Yangon City Football Club

Yangon City Football Club One Team One Dream

03/09/2026

ရတနာပုံအသင်းနဲ့ ပွဲစဥ်မတိုင်မီ ရန်ကုန်စီးတီးအသင်း နည်းပြချုပ် ဟီရို ၏ ပွဲကြိုပြောစကား 💪

Prematch Head Coach Interview





03/09/2026

Move Forward with Full Force. 💪




Like & Follow လုပ်ပြီး လက်မှတ်အခမဲ့ ရယူမယ်။ရန်ကုန်စီးတီးအသင်း နှင့် ရတနာပုံအသင်းတို့ရဲ့မြန်မာလိဂ်ပွဲစဥ် ၂ ကို တောင်ဥက္ကလ...
03/09/2026

Like & Follow လုပ်ပြီး လက်မှတ်အခမဲ့ ရယူမယ်။

ရန်ကုန်စီးတီးအသင်း နှင့် ရတနာပုံအသင်းတို့ရဲ့မြန်မာလိဂ်ပွဲစဥ် ၂ ကို တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာကွင်းမှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ဒီပွဲစဥ်မှာ ရန်ကုန်စီးတီးပရိသတ်တွေအတွက် အထူးသတင်းကောင်းလေး ရှိပါတယ်။ ရန်ကုန်စီးတီးအသင်းရဲ့ page ကို Like & Follow ပြုလုပ်ရုံနဲ့ ပွဲကြည့်ခွင့်လက်မှတ်ကို အခမဲ့ (Free)ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပွဲနေ့မှာ ရန်ကုန်စီးတီးအသင်းရဲ့ Official စာမျက်နှာကို Like & Follow ပြုလုပ်ထားကြောင်းပြသပြီး လက်မှတ်ဖြင့် လဲလှယ်လိုက်ကြရအောင်။





No more waiting. We’re ready. Let’s go! 💪⚽️
02/09/2026

No more waiting. We’re ready. Let’s go! 💪⚽️





ရန်ကုန်စီးတီးအသင်း သတင်းထုတ်ပြန်ချက် (၁/၂၀၂၆)၁။ မြန်မာလိဂ်ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်စီးတီးအသင်းနှင့် ရ...
02/09/2026

ရန်ကုန်စီးတီးအသင်း သတင်းထုတ်ပြန်ချက် (၁/၂၀၂၆)

၁။ မြန်မာလိဂ်ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်စီးတီးအသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီ မှ စက်တင်ဘာလ ၁ ရက်နေ့တွင် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။ ရန်ကုန်စီးတီးအသင်းသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲသို့ တက်လှမ်းယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်းတစ်သင်း၏ စံနှုန်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။

၃။ အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကုန်စီးတီးအသင်း ကစားသမား အောင်ကောင်းမာန် ၏ အပြုအမူနှင့် ပတ်သတ်ပြီး ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီဖြင့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဆဲရေးခဲ့သည်ကို သိရှိရပါသည်။

၄။ ထို့ကြောင့် အလားတူဖြစ်စဉ်များ နောက် ထပ်မံမဖြစ်ပွားစေရန် နှင့် စည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားရန်အတွက် ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ကစားသမား အောင်ကောင်းမာန် အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ချမှတ်သည့် ပြစ်ဒဏ်အပြင် အသင်းမှ ပြင်းထန်စွာသတိပေးခြင်း နှင့် ဒဏ်ကြေးငွေ သိန်း ၃၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်သည်။

YANGON CITY FC
OFFICIAL STATEMENT (1/2026)

Regarding the incidents that occurred during the Myanmar League Matchday 1 fixture between Yangon City FC and Shan United FC, the Disciplinary and Ethics Committee of the Myanmar Football Federation (MFF) announced disciplinary actions on September 1, 2026.

Yangon City FC is a club that has earned the right to compete in the Myanmar League this season and is being operated and managed in accordance with the standards and principles expected of a professional football club.

In relation to the aforementioned incident, Yangon City FC’s Disciplinary Committee conducted an internal inquiry into the conduct of Yangon City FC player Aung Kaung Man. Following the investigation, it was confirmed that the player had used inappropriate and abusive language during the incident.

Therefore, in order to prevent similar incidents from occurring in the future and to ensure that all players participate in competitions in accordance with the rules and regulations, the Yangon City FC Disciplinary Committee has imposed an additional disciplinary action against player Aung Kaung Man, in addition to the penalty imposed by the MFF Disciplinary and Ethics Committee.

The player has been formally and severely warned and has been fined MMK 3,000,000 (Three Million Myanmar Kyats).



⚽✨ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အတူတကွ ရပ်တည်ပေးသူတွေ ရှိပါတယ်။၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ...
31/08/2026

⚽✨ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အတူတကွ ရပ်တည်ပေးသူတွေ ရှိပါတယ်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Mercure Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် Yangon City FC Sponsorship Signing Ceremony 2026 အခမ်းအနားတွင် Burma Beauty Wellness Clinic မှ Co-Sponsor Partner အဖြစ် ပါဝင်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် Yangon City FC နှင့် Sponsorship Partners များအကြား ရာသီသစ်အတွက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Burma Beauty Wellness Clinic အနေဖြင့်လည်း Yangon City FC ရဲ့ အားကစားသမားများအတွက် Sport Recovery & Performance Support Partner အဖြစ် Burma Beauty Wellness Clinic မှပါဝင် အားဖြည့်ပေးနေပါပြီ။ 🤝⚽

အသင်းသားများအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကာလအတွင်း ကြုံတွေ့ရနိုင်သည့် Sports Injuries များနှင့် ခန္ဓာကိုယ် Recovery ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် Burma Beauty Wellness Clinic မှ ဆရာဝန်များနှင့်အတူ ပူးပေါင်းဆွေးနွေးကာ သင့်လျော်သော Advanced Treatment & Recovery Support Plans များကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လိုအပ်ချက်အလိုက် Treatment များကို ဆရာဝန်များမှ သေချာစွာ အကဲဖြတ်ဆွေးနွေးပြီး အသင်းသားများ၏ Recovery နှင့် Performance ပိုင်းများကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားသမားများ၏ ကျန်းမာရေး၊ Recovery နှင့် Performance ပိုင်းများကို အလေးထားပံ့ပိုးပေးနိုင်မည့် ဒီလိုအဓိပ္ပာယ်ရှိတဲ့ Partnership တစ်ခုမှာ ပါဝင်ခွင့်ရရှိခဲ့ခြင်းအတွက် Burma Beauty Wellness Clinic မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

M League သို့ တန်းတက်လာခဲ့သည့် Yangon City FC အနေဖြင့် ရာသီသစ်တွင် အောင်မြင်မှုများစွာ ရရှိပြီး ပရိသတ်များအတွက် ဂုဏ်ယူစရာ အခိုက်အတန့်များစွာကို ဖန်တီးနိုင်ပါစေကြောင်း Burma Beauty Wellness Clinic မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️⚽

One Team. One Dream. One Stronger You.
✨Burma Beauty Wellness Clinic x Yangon City FC🏆

⚡️Short & Powerful
“Beyond Recovery. Beyond Performance.”⚽️🔥

Yangon City FC ရဲ့ Sport Recovery & Performance Support အတွက် Burma Beauty Wellness Clinic မှ အတူတကွ ပံ့ပိုးကူညီပေးနေပါတယ်။

Recover Better. Perform Stronger. Play to Win.🏆

🏡No. 35H, Thiri Yeikthar Street, 7miles, Mayangone Tsp, Yangon.
📲09-953930007, 09-953940007, 09-953950007, 09-405056052

⚽✨ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အတူတကွ ရပ်တည်ပေးသူတွေ ရှိပါတယ်။၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ...
31/08/2026

⚽✨ အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အတူတကွ ရပ်တည်ပေးသူတွေ ရှိပါတယ်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Mercure Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် Yangon City FC Sponsorship Signing Ceremony 2026 အခမ်းအနားတွင် Burma Beauty Wellness Clinic & Rehabilitation Center မှ Co-Sponsor Partner အဖြစ် ပါဝင်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် Yangon City FC နှင့် Sponsorship Partners များအကြား ရာသီသစ်အတွက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး၊ Burma Beauty Wellness Clinic အနေဖြင့်လည်း Yangon City FC ရဲ့ အားကစားသမားများအတွက် Sport Recovery & Performance Support Partner အဖြစ် Burma Beauty Wellness Clinic & Rehabilitation Center မှပါဝင် အားဖြည့်ပေးနေပါပြီ။ 🤝⚽

အသင်းသားများအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကာလအတွင်း ကြုံတွေ့ရနိုင်သည့် Sports Injuries များနှင့် ခန္ဓာကိုယ် Recovery ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် Burma Beauty Wellness Clinic & Rehabilitation Center မှ ဆရာဝန်များနှင့်အတူ ပူးပေါင်းဆွေးနွေးကာ သင့်လျော်သော Advanced Treatment & Recovery Support Plans များကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လိုအပ်ချက်အလိုက် Treatment များကို ဆရာဝန်များမှ သေချာစွာ အကဲဖြတ်ဆွေးနွေးပြီး အသင်းသားများ၏ Recovery နှင့် Performance ပိုင်းများကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားသမားများ၏ ကျန်းမာရေး၊ Recovery နှင့် Performance ပိုင်းများကို အလေးထားပံ့ပိုးပေးနိုင်မည့် ဒီလိုအဓိပ္ပာယ်ရှိတဲ့ Partnership တစ်ခုမှာ ပါဝင်ခွင့်ရရှိခဲ့ခြင်းအတွက် Burma Beauty Wellness Clinic & Rehabilitation Center မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

M League သို့ တန်းတက်လာခဲ့သည့် Yangon City FC အနေဖြင့် ရာသီသစ်တွင် အောင်မြင်မှုများစွာ ရရှိပြီး ပရိသတ်များအတွက် ဂုဏ်ယူစရာ အခိုက်အတန့်များစွာကို ဖန်တီးနိုင်ပါစေကြောင်း Burma Beauty Wellness Clinic & Rehabilitation Center မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️⚽

One Team. One Dream. One Stronger You.
✨Burma Beauty Wellness Clinic x Yangon City FC🏆

⚡️Short & Powerful
“Beyond Recovery. Beyond Performance.”⚽️🔥

Yangon City FC ရဲ့ Sport Recovery & Performance Support အတွက် Burma Beauty Wellness Clinic မှ အတူတကွ ပံ့ပိုးကူညီပေးနေပါတယ်။

Recover Better. Perform Stronger. Play to Win.🏆

🏡No. 35H, Thiri Yeikthar Street, 7miles, Mayangone Tsp, Yangon.
📲09-953930007, 09-953940007, 09-953950007, 09-405056052

Our Unbreakable Spirit. We Never Stop Fighting. 💪⚽️
31/08/2026

Our Unbreakable Spirit. We Never Stop Fighting. 💪⚽️




ယနေ့ယှဥ်ပြိုင်ကစားခဲ့သည့် မြန်မာလိဂ်အဖွင့်ပွဲစဥ်တွင် ရန်ကုန်စီးတီးအသင်းသည် ရှမ်းယူနိုက်တက် အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ရ...
30/08/2026

ယနေ့ယှဥ်ပြိုင်ကစားခဲ့သည့် မြန်မာလိဂ်အဖွင့်ပွဲစဥ်တွင် ရန်ကုန်စီးတီးအသင်းသည် ရှမ်းယူနိုက်တက် အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ရာ တဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ပွဲကစားချိန် ပထမပိုင်းတွင် ပြိုင်ဖက်အသင်းကို ဦးဆောင်ဂိုးများ ခွင့်ပြုပေးခဲ့ရသော်လည်း ပွဲချိန်ဒုတိယပိုင်း၌ အောင်ကောင်းမာန်၊ Seigou တို့၏ သွင်းဂိုးများဖြင့် တဖက် ၂ ဂိုးစီ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ရန်ကုန်စီးတီးအသင်း ပိုင်ရှင် ဒေါက်တာထက်ခိုင်ဝင်း မှ ဆုကြေးငွေကျပ် သိန်း ၃ဝဝ၊ အသင်းဥက္ကဌ ဦးချစ်ကိုကို မှ ဆုကြေးငွေကျပ် သိန်း ၁ဝဝ၊ နှင့် အကြီးတန်းဒုတိယဥက္ကဌ ဦးဖြိုးဇာနည် မှ ဆုကြေးငွေကျပ် သိန်း ၁ဝဝ၊ ဒုတိယဥက္ကဌ နှင့် အမျိုးသမီးကော်မတီ ဥက္ကဌ ဒေါ်ရည်မွန်ကြည် မှ ဆုကြေးငွေကျပ် သိန်း ၁ဝဝ၊ စုစုပေါင်း ဆုကြေးငွေကျပ် သိန်း ၆ဝဝ ကို ချီးမြှင့်ခဲ့ပြီး Lotte Hotel တွင် ညစာဖြင့် ဧည့်ခံခဲ့သည်။

Yangon City FC Awarded MMK 60 Million in Performance Bonuses

In today’s Myanmar National League opening match, Yangon City FC faced Shan United and secured a hard-fought 2–2 draw.

Yangon City FC conceded two goals in the first half but staged a strong comeback after the break, with Aung Kaung Mann and Seigou finding the net to earn a 2–2 draw.

Following the match, Yangon City FC Owner Dr. Htet Khine Win awarded the team a bonus of MMK 30 million, while Club President U Chit Ko Ko contributed MMK 10 million.

Senior Vice President U Phyo Zarni awarded MMK 10 million, while Vice President and Women’s Committee Chairperson Daw Yee Mon Kyi also contributed MMK 10 million.

In total, MMK 60 million (600 lakh kyats) was awarded to Yangon City FC as a performance bonus. The team was also hosted to a dinner at Lotte Hotel following the match.




30/08/2026

Yangon City 2-2 Shan United (Highlights)

Address

No 631/A, Pyay Road, Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Yangon City Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share