MinKo Oo Sport Review2.0

MinKo Oo Sport Review2.0 အားကစားသတင်း

ဖလားရအောင်ကြံဖန်ပေးသော်လည်း ခွက်ပျောက်မယ့်ဇာတာပါနေသောအခါ
28/05/2025

ဖလားရအောင်ကြံဖန်ပေးသော်လည်း ခွက်ပျောက်မယ့်ဇာတာပါနေသောအခါ

• တစ်နှစ်တာအကောင်းဆုံးဆု - မိုဆာလာ• တစ်နှစ်တာအကောင်းဆုံး လူငယ်ဆု - ဂရာဗန်ဘတ်ခ်ျအကောင်းဆုံးဆုတွေကိုသိမ်းပိုက်ခဲ့တဲ့ ချန်ပ...
24/05/2025

• တစ်နှစ်တာအကောင်းဆုံးဆု - မိုဆာလာ
• တစ်နှစ်တာအကောင်းဆုံး လူငယ်ဆု - ဂရာဗန်ဘတ်ခ်ျ

အကောင်းဆုံးဆုတွေကိုသိမ်းပိုက်ခဲ့တဲ့ ချန်ပီယံလီဗာပူးလ် 🏆🔴

24/05/2025
NEWS: လီဗာပူးအသင်းဟာ လေဗာကူဆင် ကွင်းလယ်လူ ဗက်ဇ်ကို ခေါ်ယူရေး စတင် စကားပြောခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးနဲ့ လေဗာကူဆင်ကြားမှာလည...
24/05/2025

NEWS: လီဗာပူးအသင်းဟာ လေဗာကူဆင် ကွင်းလယ်လူ ဗက်ဇ်ကို ခေါ်ယူရေး စတင် စကားပြောခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးနဲ့ လေဗာကူဆင်ကြားမှာလည်း ဖရန်းပေါင်ရဲ့ အပြောင်းအရွှေ့ ပြီးကတည်းက ဗက်ဇ်ကိစ္စ စတင် ညိနှိုင်းမှု လုပ်ခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးအသင်းထံ ဂျာမာန်ကစားသမားတွေထဲက စျေးအကြီးဆုံးနဲ့ လီဗာပူးသမိုင်းမှာ စျေးအကြီးဆုံး ကစားသမားအဖြစ် ရောက်လာတော့မှာဖြစ်ပါတယ်။

သောကြာနေ့တုန်းကပဲ ဗက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းထံကို ဒါဘီပြိုင်ဘက်ထံ သူပြောင်းလာမှာ မဟုတ်ဘူးလို့ သတင်းပေးခဲ့ပြီဖြစ်ပါတယ်။

[David Ornstein]

လီဗာပူးလ်ကို ရွေးလိုက်ပြီလား ဖလော်ရီယန်The Athletic ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ်အွန်းစတိန်းကနေ ဘိုင်ယန်မြူးနစ်ဟာ ဖလေ...
23/05/2025

လီဗာပူးလ်ကို ရွေးလိုက်ပြီလား ဖလော်ရီယန်

The Athletic ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ်အွန်းစတိန်းကနေ ဘိုင်ယန်မြူးနစ်ဟာ ဖလော်ရီယန်၀စ်ဇ်ကို ခေါ်နိုင်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်နေတဲ့အကြောင်း ဖော်ပြလာပါတယ်။

ဒါ့ကြောင့် ဖလော်ရီယန်ဟာ လာမယ့်နွေအပြောင်းအရွှေ့ရာသီမှာ လေဗာကူဆင်ကနေ ထွက်ခွာဖြစ်ခဲ့ရင် လီဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။ အင်တာဗျူးလ်တစ်ခုမှာ comfort zone ကနေ ရုန်းထွက်ပြီး စိန်ခေါ်မှုအသစ်တွေရှာဖွေချင်တယ်လို့ ၀န်ခံထားတဲ့ ဖလော်ရီယန်ဟာ ပရီးမီးယားလိဂ်ရဲ့ ‌စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ယူဆရပါတယ်။

ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကို မန်စီးတီး၊ ဘိုင်ယန်နဲ့ လီဗာပူးလ်ဆိုပြီး အသင်း၃သင်းက အပြိုင်စိတ်၀င်စားခဲ့တာပါ။ မန်စီးတီးက ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး များလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်လျှော့သွားခဲ့ပြီး ဘိုင်ယန်ကတော့ ကစားသမားကို မစည်းရုံးနိုင်ခဲ့တာကြောင့် လက်လျှော့ခဲ့တာပါ။

လေ‌ဗာကူဆင်ဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေး အနည်းဆုံး ယူ ရို သ န်း 100 နဲ့ အထက် အလိုရှိနေပါတယ်။ ကြိုး၊ ကြာ နီ‌ တွေဘက်ကနေ ကလပ်စံချိန်တင် စာချုပ်ဖျက်သိမ်းကြေး အသုံးပြုပြီး ဖလော်ရီယန်ကို ခေါ်ယူဖို့ တကယ်ကြိုးစားမှာလားဆိုတာတော့ ဆက်စောင့်ကြည့်ရပါဦးမယ်။




Address

Yangon
MKO#52111

Website

Alerts

Be the first to know and let us send you an email when MinKo Oo Sport Review2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share