28/11/2024
လီဗာပူးလ် 2-0 ရီးယဲလ်မက်ဒရစ် (FT)
အားနည်းချက်များစွာနဲ့ ထိုက်တန်တဲ့ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဘယ်လင်ဟမ်၊ ဘရာဟင်တို့ရဲ့ ကြိုးစားမှုတွေလည်း အရာမထင်ခဲ့သလို ကာမာဗင်ဂါပါ ဒဏ်ရာရသွားတာကလည်း စိုးရိမ်စရာပါပဲ။ ရာအူးလ်အဆန်စီယိုက သူ့ရဲ့ UCL ပွဲဦးထွက်မှာ ရလဒ်မကောင်းခဲ့ပေမယ့် ဒီလယ်ဗယ်မှာ ကစားနိုင်စွမ်းရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့တယ်။ စီဘယ်လော့ဆီက ပွဲချိန်မိနစ်ပိုရသင့်တဲ့ စွမ်းဆောင်ရည်မျိုးကိုလည်း မြင်ရပါတယ်။ ချန်ပီယံလိဂ် ၅ ပွဲမှာ တတိယမြောက်အရှုံး၊ ၂၀၀၉ နောက်ပိုင်း လီဗာပူးလ်ကို ပထမဆုံးအကြိမ်အရေးနိမ့်တဲ့ပွဲဖြစ်လာခဲ့ပါတယ်။
ဘာပေကိုတော့ ဘာမှမပြောချင်တော့ပါဘူး။ မန်ဒီ၊ အာဒါဂူလာတို့ကလည်း ဒီနေ့ရဲ့ Underperformance ကို ပြသခဲ့ကြသူတွေပါပဲ။ အထူးသဖြင့် အသင်းရဲ့ Fullback တွေဟာ သွေးသစ်လောင်းဖို့ လိုအပ်နေတာ တစ်နှစ်ထက်တစ်နှစ် ပိုထင်ရှားလာခဲ့တယ်။ နောက်တစ်ပွဲ ဂီတာဖေးနဲ့အိမ်ကွင်းမှာ ကစားရပါမယ်။