A Voice from a fan

A Voice from a fan ဘောလုံးဖန်တစ်ယောက်ရဲ့အရိုးသားဆုံးအမြင်

Tottenham Hotspur 1 - Manchester United 0 reviewဒီပွဲကတော့ဆဲရမယ့်လူနဲ့ချီးကျူးရမယ့်လူတွေရှိနေတာတော့အမှန်ပဲ။ပထမဆုံးအနေနဲ့...
16/02/2025

Tottenham Hotspur 1 - Manchester United 0 review

ဒီပွဲကတော့ဆဲရမယ့်လူနဲ့ချီးကျူးရမယ့်လူတွေရှိနေတာတော့အမှန်ပဲ။ပထမဆုံးအနေနဲ့စပါးဂိုးသမားVicarioရဲ့လက်စွမ်းကြောင့်မရှူံးခဲ့တဲ့ပွဲလို့ပြောရမယ်။Vicarioသာ မကယ်ရင်အခြေအနေဆိုးလောက်တယ်ဆိုပေမယ့်ဘောလုံးမှာ if တွေ but တွေကစိတ်ဖြေတဲ့နေရာမှာပဲကောင်းတယ်ဆိုတော့နောက်ဆုံးလက်ရှိရလဒ်ကပဲအရေးကြီးတာပါ။ နောက်တစ်ယောက်ကတော့ spence ဒီကောင်လေးကိုဒီပွဲကြည့်ရတာashley cole prime ကြည့်ရသလိုပဲ တစ်ဖက်အသင်းကပဲစုတ်ပြတ်နေလို့လားတော့မသိဘူးကောင်းလိုက်တာဆိုတာ စပါးအသင်းမှာတော့ ကျန်တဲ့ကစားသမားတွေကတော့ပုံမှန်လောက်ပဲကစားသွားနိုင်တယ်လို့မြင်တယ်။
တစ်ဖက်ကမန်ယူကပြောင်းပြန် ဆဲရမယ့်လူတွေတန်းစီနေတာပဲ။အရင်ဆုံးဆဲရမှာကတော့ Garnachoပဲ လွန်ခဲ့တဲ့နှစ်နှစ် စပေါ်တဲ့ Garnochoနဲ့ကွာခြားလာတာ အသက်ကြီးရင်တိုးတက်လာရမယ့်အစားတစ်ဖြည်းဖြည်းဆိုးလာတာ လွန်ခဲ့တဲ့ နှစ်နှစ်က Garnachoဆော့တာမတွေ့ဖူးရင် ဘာလ်ို့ဒီကောင့်ကိုမထုတ်ပဲ rashford နဲ့ antonyကို ထုတ်တာလဲဆိုပြီးမေးယူရတော့မယ်။နောက်တစ်ယောက်ကတော့ Case Caseကတော့မနှစ်ထဲကကျလာတာဒီနှစ်မှာတော့အဆိုးရွားဆုံးအခြေနေရောက်နေပြီလို့ပြောရမယ် CL ၅ လုံးရထားတဲ့ ကွင်းလယ်ခံစစ်သမားမှဟုတ်ရဲ့လားလို့မေးရလောက်တဲ့အထိဆိုးနေတာ ရာသီကုန်ရင်အမြန်ရောင်းထုတ်မှရတော့မယ်။နောက်ဆုံးကတော့ Man United ရဲ့ attacking player တွေပဲပွဲတိုင်းဆဲနေရတာ
တိုးတက်လာတယ်မရှိဘူး link up playလည်းမရ forward runလည်းမလုပ်နိုင် target man ဆော့ရင်လည်းတစ်ဘက်ခံစစ်နဲ့မယှဉ်နိုင် တစ်ယောက်ထဲထည့်တော့လည်းအလုပ်မဖြစ် နှစ်ယောက်လုံးထည့်တော့လည်းပိုဆိုးနဲ့ ကြားထဲကantonyကခြေစွမ်းတွေပြတော့လည်းအမေကျော်ဒွေးတော်လွမ်းရတဲ့အဖြစ်နောက်ဆုံတော့ပရိတ်သတ်တွေပဲသနားစရာကောင်းနေရောအချိန်ကုန်ငွေကုန် အိပ်ရေးပျက်ခံပြီးဒုက္ခခံနေရတာ။
နောက်ဆုံးတော့ဘယ်သူပိုညံ့လဲပြိုင်တဲ့ပွဲမှာတော့ မန်ယူကပိုညံ့ သွားတယ်လို့ပဲပြောရတော့မှာပေါ့
ညီအစ်ကိုတို့ရဲ့အမြင်ကိုလည်း commentမှာရေးသွားလို့ရပါတယ်။နောက်နေ့ rashford ကိုဘာလို့ မန်ယူကအတင်းကြီး kick out လုပ်သွားလည်းဆိုတဲ့ပရိတ်သတ်တစ်ယောက်ရဲ့အမြင်ကိုလည်း sharing လုပ်သွားပါအုန်းမယ်
pageကိုလည်း like and shareလေးလုပ်ပေးသွားပါအုန်း

Address

Sanchaung
Yangon
05203

Website

Alerts

Be the first to know and let us send you an email when A Voice from a fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share