16/07/2026
iShowSpeed ရဲ့ ကျိန်စာကတော့ အင်္ဂလန်အပေါ်ကိုပါ သက်ရောက်ခဲ့ပါပြီ။ အာဂျင်တီးနားနဲ့ပွဲမှာ သူက အင်္ဂလန်ဂျာစီဝတ်ပြီး အားပေးနေခဲ့တာပါ။ ဒါဟာ ဒီကမ္ဘာ့ဖလားမှာ သူ ဝတ်ဆင်အားပေးတဲ့ အသင်းတိုင်း ရှုံးနေတဲ့ စံချိန်ကို Speed က ဆက်ထိန်းသွားခဲ့တာပါပဲ။
Speed ဟာ အသင်းတသင်းတည်းရဲ့ ဂျာစီကို ဝတ်ဆင်မှုအဖြစ် အိုင်ဗရီကို့စ်၊ ကိတ်ဗာဒီ၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အီဂျစ်နဲ့ ဘယ်လ်ဂျီယံ အသင်းတွေရဲ့ ဂျာစီကို ဝတ်ခဲ့ကာ အဲဒီအသင်းအားလုံး ရှုံးနိမ့်ခဲ့တာပါ။ တချို့ပွဲတွေမှာတော့ သူက ကစားတဲ့ အသင်းနှစ်သင်းဂျာစီကို တခြမ်းစီချုပ်ပြီး ဝတ်ခဲ့တာပါ။
အင်္ဂလန်ဂျာစီကို ဝတ်ပြီး သူ အားပေးခဲ့ချိန်မှာလည်း အရေးနိမ့်သွားခဲ့ပါတယ်။ သူ့ရဲ့ တိုက်ဆိုင်ချက်ကလည်း လွန်လွန်းပါတယ်။ ဗိုလ်လုပွဲမှာ သူ စပိန်ဂျာစီကို ဝတ်ဆင်အားပေးနိုင်ချေများပြီး စပိန်ပရိသတ်တွေကတော့ သွေးတိုးနေလောက်ပါပြီ။