MFC

MFC မြန်မာ့ရိုးရာ လက်ဝှေ့ သင်တန်းကျောင်း

Big shout out to my newest top fans! 💎Ye Zarne, Gabriel New Gabriel, တောင်ငူသားလေး သားလေး, วีนัช วิทวิบูลย์, Aűñĝ Kò OõD...
22/10/2025

Big shout out to my newest top fans! 💎

Ye Zarne, Gabriel New Gabriel, တောင်ငူသားလေး သားလေး, วีนัช วิทวิบูลย์, Aűñĝ Kò Oõ

Drop a comment to welcome them to our community,

13/10/2025

MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်မှာ ဂျပန်က မြန်မာ့ရိုးရာဖိုက်တာ ဖြစ်တဲ့ တိုခဲရှိ နှင့် ထွန်းမင်းနိုင်အပါအဝင် ရိုးရာကစားသမားများကို ပူးတွဲလေ့ကျင့် သင်ကြားပေးနေစဥ်

MFC မြန်မာ့ရိုးရာ လက်ဝှေ့ကလပ် နှင့် သင်တန်းကျောင်းရဲ့ ထိပ်တန်း လက်ဝှေ့ကျော် တစ်ဦးဖြစ်တဲ့ ထွန်းမင်းအောင် ခေါ် ဘီလား ရဲ့ ...
13/10/2025

MFC မြန်မာ့ရိုးရာ လက်ဝှေ့ကလပ် နှင့် သင်တန်းကျောင်းရဲ့ ထိပ်တန်း လက်ဝှေ့ကျော် တစ်ဦးဖြစ်တဲ့ ထွန်းမင်းအောင် ခေါ် ဘီလား ရဲ့ One Championship ပွဲစဥ်ဟာ ခေါင်ပွဲ အဖြစ် 17 ရက်နေ့မှာ ထိုးသတ်မှာဖြစ်ပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြအပ်ပါတယ်။
Photo card

MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်ရဲ့ မြန်မာ့ဂုဏ်ဆောင် ထိပ်တန်းကစားသမားများထဲမှ ထွန်းမင်းနိုင် ခေါ် စုလိုင်မာန်ကို နာမည် ဓာတ်ပ...
08/10/2025

MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်ရဲ့ မြန်မာ့ဂုဏ်ဆောင် ထိပ်တန်းကစားသမားများထဲမှ ထွန်းမင်းနိုင် ခေါ် စုလိုင်မာန်ကို နာမည် ဓာတ်ပုံနဲ့ တကွ နိုင်ငံရပ်ခြားမှ စိန်ခေါ်ကမ်းလှမ်း မှုများပြုလုပ်လာပါတယ်။
-
ထွန်းမင်းနိုင်ဟာ ကမ္ဘာသိချံပီယံ ထွန်းထွန်းမင်း ရဲ့သင်ကြားမှုတွေ နဲ့အတူ လက်ရှိ 17 ရက်နေ့ One မှာထိုးသတ်မယ့် ထွန်းမင်းအောင်ခေါ် ဘီလားလေး တို့နှင့် ညီအကိုတော်စပ်ပါတယ်။ MFC ဖိတ်ခေါ် ထိုင်းမြန်မာ ပွဲမှာ 5နှစ်အကြာ ရိုးရာကြိုးဝိုင်းထဲ ပြန်ဝင်ရောက်ခဲ့သူဖြစ်ပြီး ပွဲဆက်တလျှောက် ရှုံးပွဲ လုံးဝမရှိတဲ့အပြင် အလဲထိုးချည်းပဲ အနိုင်ရရှိထားသူဖြစ်ပါတယ်။
-
MFC

ချစ်ခင်လေးစား တန်ဖိုးထားရပါသောရိုးရာချစ် ပရိတ်သတ်ကြီး ခင်ဗျားလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရိုးရာချစ်ရင် ပြေးဖက်ချင်...
25/09/2025

ချစ်ခင်လေးစား တန်ဖိုးထားရပါသော
ရိုးရာချစ် ပရိတ်သတ်ကြီး ခင်ဗျား
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရိုးရာချစ်ရင် ပြေးဖက်ချင်တာမို့..
-
မြန်မာ့ရိုးရာလက်ဝှေ့ အတွက် ပဲ ရှေ့ရှုတဲ့ MFC မြန်မာ့ရိုးရာလက်ဝှေ့ ကလပ်နှင့် သင်တန်းကျောင်းကြီးမှ မကြာမီ အချိန်အတွင်း မန္တလေးရွှေအရပ်မှာ ရိုးရာလက်ခမောင်းသံ ညံစေမယ့် ပွဲကြီးပွဲကောင်းကို ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း လေးစားချစ်ခင်စွာ အသိပေးအပ်ပါသည်။
-
ရွှေညာမြေအရပ်မှသည် တနံတလျား သောညံအောင် အားပေးကူညီကြခြင်းအားဖြင့် မြန်မာ့ရိုးရာလက်ခမောင်းသံ ကမ္ဘာသို့ညံအောင် ဝိုင်းဝန်းမြှင့်တင် အားပေးကြပါလို့ပန်ကြားအပ်ပါသည်ခင်ဗျား။
-
ဓာတ်ပုံ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ကျော် ကျားဘငြိမ်း Crd

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသော MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်မှ ရိုးရာလက်ဝှေ့ သင်...
11/09/2025

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသော MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်မှ ရိုးရာလက်ဝှေ့ သင်တန်းများ အတွက် သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ပါဝင်စားပြီး ရိုးရာအမွေအနှစ်အတိုင်း စနစ်တကျသင်ယူတတ်မြောက်လိုသူများ၊
- ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေဖို့ စနစ်တကျ လေ့ကျင့်ကစားချင်သူများ၊
- ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ချင်သူများ၊
- နည်းစနစ်မှန်မှန်ဖြင့် ကိုယ်အလေးချိန်လျှော့ချလိုသူများ၊
- အနာဂတ်တွင် ရိုးရာလက်ဝှေ့ အားကစားသမား အကျော်အမော်တစ်ယောက်ဖြစ်လိုသူများအတွက် MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်မှ ဖွင့်လှစ်သော “မြန်မာ့ရိုးရာလက်ဝှေ့ အခြေခံသင်တန်း” ကို အသက်(၁၀)နှစ်မှစပြီး လူကြီး/လူငယ်၊ ကျား/ မ မရွေး တက်ရောက်သင်ကြားနိုင်ပါပြီ။

နည်းပြဆရာများအနေဖြင့် မြန်မာပြည်အလွတ်တန်းချန်ပီယံ ဆရာကြီးဦးရွှေဝါထွန်း၊ မြန်မာရိုးရာလက်ဝှေ့ ပထမတန်း၊ ဒုတိယတန်း ချန်ပီယံများကို မွေးထုတ်ပေးခဲ့သော ဆရာ ဦးသမိန်ရဲသွေး၊ ကမ္ဘာသိ မြန်မာသိ မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း၊ ပြည်ပနိုင်ငံများအထိ အောင်မြင်မှုများရရှိထားသော ထွန်းမင်းနိုင်၊ ထွန်းမင်းအောင် အစရှိတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့သင်ယူရမှာဖြစ်ပါတယ်

သင်တန်းကြေး - (၁)လလျှင် (၁)သိန်းကျပ်
(၃လစာ ကြိုတင်ပေးသွင်းပါက -၂၅၀,၀၀၀ ကျပ်သာ ကျသင့်ပါမည်)

သင်တန်းအချိန် - နံနက် ၆း၀၀နာရီမှ ၉း၀၀ နာရီအထိ နှင့် ညနေ ၃း၀၀နာရီမှ ည ၇း၀၀ နာရီအထိ
(တစ်ရက်လျှင် သင်ကြားချိန် မိနစ်(၉၀)ဖြင့် အဆင်ပြေသည့်အချိန်အတွင်း လေ့ကျင့်သင်ယူနိုင်ပါသည်)

သင်တန်းနေရာ - MFC မြန်မာ့ရိုးရာလက်ဝှေ့ကလပ်၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

(မြန်မာ့ရိုးရာလက်ဝှေ့အမွေအနှစ်ကို အရူးအမူး စိတ်ပါဝင်စားပြီး စနစ်တကျ သင်ယူချင်သူများ ဆက်သွယ်နိုင်ပါသည်)

အသေးစိတ်သိရှိလို၍ဖြစ်စေ၊ ညှိနှိုင်းတိုင်ပင်လို၍ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
HotLine Number
09 402 943 351, 09 787 967 299, 09256251501


05/08/2025

Address

Yangon
11221

Website

Alerts

Be the first to know and let us send you an email when MFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share