11/10/2026
Man City ကိစ္စကြောင့် ဗြိတိန်ဝန်ကြီးပါ စုံစမ်းခံနေရပါပြီ
ဗြိတိန်နိုင်ငံရေးလောကနဲ့ ဘောလုံးလောက နှစ်ခုကြားမှာ ယမ်းပုံမီးကျ ပေါက်ကွဲထွက်လာခဲ့တဲ့ အဖြစ်အပျက်ကြီးတစ်ခုကတော့ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ဖမ်းစားထားပါတယ်။ Manchester City အသင်းရဲ့ Profitability and Sustainability Rules (PSR) ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရေးသမားတစ်ဦးရဲ့ မှားယွင်းတဲ့ ဝင်ရောက်စွက်ဖက်ပြောဆိုမှု တစ်ခွန်းတည်းကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချားသွားရတဲ့အထိ ကြီးမားတဲ့ မီးတောက်ကြီးတစ်ခု လောင်ကျွမ်းလာခဲ့တာပါ။ အရှေ့အလယ်ပိုင်းက အာဘူဒါဘီ အစုအဖွဲ့ လက်လွတ်သွားရရင် နှမြောစရာကောင်းတယ်ဆိုပြီး မန်စီးတီးပိုင်ရှင်တွေဘက်ကနေ ကာကွယ်ပြောဆိုခဲ့တဲ့ ဗြိတိန် နိုင်ငံရေးသမားကြီး အန်ဒီဘန်းဟမ်း (Andy Burnham) ရဲ့ ပြောစကားဟာ သူ့အတွက် တကယ်ကို နောင်တရစရာ အကြီးစား အမှားကြီးတစ်ခု ဖြစ်လာခဲ့ပြီး၊ လက်ရှိမှာတော့ အတိုက်အခံပါတီ အမတ်တွေသာမက ဗြိတိန်ရဲ့ နာမည်ကြီး သတင်းဌာနတွေပါ တက်ညီလက်ညီ ပူးပေါင်းကာ သူ့ရဲ့ သံသယဖြစ်စရာကောင်းတဲ့ နောက်ကြောင်းရာဇဝင်တွေကို တစ်စစီ ပြန်လည် ဖော်ထုတ်စစ်ဆေးနေကြပါပြီ။ ဒီဇာတ်လမ်းရဲ့ အစကတော့ အန်ဒီဘန်းဟမ်းက မန်စီးတီးအသင်းအပေါ် စွဲဆိုထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်တွေဘက်က ရပ်တည်ကာ အလွန်အမင်း ကာကွယ်ပြောဆိုလိုက်မိတာပါပဲ။ အမှန်တကယ်တော့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘောလုံးကလပ်တစ်ခုရဲ့ တရားဝင် စစ်ဆေးမှုတွေအပေါ် ဒီလိုပုံစံ ဝင်ရောက်ပြောဆိုခြင်း မပြုသင့်ပါဘူး။ ဒါပေမဲ့ သူ ဒီလို ထုတ်ဖော်ပြောဆိုလိုက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဗြိတိန်မီဒီယာတွေနဲ့ စုံစမ်းစစ်ဆေးရေး သတင်းထောက်တွေရဲ့ မျက်လုံးတွေဟာ အန်ဒီဘန်းဟမ်းရဲ့ လွန်ခဲ့တဲ့ နှစ်တွေက လုပ်ရပ်တွေဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့ပါတော့တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ပေါ်ထွက်လာတဲ့ ပထမဆုံး ဖော်ထုတ်ချက်ကတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မန်ချက်စတာ မြို့တော်ဝန်ကြီးဌာနအဖြစ်နဲ့ အန်ဒီဘန်းဟမ်း တာဝန်ယူခဲ့စဉ်က အချိန်ကာလတွေဆီကို ဦးတည်သွားခဲ့တာပါ။ အဲဒီအချိန်က အန်ဒီဘန်းဟမ်းဟာ အခြားသော ပုဂ္ဂလိက အစုအဖွဲ့တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေထက် မန်စီးတီးအသင်းပိုင်ရှင်ဖြစ်တဲ့ ရှိတ်မန်ဆော် (Sheikh Mansour) ရဲ့ အာဘူဒါဘီ အစုအဖွဲ့ကို မန်ချက်စတာမြို့ရဲ့ မြေကွက်ဝယ်ယူခွင့်တွေမှာ ဦးစားပေး လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း တရားဝင် ဖော်ထုတ်ခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး၊ မန်ချက်စတာမြို့တော်အတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ အဲဒီနောက်ကွယ်မှာ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းမှုတွေ၊ သံသယဖြစ်ဖွယ် လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း ပြည်သူ့လွှတ်တော်အထိ ရိုက်ခတ်လာခဲ့တာပါ။
ဒီထက် ပိုပြီး အံ့အားသင့်စရာ ကောင်းလာတာကတော့ Telegraph သတင်းဌာနကြီးရဲ့ထုတ်ဖော်ချက်ပါပဲ။ Telegraph ရဲ့ ဖော်ပြချက်အရ အန်ဒီဘန်းဟမ်းဟာ မန်ချက်စတာမြို့တော်ကို ဝန်ကြီးတစ်ဦးအနေနဲ့ တာဝန်ယူ စီမံခဲ့တဲ့ ၂၀၁၇ ခုနှစ် ကာလအတွင်းမှာ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ သုံးခုအထိကို မျက်နှာသာပေးတဲ့အနေနဲ့ ပေါင် ၅၅ ဒသမ ၇ သန်းအထိ ကြီးမားတဲ့ ချေးငွေပမာဏကို ထုတ်ပေးဖို့ ကိုယ်တိုင်ဦးဆောင်ပြီး အတည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို ချေးငွေပေးဖို့ သူကိုယ်တိုင် ဦးဆောင်ခွင့်ပြုပေးခဲ့တဲ့ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဆိုတာ တခြားသူတွေ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ အဲဒါဟာ Abu Dhabi United Group (ADUG) လို့ ခေါ်ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး၊ အဲဒီကုမ္ပဏီရဲ့ ပိုင်ရှင်ကတော့ ဘယ်သူမှ မဟုတ်ဘဲ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်တို့ ပိုင်ဆိုင်တဲ့ အဓိက ကုမ္ပဏီကြီး တစ်ခုပဲ ဖြစ်နေတာပါပဲ။ ဒီသတင်း ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဗြိတိန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ အတိုက်အခံပါတီ အမတ်တွေနဲ့ မီဒီယာ လောကကြီး တစ်ခုလုံး ရူးသွပ်သွားခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက မေးခွန်းထုတ်မှုတွေက တော်တော်လေး စူးရှပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပြီး ရေနံ စွမ်းအင်ဘီလီယံပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ရှိတ်မန်ဆော်တို့ရဲ့ အာဘူဒါဘီ အစုအဖွဲ့ဟာ ငွေကြေး အကျပ်အတည်း ဖြစ်လောက်အောင် ပိုက်ဆံမရှိလို့ ဗြိတိန်နိုင်ငံက မြို့တော်ရန်ပုံငွေထဲကနေ ပေါင် ၅၅ သန်းကျော်ကို ချေးငွေယူခဲ့ရတာ ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။ တကယ်တမ်း ငွေကြေး လိုအပ်ချက် ရှိခဲ့ရင်တောင် ကမ္ဘာ့ဘဏ်တွေ၊ ပုဂ္ဂလိက ဘဏ်ကြီးတွေ ဒါမှမဟုတ် အခြားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေဆီမှာ မချေးဘဲ ဘာကြောင့် မန်ချက်စတာမြို့တော်ရဲ့ ပြည်သူပိုင် ရန်ပုံငွေထဲကနေ သီးသန့် ထုတ်ယူချေးငွေ ယူခဲ့ရတာလဲဆိုတဲ့ အချက်က အကြီးမားဆုံး သံသယတရားခံ ဖြစ်လာခဲ့ပါတယ်။ အန်ဒီဘန်းဟမ်း အနေနဲ့ကော ပြည်သူတွေရဲ့ ချွေးနှဲစာ အခွန်ငွေတွေကို ကိုယ်ပိုင် အာဏာကို အလွဲသုံးစားလုပ်ပြီး ဒီလို အရှေ့အလယ်ပိုင်း ကုမ္ပဏီကြီး တစ်ခုကို လက်ဝါးကြီးအုပ် ပေးချေးလို့ရတဲ့ လုပ်ပိုင်ခွင့် အာဏာရော ရှိလို့လားဆိုပြီး ပြည်သူတွေကပါ လိုက်လံ မေးခွန်းထုတ်လာကြပါတော့တယ်။ မြို့တော်ဝန်တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘောလုံးအသင်းတစ်ခုရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေကို ကာကွယ်ပြောဆိုမိလိုက်တာကနေ စတင်ခဲ့တဲ့ ဒီမီးပွားလေးဟာ အခုတော့ အန်ဒီဘန်းဟမ်းရဲ့ တစ်သက်တာ နိုင်ငံရေး ရာဇဝင်ကိုပါ ဝါးမြိုသွားနိုင်တဲ့အထိ ကြီးမားတဲ့ မီးလောင်တိုက်ကြီး ဖြစ်လာခဲ့ပါပြီ။ လက်ရှိ အချိန်အခါမှာ နိုင်ငံရေးသမားတွေအနေနဲ့ ဘောလုံးလောကရဲ့ စီးပွားရေးနဲ့ ဥပဒေရေးရာ ကိစ္စတွေထဲကို ဝင်ရောက်မွှေနှောက်ဖို့ မသင့်တော်ဘူးဆိုတာကို အန်ဒီဘန်းဟမ်းရဲ့ ဖြစ်ရပ်က အကောင်းဆုံး သင်ခန်းစာတစ်ခု ပေးလိုက်တာပါပဲ။ နိုင်ငံတော်ရဲ့ ရန်ပုံငွေတွေ၊ အိမ်ခြံမြေ ချေးငွေတွေနဲ့ မန်စီးတီးပိုင်ရှင်တွေကြားက ပတ်သက်မှုတွေကို ဗြိတိန် လွှတ်တော်ကပါ ဆက်လက် စစ်ဆေးသွားဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် အန်ဒီဘန်းဟမ်းအတွက်တော့ လာမယ့်ရက်တွေမှာ ရင်ဆိုင်ရမယ့် ဖိအားတွေက ပိုပြီး ကြီးမားလာဦးမှာ သေချာပါတယ်။ နှုတ်အမှားကြောင့် တိုင်းပြည်တစ်ဝန်းရဲ့ ဝေဖန်မှုစစ်မျက်နှာပြင်ပေါ် ရောက်ရှိသွားခဲ့ရတဲ့ အန်ဒီဘန်းဟမ်းရဲ့ အဖြစ်အပျက်ဟာ ဘောလုံးနဲ့ နိုင်ငံရေး ဘယ်တော့မှ မရောစပ်သင့်ဘူးဆိုတာကို အထင်ရှားဆုံး သက်သေပြသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
#ခြေတစ်လှမ်းရှေ့ရောက်နေဖို့onex2ကိုရွေးချယ်စို့