PHYO - Retail Business Coach

PHYO - Retail Business Coach The best partner for Better You.

08/09/2026

လုပ်ငန်းအတွင်းပိုင်းကို မြင်တတ်တဲ့ လုပ်ငန်းရှင်က ငွေ ပိုကျန်တယ်

08/09/2026

လုပ်ငန်းရှင် ဆိုင်ရှင်တွေအတွက် ရွေးချယ်စရာ ၂ မျိုးရှိပါတယ်
သိချင်ရင် Sep 11 , 7 pm မှာ Retail Success Formula အခမဲ့သင်တန်း join ပါရှင်

အသေးစိတ်ကို
✉️m.me/518607064673748 RSF လို့ပို့ပြီး စုံစမ်း

06/09/2026

ပိုရောင်း ပိုရှာ - ဒါတွေကအဖြေမဟုတ်သေးဘူး

05/09/2026

၅ ခုပဲ ပြင်ပါ — ရောင်းအား၊ မတိုးဘဲ ငွေ ပိုကျန်လာမယ်

➡️Case Study — ရောင်းအားရှိနေပေမယ့် အရင်းပြုတ်လာတဲ့ဆိုင်မမိုးက အိမ်သုံးပစ္စည်းဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။လအစမှာ ဆိုင်ထဲမှ...
05/09/2026

➡️Case Study — ရောင်းအားရှိနေပေမယ့် အရင်းပြုတ်လာတဲ့ဆိုင်

မမိုးက အိမ်သုံးပစ္စည်းဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။

လအစမှာ ဆိုင်ထဲမှာ

* ကုန်ပစ္စည်းအရေအတွက် — ၁,၀၀၀ ခု
* တစ်ခုဝယ်ဈေး — ၁၀,၀၀၀ ကျပ်
* စုစုပေါင်းကုန်အရင်း — သိန်း ၁၀၀
* တစ်ခုရောင်းဈေး — ၁၂,၀၀၀ ကျပ်

တစ်ခုရောင်းတိုင်း ၂,၀၀၀ ကျပ် မြတ်တယ်လို့ မမိုးက ယူဆထားတယ်။

ပထမလမှာ ဘာဖြစ်ခဲ့လဲ

ပစ္စည်း ၅၀၀ ခုရောင်းရတယ်။

* ရောင်းရငွေ — သိန်း ၆၀
* မူလဝယ်ဈေးအရ ကုန်ကျငွေ — သိန်း ၅၀
* စာရင်းပေါ်အမြတ် — သိန်း ၁၀

မမိုးက သိန်း ၁၀ မြတ်တယ်လို့ထင်ပြီး

* ဆိုင်စရိတ် — ၅ သိန်း
* ကိုယ်ပိုင်အသုံးစရိတ် — ၃ သိန်း
* ကျန်ငွေ — ၅၂ သိန်း

ထားလိုက်တယ်။

ဒီအချိန်အထိ စာရင်းကြည့်ရင် ပြဿနာမရှိသလိုပါပဲ။

📍

ပြဿနာက ပြန်ဝယ်တဲ့အချိန်မှာ စတယ်

Supplier ရဲ့ဈေးက တစ်ခု ၁၀,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ် ဖြစ်သွားတယ်။

မမိုးလက်ထဲက ကုန်ပြန်ဝယ်နိုင်တဲ့ငွေက ၅၂ သိန်းပဲရှိတယ်။

ဒါကြောင့်

၅၂ သိန်း ÷ ၁၃,၀၀၀ = ပစ္စည်း ၄၀၀ ခုပဲ ပြန်ဝယ်နိုင်တယ်။

မူလက ၅၀၀ ခု ရောင်းခဲ့ပေမယ့် ၄၀၀ ခုပဲ ပြန်ဖြည့်နိုင်တော့တယ်။

အဲဒီအတွက်

* ရောင်းလိုက်တာ — ၅၀၀ ခု
* ပြန်ဝယ်နိုင်တာ — ၄၀၀ ခု
* လျော့သွားတာ — ၁၀၀ ခု

မမိုးက ငွေမြတ်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ ပစ္စည်းအရေအတွက် ၁၀၀ ခုစာ အရင်းပြုတ်သွားတာပါ။

ဒီပုံစံကို လတိုင်းဆက်သွားရင်

အချိန် ဆိုင်ထဲရှိနိုင်သည့် ကုန်အရေအတွက်
လအစ ၁,၀၀၀ ခု
ပထမလအပြီး ၉၀၀ ခု
ဒုတိယလအပြီး ၈၀၀ ဝန်းကျင်
တတိယလအပြီး ၇၀၀ ဝန်းကျင်

အဲဒီနောက် မမိုးက

“ရောင်းအားတော့ရှိတယ်၊ ဒါပေမယ့် ဆိုင်ထဲမှာ ပစ္စည်းတွေ ဘာလို့နည်းလာတာလဲ” လို့ မေးလာမယ်။

ဘာကြောင့်ဖြစ်တာလဲ

၁။ အရင်ဝယ်ဈေးနဲ့ အမြတ်တွက်ခဲ့လို့

မမိုးက

၁၂,၀၀၀ − ၁၀,၀၀၀ = အမြတ် ၂,၀၀၀

လို့တွက်ခဲ့တယ်။

တကယ်တော့ အခုကုန်ပြန်ဖြည့်ဖို့ ၁၃,၀၀၀ လိုနေပြီ။

ဒါကြောင့် အမြတ် ၂,၀၀၀ ရတာမဟုတ်ဘဲ

၁၂,၀၀၀ − ၁၃,၀၀၀ = ၁,၀၀၀ ကျပ် လိုနေတယ်။

တစ်ခုရောင်းတိုင်း အမြတ်ရတယ်လို့ထင်ပေမယ့် အရင်း ၁,၀၀၀ စီပြုတ်နေပါတယ်။

၂။ ရောင်းရငွေထဲက ကိုယ်ပိုင်သုံးငွေ ထုတ်ခဲ့လို့

ရောင်းရငွေ သိန်း ၆၀ ဟာ အမြတ်သိန်း ၆၀ မဟုတ်ပါဘူး။

အဲဒီထဲမှာ ကုန်ပြန်ဝယ်ရမယ့် အရင်းငွေပါနေပါတယ်။ အရင်းငွေကို မခွဲဘဲ ကိုယ်ပိုင်အသုံးစရိတ်အဖြစ် ထုတ်သုံးလိုက်တာကြောင့် ကုန်ပြန်ဖြည့်ဖို့ ငွေနည်းသွားပါတယ်။

၃။ ရောင်းဈေးကို အချိန်မီ မပြင်ခဲ့လို့

Supplier ဈေးတက်သွားပေမယ့် Customer မဝယ်မှာစိုးလို့ ရောင်းဈေးကို ၁၂,၀၀၀ အတိုင်းထားခဲ့တယ်။

ရောင်းအားမကျခဲ့ပေမယ့် ရောင်းလိုက်တိုင်း အရင်းပြုတ်နေခဲ့ပါတယ်။

✅✅✅

ဘယ်လိုဖြေရှင်းမလဲ

အဆင့် ၁ — လက်ရှိပြန်ဝယ်ဈေးကို သိရမယ်

ကုန်ပြန်ဝယ်ဈေးက ၁၃,၀၀၀ ဖြစ်နေပြီဆိုရင် အဲဒီဈေးကို အခြေခံပြီး ရောင်းဈေးပြန်တွက်ရပါမယ်။

ဥပမာ

* လက်ရှိပြန်ဝယ်ဈေး — ၁၃,၀၀၀
* ဆိုင်စရိတ်ခွဲဝေမှု — ၁,၅၀၀
* လိုချင်တဲ့အမြတ် — ၁,၅၀၀
* သင့်တော်တဲ့ရောင်းဈေး — ၁၆,၀၀၀

၁၃,၀၀၀ + ၁,၅၀၀ + ၁,၅၀၀ = ၁၆,၀၀၀ ကျပ်

Customer လက်ခံနိုင်တဲ့ဈေးက ၁၅,၀၀၀ ပဲရှိရင် အမြတ်ကို ခဏလျှော့နိုင်ပါတယ်။ ဒါပေမယ့် ကုန်ပြန်ဝယ်ဖို့လိုတဲ့ ၁၃,၀၀၀ ကိုတော့ မထိသင့်ပါဘူး။

အဆင့် ၂ — ရောင်းရငွေကို ခွဲထားရမယ်

တစ်ခုကို ၁၆,၀၀၀ နဲ့ ရောင်းရင်

ငွေသုံးမည့်နေရာ ပမာဏ
ကုန်ပြန်ဝယ်ရန် ၁၃,၀၀၀
ဆိုင်စရိတ် ၁,၅၀၀
အမြတ် ၁,၅၀၀
စုစုပေါင်း ၁၆,၀၀၀

ကုန်ပြန်ဝယ်ဖို့ ၁၃,၀၀၀ ကို သီးခြားဖယ်ထားရပါမယ်။ ကျန်တဲ့ ၃,၀၀၀ ထဲကမှ ဆိုင်စရိတ်နဲ့ အမြတ်ကို သုံးရမှာပါ။

အဆင့် ၃ — ဆိုင်ထဲက ကုန်ကို ပြန်ခွဲရမယ်

မမိုးရဲ့လက်ကျန်ကုန် ၉၀၀ ခုကို စစ်ကြည့်တဲ့အခါ

ကုန်အမျိုးအစား အရေအတွက် ဆုံးဖြတ်ချက်
ရောင်းမြန် ၃၀၀ ခု မပြတ်အောင် ပြန်ဝယ်
ပုံမှန်ရောင်း ၂၅၀ ခု လိုသလောက်ပဲဝယ်
ရောင်းနှေး ၂၀၀ ခု အဝယ်ရပ်ထား
လုံးဝမရောင်း ၁၅၀ ခု ငွေပြန်ပေါ်အောင်ရှင်း

Dead Stock ၁၅၀ ခုကို ပုံမှန်ဈေးနဲ့ ရောင်းထွက်ဖို့ စောင့်မနေတော့ဘဲ အနည်းဆုံး အရင်းတစ်စိတ်တစ်ပိုင်း ပြန်ရအောင် Bundle၊ Promotion နဲ့ Clearance လုပ်ရပါမယ်။

ဥပမာ တစ်ခုကို ပျမ်းမျှ ၈,၀၀၀ နဲ့ရှင်းနိုင်ရင်

၁၅၀ × ၈,၀၀၀ = ၁၂ သိန်း Cash ပြန်ရမယ်။

ဒီ ၁၂ သိန်းနဲ့ ရောင်းမြန်တဲ့ပစ္စည်းကို တစ်ခု ၁၃,၀၀၀ နဲ့ ပြန်ဝယ်ရင် ၉၂ ခုခန့် ပြန်ဖြည့်နိုင်ပါတယ်။

ဒီနည်းနဲ့ မလည်တဲ့ကုန်ကို လည်တဲ့ကုန်အဖြစ် ပြောင်းတာပါ။

❗️❗️❗️

ဘယ်လိုကြိုတင်ပြင်ဆင်မလဲ

၁။ ပစ္စည်းတစ်ခုချင်းစီအတွက် “အောက်ဆုံးရောင်းဈေး” သတ်မှတ်ထားပါ

ဥပမာ

ပြန်ဝယ်ဈေး — ၁၃,၀၀၀
မဖြစ်မနေကျသင့်ငွေ — ၁,၀၀၀
လုံးဝမလျော့ရမယ့် အောက်ဆုံးဈေး — ၁၄,၀၀၀

ဝန်ထမ်းတွေက Promotion လုပ်တာ၊ Discount ပေးတာရှိရင်တောင် ၁၄,၀၀၀ အောက် မရောင်းရဘူးလို့ သတ်မှတ်ထားရပါမယ်။

၂။ Supplier ဈေးကို အပတ်စဉ်စစ်ပါ

တစ်လတစ်ခါမှ ဈေးပြန်စစ်ရင် နောက်ကျနိုင်ပါတယ်။

အဓိကရောင်းကုန်တွေအတွက် အပတ်စဉ်—

* အရင်ဝယ်ဈေး
* လက်ရှိဝယ်ဈေး
* ပြောင်းလဲမှုရာခိုင်နှုန်း
* လက်ရှိရောင်းဈေး
* ပြင်ရမယ့်ရောင်းဈေး

ဆိုပြီး မှတ်တမ်းထားပါ။

ဥပမာ

✅Product A

အရင်ဝယ်ဈေး ၁၀,၀၀၀
အခုဝယ်ဈေး၁၃,၀၀၀
လက်ရှိရောင်းဈေး ၁၂,၀၀၀
ဆုံးဖြတ်ချက် - ချက်ချင်းဈေးပြင်

✅Product B

အရင်ဝယ်ဈေး ၂၀၀၀၀
အခုဝယ်ဈေး၂၁၀၀၀
လက်ရှိရောင်းဈေး ၂၆၀၀၀
ဆုံးဖြတ်ချက် - ဆက်ရောင်းနိုင်

✅Product C

အရင်ဝယ်ဈေး ၁၅၀၀၀
အခုဝယ်ဈေး၁၈၀၀၀
လက်ရှိရောင်းဈေး ၁၉၀၀၀
ဆုံးဖြတ်ချက် - Margin ပြန်စစ်

၃။ အရောင်းမြန်ကုန်အတွက် အရန်ငွေထားပါ

မမိုးရဲ့ ရောင်းမြန်ပစ္စည်းတစ်ပတ်စာ ပြန်ဝယ်ငွေက သိန်း ၁၅ လိုတယ်ဆိုရင် အနည်းဆုံး နှစ်ပတ်စာ

၁၅ သိန်း × ၂ ပတ် = သိန်း ၃၀

ကို အရန်ဝယ်ငွေအဖြစ်ထားသင့်ပါတယ်။

ဒီငွေကို အိမ်သုံးစရိတ်၊ အကြွေးဆပ်ငွေ၊ ဆိုင်အလှဆင်ငွေအဖြစ် မသုံးရပါဘူး။

၄။ ဈေးတက်မယ်ဆိုပြီး အကုန်မလှောင်ပါနဲ့

လက်ထဲမှာ သိန်း ၅၀ ရှိတယ်ဆိုပါစို့။

အမျိုးအစား ၁၀ မျိုးကို ၅ သိန်းစီ မျှဝေဝယ်မယ့်အစား—

* ရောင်းမြန်၊ အမြတ်ကောင်းတဲ့ကုန် — သိန်း ၃၀
* ပုံမှန်ရောင်းတဲ့ကုန် — သိန်း ၁၀
* အရေးပေါ်ပြန်ဝယ်ငွေ — သိန်း ၁၀

ဆိုပြီး သုံးတာက ပိုလုံခြုံပါတယ်။

ဈေးတက်ခြင်းက မကြောက်ရဆုံးပြဿနာပါ။ ရောင်းမထွက်တဲ့ပစ္စည်းကို ဈေးကြီးကြီးနဲ့ ဝယ်လှောင်မိခြင်းက ပိုကြောက်စရာကောင်းပါတယ်။

❗️❗️❗️❗️Owner တွေ မှတ်မိဖို့ အလွယ်ဆုံးစည်းမျဉ်း

ပစ္စည်း ၁၀၀ ခု ရောင်းလိုက်ရင် အနည်းဆုံး ပစ္စည်း ၁၀၀ ပြန်ဝယ်နိုင်ရပါမယ်။

* ၁၀၀ ရောင်းပြီး ၁၀၀ ပြန်ဖြည့်နိုင်တယ် — အရင်းတည်နေတယ်။
* ၁၀၀ ရောင်းပြီး ၁၁၀ ပြန်ဖြည့်နိုင်တယ် — အရင်းတိုးနေတယ်။
* ၁၀၀ ရောင်းပြီး ၈၀ ပဲပြန်ဖြည့်နိုင်တယ် — အရင်းပြုတ်နေတယ်။

ဒါကြောင့် လကုန်တိုင်း “ငွေဘယ်လောက်ကျန်လဲ” တစ်ခုတည်းမမေးပါနဲ့။

ဒီလရောင်းလိုက်တဲ့ကုန်ကို အခုဈေးနဲ့ အရေအတွက်ပြည့် ပြန်ဖြည့်နိုင်သလား။

ဒီမေးခွန်းရဲ့အဖြေကပဲ လုပ်ငန်းမှာ အမြတ်တကယ်ရနေတာလား၊ ရောင်းနေရင်း အရင်းပြုတ်နေတာလားဆိုတာ
ပြောပြပေးပါလိမ့်မယ်။

#အရင်းမပြုတ်အောင်

04/09/2026

ဒီတစ်ခုပြောင်းလိုက်ရုံနဲ့ ဆိုင်ထိုင်ဘဝကနေ CEO ဘဝကို ရောက်နိုင်တယ်

04/09/2026

ကြောက်စိတ်နဲ့မစပါနဲ့

03/09/2026

ကိုယ်မပါဘဲ လုပ်ငန်း ၃ ရက် လည်ပတ်နိုင်ဖို့ — ဒီ ၃ ခုပဲ လိုတယ်

03/09/2026

Retailer တွေ လုပ်ငန်းကြီးလာရင် ပိုရောင်းကောင်းလာရင် တချို့အရာတွေ ထိန်းချုပ်နိုင်ဖို့ စဉ်းစားကြရလေ့ရှိတာက ဘာဆက်လုပ်ရမလဲ ဘာလေ့လာရမလဲ ဆ်ုတာပဲ

ဆိုင်မပိတ်သေးပေမယ့်…လုပ်ငန်းက ပိတ်မိနေတာမျိုး ရှိတယ်။အရောင်းတော့ရှိတယ်—အမြတ်မသေချာဘူး။ပစ္စည်းတော့အပြည့်ပဲ—ငွေသားက မလည်ဘူ...
03/09/2026

ဆိုင်မပိတ်သေးပေမယ့်…
လုပ်ငန်းက ပိတ်မိနေတာမျိုး ရှိတယ်။

အရောင်းတော့ရှိတယ်—အမြတ်မသေချာဘူး။
ပစ္စည်းတော့အပြည့်ပဲ—ငွေသားက မလည်ဘူး။
ဝန်ထမ်းတော့ရှိတယ်—ကိုယ်မပါရင် အလုပ်မဖြစ်ဘူး။
နေ့တိုင်းအလုပ်များတယ်—ရှေ့ကိုတော့ မရွေ့ဘူး။

အဓိကပြဿနာက မကြိုးစားလို့ မဟုတ်ပါဘူး။

ကိုယ့်လုပ်ငန်း ဘယ်နေရာမှာ ပိတ်မိနေသလဲ မသိဘဲ
အရောင်းမြှင့်တာ၊ ပစ္စည်းထပ်ဝယ်တာ၊ ဝန်ထမ်းထပ်ခန့်တာတွေကို
ဖြေရှင်းချက်လို့ ထင်နေမိတာပါ။

ဒီ Zoom Training မှာ
သင်တန်းတစ်ခု နားထောင်ရုံမဟုတ်ဘဲ

ကိုယ့်လုပ်ငန်းရဲ့ လက်တွေ့အခြေအနေကို ဆန်းစစ်မယ်။
အရောင်း၊ ကုန်ပစ္စည်းနဲ့ ငွေသားကြားက ပြဿနာကို ချိတ်ဆက်ကြည့်မယ်။
လုပ်ငန်းက ဘယ်ပုံစံထဲရောက်နေလဲ သိအောင်လုပ်မယ်။
ပြီးတော့ ဘာကိုအရင်ရပ်၊ ဘာကိုအရင်ပြင်၊ ဘာကိုဆက်လုပ်ရမလဲ ဆိုတဲ့ Direction ရယူမယ်။

Training ပြီးတဲ့အခါ အရာအားလုံး ချက်ချင်းပြောင်းသွားမှာ မဟုတ်ပါဘူး။

ဒါပေမယ့်…

ဆက်ပြီးမှားနေမယ့် လမ်းတစ်လမ်းကို ရပ်တန့်နိုင်မယ်။
မှန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို စတင်နိုင်မယ်။

တစ်ခါတလေ လုပ်ငန်းကို ပြောင်းလဲစေတာက
ပိုက်ဆံအများကြီး မဟုတ်ပါဘူး။

အချိန်မီ သိလိုက်ရတဲ့ အမှန်တရားတစ်ခုရမယ်

Zoom Training ဆိုပေမယ့် လူအများကြီးခေါ်ပြီး နားထောင်ခိုင်းမယ့်ပုံစံ မဟုတ်တဲ့အတွက် တက်ရောက်သူဦးရေ ကန့်သတ်ထားပါတယ်။

ဒီအကြိမ်ကို လက်လွတ်ရင်
ပုံထဲက အကြောင်းအရာတွေကို ပါဝင်ဆန်းစစ်နိုင်မယ့် အခွင့်အရေးကို နောက်တစ်ကြိမ်အထိ စောင့်ရမှာပါ

📩 တကယ်တက်ဖို့ စိတ်ဝင်စားရင် Comment ရေးရုံနဲ့မထားဘဲ
Page Messenger ကို “လုပ်ငန်းဆန်းစစ်မယ်” လို့ အခုပဲပို့ထားပေးနော် လူဦးရေပြည့်ဖို့ သိပ်မလိုတော့ပါဘူး

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when PHYO - Retail Business Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category