UMTY Esports Association

UMTY Esports Association Authorized by University of Medical Technology Yangon & Myanmar Electronic Sports Federation

Fighting UMTY!!!
28/07/2026

Fighting UMTY!!!

🎮 Magic Chess: Go Go (MCGG) Player တွေအတွက် သတင်းကောင်းလေးလာပါပြီဗျ! 🎉Magic Chess: Go Go ကို ဝါသနာပါတဲ့ Player တွေ၊ ကိုယ...
20/07/2026

🎮 Magic Chess: Go Go (MCGG) Player တွေအတွက် သတင်းကောင်းလေးလာပါပြီဗျ! 🎉

Magic Chess: Go Go ကို ဝါသနာပါတဲ့ Player တွေ၊ ကိုယ့်ရဲ့ Strategy နဲ့ Skill တွေကို ယှဉ်ပြိုင်ပြသချင်တဲ့သူတွေအတွက် အခွင့်အရေးကောင်းလေး ရောက်လာပါပြီဗျ။

🏆 Paramedical Region Invitation Tournament အတွက် Registration ကို စတင်လက်ခံပေးနေပါပြီဗျ။

အတွေ့အကြုံရှိတဲ့ Player ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို စမ်းသပ်ချင်တဲ့ Player ဖြစ်ဖြစ် အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ဗျ။ ဒီ Tournament က အနိုင်အရှုံးတစ်ခုတည်းအတွက် မဟုတ်ဘဲ တူညီတဲ့ဝါသနာရှိတဲ့သူတွေနဲ့ တွေ့ဆုံဖို့၊ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ ပျော်ပျော်ရွှင်ရွှင် ယှဉ်ပြိုင်နိုင်ဖို့ ဖန်တီးထားတဲ့ ပြိုင်ပွဲလေးတစ်ခုလည်း ဖြစ်ပါတယ်ဗျ။

💰 Registration Fee – 5,000 MMK

Register လုပ်ချင်သူများအနေနဲ့ July 25 နောက်ဆုံးထားပြီးpage chat box မှာ အလွယ်တကူ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ဗျ။

အသေးစိတ်အချက်အလက်များ၊ ပြိုင်ပွဲစည်းမျဉ်းများနဲ့ အခြားသိလိုတာတွေရှိရင်တော့ Page Chat Box ကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

“Victory doesn’t come by chance. It comes by strategy.” 🏆🔥

See you on the battlefield!

We are invited 🎊
20/07/2026

We are invited 🎊

Register link available for PUBG Mobile
30/05/2026

Register link available for PUBG Mobile

💣VEC 26 : PUBG Mobile Registration Open Now

VEC သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ PUBG MOBILE ပြိုင်ပွဲကြီးအတွက် စာရင်းပေးသွင်းလို့ ရပါပြီ!

Erangel နဲ့ Miramar ထဲမှာ ကိုယ့် Skill တွေ က်ုချပြပြီး တစ်နိုင်ငံလုံးက တက္ကသိုလ် ကျောင်းသားတွေ ရှေ့မှာ သက်သေပြဖို့ အချိန်ရောက်ပြီ။ ကျောင်းဂုဏ်ဆောင်မယ့် သမိုင်းဦး Champion Squad ဖြစ်လာဖို့က ဒီလမ်းကြောင်းကနေ စတင်လိုက်ပါတော့။

ဒီတော့... အမြဲတမ်း တွဲဆော့နေကျ ကိုယ့် Uni က Squad တွေ၊ အသန်ဆုံး Gunner တွေကို အခုပဲ အမြန်ဆုံး လူစုလိုက်တော့!

Registration Period : May 31 -June 10

📍Registration Link Here - VEC : https://docs.google.com/forms/d/e/1FAIpQLSeD3x1PmUl7cKbCuWY8-3oPLca-D6Ll60Ub7CJjskGDWZMBrQ/viewform?usp=sharing&ouid=118106821463748369413

“The Stars of The Future”


Congratulations KBTC 🎉🎊
21/12/2025

Congratulations KBTC 🎉🎊

New Champion Of Varsity Esports Championship 2025 🏆✨

Lower Bracket ကနေ အားတင်းပြီး တက်လာခဲ့တဲ့ ခရီးလမ်းဟာ အခုတော့ ချန်ပီယံဆုဖလားကြီးနဲ့အတူ အဆုံးသတ်သွားခဲ့ပါပြီ။

ခက်ခဲတဲ့တိုက်ပွဲတွေကို ဖြတ်ကျော်ပြီး Grand Final မှာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ KBTC အသင်းသားတွေဟာ VEC 25 ရဲ့ ချန်ပီယံတွေ ဖြစ်လာခဲ့ပါပြီ။ အမြဲတမ်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးနဲ့အတူ အောင်ပွဲခံလိုက်ကြရအောင် 👏🏻🤍

“The Stars of The Future”



21/11/2025

Varsity Esports Championship 2025 : Talent Show

မြန်မာနိုင်ငံရဲ့ အကြီးဆုံး တက္ကသိုလ်အဆင့် Esports ပြိုင်ပွဲကြီးမှာ ကိုယ့်ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသချင်ပါသလား?

ကိုယ့်ရဲ့ တက္ကသိုလ်ကို ကိုယ်စားပြုပြီး Varsity League ကစားသမားတွေ၊ Esports အသင်းတွေနဲ့ ပရိသတ်တွေကို အားပေးထောက်ပံ့ရင်း၊ ပွဲစဉ်တွေကို ပိုမိုစည်ကားအောင် ဖန်တီးပေးရမယ့် အခွင့်အရေးတွေကို ရရှိလာမှာဖြစ်ပါတယ်✨

🎪 Talents အဖြစ်ရွေးချယ်ခံရတဲ့ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ အောက်မှာဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

▪️နာမည်ကြီး အနုပညာရှင်များနဲ့အတူ Prom Night ရဲ့ စင်မြင့်ထက်မှာ တန်းတူဖျော်ဖြေခွင့် ရရှိပါမယ်။

▪️VEC Social Media Platform များနဲ့ အဓိကပွဲနေ့အစီအစဉ်များမှာ တက္ကသိုလ် Esports နယ်ပယ်ရဲ့ မျက်နှာစာအဖြစ် ဂုဏ်ယူစွာပါဝင်ခွင့်ရပါမယ်။

▪️ကိုယ့်ရဲ့ Talents တွေကို VEC ပွဲစဉ်ကြီးမှာ ချပြခွင့်ရတဲ့အတွက် တက္ကသိုလ် Esports အသိုင်းအဝိုင်းမှာ လူသိများထင်ပေါ်လာနိုင်မယ့် အခွင့်အရေးပါ။

✅ Talents Show ကဘယ်သူတွေ လျောက်ထားသင့်လဲ

အဆို အက ဝါသနာပါတဲ့ လူငယ်တွေ ဒါ့အပြင် မျက်လှည့်ပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေပါဝင်နိုင်မယ်... ဒါတင်မပြီးသေးဘူးနော် ခုခေတ်လူငယ်တွေ အကြားရေပန်းစားလာပြီဖြစ်တဲ့ Beatbox နဲ့ တခြားထူးချွန်တဲ့ Skills တွေကိုလည်း VEC စင်မြင့်ထက်မှာ ထုတ်ပြဖို့ ဖန်တီးပြဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲလာ Join လိုက်လို့ရပါပြီ။ ဒီလို ထူးခြားတဲ့အတွေ့အကြုံတွေနဲ့ အခွင့်အရေးတွေကို တက္ကသိုလ်ကျောင်းသားလူငယ်တွေအတွက် VEC မှာပဲ ရနိုင်မှာဖြစ်လို့... ကိုယ့်ရဲ့ အရည်အချင်းတွေကို အခုပဲ ထုတ်ပြလိုက်တော့နော်!

ကိုယ့်ကျောင်းအတွက် ဂုဏ်ယူစရာတွေ ဖန်တီးပေးပြီး စင်မြင့်ထက်မှာ တောက်ပစွာဖျော်ဖြေဖိုအတွက် စတင်လျှောက်ထားနိုင်ပါပြီ။

🗓 Registration Date : Nov 21 - Nov 28, 2025

📩 လျှောက်ထားရန် Link - https://forms.gle/mGobTEfxcoQcNf6y6

⚠️ မှတ်ချက်။ ။ ရန်ကုန်မြို့နယ်အတွင်း တက္ကသိုလ်ကောလိပ်များမှ ဦးစားပေးရွေးချယ်သွားပါမည်။

"The Stars of The Future"


VEC Open Qualifier Register လုပ်ချင်တဲ့ ညိုကီတို့ သတ်မှတ်ရက်အတွင်း register လုပ်ဖို့မမေ့ကြနဲ့နော်
13/10/2025

VEC Open Qualifier Register လုပ်ချင်တဲ့ ညိုကီတို့ သတ်မှတ်ရက်အတွင်း register လုပ်ဖို့မမေ့ကြနဲ့နော်

Varsity Esports Championship (VEC) Open Qualifier Registration 🚀

Varsity League Division 1 & 2 မှာ မပါဝင်သေးတဲ့ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် Esports အသင်းများအတွက် Varsity Esports Championship (VEC) ကို နောက်ဆုံးဝင်ခွင့်ရရှိနိုင်မယ့် Open Qualifier ပြိုင်ပွဲအတွက် Registration ကို အခုပဲ စတင်ဖွင့်လှစ်ပေးလိုက်ပါပြီ။

⚔️ နောက်ဆုံးအခွင့်အရေး၊ အကြီးမားဆုံးစိန်ခေါ်မှု

ဒီ Open Qualifier Stage ကနေ အရည်အချင်းပြည့်မီလာတဲ့အသင်းတွေဟာ VEC ရဲ့ Last Chance - Closed Qualifier Stage ကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး၊ အဲ့ကနေတဆင့် ထပ်မံကျော်ဖြတ်နိုင်ခဲ့ရင် နောက်ဆုံးမှာ VEC Trophy ကြီးကို စိန်ခေါ်နိုင်မယ့် အခွင့်အလမ်းကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

📅 Registration Duration: အောက်တိုဘာလ ၁၃ မှ ၂၂ ရက်နေ့အထိ

📝 Register Here: https://forms.gle/Dqt7yLc3Qr4iFNV6A

🎮 သတိပြုရန်: Registration Form သည် ပြိုင်ပွဲဝင်များအတွက် Communication Channel နှင့် Competition Rule Book များကို ထည့်သွင်းပေးထားမှာဖြစ်တာကြောင့်၊ Form ကို သေချာစစ်ဆေးကြည့်ရှုပြီးမှ စာရင်းပေးသွင်းပေးဖို့ရန် တိုက်တွန်းလိုပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် အိပ်မက်လမ်းခရီးတွေအတွက် စစ်မှန်တဲ့စွမ်းရည်ကို အခုပဲပြသလိုက်ပါ✨

“The Stars of The Future”


06/10/2025

သီတင်းကျွတ်လပြည့် ဆုမွန်ကောင်း 🪔✨

လှပတဲ့ မီးပုံးမီးပန်းများကြားမှာ University Esports Network (UEN) မှ တက္ကသိုလ် Esports ကစားသမားများ၊ ကျောင်းသားလူငယ်များနှင့် ပံ့ပိုးသူများအားလုံးကို ငြိမ်းချမ်းပျော်ရွှင်သော သီတင်းကျွတ်အခါသမယဖြစ်ပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ့်ရဲ့ချစ်ခင်ရသူများနှင့်အတူ ကျန်းမာခြင်း၊ ထာဝရပျော်ရွှင်ခြင်းတိုနှင့် ပြည့်စုံပါစေ။ သီတင်းကျွတ်လပြည့်ညရဲ့ အလင်းရောင်က ရှေ့ဆက်ခရီးလမ်းများကို လုံခြုံစွာ လမ်းပြပေးနိုင်ပါစေလို့ UEN မှ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

ပျော်ရွှင်စရာ သီတင်းကျွတ်ပါ 💙


Address

University Of Medical Technology
Yangon
11012

Website

Alerts

Be the first to know and let us send you an email when UMTY Esports Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category