03/09/2026
နန္ဒကျော်ကို မြန်မာယူ၂၀အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် စသိခဲ့တာပါ။
နောက်ပြီး လက်ရွေးစင်အသင်းကို ရောက်လာတယ်။ မြန်မာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တယ်။ အသင်းခေါင်းဆောင်ရာထူးကိုလည်း ထမ်းဆောင်ခဲ့တယ်။ အခုတော့ နှုတ်ဆက်ဖို့ အချိန်တန်ပြီဆိုတော့လည်း နှုတ်ဆက်ခဲ့ပါတယ်။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေကို အမှတ်ရနေမှာပါ။