Football Editor MM

Football Editor MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Football Editor MM, Sports League, Yangon.

အယ်လ်ဟီလာသို့ ပြောင်းရွှေ့ပြီး အာဆင်နယ်ကို နှုတ်ဆက်စကားဆိုလိုက်တဲ့ မာတင်နယ်လ်လီ-----------------------------------------...
04/09/2026

အယ်လ်ဟီလာသို့ ပြောင်းရွှေ့ပြီး အာဆင်နယ်ကို နှုတ်ဆက်စကားဆိုလိုက်တဲ့ မာတင်နယ်လ်လီ
------------------------------------------------
​ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းထံ တရားဝင် ပြောင်းရွှေ့သွားခဲ့တဲ့ ဘရာဇီး တိုက်စစ်ကစားသမား ဂါဘရီယယ် မာတင်နယ်လ်လီဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရမှုအပေါ် စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
​မာတင်နယ်လ်လီဟာ အာဆင်နယ်အသင်းကို လူငယ် ကစားသမားဘဝကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့သလို အသင်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ရရှိစေခဲ့သူလည်း ဖြစ်ပါတယ်။

​အသင်းကနေ ထွက်ခွာရမှုနဲ့ ပတ်သက်ပြီး မာတင်နယ်လ်လီ က "တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော် အာဆင်နယ်ကို အိမ်မက်တစ်ခု ပိုက်စွဲထားတဲ့ ကလေးတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့ပြီး အခုတော့ ချန်ပီယံတစ်ယောက်အဖြစ် ထွက်ခွာခွင့် ရခဲ့ပါပြီ။ ဒါဟာ ကျွန်တော့်ရဲ့ သီးသန့် ဆုံးဖြတ်ခွင့် သက်သက်ဆိုရင်တော့ အာဆင်နယ်မှာပဲ ဆက်နေဖြစ်မှာပါ။ ဒါပေမဲ့ တခါတလေမှာ ဘောလုံးလောကရဲ့ အခြေအနေတွေကပဲ ကျွန်တော်တို့ရဲ့ လမ်းကြောင်းကို ဖန်တီးပေးသွားလေ့ ရှိပါတယ်။
​ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူမိသလို အာဆင်နယ်ရဲ့ စံချိန်တင် ရောင်းချမှုအဖြစ် အသင်းအတွက် ဖြည့်ဆည်းပေးနိုင်ခဲ့လို့လည်း ဝမ်းမြောက်မိပါတယ်။ အဓိကကတော့ အမြဲတမ်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ အသင်းသား အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဆင်နယ်ဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း တည်ရှိနေမှာပါ" လို့ ရင်ဖွင့် ပြောကြားသွားခဲ့ပါတယ်။

#အာဆင်နယ် #မာတင်နယ်လီ

ဘာစီလိုနာအသင်း သမိုင်းတွင် ပထမဆုံး ဝင်ငွေ ယူရို ၁ ဘီလီယံ စံချိန်တင် ကျော်လွန်-------------------------------------------...
04/09/2026

ဘာစီလိုနာအသင်း သမိုင်းတွင် ပထမဆုံး ဝင်ငွေ ယူရို ၁ ဘီလီယံ စံချိန်တင် ကျော်လွန်
--------------------------------------------------
စပိန် ထိပ်သီးကလပ် ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ရာသီအလိုက် စုစုပေါင်း ဝင်ငွေ ယူရို ၁ ဘီလီယံအထိ စံချိန်တင် ကျော်လွန် ရရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

​ဒါဟာ ဘာစီလိုနာ အသင်းရဲ့ နှစ်ပေါင်းများစွာ အစဉ်အလာကြီးမားခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ယူရို ၁ ဘီလီယံဆိုတဲ့ မှတ်တိုင်ကို ပထမဆုံး တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

​ကလပ်အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ "ဘဏ္ဍာရေး အခြေအနေအရ ကြည့်မယ်ဆိုရင် ယခုရာသီဟာ ဝင်ငွေ စံချိန်တင် ရရှိခဲ့တဲ့ ရာသီဖြစ်ပြီး ယူရို ၁ ဘီလီယံ ပမာဏကို ပထမဆုံးအကြိမ် ကျော်လွန်နိုင်ခဲ့တာပါ။

ဒီလို စံချိန်တင် ရရှိလာရတာဟာ အဓိကအားဖြင့် အိမ်ကွင်း အသုံးပြုခတွေအပါအဝင် ကွင်းဆိုင်ရာ ဝင်ငွေတွေ သိသိသာသာ တိုးတက်လာခဲ့တာကြောင့် ဖြစ်ပါတယ်" လို့ အတည်ပြု သုံးသပ် ဖော်ပြထားပါတယ်။

#ဘာစီလိုနာ

ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ကြောင်း ယာဂန် ကလော့ပ် ခန့်မှန်း---------------------------------------​လီဗာပူ...
04/09/2026

ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ကြောင်း ယာဂန် ကလော့ပ် ခန့်မှန်း
---------------------------------------
​လီဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ် စူပါဖလားကို မန်စီးတီးနဲ့ အာဆင်နယ်တို့ထက် ချယ်လ်ဆီးအသင်း ရရှိသွားနိုင်တယ်လို့ ထူးထူးခြားခြား ခန့်မှန်းပြောကြားလိုက်ပါတယ်။

​ကလော့ပ်က "ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်သူ ဗိုလ်စွဲမလဲလို့ ကျွန်တော့်ကို မေးရင် ချယ်လ်ဆီးလို့ပဲ ဖြေရပါလိမ့်မယ်။ လူတိုင်းက မန်စီးတီးနဲ့ အာဆင်နယ်အကြောင်းပဲ ရေပန်းစားပြောနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဇာဘီ အလွန်ဆို ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ယုံကြည်ပါတယ်။ သူ လေဗာကူဆင်မှာ လုပ်ပြခဲ့ပုံတွေကို စောင့်ကြည့်ခဲ့ဖူးသလို ခုလည်း ချယ်လ်ဆီးကို ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်အောင် ပုံဖော်ပေးနေတာပါ။ သူ အလိုရှိတဲ့ အောင်မြင်မှုကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်" လို့ သုံးသပ်ခဲ့တာပါ။

​ဒါ့အပြင် အသင်းဟောင်း လီဗာပူးလ်နဲ့ ပတ်သက်ပြီးတော့လည်း "လီဗာပူးလ်လား? တောင်းပန်ပါတယ်၊ ကျွန်တော့်အတွက်တော့ သူတို့ဟာ ဖလားစိန်ခေါ်သူတွေ စာရင်းထဲမှာတောင် မပါပါဘူး။ နည်းပြသစ်တစ်ယောက် ခန့်လိုက်ရုံနဲ့ အလိုအလျောက် ဗိုလ်စွဲမယ့်အသင်း ဖြစ်မလာနိုင်ပါဘူး။ ချယ်လ်ဆီးကတော့ အနီးကပ် စောင့်ကြည့်ရမယ့် အသင်းပါပဲ၊ ဇာဘီ အလွန်ဆို က လူတိုင်းကို အံ့အားသင့်စေမှာပါ" လို့ ပွင့်ပွင့်လင်းလင်း သုံးသပ်သွားခဲ့ပါတယ်။

လီဗာပူးလ်မှာ ကျောနံပါတ် ၂၉ ဝတ်ဆင်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဘာကိုလာ------------------------------------------...
04/09/2026

လီဗာပူးလ်မှာ ကျောနံပါတ် ၂၉ ဝတ်ဆင်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဘာကိုလာ
-----------------------------------------------
​လီဗာပူးလ် အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ဘရက်ဒလီ ဘာကိုလာဟာ သူ့အနေနဲ့
အသင်းမှာ ကျောနံပါတ် ၂၉ ကို ဘာကြောင့် ရွေးချယ် ဝတ်ဆင်ခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

​ဘာကိုလာ က "ငယ်ငယ်တုန်းက FC (FIFA) ဂိမ်း ကစားရင်း Alex Hunter နာမည်နဲ့ ကစားခဲ့တဲ့ အချိန်မှာ ကျောနံပါတ် ၂၉ ကိုပဲ ယူမယ်လို့ ကိုယ့်ဘဝအတွက် ကတိပေးခဲ့တာပါ။ နောက်ဆုံးမှာတော့ ဒီနံပါတ်ကို ကံကောင်းစွာနဲ့ ဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ကစားသမားဘဝ တစ်လျှောက်လုံး ဒီနံပါတ်ကိုပဲ ဆက်ပြီး ဝတ်ဆင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

​ဂိမ်းထဲက ဇာတ်ကောင် Alex Hunter ရဲ့ ကျောနံပါတ်ကို သဘောကျပြီး ငယ်စဉ်ကတည်းက ပေးခဲ့တဲ့ ကတိအတိုင်း လက်ရှိ လီဗာပူးလ် အသင်းမှာ ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

#လီဗာပူးလ်

မက်ဆီ၏ အနားယူမှုအပေါ် စကားလုံး မရှိသည်အထိ ချီးကျူးဂုဏ်ပြုလိုက်သည့် မော်ရင်ဟို-------------------------------------------...
04/09/2026

မက်ဆီ၏ အနားယူမှုအပေါ် စကားလုံး မရှိသည်အထိ ချီးကျူးဂုဏ်ပြုလိုက်သည့် မော်ရင်ဟို
-------------------------------------------------
​လီယွန်နယ် မက်ဆီ အာဂျင်တီးနား လက်ရွေးစင် အသင်းကနေ အနားယူသွားခဲ့တဲ့ အပေါ် ပေါ်တူဂီ နည်းပြကြီး ဟိုဆေး မော်ရင်ဟို က လေးနက်တဲ့ မှတ်ချက်တစ်ခု ပေးသွားခဲ့ပါတယ်။

​မော်ရင်ဟို က "မက်ဆီ အကြောင်း ပြောရတာဟာ သိပ်ကို ရှုပ်ထွေးလှပြီး ပြောစရာ စကားလုံးတောင် မရှိလှပါဘူး။ ကစားသမား တစ်ယောက်အနေနဲ့သူ့ရဲ့ အရည်အသွေးကို ဖော်ပြဖို့ စကားလုံး မရှိပါဘူး။ အသက် ၃၈၊ ၃၉ နှစ် အရွယ် ကမ္ဘာ့ဖလားကို ရောက်လာတဲ့ အချိန်မှာလည်း အားလုံး မြင်တွေ့ခဲ့ရတဲ့အတိုင်းပါပဲ။ သူဟာ ဘောလုံးချစ်သူတွေ အားလုံး လွမ်းဆွတ်ကျန်ရစ်ရမယ့် ကစားသမားမျိုးပါ" လို့ ချီးကျူး ပြောကြားခဲ့တာပါ။

​ဒါ့အပြင် မော်ရင်ဟို တောင်မှ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုထားတဲ့ မက်ဆီရဲ့ ကစားသမားဘဝ နောက်ဆုံးနှစ်တွေကို စောင့်ကြည့်ဖို့အတွက် MLS ပြိုင်ပွဲကို ကြည့်ရှုရတော့မယ်လို့ ဝန်ခံထားပါတယ်။

မက်ဆီ ဘောလုံးလောကကနေ လုံးဝ အနားယူသွားတဲ့ တစ်နေ့မှာတော့ ဘောလုံးလောကကြီးတစ်ခုလုံးရဲ့ ခံစားချက်ဟာလည်း အရင်နဲ့ မတူတော့ဘဲ ပြောင်းလဲသွားတော့မှာပဲ ဖြစ်ပါတယ်..

#မက်ဆီ #မော်ရင်ဟို

ဆလိုဗက်ကီးယား ထိပ်သီး စလိုဗန် ဘရာတီဆလာဗာကို ချန်ပီယံလိဂ် ဝင်ခွင့် ရစေခဲ့သူ ယာယာ တိုရေး----------------------------------...
04/09/2026

ဆလိုဗက်ကီးယား ထိပ်သီး စလိုဗန် ဘရာတီဆလာဗာကို ချန်ပီယံလိဂ် ဝင်ခွင့် ရစေခဲ့သူ ယာယာ တိုရေး
---------------------------------------------------
​အိုင်ဗရီကို့စ် ဝါရင့် ကစားသမားဟောင်း ယာယာ တိုရေးဟာ ဆလိုဗက်ကီးယား နိုင်ငံရဲ့ အအောင်မြင်ဆုံးနဲ့ အကြီးမားဆုံး ထိပ်သီးကလပ် ဖြစ်တဲ့ စလိုဗန် ဘရာတီဆလာဗာ အသင်းနဲ့အတူ အံ့အားသင့်ဖွယ် အစပျိုးမှုမျိုးကို ပြသနေပါတယ်။

​၎င်းအနေနဲ့ အသင်းကို စတင် တာဝန်ယူခဲ့ချိန်ကတည်းက လက်ရှိအချိန်အထိ ရှုံးပွဲ လုံးဝ မရှိသေးဘဲ ဥရောပ ထိပ်သီး ပြိုင်ပွဲကြီးဖြစ်တဲ့ UEFA ချန်ပီယံလိဂ် ဝင်ခွင့်အထိ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

​ယာယာ တိုရေး လက်ထက် စလိုဗန် ဘရာတီဆလာဗာ အသင်းရဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရလဒ်တွေကတော့ Iberia 1999 ကို ၂-၀ နဲ့ နိုင်၊ Banska Bystrica ကို ၄-၀ နဲ့ နိုင်၊ Iberia 1999 နဲ့ ၁-၁ သရေ၊ Podbrezova ကို ၃-၀ နဲ့ နိုင်၊ Mjällby ကို ၂-၁ နဲ့ နိုင်၊ Mjällby ကို ၂-၀ နဲ့ နိုင်၊ Ružomberok ကို ၅-၀ နဲ့ အပြတ်အသတ်နိုင်၊ Celje နဲ့ ၁-၁ သရေ၊ FC Kosice ကို ၂-၁ နဲ့ နိုင်ပြီး Celje ကိုလည်း ၂-၁ နဲ့ ထပ်မံ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

​စုစုပေါင်း ၁၀ ပွဲမှာ ၈ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိ ရလဒ်ကောင်းကို ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် စလိုဗက် ထိပ်သီးအသင်းကြီးမှာ ယာယာ တိုရေးရဲ့ နည်းပြဘဝ အစပျိုးမှုဟာ တကယ့်ကို အားရဖွယ်ရာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

#ယာယာတိုရေး

ပရီးမီးယားလိဂ် သမိုင်းသစ် ရေးထိုးဖို့ တစ်ပွဲသာ လိုတော့တဲ့ အဲလက်စ် အီဝိုဘီ-----------------------------------------------...
04/09/2026

ပရီးမီးယားလိဂ် သမိုင်းသစ် ရေးထိုးဖို့ တစ်ပွဲသာ လိုတော့တဲ့ အဲလက်စ် အီဝိုဘီ
------------------------------------------------
ဖူလ်ဟမ် အသင်းရဲ့ နိုက်ဂျီးရီးယား ကွင်းလယ်လူ အဲလက်စ် အီဝိုဘီဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းမှာ မှတ်တိုင်သစ် တစ်ခု စိုက်ထူနိုင်ဖို့ နောက်ထပ် တစ်ပွဲသာ လိုပါတော့တယ်။

​အီဝိုဘီဟာ အာဆင်နယ် အသင်းမှာ ၁၀၀ ပွဲ၊ အဲဗာတန် အသင်းမှာ ၁၂၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး လက်ရှိ ဖူလ်ဟမ် အသင်းမှာတော့ ၉၉ ပွဲအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

​သူ့အနေနဲ့ ဖူလ်ဟမ် အသင်းအတွက် နောက်ထပ် ၁ ပွဲ ပါဝင်ကစားပေးတာနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းမှာ ကလပ်အသင်း သုံးခုစလုံးအတွက် ပွဲပေါင်း ၁၀၀ နဲ့အထက် ပါဝင်ကစားပေးနိုင်တဲ့ ၅ ဦးမြောက် ကစားသမားအဖြစ် သမိုင်းဝင် စံချိန်သစ် တင်ရှိသွားတော့မှာပဲ ဖြစ်ပါတယ်။

#အီဝိုဘီ

M League ပွဲစဉ် (၂) တွင် စတားစီးတီးကွင်း ပါဝင်လာ------------------------------------------၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်...
04/09/2026

M League ပွဲစဉ် (၂) တွင် စတားစီးတီးကွင်း ပါဝင်လာ
------------------------------------------
၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲကို ပွဲစဉ် (၂) ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ စတားစီးတီးကွင်းကိုပါ ထပ်မံတိုးချဲ့လိုက်တာကြောင့် စုစုပေါင်း မြို့ ၅ မြို့က ကွင်း ၉ ကွင်းမှာ ကျင်းပသွားတော့မှာဖြစ်ကြောင်း M League ကော်မတီက အသိပေးထားပါတယ်။

​ပွဲစဉ် (၂) အဖြစ် ဩဂုတ် ၄ ရက်မှာ ရန်ကုန်မြို့ ပဒေသာကွင်း၌ ရန်ကုန်စီးတီးနဲ့ ရတနာပုံ၊ စတားစီးတီးကွင်းမှာ ချင်းလန့်နဲ့ ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမှာပါ။

ဩဂုတ် ၅ ရက်မှာတော့ စတားစီးတီးကွင်းမှာ မြဝတီနဲ့ ရှမ်းယူနိုက်တက်၊ သီဟဒီပကွင်းမှာ သစ္စာအားမာန်နဲ့ ဟံသာဝတီယူနိုက်တက်တို့ ကစားကြမှာဖြစ်သလို၊ ဩဂုတ် ၆ ရက်မှာတော့ ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ဧရာဝတီယူနိုက်တက်နဲ့ ဒဂုံစတားယူနိုက်တက်၊ သီဟဒီပကွင်းမှာ ISPE နဲ့ စစ်ကိုင်းယူနိုက်တက်တို့ ဆက်လက် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

​ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယား အခြေအနေမှာတော့ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နဲ့ ရတနာပုံတို့က ရမှတ် ၃ မှတ်စီနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေကြပါတယ်။

မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီးနဲ့ ရှမ်းယူနိုက်တက်တို့ကတော့ ၁ မှတ်စီနဲ့ အလယ်အလတ် နေရာတွေမှာ ရှိနေပြီး ISPE၊ ချင်းလန့်၊ ဟံသာဝတီယူနိုက်တက်နဲ့ စစ်ကိုင်းယူနိုက်တက်တို့ကတော့ နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။

​ဒီနှစ် M League ပြိုင်ပွဲကြီးကိုတော့ လွန်ခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကတည်းက နှစ်ကျော့စနစ်နဲ့ အရှိန်အဟုန်မပျက် ကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။

Photo: M League

#မြန်မာလိဂ်

စပါးအသင်း ပရီးမီးယားလိဂ် လူစာရင်းကနေ ရစ်ချာလီဆန် ချန်လှပ်ခံရ------------------------------------------​ဘရာဇီးလ် တိုက်စစ်...
04/09/2026

စပါးအသင်း ပရီးမီးယားလိဂ် လူစာရင်းကနေ ရစ်ချာလီဆန် ချန်လှပ်ခံရ
------------------------------------------
​ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆန်ကတော့ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် တင်သွင်းခဲ့တဲ့ ၂၅ ဦး အဓိက လူစာရင်းကနေ ချန်လှပ်ခံလိုက်ရပါတယ်။

​နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်တုန်းက ရစ်ချာလီဆန်ဟာ အသင်းဟောင်း အဲဗာတန်ဆီ ပြန်ဖို့ ကြိုးစားခဲ့သေးပေမဲ့ အဆင်မပြေခဲ့ဘဲ စပါးမှာပဲ သောင်တင်ကျန်ရစ်ခဲ့တာပါ။

ဒါပေမဲ့ တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်က ဒီနေ့ စက်တင်ဘာ ၄ ရက်မှ ပိတ်မှာဖြစ်သလို၊ ဆော်ဒီလိဂ် ဈေးကွက်ကလည်း စက်တင်ဘာ ၆ ရက်မှ ပိတ်မှာမို့လို့ သူ့အနေနဲ့ အသင်းသစ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
​သတင်းတွေရဲ့ ဖော်ပြချက်အရ တူရကီ ထိပ်သီးကလပ် ထရက်ဇွန်စပေါ် အသင်းဟာ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။

ထရက်ဇွန်စပေါ် အသင်းဟာ သူ့ကို စပါးမှာ ရရှိနေတဲ့ လစာထက် ၃ ဆအထိ တိုးမြှင့်ပေးအပ်ပြီး ဈေးကွက် မပိတ်မီ အပြီးသတ် ခေါ်ယူသွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

#တူရကီလိဂ်

စပိန်လက်ရွေးစင်မှ အနားယူလိုက်သည့် မာကော့စ် လိုရန်တေး-------------------------------​ယခုနွေရာသီမှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ...
04/09/2026

စပိန်လက်ရွေးစင်မှ အနားယူလိုက်သည့် မာကော့စ် လိုရန်တေး
-------------------------------
​ယခုနွေရာသီမှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကွင်းလယ်နှင့် အနောက်တန်းစုံ ကစားနိုင်သူ မာကော့စ် လိုရန်တေးဟာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

​အသက် ၃၁ နှစ်အရွယ် လိုရန်တေးဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက နည်းပြ လူးဝစ် အင်းနင်းကေး လက်ထက်မှာ စပိန် စီနီယာ လက်ရွေးစင်အသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။

၎င်းဟာ စပိန်အသင်းအတွက် စုစုပေါင်း ၂၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ယူရို ၂၀၂၀ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲ နှစ်ကြိမ်တိုင်တိုင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

​လိုရန်တေးဟာ ယခုအခါ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့တဲ့ အမြင့်မားဆုံး အောင်မြင်မှုနဲ့အတူ လက်ရွေးစင် ကစားသမားဘဝကို လှပစွာ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

#မားကို့စ်လိုရန်တေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Football Editor MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category