Sports Ayar

Sports Ayar ⚽ ဘောလုံးသတင်းများကို အကောင်းဆုံးတင်ဆက်ပေးသွားပါမယ်ရှင့်

𝗦𝗽𝗼𝗿𝘁𝘀 𝗔𝘆𝗮𝗿 🌾⚽

လီဗာပူးလ်ရဲ့ ဂိုးသွင်းစက်အသစ်ဖြစ်လာတဲ့ ကောင်လေး PSG နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီးနောက်ဘာဘိုလာဟာ လီဗာပူးလ်ကို ...
27/08/2026

လီဗာပူးလ်ရဲ့ ဂိုးသွင်းစက်အသစ်ဖြစ်လာတဲ့ ကောင်လေး

PSG နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီးနောက်
ဘာဘိုလာဟာ လီဗာပူးလ်ကို ရောက်ရှိတော့မှာပဲဖြစ်ပါတယ် ။

မိုဆာလာနေရာအတွက် ရည်ရွယ်ထားတဲ့ အသက် 24 နှစ်အရွယ် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အများကြီးမျှော်လင့်လို့ရမယ်ထင်ပါတယ် ...

တန်းတက်လာတဲ့ ရာသီအစမှာ ရလဒ်ကောင်းခဲ့တဲ့ ဟူးစီးတီးပထမပိုင်းမှာတင် မန်ယူတို့က 2-0 နဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာလည...
22/08/2026

တန်းတက်လာတဲ့ ရာသီအစမှာ ရလဒ်ကောင်းခဲ့တဲ့ ဟူးစီးတီး

ပထမပိုင်းမှာတင် မန်ယူတို့က 2-0 နဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း come back မလာခဲ့ပါဘူး ။
ဟူးစီးတီးတို့အတွက် လပ်ကီးရာသီဖြစ်လာခဲ့ပေမယ့်
မန်ယူတို့အတွက် ရာသီအစမှာ လပ်ကီးမဖြစ်ခဲ့ပါဘူး ။

ဘယ်လောက်ထိ ဟူးစီးတီးတို့ ဆက်လက်ပျံသန်းနိုင်မလဲဆိုတာ ရင်ခုန်စွာ စောင့်မျှော်လျက် ...

23/06/2026

🥅 Goal 🥅
Ronaldo သွင်းသွားပါပြီ

Spain 0 - 0 Cape Verde [ FT ]ရေပန်းအစားဆုံးဖြစ်နေတဲ့ စပိန်အသင်းက အဖွင့်ပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ၁ မှတ်သာရရှိခဲ့ပါတယ...
15/06/2026

Spain 0 - 0 Cape Verde [ FT ]

ရေပန်းအစားဆုံးဖြစ်နေတဲ့ စပိန်အသင်းက
အဖွင့်ပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ၁ မှတ်သာရရှိခဲ့ပါတယ်


Photo crd

အသက် ၁၈ နှစ်အရွယ်နဲ့ ဘရာဇီးအသင်းအပေါ် ကမ္ဘာ့ဖလားပထမဆုံး ပွဲဦးထွက်မှာတင် ခြေစွမ်းပြခဲ့တဲ့ မော်ရိုကို လူငယ်ကြယ်ပွင့်လေး Ay...
14/06/2026

အသက် ၁၈ နှစ်အရွယ်နဲ့ ဘရာဇီးအသင်းအပေါ် ကမ္ဘာ့ဖလားပထမဆုံး ပွဲဦးထွက်မှာတင် ခြေစွမ်းပြခဲ့တဲ့ မော်ရိုကို လူငယ်ကြယ်ပွင့်လေး Ayyoub Bouaddi 🇲🇦

📐 91% pass accuracy
🧠 100% pass accuracy in the final third
🤖 6 ball recoveries
🛡️ 5 interceptions
👊 9 duels won

အနာဂတ်မှာ ထွန်းတောက်လာဦးမယ့် ဒီရတနာလေးကို ဘယ်ကလပ်အသင်းတွေ ခေါ်ယူသွားကြမလဲ ??

အိမ်ရှင် အမေရိကန်အသင်းကို လာရောက်အားပေးခဲ့ကြတဲ့ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲများ 🔥
13/06/2026

အိမ်ရှင် အမေရိကန်အသင်းကို လာရောက်အားပေးခဲ့ကြတဲ့ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲများ 🔥

ကနေဒါနိုင်ငံရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ ပုံရိပ်တချို့ 🇨🇦🍁photo crd
13/06/2026

ကနေဒါနိုင်ငံရဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ ပုံရိပ်တချို့ 🇨🇦🍁

photo crd

11/06/2026

ကပ်သီလေး လွဲချော်ခဲ့ရတဲ့ ရော်နယ်ဒို 💔

2025 ခုနှစ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီးဆုကို ရရှိခဲ့တဲ့ဆိုမာလီလူမျိုး ကွင်းလယ်ဒိုင်ဟာ ကမ္ဘာ့ဖလားအတွက် ကွင်းလယ်ဒိုင်အဖြစ်ဆ...
09/06/2026

2025 ခုနှစ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီးဆုကို ရရှိခဲ့တဲ့
ဆိုမာလီလူမျိုး ကွင်းလယ်ဒိုင်ဟာ
ကမ္ဘာ့ဖလားအတွက် ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခွင့်ရခဲ့ပေမယ့် ပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့အတွက် နိုင်ငံအတွင်း ဝင်ခွင့်မရဘဲ အိမ်ပြန်ခဲ့ရပါတယ် ။

အမေရိကန် သမ္မတ ထရန့် တက်လာထဲက ဆိုမာလီယားဟာ ပြည်ဝင်ခွင့်ပိတ်ခံထားရတဲ့နိုင်ငံတစ်ငံဖြစ်လာပါတယ် ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး FIFA က သူတို့က ဗီဇာကိစ္စနဲ့ပတ်သတ်ပြီး ပါဝင်ခွင့်မရှိဖူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ် ။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရားဝင်ကျင့်သုံးမယ့် စည်းမျဉ်းအသစ်များ🔴 လက်ပစ်ဘောတွေကို ၅ စက္ကန့်အတွင်း ပစ်ရမယ် ××   ...
04/06/2026

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရားဝင်ကျင့်သုံးမယ့် စည်းမျဉ်းအသစ်များ

🔴 လက်ပစ်ဘောတွေကို ၅ စက္ကန့်အတွင်း ပစ်ရမယ် ××
လက်ပစ်ဘောတွေ ပစ်တဲ့အခါ ၅ စက္ကန့် အချိန်ရေတွက်မှု စနစ် ရှိလာပါတော့မယ်။ အကယ်၍ ကစားသမားတစ်ဦးက အချိန်အကြာကြီး ဆွဲနေမယ်ဆိုရင် အဲ့ဒီလက်ပစ်ဘောကို ပြိုင်ဘက်အသင်းဆီ ပေးအပ်လိုက်မှာ ဖြစ်ပါတယ်

🔴 ဂိုးကန်ချက်တွေကိုလည်း ၅ စက္ကန့်အတွင်း ကန်ရမယ် ××
ဂိုးသမားတွေအနေနဲ့ ဂိုးကန်ချက် (Goal-kicks) တွေ ကန်တင်ဖို့အတွက် ၅ စက္ကန့်ပဲ အချိန်ရပါမယ်။ တမင်သက်သက် အချိန်ဆွဲနေမယ်ဆိုရင်တော့ ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးအပ်တဲ့အထိ အရေးယူခံရနိုင်ပါတယ်

🔴 လူစားလဲရင် 10 စက္ကန့်အတွင်း ထွက်ရမယ်××
လူစားလဲခံရတဲ့ ကစားသမားတွေဟာ အနီးဆုံး နေရာကနေကွင်းထဲကနေ ၁၀ စက္ကန့်အတွင်း ထွက်ခွာရပါမယ်။ အချိန်ဆွဲနေမယ်ဆိုရင်တော့ လူစားဝင်မယ့်သူက ၁ မိနစ်တိတိ ကွင်းထဲဝင်ခွင့်ရဦးမှာမဟုတ်ဘဲ အဲ့ဒီအချိန်အတွင်းမှာ အသင်းအနေနဲ့ ကစားသမား ၁၀ ယောက်တည်းနဲ့ ခေတ္တရင်ဆိုင်ရမှာ ဖြစ်ပါတယ်

🔴 ဆေးကုသမှုခံယူပြီးရင် ၁ မိနစ် စောင့်ရမယ် ××
ကွင်းထဲမှာ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူတဲ့ ကစားသမားတွေဟာ ကွင်းပြင်မှာ အနည်းဆုံး ၁ မိနစ်ကြာအောင် နေရပြီးမှ ကွင်းထဲ ပြန်ဝင်ခွင့်ရှိပါမယ်။ (ပြင်းထန်ဒဏ်ရာရရှိမှုတွေ ဒါမှမဟုတ် ဂိုးသမားဖြစ်ရပ်တွေလိုမျိုး အချို့သော အခြေအနေတွေကလွဲရင်ပေါ့)

🔴 ပါးစပ်ပိတ်ပြီး စကားပြောရင် အနီကတ် ××
ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ အငြင်းပွား ရန်ဖြစ်နေချိန်အတွင်း မိမိရဲ့ပါးစပ်ကို ဖုံးအုပ်ပြီး စကားပြောတဲ့ ကစားသမားတွေကို အနီကတ်ပြသပြီး ထုတ်နိုင်ပါတယ်

🔴 မှားပေးမိတဲ့ ထောင့်ကန်ဘောတွေကို VAR ပြန်ကြည့်မယ် ××
ဒိုင်လူကြီးဘက်က မှားယွင်းပေးမိခဲ့တဲ့ Corner တွေကို VAR ကနေ အမြန်ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်

🔴 ဒုတိယမြောက် အဝါကတ်တွေကို VAR ပြန်ကြည့်နိုင်ပြီ ××
ကစားသမားတစ်ဦး အနီကတ်ပြထုတ်ပယ်ခံရပြီးနောက်မှာ အဲ့ဒီ ဒုတိယမြောက် အဝါကတ်ပြသခဲ့တဲ့ ဖြစ်ရပ်ကို VAR နဲ့ ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ ဒိုင်လူကြီးတွေအနေနဲ့ ကတ်မပြရသေးခင် ကြိုတင်စစ်ဆေးဖို့အတွက်တော့ VAR ကို သုံးခွင့်မရှိသေးပါဘူး)

ကမ္ဘာ့ဖလားကို ရင်ခုန်လျက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sports Ayar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category