07/06/2026
အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အဓိကကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို လာမယ့်နွေရာသီအတွက် ပစ်မှတ်အဖြစ် အလေးအနက် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အရင်က ပစ်မှတ်ထားခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူမယ့်အစား ဖောရက်စ်အသင်းရဲ့ အားထားရတဲ့ စွမ်းဆောင်ရှင် ဂစ်ဘ်စ်-ဝှိုက်ကို ပြောင်းလဲခေါ်ယူဖို့ ပစ်မှတ်ထားလာတာပဲ ဖြစ်ပါတယ်။
ဂစ်ဘ်စ်-ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက တော်တင်ဟမ်ဟော့စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ အခြေအနေ အလွန်နီးစပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂျလို မာရီနာကစ်စ်နဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဖောရက်စ်အသင်းနဲ့ စာချုပ်သက်တမ်း အခိုင်အမာ ကျန်ရှိနေသေးတာကြောင့် အာဆင်နယ်အနေနဲ့ ဂစ်ဘ်စ်-ဝှိုက်ကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုရဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ကစားသမားရဲ့ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးမှတ်တမ်းတွေနဲ့ ဥရောပစင်မြင့်ထက်က ခြေစွမ်းတွေအရ တိုက်စစ်ပိုင်းကို ပိုမိုအားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းအတွက်တော့ တကယ်ကို ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာနိုင်တာကြောင့် အာဆင်နယ်ဘက်က တကယ်ပဲ ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။