပိုင်းဆိုင်ရာ အရအပိုင်းလိုက် အကန့်လိုက် ပျက်တောက်မှု (Fragmentation) လို့ ပြောခဲ့တာဟာ ဒီနေ့ခေတ်မှာ Algorithm (အဂိုရီသမ်) တွေနဲ့ ပိုရှုပ်လာပြီ။

ဆိုရှယ်မီဒီယာတွေဟာ လူတွေကို ကိုယ်နဲ့ အယူအဆတူသူတွေကြားထဲမှာပဲ ပိတ်လှောင်ထားပြီး (Echo Chambers)၊ တူညီတဲ့ အတွေးတွေကိုပဲ အကြိမ်ကြိမ် အားဖြည့်ပေးနေတယ်။ ဒါကြောင့် မတူညီတဲ့ အသံကို ကြားနိုင်စွမ်း သို့မဟုတ် စူးစမ်းလိုစိတ် (Inquiry) လုံးဝ မရှိတော့ဘဲ 'အပြတ်ရှင်းရေး' စိတ်ဓာတ်တွေသာ ကြီးထွားလာနေတယ်။

၂။စစ်ပွဲနဲ့ စိတ်ဒဏ်ရာ
(War &Trauma)

Bohm’s Dialogue ရဲ့ အဓိကပန်းတိုင်က
common meaning ရှာဖို့ပဲ။
ဒါပေတဲ့ စစ်ပွဲ၊ မညီမျှမှုနဲ့အကြမ်းဖက်မှုတွေကြောင့် လူထုအတွင်း Collective Trauma (စုပေါင်းစိတ်ဒဏ်ရာ) အလွန်ကြီးမားနေတဲ့အချိန်။
စိတ်ဒဏ်ရာရထားတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ
'ဘုံအဓိပ္ပာယ်' ရှာဖွေရေးထက် 'လုံခြုံရေးနဲ့ကာကွယ်ရေး' ကိုပဲ အဓိကထားတာဖြစ်တဲ့အတွက် Dialogue လုပ်ဖို့ရန် အလွန်ခက်ခဲပါတယ်။

၃။ တခုတည်းသောအမှန်ရဲ့ ပြဿနာ
(Absolutism)

"ငါတို့" နဲ့ "သူတို့" ဆိုတဲ့ အုပ်စုဖွဲ့ခြားနားမှု အလွန်အားကောင်းလာပြီးရင်၊ မိမိ၏ အယူအဆကို Absolute Truth (မပြောင်းလဲနိုင်သော အမှန်တရား) အဖြစ် သတ်မှတ်လိုက်ကြခြင်းကရှိတယ်။ ထိလို့မရတဲ့
သဘောထားတွေ၊ ပြန်လည်စစ်ဆေးဖိို့မလိုအပ်တဲ့
အမှန်တရားတွေအပြည့်နဲ့ တည်ဆောက်ထားတဲ့
ဘယ်လိုကောင်းမွန်တဲ့ ရည်ရွယ်ချက်မှ
သူ့လိုရင်းပန်းတိုင်မရောက်ပါဘူး။

အယူအဆတစ်ခုကို မပြောင်းလဲနိုင်တဲ့ အမှန်တရား(Absolute Truth) လို့ သတ်မှတ်လိုက်တဲ့ တစ်စက္ကန့်မှာပဲ Dialogue ဆိုတာ သေဆုံးသွားခဲ့ပါပြီ။

သစ္စာ(Facilitator)

~ဒီမှတ်စုကို
Dialogue ခရီးကို သူတို့ဘဝနဲ့ လူ့အဖွဲ့အစည်းအတွက် ကြိုးစားသယ်ဆောင်နေတဲ့ ကျနော့်မိတ်ဆွေ မျိုးနဲ့စိုင်းနီတို့အတွက်ရည်ရွယ်ပါတယ်။

Dreaming Child ကနေ ကပ်ဘေးမျိုးစုံကို ရုန်းကန်ကျော်လွှားရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းအတွက် Dialogue တွေ ကျယ်ပြန့်စေဖို့ အလေး...
03/08/2026

Dreaming Child ကနေ ကပ်ဘေးမျိုးစုံကို ရုန်းကန်ကျော်လွှားရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းအတွက် Dialogue တွေ ကျယ်ပြန့်စေဖို့ အလေးအနက်အားထုတ်ပါတယ်။

Dialogue လုပ်ကြပါလို့ပြောနေကြတယ်။
Dialogue ကို ဆန့်ကျင်/ ထောက်ခံဆိုတာမျိုးမလုပ်ခင်
Dialogue ဆိုတာ ဘာလဲဆိုတာကိုရော
စူးစမ်းမကြည့်သင့်ဘူးလား။

Dialogue အကြောင်းပြောရင်
David Bohm (1917-1992) ကိုတော့ အနည်းအငယ်မိတ်ဆက်သင့်တယ်လို့ ယူဆပါတယ်။
ဘာကြောင့်များ တခြားဒိုင်ယာလော့နည်းမဟုတ်ဘဲ ဒေးဗစ်ဘုမ်းရဲ့ ဒိုင်ယာလော့လဲဆိုတာကို မှန်းဆကြည့်နိုင်ဖို့အတွက်ပါ။

သူကသီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်ပြီး အရှုပ်အထွေးအစီအစဥ်ဆိုင်ရာ သီအိုရီကြောင့် ထင်ရှားခဲ့သူဖြစ်တယ်။

ကျနော်တို့ကြုံနေရတဲ့ အကျပ်အတည်းများစွာရဲ့အကြောင်းရင်းများထဲမှ တစ်ခုက အကွဲကွဲအပြားပြား (fragmentation) ဖြစ်ခြင်းကြောင့်ပဲလို့ဆိုတယ်။
အဲဒီတွေ့ရှိချက်ကိုအခြေခံပြီး တွေ့ဆုံဆွေးနွေးနှီးနှောရေး (Dialogue)အတွေးအခေါ်ကို တင်ပြခဲ့သူဖြစ်တယ်။

ကျနော်တို့ ဟာ တစ်ကိုယ်စာဖြစ်စေ၊ကိုယ်တိုင်နဲ့
ကိုယ့်အဖွဲ့အစည်း အတွင်း/အပြင် မှာအစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ လူ့အဖွဲ့အစည်း။

တပြိင်တည်းမှာ ကမ္ဘာတစ်ခုလုံးအနေနဲ့
ဒေသတွင်းမှာပဲဖြစ်ဖြစ် ကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာအခြေအနေများကို မျှဝေခံစားဖို့လိုနေတဲ့အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်။

လက်ရှိအနေအထားမှာ ရှိနေတဲ့ တွေးခေါ်ပုံ လုပ်ပုံကိုင်ပုံတွေနဲ့တော့ အလုပ်မဖြစ်တော့တာကြောင့် မတူခြားနားတဲ့နည်းနဲ့ လုပ်ကြဖို့တော့လိုလာပြီ။

Bohm ရဲ့ ခေတ်ပြိုင် အိုင်းစတိုင်းက” ပြဿနာတွေကို ဖန်တီးခဲ့တဲ့ တူညီတဲ့ တွေးခေါ်မှုနဲ့ တော့ ငါတို့ကြုံနေတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး” တဲ့။ ဒါကြောင့် Bohmက ကျနော်တို့ အလွန်အမင်း အရေးတကြီးလိုအပ်တဲ့အရာက “အတူတကွတွေးနိုင်အောင်”လုပ်ကြဖို့ပဲတဲ့။

ဒါပေတဲ့ အခုထိ အဓိပ္ပါယ်ရှိတဲ့ နည်းလမ်းနဲ့ အတူတကွတွေ့ဆုံဖို့ အချိန်နှင့်နေရာကို မဖန်တီးနိုင်ကြတာကြောင့် ဒါမှမဟုတ် တွေးခေါ်မှုအသစ်
ဝင်လာအောင် ဖြစ်ပေါ်လာအောင် ခွင့်ပြုနိုင်တဲ့
အခြေအနေတွေကို မဖန်တီးနိုင်တာကြောင့် အတူတကွ တွေးတဲ့ အတွေးသစ်ကိုရဖို့
ရုန်းကန်နေရဆဲ။

Bohm အတွက်၊ “အဓိပ္ပါယ်ပြောင်းလဲမှုဆိုတာ ဖြစ်
တည်မှုပြောင်းလဲခြင်းပဲ”တဲ့။

တစ်စုံတစ်ခုကို အဓိပ္ပာယ်ရှိစေတာကရောဘာလဲ။
အဖွဲ့အစည်း၊ ယဉ်ကျေးမှုတွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား “အဓိပ္ပါယ်ရှိမှု”ဆိုတာကရော
ဘယ်လိုများချိတိဆက်ပေးသလဲ။

အတူတကွဆွေးနွေးနှီးနှောပွဲမှာ ပါဝင်ခြင်းဖြင့်
ကျနော်တို့ကြား ဘယ်လောက်တောင်အပြန်အလှန်
ဆက်နွှယ်မှုရှိနေသလဲ ဆိုတာရယ်၊ အသိပညာနဲ့ အတွေ့အကြုံတွေရဲ့ အပြန်အလှန်မှီခိုမှုကိုပါသတိပြုမိစေနိုင်တယ်။ဒါကပဲ ဒီကနေ့အချိန်မှာလိုအပ်နေတဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုအတွက် ကျတော်တို့ကြားလိုအပ်နေတဲ့ အဓိပ္ပါယ်နဲ့ တွေးခေါ်မှုအသစ်ကို အတူတကွဖန်တီးနိုင်မှာဖြစ်တယ်။

အတူတကွ ဒိုင်ယာလော့လုပ်မှုရဲ့ တန်ဖိုးကို အမှန်တကယ်နားလည်ဖို့ အတွက်ဆို ကျွန်တော်တို့ ဆက်သွယ်ပြောဆိုလေ့ရှိတဲ့ အခြားနည်းလမ်းတွေနဲ့ Bohm ဆွေးနွေးမှုအလေ့အကျင့်က ဘယ်လိုကွာခြားလဲ လေ့လာကြည့်ဖို့ အရေးကြီးတယ်။

ကိစ္စရပ်အကြောင်းအရာပေါ်မူတည်ပြီးဒီလိုမျိုးမေးနိုင်တယ်။ ဆက်သွယ်ရေးပြုလုပ်ခြင်းရဲ့ ရည်ရွယ် ချက်က ဘာလဲ၊ ဒါကို ရည်ရွယ်ချက်ရှိရှိ ဘယ်လိုလုပ်ဆောင်နိုင်လဲ။ အောက်မှာကွဲပြားတဲ့ ဆက်သွယ်မှုပုံစံတွေကို ကြည့်ရအောင်

Monologue - TED Talk တွေမှာပြောကြသလိုပေါ့၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးက သူ ပေးချင်တဲ့ သတင်းစကားကို ပြောချင်တဲ့အခါမျိုးမှာ ဒီပုံစံကိုအသုံးများတယ်။ အများအားဖြင့်တော့ ထက်အောက်ဖွဲ့စည်းပုံတွေကြားမှာ အသုံးလေ့ရှိတဲ့ ဆက်သွယ်ရေးပုံစံ၊ ဒါက စကားပြောဆိုသူအပေါ် မူတည်ပြီး လှုံ့ဆော်မှု၊ ငြီးငွေ့ဖွယ်ရာ ဒါမှမဟုတ် အာဏာရှင်ဆန်တာမျိုးဖြစ်နိုင်တယ်။

Debate - အရင်ကတော့ နှစ်ဖက်လုံးကို လေးစားမှုရှိစေသည့် စည်းမျဉ်းနဲ့ ပရိုတိုကောတွေရှိခဲ့ဖူးတဲ့ဆက်သွယ်ရေးပုံစံတစ်ခုဖြစ်ပေမယ့် အခုကာလမှာတော့ အများအားဖြင့် အစွန်းနှစ်ဖက်ကွဲခြင်းကို တိုးလာစေတယ်။ ပြီးတော့ အခြားအရာတွေထက် ကိုယ် ‘မှန်' ကြောင်းသက်သေပြဖို့ လိုအပ်ချက်ကိုအားဖြည့်ပေးတယ်။

Discussion - ဆွေးနွေးမှုကတော့ တစ်ခါတစ်ရံ ကျွန်တော်တို့ကြား သက်ဝင်လှုပ်ရှားနိုင်တယ်။ သို့သော် ယဉ်ကျေးဖွယ်ဖြစ်ခြင်းကို ရှေ့တန်းတင်လွန်းရင် ဒါမျိုးက လက်ရှိအခြေအနေရဲ့ နယ်နိမိတ်အတွင်း ပိတ်မိသွားလေ့ရှိတယ်။ အခြေအနေကြီးကိုကျော်ပြီး မစဉ်းစားနိုင်ကြတော့ဘူး။ ဒါက အရေးကြီးတဲ့အရာတွေကို ပြောမပြဘဲ ချန်ထားခဲ့တယ်ဆိုတဲ့ ခံစားချက်မျိုးလည်းပေးတတ်တယ်။ ဒေးဗစ်ဘုမ်းကတော့ discussion ဆိုတာ ပင်ပေါင်ပုတ်သလိုပဲတဲ့ တစ်ယောက်နဲ့တစ်ယောက် ဟိုဘက် ပုတ်လိုက် ဒီဘက်ပုတ်လိုက်နဲ့ အနိုင်ရဖို့ကြိုးစားတတ်ကြတယ်လို့ဆိုတယ်။

Dialogue -နက်ရှိုင်းစွာ အတူတကွ နားထောင်ပြီး လူတွေကို သူတို့အတွက် အရေးကြီးတဲ့အရာတွေနဲ့ ချိတ်ဆက်နိုင်စေမယ့် အတူစဉ်းစားတွေးခေါ်မှု လုပ်ဖို့လွယ်ကူချောမွေ့စေတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ပြောရမယ်။

ဒါက အားလုံးအတွက် အဓိပ္ပာယ်ဖန်တီးပေးတဲ့နည်းလမ်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ တူညီမှုတွေနဲ့ ကွဲပြားမှုများကို တွေးတောဆင်ခြင်ရန် အချိန်နှင့်နေရာကို ပေးတယ်။

ဒိုင်ယာလော့က လူတွေကြား ထင်မြင်ယူဆချက်နဲ့ ဘက်လိုက်မှုတွေကို သိမြင်လာအောင်ဖော်ထုတ်နိုင်စေပြီး အခြားသူတွေရဲ့ ရှုထောင့်အသစ်များနှင့် အတွေ့အကြုံများကို နက်နက်နဲနဲ နားထောင်ခြင်းကြောင့် ဒိုင်ယာလော့မှာပါဝင်တဲ့သူတွေရဲ့ ခံစားမှုနဲ့ တွေးခေါ်ပုံကို ပြောင်းလဲစေတယ်။ ပြဿနာတွေကို အဖြေထုတ်ဖို့ထက် ပြဿနာတွေကို မတူကွဲပြားစွာ အတူတွေးတောဆင်ခြင်နိုင်ဖို့အတွက် “ဂွင်”ကို ဒိုင်ယာလော့အားဖြင့် ဖန်တီးပေးနိုင်တယ်။

အခုလို ဆက်သွယ်မှုပုံစံတွေကိုခွဲခြားသိမြင်ခြင်းက ဒိုင်ယာလော့လုပ်တာ ဘာအတွက်လဲဆိုတာကိုပါ နားလည်သဘောပေါက်ဖို့အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

✨ ✨ ✨

📌ကိုယ့်ဘဝ ကိုယ့်အလုပ်တွေအတွက် ဒိုင်ယာလော့လိုအပ်တယ်လို့ခံစားရရင်

📌 မိမိရဲ့အဖွဲ့အစည်း၊ အဝန်းအဝိုင်းနဲ့ ဆက်ဆံရေးတွေ မှာလိုအပ်နေတဲ့ အဓိပ္ပါယ်ကို အတူရှာဖွေချင်ရင်

📩 Page messenger (သို့) [email protected] ကိုဆက်သွယ်ပြီး Bohm ရဲ့ ဒိုင်ယာလော့ကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

Sitting In The Fireသင်တန်းကို ဦးဆောင်ပံ့ပိုးကူညီသူDr. Gary Reiss ရဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်တယ်။အောက်ဆုံးမှာ ဆရာ...
17/07/2026

Sitting In The Fire
သင်တန်းကို ဦးဆောင်ပံ့ပိုးကူညီသူ
Dr. Gary Reiss ရဲ့ စာအုပ်တစ်အုပ်နဲ့
မိတ်ဆက်ပေးချင်တယ်။
အောက်ဆုံးမှာ ဆရာရဲ့ အင်တာဗျူး YouTube link ကိုလည်းထည့်ပေးထားပါတယ်။

Healing History: Breaking the Cycle of Personal and Historical Trauma by Dr. Gary Reiss is a 2019 book that argues traditional psychology and conflict resolution often ignore the multi-generational impact of history, proposing that unprocessed historical trauma creates repetitive cycles of conflict. Reiss, a Process-Oriented Psychology expert, provides theory, stories, and exercises to help individuals and groups address these hidden historical patterns to achieve deeper healing and break cycles of inner conflict and war. The book suggests that healing history is crucial for future peace, as it addresses the "ghosts" of the past that manifest in present-day issues.

🔥

Intro to Process-Oriented Psychology w/ Dr. Gary Reiss

https://m.youtube.com/watch?v=tm9XrbjwN3Y&ra=m

မြန်မာမိတ်ဆွေများအတွက် ဆရာ Gary နဲ့အတူသင်တန်းကို ကူညီပံ့ပိုးပေးသူ (Facilitator) နှစ်ယောက်နဲ့ ထပ်မံမိတ်ဆက်ပေးပါရစေEmmanue...
16/07/2026

မြန်မာမိတ်ဆွေများအတွက် ဆရာ Gary နဲ့အတူ
သင်တန်းကို ကူညီပံ့ပိုးပေးသူ
(Facilitator) နှစ်ယောက်နဲ့ ထပ်မံမိတ်ဆက်ပေးပါရစေ

Emmanuel Karisa Baya

Emmanuel ဟာ ကင်ညာနိုင်ငံ၊ မဂါရီနီ (Magarini) ဒေသမှ ဖြစ်ပြီး လယ်သမား၊ နိုင်ငံရေးသမား
DDI ရဲ့ Process Work Diploma တစ်ဦးလည်းဖြစ်တယ်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး၊ လူမှုအသိုက်အဝန်း ပြောင်းလဲတိုးတက်စေရန် ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ဖြစ်တယ်။

Amanda Mansara

စစ်ဘေးသင့်ဒေသတွင်းက ထိခိုက်ခံစားရသူများအား ပြန်လည်ထူထောင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုလုပ်ငန်းတွေမှာ အထူးပြုလုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူဖြစ်သလို စိတ်ဒဏ်ရာ ကုစားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တယ်။
Amanda ဟာ ပါလက်စတိုင်းကဖြစ်ပြီး
စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားနေရသူတွေကို ပြန်လည်ကူညီပေးခြင်းနဲ့ ထိခိုက်ရှလွယ် လူအုပ်စုများအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမူရဖို့ အားထုတ်ဆောင်
လုပ်ဆောင်သူ ဖြစ်တယ်။

မနက်ဖြန် နောက်ဆုံး ထားပြီး သင်တန်းကို Registration လုပ်ဖို့ အခွင့်အရေးရှိပါသေးတယ်။

🔥 Sitting in the Fire:A Process-Oriented Psychology Approach to Dealing with Conflict, Facilitation, and Trauma🔥 မီးပုံအ...
13/07/2026

🔥 Sitting in the Fire:
A Process-Oriented Psychology Approach to Dealing with Conflict, Facilitation, and Trauma

🔥 မီးပုံအလယ်မှာ ထိုင်ခြင်း

Process Work ချဉ်းကပ်မှုနဲ့
ပဋိပက္ခများ၊ စေ့စပ်ညှိနှိုင်းမှုများနှင့်
စိတ်ဒဏ်ရာများကို ရင်ဆိုင်ဖြေရှင်းခြင်း

လက်ရှိ မြန်မာပြည်ဟာ အလွှာစုံ၊ ကဏ္ဍစုံက ပြင်းထန်တဲ့ ပဋိပက္ခမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတဲ့ အားထုတ်မှုတွေထဲမှာတောင် စနစ်ဆိုးကြီးရဲ့ သက်ရောက်မှုတွေကြောင့် အားလုံး စိတ်ဒဏ်ရာကိုယ်စီနဲ့ ရှေ့ဆက်နေကြရတာပါ။ ဒဏ်ရာတွေကို ပိုက်ပွေ့ပြီး ရုန်းကန်နေရတဲ့ ခရီးပါ။

ဒီလိုအခြေအနေမှာ... ရှုပ်ထွေးလှတဲ့ ပဋိပက္ခတွေကို ဘယ်လို Facilitate လုပ် ကြမလဲ။ ရရှိထားတဲ့ စိတ်ဒဏ်ရာတွေကို ရှေ့ဆက်ရမယ့် "ဉာဏ်ပညာ" အဖြစ် ဘယ်လို ပြောင်းလဲပစ်မလဲ။

ကမ္ဘာကျော် Facilitator ပဋိပက္ခအခြေအနေတွေနဲ့ အလုပ်လုပ်သူ ဒေါက်တာ ဂယ်ရီရိစ် (Dr. Gary Reiss) နဲ့အတူ ပထမဆုံးအကြိမ် ပြုလုပ်မယ့် Online သင်တန်းမှာ

🪷မီးပုံအလယ်မှာ ထိုင်ခြင်း
ပဋိပက္ခနဲ့ တင်းမာမှုတွေ အထွတ်အထိပ် ရောက်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ငြိမ်အောင် ထိန်းမလဲ၊ ဘယ်လို ဦးဆောင်ဖြေရှင်းမလဲ။

🪷စနစ်ကြောင့်ဖြစ်ရတဲ့ စိတ်ဒဏ်ရာ စနစ်ဆိုးကြီးရဲ့ ဖိနှိပ်မှုဒဏ်ကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကို နားလည်ပြီး လက်တွေ့ကုစားနိုင်မယ့်နည်းများ။

🪷ဒဏ်ရာမှသည် ဉာဏ်ပညာဆီသို့
ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ရေရှည်ခရီးအတွက် ခွန်အားနဲ့ ဉာဏ်ပညာအဖြစ် ဘယ်လို အသွင်ပြောင်းမလဲ။

Facilitator:

ဒေါက်တာ ဂယ်ရီရိစ် (Dr. Gary Reiss, Ph.D.)
နှစ်ပေါင်း (၄၀)ကျော် ကမ္ဘာ့ပဋိပက္ခနယ်မြေတွေမှာ ကွင်းဆင်းအလုပ်လုပ်ခဲ့တဲ့ ဝါရင့် Process Work Facilitator တစ်ဦးဖြစ်တယ်။ သူဟာ ၁၉၉၃ ခုနှစ်ကတည်းက အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ ကြီးစိုးနေတဲ့ အစ္စရေး-ပါလက်စတိုင်း နယ်မြေထဲအထိ သွားရောက်ပြီး၊ ရန်သူတွေကြား မျက်နှာချင်းဆိုင် စကားပြောနိုင်အောင် စေ့စပ်
ညှိနှိုင်းပေးခဲ့သူလည်းဖြစ်တယ်။

ဆရာဂယ်ရီဟာ The International Peace Group၊
Rivers Way Clinic၊the Process work Center Hawaii နဲ့ the Healing History Project တို့ရဲ့
ဒါရိုက်တာဖြစ်သလို Healing History အပါအဝင် process work အခြေပြုတဲ့
စာအုပ်ပေါင်း (၁၄) အုပ် ရေးသားထုတ်ဝေခဲ့ပြီး
ဖြစ်တယ်။ read more:
https://garyreiss.com

မြန်မာမိတ်ဆွေများအတွက် ဆရာ Gary နဲ့အတူ
သင်တန်းကို ကူညီပံ့ပိုးပေးသူ
(Facilitator) နှစ်ယောက်နဲ့လည်း မိတ်ဆက်ပေးပါရစေ

Emmanuel Karisa Baya

Emmanuel ဟာ ကင်ညာနိုင်ငံ၊ မဂါရီနီ (Magarini) ဒေသမှ ဖြစ်ပြီး လယ်သမား၊ နိုင်ငံရေးသမား
DDI ရဲ့ Process Work Diploma တစ်ဦးလည်းဖြစ်တယ်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး၊ လူမှုအသိုက်အဝန်း ပြောင်းလဲတိုးတက်စေရန် ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ဖြစ်တယ်။

Amanda Mansara

စစ်ဘေးသင့်ဒေသတွင်းက ထိခိုက်ခံစားရသူများအား ပြန်လည်ထူထောင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုလုပ်ငန်းတွေမှာ အထူးပြုလုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူဖြစ်သလို စိတ်ဒဏ်ရာ ကုစားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တယ်။
Amanda ဟာ ပါလက်စတိုင်းကဖြစ်ပြီး
စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားနေရသူတွေကို ပြန်လည်ကူညီပေးခြင်းနဲ့ ထိခိုက်ရှလွယ် လူအုပ်စုများအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမူရဖို့ အားထုတ်ဆောင်
လုပ်ဆောင်သူ ဖြစ်တယ်။

✍🏼
စာရင်းပေးသွင်းရန်- ပို့်စ် ရဲ့ comments မှာ (သို့) Messenger ကတဆင့်
Sitting in The Fire 🔥 လို့ ရေးလိုက်ပါ။

📌Registration Link ပို့ပေးပါမယ်။
ဇူလိုင် ၁၇ (သောကြာနေ့) နောက်ဆုံးထားပြီး
ဒီသင်တန်းကို တတ်ရောက်ဖို့ စရင်းပေးနိုင်ပါတယ်။

Don’t miss this rare opportunity to learn how to hold space for healing and transformation in times of crisis.

🗓 ရက်စွဲ - ဇူလိုင် (၂၀၊၂၉) ဩဂုတ်( ၁၂၊၁၉)
⏰ အချိန် - မနက် ၁၀:၃၀ -၁၂:၃၀
📌 သင်တန်းကြေး - ၁၀၀၀၀၀ ကျပ်

📍 နေရာ - Zoom Online

မှတ်ချက် ။ ။

သင်တန်းတွင် မြန်မာစကားပြန်ရှိမည်။

📢 HIRING: Dreaming Child မှာ အတူသင်ယူမယ့် Intern (၂) ယောက် ရှာဖွေနေပါတယ်။သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ နဲ့ လူမှုပြုပြ...
17/06/2026

📢 HIRING: Dreaming Child မှာ အတူသင်ယူမယ့် Intern (၂) ယောက် ရှာဖွေနေပါတယ်။

သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ နဲ့ လူမှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သတ်တာတွေကို စိတ်ဝင်စားသူများအတွက် Dreaming Child နဲ့အတူလက်တွဲပြီး လက်တွေ့သင်ယူခွင့်ရမယ့် **Intern (အလုပ်သင်) လူငယ် (၂) ယောက်** ကို ဖိတ်ခေါ်လိုက်ပါတယ်။

🔍 ခေါ်ယူမည့် ရာထူးများ (Intern Positions)

1) Social Media Content & Design Intern (၁ ဦး)

Page အတွက် ကြော်ငြာစာ/Content ရေးသားခြင်း၊ Canva ဖြင့် Graphic Design/ပုံရိပ်များ ဖန်တီးခြင်း၊ Social Media ကိုင်ပေးခြင်း။
စာရေးသားမှုနှင့် အခြေခံ Design ပိုင်း စိတ်ဝင်စားသူ၊ မြန်မာစာ သတ်ပုံ/သဒ္ဒါ ကောင်းမွန်သူ။

2) Online Training Assistant Intern (၁ ဦး)

Zoom သင်တန်းများ စီမံခန့်ခွဲပေးခြင်း၊ Training Notes များ မှတ်တမ်းတင်ခြင်း၊ လိုအပ်ပါက သင်တန်း Handouts များ ဘာသာပြန်ပေးခြင်း။ Zoom functions များ ကျွမ်းကျင်သူ၊ Digital tools များ စိတ်ဝင်စားသူ၊ အင်္ဂလိပ်-မြန်မာ ဘာသာပြန်ဆိုမှု အခြေခံရှိသူ။

🍃 Internship ကနေ ဘာတွေရရှိမလဲ?

* လစဉ် အင်တာနက်နှင့်ဖုန်းဘေထောက်ပံ့ငွေ ၃ သောင်းကျပ်။
* အလုပ်သင် ၃ လအတွင်း DC က လုပ်မယ့် အစီအစဉ်တွေမှာ အခမဲ့ ပါဝင်ခွင့်။
* Personal Coaching session တစ်ကြိမ်စာအသုံးပြုခွင့် (အခမဲ့)
* Internship Completion Certificate။

📌 အသေးစိတ်အချက်အလက်များ

*အလုပ်သင်ကာလ: ၃ လ ( အမှတ်စဉ် ၁ အတွက်က တတ်နိုင်သလောက်မြန်မြန်လိုချင်တာပါ/ အမှတ်စဉ် ၂ အတွက်က July to Sep 2026)

* တစ်ပတ် ၃ ရက် ( အင်တာဗျူးမှာ ရက်ညှိနိုင်ပါတယ်)

*fully remote / အလုပ်ချိန် very flexible ပါ။ အလုပ်ပြီးဖို့ပဲအရေးကြီးတာမို့ ရုံးချိန်အတွင်းဖြစ်ရမယ် မရှိပါဘူး/ တချို့အခြေအနေတွေမှာတော့ ရုံးချိန်ပြင်ပနဲ့ weekends တွေမှာ လုပ်ရတာမျိုးရှိနိုင်ပါတယ် အဲ့အတွက် အစားထိုးပိတ်ရက်ပြန်ယူနိုင်ပါတယ်။

* Dreaming Child သည် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်ဖြစ်တည်မှု/တိမ်းညွတ်မှုအပေါ် ကန့်သတ်ထားခြင်းမရှိတာကြောင့် criteria နဲ့ကိုက်ညီပြီး စိတ်ဝင်စားသူမည်သူမဆိုလျှောက်နိုင်ပါတယ်။

📩 လျှောက်ထားရန်

စိတ်ဝင်စားပါက မိမိလျှောက်ထားလိုသည့် Position ကို ဖော်ပြ၍ **CV Form** ကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။
🔗[email protected]

📅 Deadline: 27.6.2026 (Rolling basis ပုံစံဖြင့် ရွေးချယ်သွားမည် ဖြစ်သဖြင့် အမြန်ဆုံး လျှောက်ထားရန် တိုက်တွန်းပါသည်)

✨ Reflect. Connect. Grow Together. 🌱June 13 (စနေနေ့) တုန်းက Yangon School of Social Work (YSSW) ရဲ့ ဖိတ်ခေါ်မှုကြောင့် D...
14/06/2026

✨ Reflect. Connect. Grow Together. 🌱

June 13 (စနေနေ့) တုန်းက Yangon School of Social Work (YSSW) ရဲ့ ဖိတ်ခေါ်မှုကြောင့် Dreaming Child (DC) ရဲ့ Founder ဆရာသစ္စာကနေပြီးတော့ "Notes for Resilience" Session လေးမှာ Facilitator အဖြစ် သွားရောက်မျှဝေပေးခဲ့ပါတယ် 🥳✨

ဖိတ်ခေါ်ပေးခဲ့တဲ့ YSSW အဖွဲ့သားတွေရော၊ Session တစ်လျှောက်လုံး အားတက်သရောနဲ့ အတူတူ စီးမျောပါဝင်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို Dreaming Child မိသားစုကနေ တကယ့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော် 🥰



🍀 Another Milestone of Dreaming Child “Love, Power and Justicein Schools System”Self-awareness and Communication trainin...
04/06/2026

🍀 Another Milestone of Dreaming Child

“Love, Power and Justice
in Schools System”

Self-awareness and Communication training for teachers

ကိုယ်လိုချင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့၊ ရည်မှန်းတဲ့ ပန်းတိုင်ရောက်ဖို့ လုပ်နိုင်စွမ်းရှိတာကို ပါဝါ( Power)လို့ ခေါ်တယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အရာနဲ့ တပါးသူလိုတဲ့အရာရောစပ်နိုင်မှ တကယ်ပါဝါရှိတာ။ ကိုယ့်အစီအစဉ်၊ကိုယ့်အမြင်တွေကိုပဲ ဖြစ်ရမယ်ဆိုပြီး အတင်းတွန်းနေတဲ့ သူတွေဆီမှာတကယ့်ပါဝါမရှိဘူး။

သူနဲ့ ကိုယ်ကြား အပြန်အလှန်သက်ရောက်မှုရှိတာက ပါဝါရဲ့ လက္ခဏာ။ တဦးနဲ့တဦးကြား ၊ အဖွဲ့တခုနဲ့ တခုကြား ပါဝါကို အမှန်တကယ်အကျိုးရှိအောင်သုံးဖို့လိုတာပေါ့။ ဒါမှကိုယ်အားရှိလေ ကိုယ့်နဲ့ဆက်နွယ်သူတွေလည်း အားရှိလေဖြစ်မယ်။

မေတ္တာ( Love) ကတော့ the drive towards the unity of the separated ကွဲပြားခြားနာမှုတွေကို စုစည်း ညီညွတ်စေတဲ့ အားပါ။

Justice (မျှတမှု)ကတော့ Power နဲ့ Love ကို ထိန်းညှိပေးတဲ့ "ကျောရိုး" ပဲ။

ပါဝါနဲ့ မေတ္တာဟာ ဆန့်ကျင်ဖက် မဟုတ်ဘူး။
ကျောင်း၊ ဆရာမ/ဆရာ၊ ကျောင်းသားနဲ့ မိဘ”တွေအတူတကွအလုပ်လုပ်နိုင်ဖို့က
ပါဝါနဲ့ မေတ္တာ”နှစ်ခုစလုံးလိုအပ်တာပေါ့။

Power နဲ့ Love မျှတအောင်သုံးဖို့က
မိမိကိုယ်ကိုသိနားလည်ခြင်း( self awareness) က အခြေခံဖြစ်တာမို့

Mandalay Lumbini ကျောင်းရဲ့ ဆရာမ/ဆရာတွေအတွက် Power နဲ့ Love ကိုသတိနဲ့ သုံးနိုင်ဖို့ရယ်၊ ကိုယ်ရောက်နေတဲ့ နေရာကြောင့်ရတဲ့ အဆင့်သတ်မှတ်ချက်ကို (Rank awareness) သတိနဲ့ သုံးတတ်အောင် (၃)ရက်တာ သင်တန်းမှာ စိတ်ခွန်းအားအပြည့်နဲ့ အတူတကွ သင်ယူမျှဝေ ကူညီပံ့ပိုးခွင့်ရခဲ့တဲ့အတွက် အထူးဝမ်းသာကျေနပ်မိပါတယ်။

အခုလို Self-awareness နှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ သင်တန်းများကို မိမိတို့ အဖွဲ့အစည်း/ ကုမ္ပဏီ/ ကျောင်းများတွင် ပြုလုပ်လိုပါက Dreaming Child Messenger / [email protected] (သို့မဟုတ်) 09778575830 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 📩

Eid Al-Adha Mubarak to all our Muslim friends!ချစ်ရတဲ့သူငယ်ချင်း/မိသားစုဝင်အားလုံး Eid Mubarak ပါ။ စိတ်၏ချမ်းသာခြင်း၊ ကိ...
28/05/2026

Eid Al-Adha Mubarak to all our Muslim friends!

ချစ်ရတဲ့သူငယ်ချင်း/မိသားစုဝင်အားလုံး Eid Mubarak ပါ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Dreaming Child မှ ဆန္ဒပြုပါတယ်။ လူသားအားလုံးအပေါ်ငြိမ်းချမ်းသာယာမှုများကျရောက်ပါစေ။

Address

Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dreaming Child posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category