United Anthem

United Anthem Male

TRANSFER..!Man United သည် Benjamin Šeško ကို ခေါ်ယူရန်အတွက် ကစားသမားတစ်ဦးအလိုက်ပေးမည့် အစီအစဉ်ကို စီစဉ်နေပြီး Šeško အနေဖ...
30/07/2025

TRANSFER..!

Man United သည် Benjamin Šeško ကို ခေါ်ယူရန်အတွက် ကစားသမားတစ်ဦးအလိုက်ပေးမည့် အစီအစဉ်ကို စီစဉ်နေပြီး Šeško အနေဖြင့် ဆုံးဖြတ်ချက်ချရန် ရက်အနည်းငယ်လောက်အချိန်ယူမည်ဖြစ်သည်။

Rasmus Højlund သည် RB Leipzig ၏ အဓိကပစ်မှတ်များထဲမှ တစ်ဦး ဖြစ်နေသည်။

Fabrizio Romano

✅ 𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒မန်ချက်စတာ ယူနိုက်တက် သည် Benjamin Šeško ကို ခေါ်ယူရန်အတွက် စတင်လှုပ်ရှားမှု‌တွေပြုလုပ်နေပြီဖြစ်ပါတယ်၊ Ch...
30/07/2025

✅ 𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒

မန်ချက်စတာ ယူနိုက်တက် သည် Benjamin Šeško ကို ခေါ်ယူရန်အတွက် စတင်လှုပ်ရှားမှု‌တွေပြုလုပ်နေပြီဖြစ်ပါတယ်၊ Christopher Vivell ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂျာမနီ သို့ တာဝန်ပေးစေလွှတ်ခဲ့တယ်လို့ သတင်းရရှိပါသည်။ 🇩🇪
ယခုအခါ ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။

⚫ အခြားတဖက်ကတော့ နယူးကာဆယ် ဖြစ်ပြီး၊ ယူနိုက်တက်နှင့်အတူ Šeško ကို အပြိုင်ခေါ်ယူရန် ရှိနေကြောင်းသိရသည်။

💰 နှစ်သင်းလုံးအနေဖြင့် ပြောင်းရွှေ့ကြေးကို ယူရို ၇၀ သန်းအထိ လျော့ချနိုင်ရန် မျှော်လင့်နေကြသည်။

Ben Jacobs

✅ 𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒..!Benjamin Šeško ကို ခေါ်ယူရန်အတွက် မန်ချက်စတာ ယူနိုက်တက် သည် ပြီးခဲ့သော ၄၈ နာရီအတွင်း လိုက်ပ်ဇစ်အသင်းနှ...
30/07/2025

✅ 𝐓𝐑𝐀𝐍𝐒𝐅𝐄𝐑 𝐍𝐄𝐖𝐒..!

Benjamin Šeško ကို ခေါ်ယူရန်အတွက် မန်ချက်စတာ ယူနိုက်တက် သည် ပြီးခဲ့သော ၄၈ နာရီအတွင်း လိုက်ပ်ဇစ်အသင်းနှင့် တိုက်ရိုက် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိလာသည်။

🟥 ယူနိုက်တက်အနေနဲ့ လာမယ့်ရက်အနည်းငယ်အတွင်းမှာပင် ကစားသမားကို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

Fabrizio Romano

🎙️ Zirkzee “တကယ်လို့ အသင်းထဲကို တိုက်စစ်မှူးအသစ်တစ်ဦး ရောက်လာမယ်ဆိုရင်၊ ဒါဟာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတစ်ခုပဲ ဖြစ်လာမ...
30/07/2025

🎙️ Zirkzee

“တကယ်လို့ အသင်းထဲကို တိုက်စစ်မှူးအသစ်တစ်ဦး ရောက်လာမယ်ဆိုရင်၊ ဒါဟာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတစ်ခုပဲ ဖြစ်လာမှာပါ။ အဲ့ဒီအတွက် ကျွန်တော် စိတ်ပူတာမရှိပါဘူး။ အဓိကကတော့ အသင်းအတွက် ဘာအကောင်းဆုံးလဲဆိုတာပါ။

ကျွန်တော်နဲ့ Rasmus တို့ဟာ ပိုမိုကောင်းမွန်အောင် လုပ်နိုင်ကြတယ်လို့ ယုံကြည်ပါတယ်။တကယ်လဲလုပ်နိုင်‌ေအာင်ကြိုးစားရမှာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ ကျွန်တော်ပြောနိုင်တာက ဒီအတိုင်းပါပဲ။”

MailSports

🚨 Exclusive..!Man United သည် Southampton Academy မှ အသက် ၁၆ နှစ်အရွယ် Harley Emsden-James ကို ခေါ်ယူလိုက်ပြီးဖြစ်သည်။ယင်...
30/07/2025

🚨 Exclusive..!

Man United သည် Southampton Academy မှ အသက် ၁၆ နှစ်အရွယ် Harley Emsden-James ကို ခေါ်ယူလိုက်ပြီးဖြစ်သည်။

ယင်းကလေးကစားသမားအတွက် တခြား Premier League အသင်းများကလည်း စိတ်ဝင်စားမှုရှိနေကြပြီး INEOS Board မှလက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်။Academy အတွက် အရေးပါသော အင်အားဖြည့်တင်းမှုအဖြစ် သတ်မှတ်ထားကြောင်းလဲ သိရသည်။

🔴 လူငယ်‌ခြေတက်တစ်ဦးကိုအရ‌ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

Fabrizio Romano

🎙️ Luke Shaw❝ဒီရာသီအတွက် ရာသီကြိုပြင်ဆင်‌နေချိန်တစ်လျှောက်လုံးမှာ ကျွန်တော်တို့အသင်းဟာ တကယ်စည်းလုံးတဲ့ အသင်းတစ်သင်းလို ခ...
30/07/2025

🎙️ Luke Shaw

❝ဒီရာသီအတွက် ရာသီကြိုပြင်ဆင်‌နေချိန်တစ်လျှောက်လုံးမှာ ကျွန်တော်တို့အသင်းဟာ တကယ်စည်းလုံးတဲ့ အသင်းတစ်သင်းလို ခံစားရတယ်။
ကျွန်တော် အသင်းကိုပြန်‌ရောက်လာတဲ့အချိန်ကစပြီး အသင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် သိသိသာသာရင်းနှီးနေတာ တွေ့ရပါတယ်။

အဲဒီစည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းထားဖို့အရေးကြီးတယ်လို့ထင်ပါတယ်။ မိသားစုလိုပဲ ဖြစ်လာအောင် တည်ဆောက်ပြီး၊အားလုံးပေါင်းပြီး တူညီတဲ့ ဦးတည်ချက်ကို သွားနိုင်ဖို့ ကြိုးစားနေပါတယ်။❞

United Stand

🎙️ Bryan Mbeumo❝ကျွန်တော်က စိန်ခေါ်မှု‌‌တွေကို ကြိုက်တဲ့သူတစ်ယောက်ပါ။ မန်ယူနိုက်တက်ကို မပြောင်းခင်မှာ တချို့အသင်းနည်းပြ‌...
30/07/2025

🎙️ Bryan Mbeumo

❝ကျွန်တော်က စိန်ခေါ်မှု‌‌တွေကို ကြိုက်တဲ့သူတစ်ယောက်ပါ။ မန်ယူနိုက်တက်ကို မပြောင်းခင်မှာ တချို့အသင်းနည်းပြ‌တွေနဲ့ စကားပြောကြည့်ပြီး၊ တချို့အသင်းတွေရဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း နားလည်ဖို့ ကြိုးစားခဲ့တယ်။
အဲဒီအနက်မှာ မန်ယူနိုက်တက်ရဲ့ ရည်မှန်းချက်နဲ့ အနာဂတ်ပုံစံကတော့ ကျွန်တော့်ကို အထူးသဖြင့်ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ချင်တဲ့စိတ် တကယ်လည်း ရလာခဲ့တယ်။

အထူးသဖြင့် နည်းပြ Amorim နဲ့ တွေ့ဆုံစကားပြောရာမှာ သူ့ရဲ့ ဖော်ရွေမှုနဲ့ ရှင်းလင်းတဲ့ အမြင်တွေကို ကျွန်တော် တကယ် သဘောကျတယ်။
သူက — “ငါတို့က အနိုင်ကိုသာမြတ်နိုးတဲ့အသင်း။ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်ဖို့ ကြိုးစားနေတာပါ။ ငါတို့ကိုယ်တိုင်အနေနဲ့လည်း အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်” — လို့ ပြောခဲ့တယ်။
အဲ့ဒါကပဲ ကျွန်တော့်ဆုံးဖြတ်မှုမှာ အရေးကြီးတဲ့အချက်ဖြစ်သွားပါတယ်။❞

The Athletic

🚨 TRANSFER UPDATE..!Manchester United သည် Ollie Watkins ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ကစားသမားကိုယ်တိုင်ကလည...
30/07/2025

🚨 TRANSFER UPDATE..!

Manchester United သည် Ollie Watkins ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကိုပြောင်းရွှေ့ချင်တဲ့ဆန္ဒ ပြင်းပြ‌လျှက်ရှိပါတယ်။

Villa နဲ့ နီးစပ်တဲ့ရင်းမြစ်တွေကလည်း — ပေါင်သန်း ၅၀ ကျော်တဲ့ကမ်းလှမ်းမှုမျိုးရရှိလာပါက အပြောင်းအရွှေ့ဖြစ်နိုင်ချေမြင့်မားနေတယ်လို့ ပြောကြပါတယ်။

ကစားသမားကိုယ်တိုင်ရဲ့အသင်းအပေါ်ကိုတွန်းအားပေးမှုကလဲ အပြောင်းအရွှေ့‌အပေါ် ကိုသက်ရောက်မှုရှိလာနိုင်ပါတယ်။

JacobsBen

❝Ollie Watkins အကြောင်းပြောရမယ်ဆိုရင်...Watkins က အရမ်းပြီးပြည့်စုံ‌ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ သူက အသင်းရဲ့ ကစား...
30/07/2025

❝Ollie Watkins အကြောင်းပြောရမယ်ဆိုရင်...
Watkins က အရမ်းပြီးပြည့်စုံ‌ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ သူက အသင်းရဲ့ ကစားကွက်ထဲမှာပူး‌ပေါင်းနိုင်ပြီး အချိတ်အဆက်‌‌တွေလဲ‌ ကောင်းကောင်းလုပ်ဆောင်‌ပေးနိုင်ပါတယ်။ ထို့အပြင် “runs in behind” လည်း ထူးခြားစွာလုပ်ဆောင်နိုင်တာကြောင့် ကျွန်တော်အတွက်တော့ ထူးခြားတဲ့အချက်ပါ။
သူရဲ့ရွေ့လျားပုံဟာ တောင်ပံကစားသမားတွေ အတွက် နေရာလွတ်တွေ ဖန်တီးပေးနိုင်ပါတယ်။ တောင်ပံကစားသမားတွေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ကစားရမလဲဆိုတာကိုလည်း သူက အတော်လေးနားလည်ထားပါတယ်။❞

🗣️ Bryan Mbeumo

🚨 INJURY UPDATE..!▪️ Lisandro Martinez — မန်ယူနိုက်တက်နောက်ခံလူ Lisandro Martinez သည် အသင်းနဲ့ပြန်လည်လေ့ကျင့်နေပြီးဖြစ်သ...
29/07/2025

🚨 INJURY UPDATE..!

▪️ Lisandro Martinez — မန်ယူနိုက်တက်နောက်ခံလူ Lisandro Martinez သည် အသင်းနဲ့ပြန်လည်လေ့ကျင့်နေပြီးဖြစ်သော်လည်း၊ ရာသီအဖွင့်ပွဲ ၃ ပွဲ (Premier League Opening Fixtures) တွင်ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

▪️ Andre Onana — မန်ယူနိုက်တက်ဂိုးသမား Onana သည် ရက်အနည်းငယ်အနားယူခဲ့ပြီးနောက် ယခုအခါပြန်လည်‌ ကောင်းမွန်လာပြီးအသင်းနှင့်အတူပြန်လည်ပူး‌ပေါင်းရန်အသင့်ဖြစ်လာနေသည်။ Arsenal နှင့် ကစားမည့် ရာသီအဖွင့် Premier League ပွဲစဉ်တွင် ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်နိုင်ဖွယ်ရှိသည်။

The Athletic

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when United Anthem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category