Phyu Hninn : Life Coach

Phyu Hninn : Life Coach Life Coach, Relationship Coach, Parenting Coach

01/11/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

အပေါ်ယံ အမြင် က မမှန်နိုင်ပါဘူး Respect for the other person's Model of the World လူ တိုင်းမှာ သူ တို့ အမှန် နဲ့ သူ တို့...
11/10/2025

အပေါ်ယံ အမြင် က မမှန်နိုင်ပါဘူး

Respect for the other person's Model of the World

လူ တိုင်းမှာ သူ တို့ အမှန် နဲ့ သူ တို့ ရှိနေနိုင်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ကမ္ဘာ ကို လေးစားပေးပါ


World mental health day မှာ Live Webinars လေးတခု ဆရာ နှင့် တကွ Coach တွေ စုပေါင်း လုပ်ခဲတဲ့ အမှတ် တရ နေ့ 10.10.2025
11/10/2025

World mental health day မှာ Live Webinars လေးတခု ဆရာ နှင့် တကွ Coach တွေ စုပေါင်း လုပ်ခဲတဲ့ အမှတ် တရ နေ့

10.10.2025

အချိန် ရှိ တိုင်း ကိုယ် ဘာ လုပ်ရမလဲ ❓ကိုယ် ဖြစ် ချင်တာ က ဘာလဲ ❓စဉ်းစား ဖို့ လိုပါတယ် ဒါပေမယ် စဉ်းစားရင်းနဲ့ အချိန် မကုန်...
11/10/2025

အချိန် ရှိ တိုင်း
ကိုယ် ဘာ လုပ်ရမလဲ ❓
ကိုယ် ဖြစ် ချင်တာ က ဘာလဲ ❓
စဉ်းစား ဖို့ လိုပါတယ်
ဒါပေမယ်
စဉ်းစားရင်းနဲ့ အချိန် မကုန်ပါစေနဲ့

မနေ့က warning sign တွေ ပြောပြီး ပြီ ဆိုတော့ ဒီ နေ့ 🍀✅💡 Relationshi ကို ပိုကောင်းအောင် စောစောပဲ ပြုပြင်နိုင်မယ့် Signs 💡🍀...
16/08/2025

မနေ့က warning sign တွေ ပြောပြီး ပြီ ဆိုတော့

ဒီ နေ့ 🍀✅💡 Relationshi ကို ပိုကောင်းအောင် စောစောပဲ ပြုပြင်နိုင်မယ့် Signs 💡🍀✅

💕 ၁. Communication နည်းနည်း အကျိုးမရ → စိတ်ထဲကအပြည့်မပြောသေးရင် စောစောပဲ practice လုပ်ပါ။

💕 ၂. အချိန်မကိုက်တာများ → Schedule တူအောင် စေ့စပ်ပြီး prioritize လုပ်နိုင်တယ်။

💕 ၃. မကြာခဏ misunderstanding → လိုအပ်တာကို မျက်နှာချင်းဆိုင်ပြောနိုင်ရင် အရမ်းတိုးတက်မယ်။

💕 ၄. Small jealousy feelings → Trust ကို တဖြည်းဖြည်း တည်ဆောက်နိုင်တယ်။

💕 ၅. အခြားသူကို ဂရုမစိုက်သေးတာ → Appreciation အသေးစားတွေ စောစောလေး ပြဖို့ လိုတယ်။

👉 အချစ်ရေးကို အစောပိုင်းကပဲ အလေးထားပြီး ပြုပြင်တတ်ရင် 💖
နောက်ပိုင်းမှာ အခက်အခဲ များစွာကို ရှောင်ရှားနိုင်ပါတယ်။

⸝

🌱 Love + Respect + Communication = Strong Relationship
🔥 သင့်အမြင်နဲ့ “အချစ်ရေးမှာ စောစောပဲ ပြုပြင်
သင့်တဲ့ အရာ” ကို Comment မှာ မျှဝေလိုက်ပါနော် 👇


✨ 🙏Relationship မှာ အစောပိုင်း သတိပေးအချက် (Early Warning Signs) ✨ တွေ အရင်ဖြစ်တက်ပါတယ် ချစ်သူနဲ့ပေါင်းသင်းနေစဉ် အချိန်မ...
16/08/2025

✨ 🙏Relationship မှာ အစောပိုင်း သတိပေးအချက် (Early Warning Signs) ✨ တွေ အရင်ဖြစ်တက်ပါတယ်

ချစ်သူနဲ့ပေါင်းသင်းနေစဉ် အချိန်မီ သတိမထားမိဘဲ
ရင် မ နေရတဲ့ အချိန်တွေအထိ စောင့်နေတတ်ကြသူများအတွက် 💔

👉 ၁. ဆက်သွယ်မှု မရေရာခြင်း – အမြဲ misunderstanding ဖြစ်တတ်တယ်။

👉 ၂. အချိန်မပေးခြင်း – မကြာခဏ “later” ဆိုပြီး ငြိမ်းချမ်းစွာ မထား ထားပဲ တစ်ဖက်ကို ဂရုပြုမထားခြင်း။

👉 ၃. Respect မရှိခြင်း – သင့်စကား၊ သင့်ခံယူချက်ကို အလေးမထားဘဲ အမြဲ ညံ့ဖျင်းစွပ်စွဲနေခြင်း။

👉 ၄. Control လုပ်ချင်စိတ်များခြင်း – သင့်အလုပ်၊ သင့်သူငယ်ချင်းတွေကို ထိခိုက်စွက်ဖက်ဖို့ ကြိုးစားနေခြင်း။

👉 ၅. Trust မရှိခြင်း – စောင့်ကြည့်၊ စစ်ဆေး၊ သံသယထွက်စေတတ်ခြင်း။

Relationship တစ်ခုအောင်မြင်ဖို့ ချစ်ခြင်းတစ်ခုတည်း မလုံလောက်ပါ ✨

အရေးကြီးတယ် 👉
Respect ✔️ Trust ✔️ Communication ✔️ Balance ✔️ လိုအပ်ပါတယ်။

🥀 အချိန်မှီ သတိထားရင် ကိုယ့်ကိုယ်ကို ပိုမိုကာကွယ်နိုင်ပါလိမ့်မယ်

🌱 ဒါတွေ ခံစားနေရပါပြီ လို့ပြောလာရင် စောစောပဲ အဖြေရှာ ချင့်ချိန်နိုင်ဖို့ လိုလာ ပါပြီ
⸝

👉 သင့်အထင်အလည်း Relationship မှာ Early Warning Sign ဘယ်လိုတွေရှိမလဲ? Comment မှာ ဖော်ပြပေးပါနော် 💬👇



03/08/2025

နေတနေ့တာကိုစတင်ရာမှာ မနက်အစကောင်းတစ်ခုက အရေးကြီးပါတယ်။

ဒီနေ့မှာတော့ စိတ်အေးအေး၊ ထိရောက်အောင် စတင်နိုင်ဖို့အတွက် နည်းလမ်းအချို့ ပြောပြပေးပါမယ်

⸝

🌅 မနက်အစကောင်းဖြစ်ဖို့အတွက်ဆို

👉 နာရီတစ်ခုအလိုက် အိပ်ယာထခြင်း

❌နောက်ထပ် “5 မိနစ်” လို့ ဆွဲနေခြင်းမလုပ်ပါနဲ့။

✅နာရီညှိထားပြီး တိတိကျကျ အိပ်ယာထပါ။ ဒါက ကိုယ့်စိတ်ခွန်အားကိုတိုးစေပါတယ်။

👉ရေသောက်ခြင်း

❌ တချို့တွေဆို ကော်ဖီလေးသောက်ရမှ ၊ဆေးလိပ်လေးသောက်ရမှ မနက်ခင်းအတွက်အဆင်ပြေတာမျိုးရှိတက်ကြတယ်။

✅အိပ်ရာထပြီးနောက် ခန္ဓာကိုယ်ကို hydrating လုပ်ဖို့ ရေအေးသန့်တစ်ခွက် သောက်တက်တဲ့အကျင့်ရှိဖို့က အရေးကြီးပါတယ်

👉တိတ်တဆိတ်ထိုင်ခြင်း သို့မဟုတ် မနက်စဉ်တရားထိုင်ခြင်း (5-10 မိနစ်)

❌ အိပ်ယာ နိုးနိုးချင်း ထမင်းချက်ရမယ် ၊ ဒီအလုပ် ရှိတယ် ၊ဒီသွားရမယ်ပေါ့ စဉ်းစားတက်ကြပါတယ်

✅ တရားထိုင်ပြီးစိတ်အေးအေးနဲ့ စဉ်းစားရတာက နေ့တစ်နေ့တာလုံးကို စိတ်ထိန်းထားနိုင်ဖို့ ကူညီပါတယ်။

👉မနက်လေ့ကျင့်ခန်း (Stretching / Light workout)

✅သန်စွမ်းမှုရဖို့မဟုတ်ဘဲ ခန္ဓာကိုယ်ကိုနိုးစေဖို့လေးပေးပါ။ (10-15 မိနစ်ပဲလည်းကောင်းတယ်)

👉နေ့စဉ်လုပ်စရာများကို မှတ်သားခြင်း (To-Do List)

✅“ဒီနေ့ဘာလုပ်မှာလဲ” ဆိုတာ ပြေးပြေးမြင်ထားဖို့ ရေးချဖို့ကောင်းတယ်။

👉အကောင်းဆုံးစကား (Positive Affirmation) တစ်ခုပြောခြင်း
ဥပမာ:
✅“ဒီနေ့ကအောင်မြင်တဲ့နေ့ဖြစ်မှာပါ။”
✅“ဒီနေ့မှာ ငါအတွက်အဆင်ပြေ ဝင်ငွေတိုးလာမယ်"


👉အရေးကြီးတာကနေစတင်ပါ

❌ “Eat the frog” ဆိုတဲ့နည်း – အရေးကြီးပြီး ခက်တဲ့အလုပ်ကို နံနက်မှာပဲ ပြီးအောင်လုပ်။

⸝

သင်မနက်အစကို တည်ငြိမ်အောင်စတင်နိုင်မယ်ဆိုရင်၊ နေ့တစ်နေ့လုံးမှာလည်း အမြင့်ဆုံးထိရောက်မှုနဲ့ စိတ်ချမ်းသာမှု ရနိုင်ပါတယ်။

ဖော်ပြထားတဲ့ အချက်တွေထဲက သင် ဘယ်အချက်ကို အမြဲ လုပ်ဖြစ်နေလဲ Comment မှာ ရေးခဲ့လို့ရတယ်နော်




" နှစ်သစ်ဆုတောင်းလွှာ " ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရပါလို၏/ရကြပါစေ 🙏အပူအ...
17/04/2025

" နှစ်သစ်ဆုတောင်းလွှာ "

ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍
ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရပါလို၏/ရကြပါစေ 🙏

အပူအပင်ကင်းစွာဖြင့် အိပ်စက်နိုင်ကြပြီး
အေးချမ်းစွာဖြင့်နိုးထနိုင်ပြီး/နိုးထနိုင်ကြပါစေ🙏

ဒုက္ခရောက်နေသူနဲ့ တွေ့တဲ့အခါ
အားပေးကူညီနိုင်သူသာဖြစ်ရပါလို့၏/ဖြစ်ကြပါစေ🙏

အဆင်ပြေတဲ့သူနဲ့ တွေ့တဲ့အခါ
ဝမ်းသာပေးနိုင်သူ ဖြစ်ရပါလို့၏/ဖြစ်ကြပါစေ🙏

မြင်သမျှ မေတ္တာဖြင့်ကြည့်ရှုနိုင်ရပါလို့၏/ကြည့်ရှု့နိုင်ကြပါစေ

မုန်းသူမရှိ ချစ်သူသာ ရှိရပါလို့၏/ရှိကြပါစေ🙏

မကောင်းသောအလုပ်ဖြင့် အသက်မွေးမြူရခြင်းမှ
ကင်းလွတ်ရပါလို၏/ကင်းလွတ်ကြပါစေ🙏

သူတစ်ပါးတို့သည် မိမိကြောင့်
မထိခိုက်မငိုကြွေးရပါစေနှင့်
သူတစ်ပါးတို့ကြောင့် မိမိသည် မငိုကြွေး၊မပူလောင်ရပါလို၏🙏

မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ၊ကမ္ဘာသား အားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်စုံကြပြီး ကပ်ကြီး ၃ ပါးကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ ကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏

သတင်းနှင့် စိတ်ခံစားချက် ကပ်ဘေးဆိုတာ အရင်က ကြားဖူးနေပင်မဲ့ လူတိုင်း လက်တွေ့  မကြုံဘူးကြပါဘူး  အခု နောက်ပိုင်း လူတိုင်းလိ...
04/04/2025

သတင်းနှင့် စိတ်ခံစားချက်

ကပ်ဘေးဆိုတာ အရင်က ကြားဖူးနေပင်မဲ့ လူတိုင်း လက်တွေ့ မကြုံဘူးကြပါဘူး

အခု နောက်ပိုင်း လူတိုင်းလိိုလို ကပ်ဘေးဒုက္ခကို မျက်မြင်ကိုယ့်တွေ့ခံစားနေကြသူတွေရယ်

Social Media News တွေနဲ့ ခံစား သိကြား နေရတဲ့သူတွေ ရှိကြပါတယ်

အဲဒါအထဲမှာ ကိုယ်ကိုယ်တိုင်လဲ ပါနေပါတယ်

သဘာဝဘေးအန္တရာယ်ကပ်ဘေး ဘယ်အချိန် ဘယ်အခါ ဘယ်တော့ ကြရောက်မယ် မသိနိုင်ကြပါဘူး

လက်တွေ့မှာ ကြုံတွေ့ ခဲရသူတွေဟာ ဘယ်ဟာကိုမှ ကြိုတင်မသိခဲ့ပဲ တခနအတွင်း ဖြစ်ခဲ့ရတာကြောင့် ခံစားခဲ့ရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှု့တွေ ကြုံတွေနေရနိုင်ပါတယ်

Social Media မှ တဆင့် ခံစားကြားသိနေရတဲ့သူတွေဟာလဲ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားနေရနိုင်ပါတယ်

အဲဒါကြောင့် ဒီ အချိန်မှာ သတင်းမှန် ကို နားဆွင့်နေရတာ မှန်ပင်မဲ့ .........
သတင်းအမှား ❌ သတင်းအမှန် ✅မှန်း မသိပဲ စိုးရိမ်နေမှုကို တော့ သတိထားသင့်ပါတယ်

ဖြစ်ပျက်ခဲ့ပြီးခဲ့တာအတွက် လူသားတိုင်း ကြေကွဲ ဝမ်းနည်းခဲ့ရပါတယ်

တခု သတိထားစေချင်ပါတယ်

Social Media News တွေ အကြည့်များပြီး ကိုယ်ရဲ့မသိစိတိထဲကို ခြောက်ခြားမှု တွေ ထည့်သွင်းမိနေမှာကိုပါ

ည အိပ်မပျော် နိုင်တော့ပဲ ကိုယ်ရဲ့ မသိစိတ်ထဲက ခြောက်ခြားမှုတွေဟာ ငလျင်လှုပ်နေသလို ! ပြိုကျ ပျက်ကျ ပြုတ်ကျ! ဖြစ်နေသလို ခံစားနေရနိုင်ပါတယ်

ညဘက် ကောင်းကောင်းအိပ်မပျော်တဲ့အခါ ကျန်းမာရေးထိခိုက်သလို နောက်နေ့မနက်အတွက်လဲ စိတ်ကြည်လင်မှု မရှိတော့ပဲ စိုးရိမ်ခြောက်ခြားမှူတွေနဲ့ပဲ သံသရာ လည်နေပါလိမ့်မယ်

အဲဒါမျိုးတွေမဖြစ်ရအောင်
🍀ဖြစ်ပျက်ပြီးသားကိစ္စတွေကို လက်ခံပေးပါ
🍀ကိုယ်စိတ်ကို တည်ငြိမ်အောင် အသိကပ်နိုင်အောင် ကြိုးစားပါ
Social Media ကန့်သတ်မှုဖြစ် ကြည့်ပါ
🍀တရားထိုင်ပါ 🧘‍♂️ တရားဘာဝနာ ပွားများခြင်းများ ပြုလုပ်ပါ
🍀Positive affirmation , gratitude 🙏များ ရေးချ ရွက်ဆို ခြင်းများ ပြုလုပ်ပေးပါ
🍀 အဆိုးပြီးရင် အကောင်းလာစမြဲမို့ အဲ့နေ့ရက်များ အတွက် စိတ်ဓါတ်ကြံခိုင်ပေးပါ

ဒီကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ရင် google form ဖြည့် ပြီး အခမဲ့ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

https://docs.google.com/forms/d/e/1FAIpQLSd9UILRkIwXLMPWz0K58W9tsU9aJz500YAI9mLHqOu59qsmHA/viewform?usp=sf_link

https://www.facebook.com/maysu.pan.37017?mibextid=wwXIfr&mibextid=wwXIfr






19/03/2025

👉အနေဆင်းရဲနေတာဟာ
👉အတွေးဆင်းရဲ လို့ပါ

👉အတွေးဆင်းရဲနေရင် အနေဆင်းရဲနိုင်ပါတယ်

👉ကိုယ် လို ချင်တာ ၁ခု ရှိနေရင် ကိုယ်လို ချင်တာကို ရပြီးသား (သို့) ရအောင်လုပ်နေတဲ့ သူစီကို ချည်းကပ်ရတယ်

ဥပမာ 💎ကိုယ် အိမ်တလုံး လို ချင်တယ် ဆိုပါစို့
ကိုယ် က အိမ်ပိုင်တလုံးဝယ်ဖို့ ကြိုးစား ဝယ်ယူနေတဲ့ သူ ကို ချဉ်းကပ်ရပါတယ်
အိမ်ပိုင်ဝယ်ဖို့ ကြိုးစားနေတဲ့သူတွေရဲ့ နည်းလမ်းကို သင်ယူပြီး အဲ နည်းလမ်းတွေကိုလဲ ကိုယ် တိုင်ကျင့်သုံးနိုင်ပါတယ်

💎အောင်မြင်ချင်ရင် အောင်မြင်ပြီးသား ဖြစ်နေတဲ့ သူစီ မှာ ချဉ်းကပ်ပြီး အောင်မြင်သူတွေ ပြုလုပ် တာတွေကို ကိုယ်တိုင်ကျင့်သုံးရပါလိမ့်မယ်

ကြိုးစားမလုပ်ခဲ့လို့ မဖြစ်တာပဲ ရှိနိုင်ပါတယ်
တကယ် ကြိုးစားလုပ်ခဲ့ရင် အောင်မြင်မှု ရယူဖို့က လက်တကမ်းမှာပါပဲ




ငါ ပြောတာ မှန်တယ်✅ငါ ထင်တာ မှန်တယ် ✅ငါ လုပ် မှန်တယ် ✅ဟုတ်ပါတယ် မှန်ပါတယ် ဒါပေမယ့် တခြားဘက်က သူပြောတာလဲ မှန်ပါတယ် ✅တခြားဘ...
19/03/2025

ငါ ပြောတာ မှန်တယ်✅
ငါ ထင်တာ မှန်တယ် ✅
ငါ လုပ် မှန်တယ် ✅

ဟုတ်ပါတယ် မှန်ပါတယ်

ဒါပေမယ့်

တခြားဘက်က သူပြောတာလဲ မှန်ပါတယ် ✅
တခြားဘက်က သူထင်တာလဲ မှန်ပါတယ် ✅
တခြားဘက်က သူလုပ်တာလဲ မှန်ပါတယ် ✅

ဒါဆို ဘယ်သူမှားတာလဲ❓❓❓❓❓

ပုံမှာပဲကြည့်လေ

အခုကြည့်နေတဲ့သူတောင် နှစ်မျိူးလုံး မြင်နိုင်ခဲ့သေးတာပဲ

သူတို့အမြင်တမျိူးထဲကို သုံးသတ်ပြီး မှန်ကန်တယ်ထင်တာ ပြောရတာမို့ သူတို့မမှားပါဘူး

အမြင်မတူတာတွေရှိနိုင်ပါတယ်

အမြင်မတူတာကို လက်ခံနိုင်ရင် သင်မှန်နေပါပြီ ✅




Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Phyu Hninn : Life Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category