AFC Daily Myanmar

AFC Daily Myanmar ​"ဘောလုံးသတင်းတွေကို သတင်းတင်ရုံတင်မဟုတ်ဘဲ အမြင်သစ်တွေနဲ့ ခွဲခြမ်းစိတ်ဖြာပေးမယ့် နေရာ။"

🚨 ဂန်းနားအသင်းခေါင်းဆောင် မာတင်အိုဒီဂတ်တစ်ယောက်ကတော့ နိုင်ငံအသင်းပွဲတွေပြီးတဲ့အချိန်လောက်မှာ ဒဏ်ရာကနေ ပြန်လာဖို့ဖြစ်လာနိ...
24/03/2026

🚨 ဂန်းနားအသင်းခေါင်းဆောင် မာတင်အိုဒီဂတ်တစ်ယောက်ကတော့ နိုင်ငံအသင်းပွဲတွေပြီးတဲ့အချိန်လောက်မှာ ဒဏ်ရာကနေ ပြန်လာဖို့ဖြစ်လာနိူင်တယ်လို့သိရပါတယ်။

အသင်းဘက်ကလည်း နော်ဝေကစားသမားကို ရာသီအဆုံးပိုင်းပွဲတွေအတွက် အပြည့်အဝကြံ့ခိုင်စေရန် သေချာစီမံခန့်ခွဲထားကြောင်း သိရပါတယ်။

AFC Daily Myanmar

“Eze ရဲ့ rhythm ရှာတွေ့ထားပြီလားဆိုတဲ့ မေးခွန်းအပေါ် ကျနော်ဖြေရရင်တော့၊ ဟုတ်ပါတယ်၊ အခုဆိုရင် အက်ဇီးက သုံးရက်တစ်ကြိမ်လောက...
18/03/2026

“Eze ရဲ့ rhythm ရှာတွေ့ထားပြီလားဆိုတဲ့ မေးခွန်းအပေါ် ကျနော်ဖြေရရင်တော့၊ ဟုတ်ပါတယ်၊ အခုဆိုရင် အက်ဇီးက သုံးရက်တစ်ကြိမ်လောက်ပွဲတွေ ဆက်တိုက်ကစားနေပြီး rhythm တစ်ခု ရရှိလာတာ အားလုံးမြင်ရမှာပါ။ အသင်းဖော်တွေနဲ့လည်း နားလည်မှုကောင်းလာပြီး ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာကိုလည်း သိလာပါတယ်။

အထူးသဖြင့် သူ့ရဲ့ ပွဲချိန်အတွင်း လှုပ်ရှားမှုအဆင့်အတန်းနဲ့ ဘောလုံးရှိချိန်နဲ့ မရှိချိန် နှစ်မျိုးလုံးမှာပါပိုကောင်းလာတာပါ။ သူရွှေ့လျားတဲ့ နေရာတွေ၊ box အနီးမှာ ရှိနေချိန်တိုင်း ပြသတဲ့ ရည်ရွယ်ချက်တွေက အရမ်းကောင်းပါတယ်။

ဒါကြောင့်ပဲ သူဒီနေရာမှာ ရှိနေပါတယ်၊ အဲ့လို moment တွေကို ဖန်တီးဖို့ပါ။”

🗣️ နည်းပြအာတီတာ

AFC Daily Myanmar

🗣️ နည်းပြအာတီတာ“ဘောလုံးလောကမှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက်ဆီက အပြန်အလှန်သင်ယူနေကြတာပါ။ နေ့တိုင်း အကောင်းဆုံး laptop ထဲက...
14/03/2026

🗣️ နည်းပြအာတီတာ

“ဘောလုံးလောကမှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက်ဆီက အပြန်အလှန်သင်ယူနေကြတာပါ။ နေ့တိုင်း အကောင်းဆုံး laptop ထဲကို information ထည့်သလိုပဲ။ မင်းလုပ်တာကောင်းတဲ့အရာတွေကို ကျွန်တော်လည်း replicate လုပ်ဖို့ ကြိုးစားမယ် — အဲ့လိုပဲ ထပ်ခါထပ်ခါ ဖြစ်လာတယ်။

ဒါကြောင့် ဘောလုံးက အရမ်းမြန်မြန် တိုးတက်ပြောင်းလဲနေပါတယ်။ ဒါပေမယ့် အခြားအားကစားတွေလိုပဲပါ။

ဥပမာ tennis မှာ အကောင်းဆုံး player တွေ၊ အကောင်းဆုံး tournament တွေကို ကြည့်မယ်ဆိုရင် ‘serve နဲ့ ace မလုပ်ရဘူး’ လို့ မပြောနိုင်ဘူး။ အဲဒါက championship ကို အနိုင်ရဖို့ နည်းလမ်းကောင်းတစ်ခုပါ။

NBA မှာလည်း ‘three-point shot မပစ်ရဘူး’ လို့ မပြောနိုင်ပါဘူး။

လူတိုင်းက အဲဒီနည်းလမ်းတွေကို အသုံးပြုပြီး ပိုပိုကောင်းလာနေကြပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ပိုပြီး effective ဖြစ်လို့ပါ။ ဒါကြောင့် အားကစားတိုင်းမှာ အမြဲတမ်း evolve ဖြစ်နေမယ်။

Formula One မှာလည်း ဒီလိုပဲ၊ marathon တွေမှာလည်း ဒီလိုပဲ ဖြစ်နေပါတယ်။ ဒါကို မကြည့်ချင်ဘူးဆိုပြီး ရှောင်လို့မရပါဘူး။”

AFC Daily Myanmar

FT: လေဗာကူဆင် 1-1 အာဆင်နယ်
11/03/2026

FT: လေဗာကူဆင် 1-1 အာဆင်နယ်

HT: လေဗာကူဆင် 0-0 အာဆင်နယ်
11/03/2026

HT: လေဗာကူဆင် 0-0 အာဆင်နယ်

အလန်ပါဂျူးဆိုတဲ့ ဒီဘဲက အာဆင်နယ် ဒီရာသီဖလားရမှာကို မနာလိုချက်နဲ့ ဝေဖန်ချက်က ဂုဏ်ဒြပ်နဲ့ လုံးဝကိုက်ညီမှုမရှိဘူး။“အာဆင်နယ်က...
06/03/2026

အလန်ပါဂျူးဆိုတဲ့ ဒီဘဲက အာဆင်နယ် ဒီရာသီဖလားရမှာကို မနာလိုချက်နဲ့ ဝေဖန်ချက်က ဂုဏ်ဒြပ်နဲ့ လုံးဝကိုက်ညီမှုမရှိဘူး။

“အာဆင်နယ်က လှပတဲ့ ဘောလုံးကစားပုံနဲ့ မကစားဘူး။ သူတို့က functional ဖြစ်တယ်၊ strong ဖြစ်တယ်၊ powerful ဖြစ်တယ်။ ဒါကြောင့် သူတို့ title ရရင်တော့ ဆုဖလားနာမည်ဘေးမှာ မှတ်ချက်တစ်ခု ပါလာမယ်။”ဆိုပြီး အာဆင်နယ်ကိုလာဖဲ့နေတာပဲ။

ဒါပေမယ့် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘောလုံးကို အလှကစားပြီးရှုံးတာထက် မလှပပေမယ့် အနိုင်ရတာက ပိုကောင်းတယ်ဆိုတာ ဒီဘဲမသိတာလား မမြင်တာလား?

ဆုဖလားတစ်ခုမှာ စာတမ်းထိုးရင် လှပမှုကိုထည့်မရေးပါဘူး၊ အဆုံးမှာ ဆုဖလားရယူနိုင်တဲ့ အသင်းတခုကိုပဲ ရေးထိုးတာပါ။ 🏆

AFC Daily Myanmar

အဲဒါတော့ တကယ့်ကို ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ အခုလက်ရှိ အာဆင်နယ်ရဲ့ ခံစစ်တန်းက "Greatest of all time" စာရင်းထဲ ဝင်ဖို့...
05/03/2026

အဲဒါတော့ တကယ့်ကို ငြင်းလို့မရတဲ့ အမှန်တရားပါပဲ။ အခုလက်ရှိ အာဆင်နယ်ရဲ့ ခံစစ်တန်းက "Greatest of all time" စာရင်းထဲ ဝင်ဖို့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ့်အသင်းဂိုးပေးရမှာကို မစိုးရိမ်ရဘဲ စိတ်အေးလက်အေး ကြည့်နေရတာက တကယ့်ကို ဇိမ်ကျလှပါတယ်။

​ဒီခံစစ်တန်းကို နောင်တစ်ချိန်မှာ ဘာကြောင့် အမှတ်တရ တမ်းတနေကြမလဲဆိုရင်-

​Saliba & Gabriel ရဲ့ Twin Towers: သူတို့နှစ်ယောက်ရဲ့ အတွဲအဖက်က သမိုင်းဝင်အတွဲလိုမျိုး ကျောက်ဆောင်ကြီးတွေလို ခိုင်မာလွန်းလို့ပါ။

တစ်ယောက်က နည်းပညာနဲ့ ဖြတ်ထုတ်တယ်၊ တစ်ယောက်က ရုပ်ပိုင်းဆိုင်ရာနဲ့ တိုက်စစ်မှူးတွေကို ဖိပစ်တယ်။

​Tactical Flexibility: Hincapie ရဲ့ တည်ငြိမ်မှု၊ Timber ရဲ့ ဖျတ်လတ်မှုနဲ့ Calafiori တို့လို ကစားသမားတွေရဲ့ ပါဝင်ပတ်သက်မှုတွေက ခံစစ်ကို အလွှာပေါင်းစုံကနေ တောင့်တင်းစေပါတယ်။

​Clean Sheet စံချိန်များ: ဘယ်လောက်ပဲ ဖိအားပေးခံရပါစေ၊ နောက်ဆုံးမိနစ်အထိ ဂိုးမပေးရအောင် အသေအလဲ ကာကွယ်တတ်တဲ့ "Defensive" စိတ်ဓာတ်က တော်တော့်ကို လေးစားဖို့ကောင်းပါတယ်။

​တကယ်တော့ ခံစစ်ကောင်းရင် ဆုဖလားရနိုင်တယ်ဆိုတဲ့ စကားအတိုင်း၊ ဒီခံစစ်တန်းကပဲ အသင်းကို အောင်မြင်မှုအသစ်တွေဆီ ခေါ်ဆောင်သွားမှာပါ။ အခုလို ခံစစ်မျိုးကို မြင်တွေ့ခွင့်ရတာ တကယ့်ကို ကံကောင်းပါတယ်။

​ဒါနဲ့ ခင်ဗျားအကြိုက်ဆုံး ခံစစ်ကစားသမားက ဘယ်သူဖြစ်မလဲ? Saliba ရဲ့ တည်ငြိမ်မှုလား ဒါမှမဟုတ် Gabriel ရဲ့ စိတ်အားထက်သန်မှုလား? 🤔

AFC Daily Myanmar

“ဒီညကစားခဲ့တဲ့ပွဲကတော့ ဂန်းနားတို့အတွက်ရော လိဂ်ချန်ပီယံပြိုင်ပွဲအတွက်ပါ အလွန်အရေးပါတဲ့ညတစ်ညဖြစ်ပါတယ်။ အခုအခြေ အနေကြည့်ရင...
05/03/2026

“ဒီညကစားခဲ့တဲ့ပွဲကတော့ ဂန်းနားတို့အတွက်ရော လိဂ်ချန်ပီယံပြိုင်ပွဲအတွက်ပါ အလွန်အရေးပါတဲ့ညတစ်ညဖြစ်ပါတယ်။ အခုအခြေ အနေကြည့်ရင် ဂန်းနားအသင်းက Pundit တွေကြားမှာရော ချန်ပီယံဖြစ်ဖို့အတွက် အကြိုက်ဆုံးအသင်းဖြစ်လာတာတော့ ငြင်းမရတော့ဘူး။

ဒါပေမယ့် အမှန်တကယ်ကတော့အပြိုင်အဆိုင်က သိပ်မကွာသေးပါဘူး။ ပွဲတိုင်းက အရမ်းခက်ခဲနေပြီး နောက်ဆုံးပွဲအထိ ဆက်လက်ပြိုင်ဆိုင်သွားရမယ့်ပုံပါပဲ။ အရမ်းလွန်ကဲပြီး မမျှော်လင့်မိကြပါနဲ့လို့တော့ ပြောချင်ပါတယ်။

ဒီနေ့ရလဒ်က လမ်းကြောင်းမှန်ဘက်ကို ခြေလှမ်းကောင်းတစ်လှမ်းပါပဲ၊ ဒါပေမယ့် ပွဲတစ်ပွဲသာဖြစ်ပါတယ်။ အခြေအနေက မြန်မြန်ပြောင်းလဲနိုင်လို့ နောက်ပွဲကိုပဲ အာရုံစိုက်ထားရပါမယ်။”

“တချို့အချိန်တွေမှာ ကြည့်ရတာ ကစားသမားတွေ အရမ်းပင်ပန်းနေပေမယ့် နောက်ခံလူ Gabriel Magalhães ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို အလွန်ကောင်းခဲ့ပါတယ်။

ပွဲက တင်းမာနေခဲ့ပေမယ့် ဆက်ပြီး ကြိုးစားရပါမယ်။ Bench ကနေ ဝင်လာတဲ့ Kai Havertz က အသင်းကို quality ကောင်းတစ်ခု ထည့်ပေးနိုင်ခဲ့ပါတယ်။ Riccardo Calafiori ကလည်း ဒုတိယပိုင်းမှာ Arsenal အသင်းကို balance ပိုကောင်းလာအောင် ကူညီခဲ့ပါတယ်။

တချို့အချိန်တွေမှာ Declan Rice က နည်းနည်း စိတ်လှုပ်ရှားနေသလို ဖြစ်ခဲ့ပေမယ့် ဒီရလဒ်က Arsenal အတွက် မယုံနိုင်လောက်အောင် ကြီးမားတဲ့ အောင်ပွဲပါပဲ။”

🎙 မာတင်ကီအွန်

AFC Daily Myanmar

FT: ဘရိုက်တန် 0-1 အာဆင််နယ်
04/03/2026

FT: ဘရိုက်တန် 0-1 အာဆင််နယ်

HT: ဘရိုက်တန် 0-1 အာဆင််နယ်AFC Daily Myanmar
04/03/2026

HT: ဘရိုက်တန် 0-1 အာဆင််နယ်

AFC Daily Myanmar

ဘရိုက်တန်နဲ့ပွဲအတွက် ဂန်းနားတို့ရဲ့ လူစာရင်း
04/03/2026

ဘရိုက်တန်နဲ့ပွဲအတွက် ဂန်းနားတို့ရဲ့ လူစာရင်း

🚨 အပြောင်းအရွှေ့သတင်းများအရ Arsenal ဟာ VfB Stuttgart ရဲ့ လူငယ်နောက်ခံလူ Finn Jeltsch ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွ...
04/03/2026

🚨 အပြောင်းအရွှေ့သတင်းများအရ Arsenal ဟာ VfB Stuttgart ရဲ့ လူငယ်နောက်ခံလူ Finn Jeltsch ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂျာမန်ကလပ် Stuttgart ဘက်ကတော့ ကစားသမားကို နောက်တစ်ရာသီ ထပ်မံထိန်းသိမ်းထားချင်ပေမယ့်
€30–35 သန်းလောက်နဲ့ ကမ်းလှမ်းမှုရှိလာပါက စဉ်းစားပေးနိုင်တယ်လို့ သိရပါတယ်။

Arsenal ဘက်ကတော့ Jeltsch ကို အနာဂတ်အတွက် အလားအလာကောင်းတဲ့ လူငယ်နောက်ခံလူတစ်ဦးအဖြစ် မြင်ထားပြီး
အသင်းအတွင်း ပြိုင်ဆိုင်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

AFC Daily Myanmar

Address

Yangon

Website

Alerts

Be the first to know and let us send you an email when AFC Daily Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category