04/10/2026
"ကင်နီ ဒယ်လ်ဂလစ်ရှ် နောက်ပိုင်း စကော့တလန် အသင်း အတွက် ပွဲ ၁၀၀ ပြည့် ဒုတိယမြောက် ကစားသမား ဖြစ်လာတဲ့ အန်ဒီ ရော်ဘတ်ဆန်" 🏴⚡️
စကော့တလန် လက်ရွေးစင် အသင်းခေါင်းဆောင် အန်ဒီ ရော်ဘတ်ဆန်အတွက်တော့ နိုင်ငံအသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်သွားတာဟာ မှတ်တမ်းအသစ်တစ်ခု စိုက်ထူလိုက်တာထက် ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိပါတယ်။
စကော့တလန် ဘောလုံးသမိုင်းတစ်လျှောက်မှာ နိုင်ငံအသင်းအတွက် ပွဲ ၁၀၀ နဲ့အထက် ကစားပေးနိုင်ခဲ့သူဆိုလို့ ဂန္ထဝင်အကျော်အမော် ကင်နီ ဒယ်လ်ဂလစ်ရှ် တစ်ယောက်တည်းပဲ ရှိခဲ့ဖူးတာပါ။
အခုတော့ ရော်ဘတ်ဆန်ဟာ စကော့တလန် အသင်း အတွက် သမိုင်းတစ်လျှောက် ဒီစံချိန် အတွက် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါပြီ။
ဒါဟာ ရိုးရိုးကိန်းဂဏန်းပြည့်ရုံ သာမန်စံချိန်တစ်ခု မဟုတ်ပါဘူး။ ဘယ်နောက်ခံလူနေရာမှာ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်း အသင်းကို စံနမူနာပြ ဦးဆောင်ခဲ့တဲ့ ရော်ဘတ်ဆန်ရဲ့ တည်ငြိမ်မှုနဲ့ ပေးဆပ်မှုကို သက်သေပြလိုက်တာပါ။
ခေတ်သစ် စကော့တလန် ဘောလုံးလောကကို ပြန်နိုးထလာအောင် ရှေ့ကနေ မမောနိုင်မပန်းနိုင် ရင်းနှီးပေးခဲ့တဲ့ သူ့ရဲ့ နာမည်ဟာလည်း ကင်နီ ဒယ်လ်ဂလစ်ရှ်လိုပဲ စကော့တလန် သမိုင်းစာမျက်နှာမှာ ထာဝရ မကွယ်ပနိုင်တော့မှာ သေချာပါတယ်။
ရော်ဘတ်ဆန်ရဲ့ ဒီသမိုင်းဝင် မှတ်တိုင်အပေါ် ပရိသတ်တို့ရော ဘယ်လိုမြင်ကြပါသလဲ Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦးနော်။
Football Editor MM ကို Like နဲ့ Follow လုပ်ထားဖို့လည်း မမေ့ကြပါနဲ့ဦး။ 💬👇