Min Thein Kyaw - Remind

Min Thein Kyaw - Remind Coach

📌📌 လူငယ်ဖြစ်ရင် လာလို့ရပြီ   ..............🎉🎉 အခုလာမဲ့ ၈လပိုင်း ၂၉ ရက်နေ့  မှာ ပြုလုပ်သွားမဲ့  လူငယ်တွေ အပြင်မှာ တွေ့ဆုံ...
22/08/2026

📌📌 လူငယ်ဖြစ်ရင် လာလို့ရပြီ ..............

🎉🎉 အခုလာမဲ့ ၈လပိုင်း ၂၉ ရက်နေ့ မှာ ပြုလုပ်သွားမဲ့ လူငယ်တွေ အပြင်မှာ တွေ့ဆုံနိုင်ဖို့ Outdoor Networking Event ကြီးတစ်ခုရှိပါတယ်။

✅ ဒီ ပွဲကြီး မှာ လူငယ်တွေ အချင်းချင်း ချိတ်ဆက်မှုတွေ လုပ်ကျမယ် ၊ Gameတွေ ဆော့ကျမယ်🎮 ၊ မုန့်တွေစားကျမယ်🍔 ၊ Activites တွေ🏂 မျိုးစုံ လုပ်ရင်းနဲ့ တစ်ဦး 💃နဲ့ တစ်ဦး ခင်မင်ရင်နှီး ခွင့်🕺 ရသွား အောင် ဖန်တီးထားတဲ့ Networking Event ကြီးတစ်ခုဖြစ်ပါတယ်။ 🎵🎶🎼

🟩 ကိုယ်အနေနဲ့ ရော ကိုယ်လုပ်ငန်းအတွက် ပါ Network တွေ ရဖို့ အတွက် ကျွန်တော်တို့ အားလုံးအတူတူ ဒီပွဲကြီးမှာ ပြန်လည်ဆုံချင်ပါတယ်။

🗓 Date - 29.8.2026
⏰ Time - 12:00 pm to 4:00 pm
📍 Location - ရန်ကုန်မြို့ ၊ပြည်လမ်း ၊တော်ဝင်စင်တာ ၃ လွှာ၊ Value Build Academy ။

ဒီပွဲကြီး ကို တက်ရောက်မယ် ဆိုရင်တော့ 📩 Comment မှာ 👉'' Networking ''လို ရေးခဲ့လို့ရပါတယ်။

ကျွန်တော်တို့ Team ဘက်ကနေ
ပြန်လည်ဆက်သွားပေးသွားပါမယ်။

With Love 🧡
MTK Admin Team.




Limiting Belief သင်တန်း Day (2)အားလုံးအတူတူ လိုက်ပါ စီးမျောပေးခဲ့ကျတဲ့ တစ်ဦးတစ်ယောက်ချင်းစီးတိုင်းကို ကျေးဇူးအများကြီး ...
02/08/2026

Limiting Belief သင်တန်း Day (2)

အားလုံးအတူတူ လိုက်ပါ စီးမျောပေးခဲ့ကျတဲ့ တစ်ဦးတစ်ယောက်ချင်းစီးတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။

With Love,
Min Thein Kyaw ( Coach & Trainer )

Limiting Belief Training ( Day 1 )အားလုံး အတူတူ တက်တက်ကြွကြွ ပါဝင်ပေးကျတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်း ကို ကျေးဇူးအများက...
01/08/2026

Limiting Belief Training ( Day 1 )

အားလုံး အတူတူ တက်တက်ကြွကြွ ပါဝင်ပေးကျတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်း ကို ကျေးဇူးအများကြီး တင်ပါတယ်။

With Love,
Min Thein Kyaw ( Coach & Trainer )

📌📌 မနက်မိုးလင်းတိုင်းမှာ... ဘာအတွက်ကြောင့် အိပ်ရာက နိုးထလာလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မေးဖူးလား❓"ငါ ဘာကြောင့် အသက်ရှင်နေရ...
12/07/2026

📌📌 မနက်မိုးလင်းတိုင်းမှာ... ဘာအတွက်ကြောင့် အိပ်ရာက နိုးထလာလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မေးဖူးလား❓

"ငါ ဘာကြောင့် အသက်ရှင်နေရတာလဲ? ဘာအတွက် အသက်ရှင်နေရတာလဲ? ဘာလုပ်ဖို့အတွက် လူ လာဖြစ်တာလဲ?" 🤔💭

🔰 တကယ်တော့ လူတစ်ယောက်မှာ အသက်ရှင်သန်ဖို့အတွက် **Project နှစ်မျိုး** ရှိဖို့ လိုအပ်ပါတယ်။

✅ ရပ်တည်ဖို့အတွက် (Profession Project) 💼**
✅ ဖြစ်တည်ဖို့အတွက် (Passion Project) ❤️**

တနည်းအားဖြင့် "ရပ်တည်မှု" နဲ့ "ဖြစ်တည်မှု" ပေါ့...

🛑 နေ့စဉ် ထမင်းစားဖို့၊ အိမ်လခပေးနိုင်ဖို့၊ မိသားစုကို ထောက်ပံ့နိုင်ဖို့၊ အသုံးစရိတ်တွေ ကာမိပြီး လူတန်းစေ့ နေနိုင်ဖို့အတွက် ရပ်တည်ဖို့ဆိုတဲ့ **Profession (အလုပ်)** ရှိဖို့ လိုပါတယ်။

🛑 အဲဒီအပြင်... ကိုယ်တကယ် ပျော်ရွှင်စေတဲ့အရာတွေ လုပ်နေနိုင်ဖို့၊ ကိုယ်ဝါသနာပါတဲ့အရာတွေ၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစေပြီး ကြည်နူးစေမယ့်အရာတွေကို ဖန်တီးနိုင် ဖို့အတွက် ဖြစ်တည်မှုဆိုတဲ့ **Passion (ရည်မှန်းချက်/ဝါသနာ)** လည်း ရှိဖို့ လိုပြန်ရော။

> 💡 *ဒါဆိုရင်... ကိုယ့်ရဲ့ ရပ်တည်မှုနဲ့ ဖြစ်တည်မှု အတွက် ဆိုရင် ငါ က တကယ်ပဲ ..............

* ဘာတွေ လုပ်ရတာကို နှစ်သက် ပျော်ရွှင်နေတာ လဲ❓
* ဘာတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်နေပြီလဲ❓
* ဘယ်အရာတွေက ကိုယ့်ကို ဝင်ငွေ (ပိုက်ဆံ) ပေးနိုင်လဲ❓
* ဘယ်အရာတွေကို လူအများက ကိုယ့်ဆီကနေ လိုလားတောင့်တနေကြလဲ❓

ဒါတွေအားလုံးကို ပြန်လည်ရှာဖွေဖို့ (တစ်နည်းအားဖြင့်)

**" ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေချင်တဲ့ သူတွေ ၊ ကိုယ်ရဲ့ဘဝရဲ့ ရည်ရွယ်ချက်ကို သိချင်တဲ့ သူတွေ ၊

ဟိုဟာလဲလုပ်ရမလား ဒီဟာလဲ လုပ်ရမလား စိတ်ထဲမှာ မတင်မကျ လွန်ဆွဲ နေတဲ့ သူတွေ​ "** အတွက်

Webinar (Group Coaching) တစ်ခုကို
ပြုလုပ်သွားဖို့ ရှိပါတယ်။ 🚀

📌 **FREE Webinar**
🗓️ **Date :** 12 July 2026 ( Sunday )
📍 **Platform :** Online - Zoom
🕒 **Time :** 8:00 PM - 10:00 PM

⛔ ဒီ Webinar ကို စိတ်ဝင်စားလို့ join ချင်တယ်ဆိုရင်တော့ -

👉 Comment မှာ “ Purpose ” လို့ ရေးခဲ့လို့ရပါတယ်

ကျွန်တော့်တို့ Team ဘက်ကနေ Zoom Link ကို Messenger ✉️✨ ကနေ ပြန်လည်ပေးပို့ပေးသွားပါမယ်။

With Love ❤
Min Thein Kyaw ( Coach&Trainer )



 # # 🔔 📢 Networking Day လာပါပြီ! 🤝✨သင်တန်းတွေပြီးသွားလို့ အဆက်အသွယ်ပြတ်နေလား? ဒါမှမဟုတ် အလုပ်ခွင်ထဲမှာ တစ်ယောက်တည်း ရုန်...
16/05/2026

# # 🔔 📢 Networking Day လာပါပြီ! 🤝✨

သင်တန်းတွေပြီးသွားလို့ အဆက်အသွယ်ပြတ်နေလား? ဒါမှမဟုတ် အလုပ်ခွင်ထဲမှာ တစ်ယောက်တည်း ရုန်းကန်နေရသလို ခံစားနေရပြီလား? အိမ်ထဲမှာပဲ အချိန်ကုန်နေမိလို့ အပြင်လောကနဲ့ ဝေးကွာနေသလို ဖြစ်နေတဲ့ သူတွေအတွက် ဒီပွဲလေးက အဆင်သင့်ရှိနေပါပြီ။

📌📌**ဒီပွဲလေးက ဘယ်သူတွေအတွက်လဲ?** 🤔

✅* မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်သူတွေ။
✅* နယ်ပယ်အသီးသီးက လူတွေဆီကနေ ဗဟုသုတနဲ့ သတင်းအချက်အလက်သစ်တွေ ရယူချင်သူတွေ။
✅* ဝါသနာတူ၊ Passion တူတဲ့သူတွေနဲ့ ဆုံတွေ့ပြီး စိတ်ကူးချင်း ဖလှယ်ချင်သူတွေ။
✅* လူစိမ်းတွေနဲ့ စကားပြောဖို့ ကြောက်နေတတ်ပေမဲ့ ဒီအတားအဆီးကို ကျော်လွှားချင်သူတွေ။
✅* ရင်းနှီးတဲ့ သူတွေဆီကနေ လမ်းညွှန်မှု (Guidance) နဲ့ ခွန်အားတွေ ရယူချင်သူတွေ။
✅* ကိုယ့်ရဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ရင်ဖွင့်တိုင်ပင်ချင်သူတွေ။
✅* လက်ရှိမှာ လမ်းပျောက်နေသလို ခံစားနေရပြီး အဖြေတစ်ခုခုကို ရှာဖွေနေသူတွေ။

အထက်ပါအချက်တွေထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ **Networking Day** က နေ ကြိုဆိုပါတယ်။ 🤗

**Networking Day မှာ ဘာတွေလုပ်ကြမလဲ?** ❓❓

✳* ပျော်စရာကောင်းတဲ့ **Interactive Games** တွေ အတူတူဆော့မယ်။
✳* လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အတူတူတိုင်ပင်ပြီး ရင်ဖွင့်ကျမယ်။
✳* ရင်းနှီးပွင့်လင်းစွာ မိတ်ဆက်စကားပြောရင်း **Connection** တွေ တည်ဆောက်ကြမယ်။

⛔ တကယ်တော့ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတာမဟုတ်ပါဘူး Networking Day ရှိနေတာကို မသိဘူးဖြစ်နေလို့ပါ။ 😊

🗓 **ကျင်းပမည့်ရက်:** မေလ ၁၇ ရက်နေ့ (ည ၈ နာရီ)
📍 **နေရာ:** Zoom (Online)

✨ **Networking Day ကို Join မယ်ဆိုရင်တော့ :**

Comment မှာ **"Yes"** လို့ ရေးပေးခဲ့ပါ။ ကျွန်တော်တို့ဘက်ကနေ Group ထဲကို အပ်ပေးပြီး Zoom Link ပို့ပေးသွားပါမယ်။

** ကျွန်တော်တို့ အချင်းချင်း လက်တွဲပြီး ရှေ့ဆက်ဖို့ Networking Day မှာ ဆုံကြရအောင်!** 🚀

--------

" ရင်ဖွင့်ကြမယ် "" 🗣️✨❌Coaching က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး❌အဲဒီတော့ ဘယ်လိုလူတွေက Coaching ကို ယူသင့်သလဲ? မိမိကိုယ်ကိ...
21/04/2026

" ရင်ဖွင့်ကြမယ် "" 🗣️✨

❌Coaching က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး❌

အဲဒီတော့ ဘယ်လိုလူတွေက Coaching ကို ယူသင့်သလဲ? မိမိကိုယ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်လိုသူတွေ အတွက်တော့ ယူသင့်ပါတယ်။ 🏆🏆

⛔ ဘာကြောင့် Coaching ကို ယူရမှာလဲ??? 🤔

✅ ၁။ မိမိကိုယ်ကိုယ် သိမြင်လာခြင်း
Coaching က မိမိရဲ့ အတွေးအခေါ်ပုံစံတွေ၊ အမူအကျင့်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားမိတဲ့ အယူအဆ (Limiting Beliefs) တွေကို ပြန်လည် ဆန်းစစ်နိုင်အောင် ကူညီပေးပါတယ်။ ကိုယ်တိုင် သတိမမူမိတဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လာစေပါတယ်။

✅၂။ ပန်းတိုင်များ ရှင်းလင်းသေချာခြင်း
အနာဂတ်အတွက် ဘာလုပ်ရမှန်း မသေချာတဲ့အခါ ဒါမှမဟုတ် ရည်မှန်းချက်တွေ များနေတဲ့အခါ Coaching က ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေကို ခွဲခြားပေးပြီး တိကျတဲ့ ပန်းတိုင် (SMART Goals) တွေ ချမှတ်နိုင်အောင် လမ်းညွှန်ပေးပါတယ်။

✅ ၃။ တာဝန်ယူမှုရှိခြင်း
လူအများစုက စိတ်ကူးရှိပေမယ့် လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ အားနည်းတတ်ကြပါတယ်။ Coach တစ်ယောက်ရှိခြင်းက မိမိချမှတ်ထားတဲ့ အစီအစဉ်အတိုင်း တကယ်လုပ်ဆောင်ဖြစ်အောင် တွန်းအားပေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပါတယ်။

✅ ၄။ ရှုထောင့်အသစ်များ ရရှိခြင်း
ပြဿနာတစ်ခုကို တစ်ကိုယ်တည်း စဉ်းစားနေရင် အဖြေမထွက်ဘဲ ပိတ်မိနေတတ်ပါတယ်။ Professional Coach တစ်ယောက်က ဘက်လိုက်မှုမရှိတဲ့ မေးခွန်းတွေ မေးမြန်းခြင်းအားဖြင့် ပြဿနာကို ရှုထောင့်အသစ်ကနေ မြင်လာအောင်နဲ့ အဖြေရှာနိုင်အောင် ကူညီပေးပါတယ်။

✅ ၅။ စွမ်းဆောင်ရည် မြင့်မားလာခြင်း
လုပ်ငန်းခွင်မှာဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ ဘဝမှာဖြစ်စေ လက်ရှိထက် ပိုမိုထူးချွန်ချင်သူတွေအတွက် Coaching က လိုအပ်တဲ့ အရည်အချင်း (Skills) တွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းဗျူဟာတွေကို ချမှတ်ပေးနိုင်ပါတယ်။

📌📌 မှတ်ချက်

🚫 Coaching ဆိုတာ အကြံပေးခြင်း (Mentoring)
၊ ကုသခြင်း (Therapy) မဟုတ်ပါဘူး။ 🚫

✳ Coaching က ကိုယ့်ကိုယ်တိုင် ကိုယ် ဆီမှာ
ရှိပြီးသား အလားအလာ (Potential) တွေကို အသုံးချပြီး အကောင်းဆုံးရလဒ် ထွက်လာအောင် ပံ့ပိုးပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

မိတ်ဆွေ ကော လက်ရှိမှာ ဘယ်လိုနယ်ပယ်မျိုး
(ဥပမာ- အလုပ်အကိုင်၊ စိတ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး ) အတွက် Coaching ယူဖို့ စဉ်းစားနေတာပါလဲ?

Free Coaching Session ယူမယ်ဆိုရင်တော့ Comment မှာ 👇 '' CS '' ဆိုပြီးရေးခဲ့လို့ရပါတယ်။

Chat Box ✉ ကနေ လဲ
ဆက်သွယ်မေးမြန်းလို့ရပါတယ်။

မင်းသိမ်းကျော် ( Coach )

17/04/2026

တစ်ခုခုကို စလုပ်ဖို့အတွက် သံသယ တွေရှိနေခဲ့ရင်.....


12/04/2026

နှိုင်းယှဉ်ခြင်း (Comparison) ဆိုတာ
လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရတဲ့

သဘာဝတစ်ခုပါ။ ကျွန်တော် တို့ဟာ ပစ္စည်းတစ်ခုဝယ်တာကအစ၊ အလုပ်အကိုင်ရွေးချယ်တာအဆုံး

အမြဲတမ်း နှိုင်းယှဉ်နေကြရပါတယ်။ ဒါပေမဲ့ ဒီ "နှိုင်းယှဉ်ခြင်း" ကပဲ ကျွန်တော် တို့ကို တိုးတက်စေ

သလို၊ တစ်ခါတလေမှာလည်း စိတ်မချမ်း
မြေ့စရာတွေ ဖြစ်လာစေတတ်ပါတယ်။

နှိုင်းယှဉ်ခြင်းကို "လှေကားထစ်" အဖြစ် အသုံးချမလား "ချောက်ကမ်းပါး" အဖြစ် အသုံးပြုမလား

ဒါကတော့ ကိုယ်တိုင် ရွေးချယ်လို့ ရပါတယ်။

မင်းသိမ်းကျော် ( Coach )

11/04/2026

ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု
တွေက ကိုယ်အပေါ်မှာပဲ သက်ဆိုင်ပါတယ်

အကြောင်းအရာတစ်ခု အဖြစ်အပျက်တစ်ခု နဲ့
ကြုံလာရတဲ့အခါ ဒီအရာကို ကိုယ်ဘယ်လို ပုံစံနဲ့

တုန့်ပြန်လဲ ပေါ်မူတည်ပြီ
ရလဒ်တွေကလဲ ကွာခြားသွားကျတယ်

ကိုယ်အခု လက်ရှိနေနေရတဲ့ ဘဝကို
မကြိုက်နေ ဘူးဆိုရင်တော့ အရင်က လုပ်ခဲ့တဲ့

အရာ တွေမှားနေခဲ့လို့ ဖြစ်ပါတယ်

မင်းသိမ်းကျော် ( Coach )

10/04/2026

❌ အခုသိထားတဲ့ ပညာတွေက မလုံလောက်သေးဘူး ငါထပ်သိဖို့လိုသေးတယ်ဆိုတဲ့ စိတ် ဖြစ်ဖူးကျလား.....

ဒါက လူတော်တော်များများ ခံစားရလေ့ရှိတဲ့ "Perfectionism" (အရာရာကို ပြီးပြည့်စုံစေချင်တဲ့စိတ်)

----------------------

ဒီစိတ်ကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်မှာ မပျော်ရွှင်နိုင်ဘဲ နောက်ထပ် အချက်အလက်တွေ၊ နောက်ထပ် အသိပညာတွေကိုပဲ တမ်းတနေမိတာပါ။

🔴 ဘာကြောင့် မလုံလောက်သေးဘူးလို့ထင်ရတာလဲ....

⛔ Brain's Safety Mechanism: ကျွန်တော်တို့ရဲ့ ဦးနှောက်က မသေချာတဲ့အရာ (Uncertainty) ကို ကြောက်ပါတယ်။ အသစ်တစ်ခုခု စလုပ်တော့မယ်ဆိုရင် ဦးနှောက်က "အန္တရာယ်ရှိနိုင်တယ်" လို့ ယူဆပြီး "မင်း မပြည့်စုံသေးဘူး၊ မလုပ်နဲ့ဦး" ဆိုတဲ့ အတွေးနဲ့ တားဆီးတတ်တာပါ။

⛔ Perfectionism Traps: အမှားအယွင်းမရှိ ပြည့်စုံမှ စချင်တဲ့စိတ်က တကယ်တော့ "ကြောက်စိတ်" ကို ဖုံးကွယ်ထားတာပါ။ အမှားလုပ်မိမှာ၊ အဝေဖန်ခံရမှာကို ကြောက်တဲ့အတွက် "ပြင်ဆင်နေတုန်းပါ" ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်ဆွဲနေတတ်ကြပါတယ်။

⛔ The Learning Paradox: ဗဟုသုတတွေ ပိုသိလာလေလေ၊ ကိုယ်မသိသေးတဲ့ အရာတွေက ဘယ်လောက်တောင် များနေပါလားဆိုတာကို ပိုမြင်လာလေလေပါပဲ။ ဒါကြောင့် သင်ယူလေလေ၊ ကိုယ်က မပြည့်စုံသေးဘူးလို့ ပိုခံစားရလေလေ ဖြစ်တတ်ပါတယ်။

❓ မလုံလောက်သေးပဲ လုပ်ရင် မမှားနိုင်ဘူးလား.....

ကျိန်းသေပေါက် မှားနိုင်သလို၊ ကျရှုံးနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမြင်လေးတစ်ခု ပြောင်းကြည့်ဖို့ လိုပါတယ်။

✅ Failure as Data: မလုံလောက်သေးပဲ ​စလုပ်တဲ့အခါ ရလာတဲ့ "အမှား" က ကျရှုံးမှုမဟုတ်ဘဲ နောက်တစ်ဆင့်အတွက် လိုအပ်တဲ့ Data (အချက်အလက်) ဖြစ်ပါတယ်။

✅ The Risk of Waiting: အဆင်သင့်ဖြစ်အောင် စောင့်နေခြင်းရဲ့ "Cost" က အမှားလုပ်မိလို့ပေးရတဲ့ "Cost" ထက် ပိုများပါတယ်။ အချိန်တွေ ကုန်သွားမယ်၊ အခွင့်အရေးတွေ ဆုံးရှုံးမယ်၊ စိတ်ဓာတ်တွေ ကျလာမယ်။ ဒါက အကြီးမားဆုံး ကျရှုံးမှုပါပဲ။

❇ ပညာတွေပြည်စုံလာမဲ့ အချိန်ကို စောင့်နေမယ့်အစား "အခုရှိတဲ့အရာနဲ့ အကောင်းဆုံးစလုပ်မယ်" ဆိုတဲ့ စိတ်ကသာ သင့်ကို တခြားသူတွေထက် ခြေတစ်လှမ်း သာစေမှာပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Min Thein Kyaw - Remind posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category