24/03/2026
We represent determined, hard working individuals 🫶🏻🩵
“တိုးတက်” ဟာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဇာတိဖြစ်ပြီး အသက် ၁၉ နှစ် ကိုရင်လူထွက် (အကြီးတန်းကိုရင်) ဖြစ်ပါတယ်။
သူ့ရဲ့ MMA ရူးသွပ်မှုကြောင့် ရန်ကုန်မြို့ကို လာရောက်ခါ အရောင်းဝန်ထမ်းတစ်ဖက်အလုပ်လုပ်ကိုင်ရင်း Mahoraga Combat Sports and Physical Education Club မှာ လေ့ကျင့်ရေးပြုလုပ်နေသူပါ။
တိုးတက်ရဲ့ Combat Sports မှတ်တမ်းက “ကျင်” ရခိုင်သိုင်း ၆ ပွဲထိုး ၆ ပွဲနိုင်၊ ရိုးရာလက်ဝှေ့ ၆ ပွဲထိုး ၄ ပွဲနိုင် ၂ ပွဲသရေ၊ ရှုံးပွဲလုံးဝမရှိသူပါ။
ရခိုင်ပြည်နယ်က အမျိုးတို့ရေ ဒီ မောင် 3MA သံဇကာထဲမှာအစွမ်းပြဖို့ အားပေးမှုတွေ လိုနေပြီနော်