Printable Targets Pvt. Ltd.

Printable Targets Pvt. Ltd. ကိုယ်နာကျင်တာကိုသိရင် သင်ဟာ အသက်ရှင်နေသေးလို့

သူတစ်ပါးနာကျင်တာကို သိရင် သင်ဟာ လူဖြစ်လို့

APOLO SUPER BOMBER P/P*P INFLATOR•Maximum pressure -6,000 PSi /310ဘား •Hose ပိုက်အရှည်- 56မီတာ•Integral- လေဖိအားတိုင်းသက...
14/02/2025

APOLO SUPER BOMBER P/P*P INFLATOR
•Maximum pressure -6,000 PSi /310ဘား
•Hose ပိုက်အရှည်- 56မီတာ
•Integral- လေဖိအားတိုင်းသက်သက်ဝယ်ရန်မလို
•pressure gauge‌နဲ့ Filterရောပါမယ်

မည်သည့်သေနတ်မျိုးမှာမဆိုပြောင်းက ဘာလုပ်ပေးတယ်ထင်လဲ။ဘာလို့ သေနတ်တွေမှာ ပြောင်းတပ်ရတာလဲ။ကိုယ်ဉာဏ်နဲ့ လိုက်နိုင်သလောက် အရင်...
11/02/2025

မည်သည့်သေနတ်မျိုးမှာမဆိုပြောင်းက ဘာလုပ်ပေးတယ်ထင်လဲ။
ဘာလို့ သေနတ်တွေမှာ ပြောင်းတပ်ရတာလဲ။

ကိုယ်ဉာဏ်နဲ့ လိုက်နိုင်သလောက် အရင် စဉ်းစားကြည့်ကြပေါ့။

လောက်လေးခွတွေ၊ လေးမြားတွေ၊ Mediaeval အလယ်ခေတ်က သုံးခဲ့တဲ့ Trebuchet လောက်လွှဲကြီးတွေ၊ Ballista ခေါ် ဒူးလေးကြီးတွေ စတဲ့ အဝေးပစ်လက်နက်တွေမှာ ပြောင်းမပါခဲ့ဘူး။

ပြောင်းမပါတဲ့ ရလဒ်က တိကျမှု အားနည်းခဲ့တယ်။

ပြောင်းရဲ့ ပင်မအလုပ်က ဘာလဲဆိုတော့
ပစ်မယ့်ကျည်ကို ကွေ့ဝိုက်မသွားနဲ့ တည့်တည့်သွား ဆိုပြီးလမ်း ကျောင်းပေးတာ၊ Guide လုပ်ပေးတာ။

ပစ်မယ့်ကျည်ကို တွန်းအား ဘာနဲ့ပေးလဲ။
ယမ်းအားနဲ့ ပေးတယ်၊ လေအားနဲ့ ပေးတယ်။

ဒီတွန်းအားကို လေလွင့်မှု အနည်းဆုံးနဲ့ ကျည်ကို တွန်းပေးဖို့ ပြောင်းက ကူညီ‌ပေးတယ်။

ဒီနေရာမှာ တစ်ခုအရေးကြီးတာက
ပြောင်းနဲ့ ကျည်ဟာ အံကျဖြစ်ဖို့ပဲ။
အံကျဖြစ်နေတာကို Gas sealed ဖြစ်တယ်လို့ ခေါ်တယ်။
အံကျမဖြစ်ရင် တွန်းတဲ့ ယမ်းငွေ့တို့၊ လေတို့က ကျည်ကို ကျော်ပြီး အရင်ထွက်ကုန်မှာပဲ။ ဒါဆို အကူအညီမဖြစ်ဘဲ အနှောင့်အယှက်တောင် ဖြစ်သွားလိမ့်မယ်။
တတ်နိုင်သမျှ အံကျဖြစ်ပြီး လုံနေဖို့ အရေးကြီးတယ်။

အံကျဆိုရာမှာလည်း မတရားသဖြင့် အရမ်းကျပ်မနေဖို့လည်း လိုပြန်တယ်။
ကျပ်လွန်းရင် ဘာဖြစ်မလဲဆိုတော့
ပြောင်းထဲမှာ ကျည်က အတင်းရုန်းရတဲ့အတွက် Friction များလွန်းပြီး တွန်းအားတွေ လျော့ကုန်တာပေါ့။

ကနဦးမှာတော့ ပြောင်းကို အတွင်းချော Smoothbore နဲ့ပဲ ထုတ်နိုင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ ပြောင်းရစ် Rifling နဲ့ ထုတ်နိုင်လာခဲ့တယ်။

ပြောင်းအတွင်းမှာ အရစ်ပါပြီး၊ ကျည်က ပြောင်ကြီး၊ အရာမပါဘူး။
ကျည်က ပြောင်းထဲ ဖြတ်တဲ့အခါ ပြောင်းရစ်က ကျည်ကို ခုတ်စားပြီး အရာဖော်ပစ်တယ်။ အဲဒီအရာနဲ့ ပြောင်းရစ်ဟာ တေ့လှည့်တော့ ကျည်က လည်ရတော့တာပေါ့။
ကျည်လည်တဲ့အခါ ဟန်ချက်တည်ငြိမ်မှုကို ရတယ်။
ရတော့ လိုရာကို ကောင်းကောင်း သွားနိုင်တယ်။

ပြောင်းနဲ့ ကျည်ရဲ့ သဘာဝမှာ
ပြောင်းဟာ ကျည်ထက် ပိုမာကျောရမယ်။
ကျည်က ပြောင်းထက် ပျော့ပြောင်းရမယ်။
ဒါမှ ပြောင်းရစ်က ကျည်ကို ခုတ်စားပြီး အရာဖော်နိုင်မှာ။

လေသေနတ်လုပ်နေတဲ့ ဝါသနာရှင်တွေ သိထားဖို့က
စတီး‌ဘောစေ့ နဲ့ သံပြောင်းမှာ ဘောစေ့က အရမ်းမာကျောတယ်။ စားခံရမှာက ပြောင်းပဲ။
ဘောစေ့ပြောင်းကို အရစ်နဲ့ သုံးမှာလား၊ အကျိုးမရှိဘူး။

Factory-built ဖြစ်တဲ့ Cal .177 နဲ့ .22 လေသေနတ်တွေမှာလေတွန်းအားကို စပရိန်နဲ့ပဲ အဓိကထုတ်ခဲ့တယ်။

Factory-built ဖြစ်တဲ့အတွက် ခဲကျည် နဲ့ ပြောင်းဟာ အံကျရတယ်။ ဒါပေမဲ့ စပရိန်အားဖြစ်တဲ့အတွက် အားက သိပ်မရှိဘူး။ ဒါကြောင့် ကျည်ကို ကြာကြာတွန်းအားပေးဖို့ လိုတယ်။ ဒီတော့ ပြောင်းကို ရှည်ရှည်လုပ်တယ်။
ပြောင်းရှည်တော့ ကျည်ဟာ တွန်းအားကြာကြာရပြီး အားလုံလောက်သွားတယ်။

ယနေ့ခေတ်ကျတော့ Air Tank နဲ့ P*P တွေ၊ Gas Piston တွေ ပေါ်လာပြီ။
တွန်းအားပေးတဲ့ Powerplant ကောင်းလာတာနဲ့အမျှ
အရင်လို ပြောင်းအရှည်ကြီးတွေ မလိုတော့ဘူး။
ပြောင်းအတန်အသင့်နဲ့ သုံးနိုင်ပြီ။
အရင်ထက် ကျစ်လျစ်သိုသိပ်တဲ့ Compact Type တွေ ဖြစ်လာတယ်။

ယမ်းအားသုံးတဲ့စနစ်တွေကျတော့လည်း
အရင်လို ရိုင်ဖယ်အရှည်ကြီး ကားယား ကားယားနဲ့
မသုံးချင်တော့ဘူး၊ ခပ်တိုတို Carbine တွေ၊ Bullpup တွေနဲ့ သုံးလာကြတယ်။
သုံးတဲ့ ကျည်အတူတူဖြစ်မယ်၊ ပြောင်းအတို နဲ့ အရှည် ယှဉ်မယ်ဆိုရင် အကြမ်းအားဖြင့် ပြောင်းအလျား ၁ လက်မကွာရင် 25~50 fps လောက် ကွာသွားတယ်လို့ ဆိုကြတယ်။
5.56 NATO ကျည်သုံး Rifle Version လက်မ ၂၀ ရှိတဲ့ ပြောင်းဟာ 3100 fps ရှိတယ်ဆိုရင်
Carbine Version ၁၅ လက်မ ပြောင်းမှာ 2900 fps လောက် ဖြစ်သွားတယ်။ ဒါပေမဲ့ Ballistic Calculation မှာတော့ ရလဒ် အရမ်းဆိုးရွားမသွားဘူး။

ပြောင်းရဲ့ အပြင်ဘက်အသွင်အပြင်နဲ့ ပတ်သက်တာကတော့ အများအားဖြင့် ပြောင်ချောတွေပဲ ဖြစ်ပေမယ့်၊
Bolt-action Sniper Rifle တွေမှာ ပြောင်းကို မြောင်းတွေနဲ့ လုပ်ကြတယ်၊ Fluted Barrel ခေါ်ပါတယ်။

အကျိုးကျေးဇူးက ဘာလဲဆိုတော့
မြောင်းတွေပါခြင်းက နွဲ့ခြင်းကို ကာကွယ်ပေးတယ်၊ ပြောင်း ပိုခိုင်ခံ့စေတယ်။ အိမ်မိုး သွပ်ပြားတွေကို အပြားလိုက်ပြောင်ပြင်ညီကြီး မလုပ်ဘဲ တွန့်ခေါက်ထားခြင်းကလည်း ဒီသဘောပါပဲ၊ သွပ်ပြားဟာ ပါးပါးလေးပေမယ့် လှိုင်းတွန့်တွေကြောင့် ခံနိုင်ရည်တိုးသွားပြီး တော်ရုံ မိုးဒဏ်၊ မိုးသီးဒဏ်ကို ခံနိုင်သွားတယ်။
ပြောင်းတွေမှာလည်း Fluted Design ကြောင့် နွဲ့ခြင်း ခါယမ်းခြင်း သက်သာသွားတဲ့အတွက် Barrel Harmonic ပိုကောင်းသွားပြီး တိကျမှုကောင်းလာကြတယ်
ဝါသနာရှင်များ အဆင်ချောမွေ့ကြပါစေ။
Printable Targets Pvt. Ltd.

ဇီးရိုးဘလိုချရမလဲ ဘယ်လောက်ချရမလဲ" ဆိုပြီး လာတိုင်ပင်တတ်ကြပါတယ်။ဖြေပေးရတာတော့ အခက်ကြီးမဟုတ်ပါဘူး။မခက်ပေမယ့် သေနတ်၊ ကျည်၊ ...
05/02/2025

ဇီးရိုးဘလိုချရမလဲ ဘယ်လောက်ချရမလဲ" ဆိုပြီး လာတိုင်ပင်တတ်ကြပါတယ်။

ဖြေပေးရတာတော့ အခက်ကြီးမဟုတ်ပါဘူး။
မခက်ပေမယ့် သေနတ်၊ ကျည်၊ စကုပ်တို့နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကိုတော့ သိရမှဖြစ်မယ်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုအနေနဲ့
သူတို့ရဲ့ ရိုင်ဖယ်ကို ဘယ်နှကိုက်မှ ဇီးရိုးချရတယ်ဆိုပြီး
ပုံသေပြောလို့ ရကောင်းရလိမ့်မယ်။
ထုတ်ပေးထားတဲ့ ရိုင်ဖယ်၊ စကုပ်၊ စကုပ်အထိုင် (Scope Mount) တွေကို တ‌စ်ညီတည်းအတူတူ ဖြစ်နေရင်
တစ်လက် စမ်းပြီးတာနဲ့ ကျန်တာတွေအတွက်
ပုံသေပြောလို့ ရပြီ။

ဒါပေမဲ့ ရိုင်ဖယ်မှာ သုံးတဲ့ပစ္စည်းကိရိယာတွေက
ရရာသုံးရပြီဆိုရင်တော့ တစ်လက်ချင်းအတွက် အချက်အလက်က လိုကိုလိုပါတယ်။

ရိုင်ဖယ်အမျိုးအစား၊
စကုပ်အမျိုးအစား၊
ကျည်အမျိုးအစား
စတာတွေ သိရမယ့်အပြင်

စကုပ်အမြင့် (Scope Height/ Sight Height) ကို
သိမှကို ဖြစ်မယ်။

ဒါကို မတိုင်းထားဘဲ၊ ပုံပဲပြပြီး လာမေးရင်
Scope Height 1.8 in/ 1.7 in စသဖြင့် မှန်းဆချက်နဲ့ပဲ
ပြောပြပေးရတယ်။

တိကျသေချာချင်ရင် Scope Height ကို ကျကျနန တိုင်းတာထားသင့်တယ်။

Scope Height ဆိုတာ
တပ်ဆင်ပြီးအနေအထားနဲ့
စကုပ်မှန်ဘီလူးအလယ်ဗဟိုနဲ့ ပြောင်းရဲ့အလယ်ဗဟို တို့ကြား အမြင့်ပါပဲ။

ပုံမှာပြထားသလို အလွယ်တိုင်းနိုင်ပါတယ်။
Target Paper ကို ပြောင်းဝမှာ ကပ်ထား၊ စကုပ်ရဲ့ ကြက်ခြေခတ် Crosshairs ကို Target ဗဟို နဲ့ တည့်တည့်ထားပြီး တစ်ချက်ပစ်ကြည့်။
ပစ်ပြီးတဲ့အခါ Target ဗဟိုနဲ့ ကျည်ပေါက်ဗဟိုတို့ အကွာကို တိုင်းကြည့်ရင် Scope Height ကို ရပါတယ်။

ရိုင်ဖယ်အမျိုးအစားအတူတူ၊ ကျည်အမျိုးအစားအတူတူချင်းမှာ Scope Height ကွာရင် ကွာသလို ကျည်အတက်အကျတွက်ချက်ရတာ ကွာပါတယ်။

နှိုင်းယှဉ်ကြည့်ရရင်

CZ 457 ရိုင်ဖယ်
CCi .22LR 1070 fps
Ballistic Coefficient 0.12 G1
First Zeroing Range 15 Yards

1. Scope Height 1.5 in
First Zero 15 Yards
Second Zero 58 Yards
Mid-range 37 Yards (0.81 in above the Line of Sight)
Point-blank Range 73 Yards ( 1.5 in below the Line of Sight)

2. Scope Height 1.6 in
First Zero 15 Yards
Second Zero 62 Yards
Mid-range 39 Yards (0.96 in above the Line of Sight)
Point-blank Range 76 Yards ( 1.5 in below the Line of Sight)

3. Scope Height 1.7 in
First Zero 15 Yards
Second Zero 65 Yards
Mid-range 40 Yards (1.12 in above the Line of Sight)
Point-blank Range 78 Yards ( 1.5 in below the Line of Sight)

4. Scope Height 1.8 in
First Zero 15 Yards
Second Zero 70 Yards
Mid-range 43 Yards (1.3 in above the Line of Sight)
Point-blank Range 81 Yards ( 1.5 in below the Line of Sight)

5. Scope Height 1.9 in
First Zero 15 Yards
Second Zero 73 Yards
Mid-range 44 Yards ( 1.48 in above the Line of Sight)
Point-blank Range 84 Yards ( 1.5 in below the Line of Sight)

6. Scope Height 2 in
First Zero 15 Yards
Second Zero 76 Yards
Mid-range 46 Yards (1.68 in above the Line of Sight)
Point-blank Range 87 Yards ( 1.5 in below the Line of Sight)

၁၅ ကိုက် ဇီးရိုးချတာချင်းအတူတူ
Scope Height မတူတဲ့အတွက် Second Zero တွေပါ ပြောင်းကုန်သလို Mid-range မှာ ကျည်တက်လည်း မတူတော့ပါဘူး။

Scope Height ရွေးချယ်ပုံသဘောတရားက

Scope Height နိမ့်ရင် အနီးပစ် ပစ်မှတ်သေးသေးကို ကျည်အတက်အကျနည်းနည်းနဲ့ ပစ်နိုင်ပြီး တင်ပစ်ရတာ (Hold-over shot)၊ ချပစ်ရတာ (Hold-under shot) တွေ လုပ်ရ သက်သာမယ်။ အဝေးပစ်မှာ ကျည်ကျများလာတဲ့အတွက် အများကြီးတင်ပစ်ရမယ်။

Scope Height မြင့်ရင် အဝေးပစ် ပစ်မှတ်ကြီးကြီးအတွက် ကောင်းတယ်။ အနီးပစ်မှာ ကျည်တက်လွန်းတဲ့အတွက် တွက်ဆရတာ ရှုပ်မယ် ဒါပါပဲ
Printable Targets Pvt. Ltd.

ဒီအခေါက်လမ်းပိုင်းနည်းနည်းကြန့်ကြာမှု့အတွက် အထူးတောင်းပန်အပ်ပါတယ်Orderတင်သူများအတွက် သီးသန့်ပါ
04/02/2025

ဒီအခေါက်လမ်းပိုင်းနည်းနည်းကြန့်ကြာမှု့အတွက်
အထူးတောင်းပန်အပ်ပါတယ်
Orderတင်သူများအတွက် သီးသန့်ပါ

ပြောင်းဝယ်ရင်twist rate(ပြောင်းအရစ်ရဲ့လှည့်နှုန်း ဥပမာ1:16)ကအရေးကြီးပါတယ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲသိချင်ဖတ်ကြည့် 1:1...
03/02/2025

ပြောင်းဝယ်ရင်twist rate(ပြောင်းအရစ်ရဲ့လှည့်နှုန်း ဥပမာ1:16)ကအရေးကြီးပါတယ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲသိချင်ဖတ်ကြည့်
1:16 သည် ပြောင်းအရစ်မှာ16လက်မတွင်တစ်ပတ်လှည့်သည်

Silencer (အသံတိတ်)Suppressor / Sound ModeratorSUPPRESSORဆိုတာဘလိုအလုပ်လုပ် သလဲSilencer တပ်ပစ်ရင် အသံလုံးဝ ပျောက်သွားသလာ ...
02/02/2025

Silencer (အသံတိတ်)
Suppressor / Sound Moderator
SUPPRESSORဆိုတာဘလိုအလုပ်လုပ် သလဲ
Silencer တပ်ပစ်ရင် အသံလုံးဝ ပျောက်သွားသလာ ဒါမှမဟုတ် မတပ်ဘူးဆိုလဲပစ်ဖို့အဆင်ပြေနိုင်မလာ

ဒါတွေကကိုယ်နေတဲ့ ခေတ်ကာလ ပတ်ဝန်းကျင် ကိုယ့်အတွက် Safety ဖြစ် မဖြစ်အပေါ်ပဲမူတည်ပြီ
Silencer လို့ ခေါ်နေကြပေမယ့်
တကယ်တမ်း ပကတိ တိတ်ဆိတ်ပြီး
လုံးဝအသံမထွက်အောင် လုပ်ပေးခြင်းမရှိလို့
Silencer လို့ ခေါ်ခြင်းက လွဲနေပါတယ်။
အသံကို နဂိုနှုန်းထက် လျှော့ပဲလျှော့ပေးတာမို့
Suppressor/ Sound Moderator (အသံတိုး ကိရိယာ) လို့ နည်းပညာဆန်ဆန်ခေါ်ပါတယ်။

သေနတ်တစ်လက်မှာ အသံထွက်ရခြင်းအကြောင်း ၃ ချက်ရှိတယ်
(၁) Mechanical Noise
(၂) Sonic Boom
(၃) Muzzle Blast

(၁) Mechanical Noise
မောင်းရိုက်သံ၊ အတွင်းပိုင်းကိရိယာတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်၊ ထိရိုက်သံတွေဖြစ်ပါတယ်။

(၂) Sonic Boom
ကျည်ရဲ့ အမြန်နှုန်းဟာ အသံထက်မြန်တဲ့အခါ ထွက်တဲ့အသံကို Sonic Boom လို့ ခေါ်တယ် အသံရဲ့အမြန်နှုန်းဟာ 1125 fps ရှိပါတယ် Airgun ရဲ့ ကျည်အလျင်ဟာ များသောအားဖြင့် Subsonic speed (အသံအမြန်နှုန်းထိ မရောက်တဲ့နှုန်း) နဲ့ ဖြစ်တယ်
Fi****ms တွေမှာတော့ အသံထက်မြန်တဲ့ Supersonic Speed နဲ့ ပစ်တဲ့အတွက် Sonic Boom ဟာ ထင်ရှားပါတယ်
ထိန်းကနဲ ပစ်ပြီး‌ ကျည်သွားနေစဉ် "ရှဲ......" ဆိုတဲ့အသံမျိုးကြားရပါလိမ့်မယ်အဲ့ဒါ Sonic Boom ပါ
အသံထက်မြန်တဲ့လေယာဉ်တွေရဲ့ အသံလည်း ဒီလိုပါပဲ၊ (အင်ဂျင်စက်သံနဲ့ မတူပါ)

(၃) Muzzle Blast
Fi****ms တွေမှာ ယမ်းပေါက်ကွဲအားကြောင့်၊
Airguns တွေမှာ ဖိအားမြင့်လေကြောင့် အသံထွက်ခြင်းဖြစ်ပါတယ်

Fi****ms တွေမှာ ကျည်(Bullet) ကို တွန်းတဲ့ယမ်းပေါက်ကွဲအားဟာ psi သောင်းနဲ့ချီပြီး ရှိပါတယ်။
Airguns တွေမှာ ကျည်(Pellet) ကို တွန်းတဲ့ လေအားဟာ psi ရာချီ၊ ထောင်ချီရှိပါတယ်

အပြင်က လေထုဖိအားက 14.7 psi ပဲ ရှိတယ်

ရာချီ၊‌ ထောင်ချီ၊ သောင်းချီ Pressure မြင့်တဲ့လေဟာ ကျည်ကိုတွန်းပြီး ပြောင်းဝကနေ ပြင်ပလေထုကို ထွက်တဲ့အခါ ဘာဖြစ်သလဲ???

လေတင်းနေအောင်မှုတ်ထားတဲ့ပူစီပေါင်းကို
အပ်နဲ့ ထိုးလိုက်သလိုပဲဖောင်းကနဲ အသံကျယ်ကြီး မြည်ပါတယ်

ဒီသဘောပါပဲ
ဖိအားမြင့်လေဟာ ရုတ်တရတ်ပြင်ပလေထဲကို ရုတ်တရက်ပြန့်ကားတဲ့အခါ ကျယ်လောင်တဲ့အသံကြီး ပေး
ပါတယ်

ပြောင်းဝကနေထွက်လာတဲ့ဖိအားမြင့်လေဟာ ပြင်ပ လေထုနဲ့ တွေ့တဲ့အခါ အသံကျယ်ကြီး ထုတ်ပါတော့တယ်

Airguns ထက် Fi****ms တွေက ပိုအသံကျယ်ရခြင်းကလည်း Pressure ပိုများလို့ဖြစ်တယ်

အသံကျယ်တာကို ဘယ်လိုလျှော့မလဲ???
ဒါကိုသိမှ Suppressor ကို တည်ဆောက်နိုင်မှာဖြစ်တယ်

ခုနက လေတင်းနေတဲ့ပူစီပေါင်းကို အပ်နဲ့ ထိုးလိုက်တော့ ဖောင်းကနဲ အသံကျယ်တယ်
အပ်နဲ့မထိုးဘဲ၊ လေကို ဖြည်းဖြည်းချင်း လျှော့တဲ့အခါ အသံမကျယ်တော့ဘူး

ဒီသဘောကို ယူရပါမယ်
Suppressor အတွင်းပိုင်းမှာ
ပြောင်းကအထွက်မှာ Expansion Chamber ရှိတယ် ပြီးတော့ Baffles လို့ ခေါ်တဲ့ အချပ်တွေရှိတယ်
ပြောင်းက ထွက်လာတဲ့ ဖိအားမြင့်လေကို
ပြင်ပလေနဲ့ ဗြုန်းစားကြီးတန်းအတွေ့မခံပါဘူး
‌ဖိအားမြင့်လေကို Expansion Chamber ထဲမှာ
ပြန့်ကားစေပြီး Pressure လျော့စေတယ်
ပြီးတော့ Baffles အချပ်တွေကို ဝေ့ဝိုက်ဖြတ်သန်းပြီးမှ ပြင်ပလေနဲ့ တွေ့ရပါတယ်
နဂိုဖိအားမြင့်လေမဟုတ်တော့ဘဲ၊ ဖိအားကျဆင်းသွားတဲ့လေမို့ အသံကျယ်ကြီး မထွက်တော့ဘူး
ဒါက Suppressor ရဲ့ လုပ်ဆောင်ပုံပဲ
Suppressor ဟာ Muzzle Blast အသံကိုပဲ လျှော့ချပေးပါတယ်
Mechanical noise နဲ့ Sonic Boom တို့ကတော့ သူနဲ့ မဆိုင်ဘူး။

Fi****ms နဲ့ P*P Airguns တို့မှာ Suppressor က ကောင်းကောင်းလုပ်ဆောင်ပေမယ့်၊
Springer တွေရဲ့ Mechanical Noise ကိုတော့ မလျှော့ပေးပါဘူး။
အားလုံးပဲအဆင်ပြေကြပါစေ
Printable Targets Pvt. Ltd.

Scopeအတို ကြိုက်တဲ့သူ သုံးတဲ့သူတိုင်းScopeအရှေ့ရောက်နေလို့ ကြည့်ရဒါ အစဉ်မပြေမှုတွေနဲ့ကြုံတွေ့ကျတက်ပါတယ် အဲ့အခက်ခဲကို ဖြေ...
01/02/2025

Scopeအတို ကြိုက်တဲ့သူ သုံးတဲ့သူတိုင်း
Scopeအရှေ့ရောက်နေလို့ ကြည့်ရဒါ အစဉ်မပြေမှုတွေနဲ့
ကြုံတွေ့ကျတက်ပါတယ် အဲ့အခက်ခဲကို ဖြေရှင်းဖို့အတွက်
ကတော့ Scopeအတိုတွေကို မျက်လုံးနဲ့နည်းကပ်အောင်
နောက်ကိုရွှေ့ဖို့အတွက် 11mmနောက်ရွှေ့တဲ့အထိုင်းလေး
လိုအပ်ပါတယ် 11mmဆိုဒ်ဖြစ်တဲ့အတွက် 11mmScope
ရှောက်လမ်းပါတဲ့ မည်သည့်Air Gunအမျိုးစားမဆို တပ်စဉ်
အသုံးပြုနိုင်ပါတယ် လေပစ်ဆွဲဖို့ Lကီးပင်တံလေးလဲပါပါတယ် စကုတ်လုံးပတ် 25.4mmရှိပါတယ် မြန်မာနိုင်ငံအသုံးများသော စကုတ်အများစုနဲ့ ကိုက်ညီစွာ အသုံးပြုလို့ရပါတယ်
Printable Targets Pvt. Ltd.

ကျွန်တော် ပြီးခဲ့တဲ့တခေါက်ကSecond Focal Plane Scope (SFP) နှင့် FrontFocal PlaneFFP အကြောင်းရှင်းပြပြီးအခုတော့ အခြေခံပစ်...
30/01/2025

ကျွန်တော် ပြီးခဲ့တဲ့တခေါက်က
Second Focal Plane Scope (SFP) နှင့် Front
Focal PlaneFFP အကြောင်းရှင်းပြပြီး
အခုတော့ အခြေခံပစ်နည်း ၄ ချက်ကိုဖော်ပြပေးသွားပါမယ်။

တည်ငြိမ်မြဲမြံတဲ့ ကိုယ်ဟန်အနေအထား၊ ချိန်ရွယ်နည်း၊ အသက်ရှူစနစ်၊ ခလုတ် ညှစ်ဆွဲပုံ ဒီ၄ချက်ကိုအဓိကရှင်းပြပေးပါမယ်

စ ချိန်ရွယ်နည်း

ချိန်ရွယ်နည်းကို ပြောရာမှာ
တော"A picture is worth a thousand words" ‌ဆို‌တဲ့အတိုင်း
ပစ်မှတ်ကို ချိန်ရွယ်ဖို့ သေနတ်မှာ တပ်ဆင်အသုံးပြု ရတဲ့Scope, အမျိုးအစား များစွာရှိတယ်
ဒီလို ချိန်ဖို့သုံးတဲ့ပစ္စည်းတွေကို Sights လို့ ခေါ်ပါတယ်

Iron Sights ကနေ စပြောရရင်
Open Sights တို့၊ Aperture Sights တို့ကို ခြုံပြီး Iron Sights လို့ ခေါ်တယ်။ အတို Irons လို့လည်း ခေါ်ကြပါတယ်။ အများစုက သံနဲ့ လုပ်ထားလို့ပါ

Iron Sights မှာ ရှေ့ချိန်သီး (Front Sight) နဲ့ နောက်ချိန်
ခွက် (Rear Sight) ဆိုပြီး နှစ်ခုပေါင်း တစ်စုံဖြစ်ပါတယ်

Sights ဆိုတာ ဘယ်ကိုချိန်ရင် ဘယ်ကိုထိမလဲဆိုတာ တွက်ဆဖို့ သုံးတဲ့ပစ္စည်း

ကျည်ဆိုသည်မှာလည်း လေဆာရောင်ခြည်လို တစ်
ဖြောင့်တည်း ပြေးတဲ့အမျိုးမဟုတ်
Gravity မြေဆွဲအားကြောင့် အောက်ကို ထိုးဆင်းတဲ့အမျိုးပါ ဒီအချက်က Sights ကို သုံးရာမှာ နည်းနည်းခက်သွားစေတယ်။

Sights ကို သေနတ်မှာ တပ်ချင်သလို တပ်ပြီး သုံးရတာ မဟုတ်ဘူး။
လိုချင်တဲ့အကွာအဝေးမှာ ချိန်တဲ့နေရာကို တိတိကျကျ ထိမှန်အောင် Sights ကို ညှိပြီး Setting ချရပါတယ်။ ဒါကို Zero ချတယ်လို့ ခေါ်တယ်။
အသေတပ်ထားတဲ့ Sights က လွဲရင် Scope, Red Dot, Iron Sights အားလုံး Sights မှန်သမျှ Zero ချဖို့ လိုပါတယ်

ဘယ်အကွာအဝေးမှာ Zero ချထားသင့်တယ်ဆိုတာကို စဉ်းစားဖို့ အရေးကြီးပါတယ်။

ဆိုကြပါစို့၊ Iron Sights တပ်ထားတဲ့ Re*****on 700 .308 Win ကို အရမ်းလောဘကြီးပြီး သာမန်နဲ့ မမြင်ရတဲ့ မျက်စိတစ်ကမ်းအလွန် ခပ်ဝေးဝေးမှာ Zero ချဖို့ ကြိုးစားကြည့်တယ်။
ညှိရင်း ညှိရင်းနဲ့ ဘာဖြစ်သွားသလဲဆိုတော့ ကိုက် ၅၀၊ ၁၀၀ တွေကို ပစ်တဲ့အခါ ကျည်က အရမ်းတက်နေတော့တာပါပဲ။
လက်မ နှစ်ဆယ်၊ အစိတ်မက တက်နေရင် ပစ်လို့ မကောင်းတော့ပါဘူး။

လိုရင်းက ကျည်အတက်အကျဟာ မျက်စိတစ်ကမ်းအတွင်း အရမ်းမများရဘူး၊ ထိထိရောက်ရောက်ရှိရမယ်။

ဒါတွေကို သုံးသပ်ပြီး Zero ချရမယ့်အကွာအဝေးကို တွက်သင့်တယ်

တကယ်တမ်းက
Iron Sights ကို ကိုက် ၂၀ လောက် ချရင် ၆ လက်မ ပစ်မှတ်ကို ကိုက် ၂၅၀ လောက်ထိ ပစ်လို့ ရပါပြီ။
ဝေးဝေးချတိုင်း ကောင်းတာမဟုတ်ဘူး

သေနတ်ပစ်သမားကောင်းဟာ
ကျည်လမ်းကြောင်းကို လေထဲမှာ ပုံဆွဲပုံဖော်နိုင်စွမ်းရှိနေရင် အကောင်းဆုံး။
အကွာအဝေးပေါ်မူတည်ပြီး ဘယ်ကို ထိချင်ရင် ဘယ်ကိုချိန်ရမလဲဆိုတာ မြင်နေပြီးသားကို ဖြစ်နေရမယ်။
ဒါက စိတ်ရဲ့တွက်ချက်မှု နဲ့ လေ့ကျင့်မှုတို့ တစ်သားတည်းကျပြီး ကျင့်သားပြည့်ဝရာကနေ ရလာမယ့် စွမ်းရည်ပါ အကွာအဝေး ဝေးသလို အကျင့်သား လေ့ကျင့်မှု့အားကောင်းဖို့လိုတယ်။

Iron Sights ချိန်ရွယ်ပုံကို ဆက်ရရင်

Sight Alignment လို့ ခေါ်တဲ့ ရှေ့ချိန်သီး - နောက်ချိန်ခွက် - မျက်စိတို့ တစ်တန်းတည်းဖြစ်အောင် ချိန်ရမယ်။

Open Sights မှာဆိုရင်
ရှေ့ချိန်သီးတိုင်ဟာ နောက်ချိန်ခွက်ရဲ့ အလယ်ဗဟိုတည့်တည့်၊ ရှေ့ချိန်သီးထိပ်ဟာ နောက်ချိန်ခွက်ထိပ်နဲ့ တစ်တန်းတည်းအနေအထား ဖြစ်နေရမယ်။

ချိန်သီး ချိန်ခွက် တန်းအောင် ချိန်ရသလို ပစ်မှတ်မှာ ဘယ်လိုထားရမလဲဆိုတဲ့ Sight Picture ယူပုံကလည်း အရေးကြီးပါတယ်။ တစ်တန်းတည်းအနေအထားအတိုင်း ရှိလျက် ရှေ့ချိန်သီးထိပ်ဟာ ထိမှန်လိုတဲ့ပစ်မှတ်နေရာကို တန်းနေစေရမယ်။

ဒီထက် ဆက်သွားရရင်
အနီး အဝေး အလိုက် ထိမှန်လိုတဲ့နေရာရဲ့
အထက်မြှင့်ချိန်ရမလား၊ အောက်ချချိန်ရမလား ဆိုတဲ့ Hold-over နဲ့ Hold-under သဘောတရားလည်း ရှိပါသေးတယ်။

ကိုက် ၂၀ မှာ Zero ချထားတယ်။ ပစ်မှတ်ဟာ ကိုက် ၁၀၀ မှာ ရှိနေတယ်။ ဒီအခါ ကျည်ဟာ ချိန်မှတ်ထက် ၃ လက်မသာသာ တက်နေမယ်။ ဒါဆို ချိန်တဲ့အခါ ၃ လက်မစာ မှန်းဆပြီး နှိမ့်ချိန်နိုင်ပါတယ်။ ဒါက Hold-under သဘောဖြစ်ပါတယ်။
Sight Alignment မပျက်စေဘဲ ရှေ့ချိန်သီးနဲ့ အတင် အချ မှန်းဆသွားရုံပါပဲ။

Iron Sights ဆိုတာ သေနတ်တို့ရဲ့ မူလကိရိယာ ဖြစ်ပါတယ်။ သေနတ်ပစ်ခတ်တဲ့ကိစ္စရပ်မှာ အောက်သက်ကျေဖို့ Iron Sights ကို ကျင်လည်စွာ အသုံးပြုတတ်ခြင်းဟာ တတ်အပ်တဲ့အခြေခံပင်ဖြစ်တယ်

Iron Sights နဲ့ ကျင်လည်ပြီးတဲ့အခါမှ အဆင့်မြင့်နည်းပညာဖြစ်တဲ့ Telescopic Sights (Scope) တွေကို တက်သင့်တယ်

Iron Sights ကို သုံးတဲ့အခါ အကွာအဝေးကို မှန်းဆစရာ အကူပစ္စည်းမရှိဘူး၊ မျက်မှန်းနဲ့ပဲ တွက်ဆရတယ်။
Scope တွေမှာက အမြင်ပိုကြည်လင်လာသလို အကွာအဝေးကို တွက်ဆ‌နိုင်ဖို့ Mil-dot လို တိုင်းတာစရာတွေ ပါလာတယ်

Mil-dot ‌နဲ့ တိုင်းတာပြီး Range Estimation လုပ်ခြင်းဟာ လွယ်ကူပြီး တိကျမှုပိုကောင်းသလို မျက်မှန်းနဲ့ အကွာအဝေးမှန်းဆတတ်တဲ့ အလေ့အကျင့်ဟာလည်း Iron Sights သုံးရင်း တိုးတက်လာမယ့် အရည်အချင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

မျက်မှန်းတွက်ဆမှုလည်း ကောင်း၊ Mil-dot နဲ့လည်း တွက်ချက်နိုင်တဲ့အခါ ဘယ်လိုစမ်းစမ်း ပိုင်နိုင်တဲ့ သေနတ်ပစ်သမား ဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့ နမော်နမဲ့နဲ့ ပစ်နေရုံကတော့ ဘာအရည်အချင်းမှ ထူးခြားကောင်းမွန်လာမှာ မဟုတ်ပါဘူး။

ပစ်ခက်ရာမှာ ကျည်ရဲ့ အတက်အကျ နဲ့ အကွာအဝေးကို သိခြင်းက သိပ်ကိုပဓာနကျတယ်။

အသက်ရှူစနစ်ပိုင်း

နေ့စဉ်နဲ့အမျှ အသက်ရှူနေတာ ဘာမှမဆန်းပေမယ့်
ပစ်မှတ်ကို အာရုံစိုက်ပြီး ချိန်နေတဲ့အခါ
အသက် ရှူသွင်း ရှူထုတ် လုပ်ငန်းစဉ်က သေနတ်ကို ခါရမ်းနေစေပါတယ်။ မဆိုစလောက်ထင်ရပေမယ့် ဒီနေရာမှာတော့ ကြီးကျယ်ပါတယ်။
တိကျမှုမှာ 1 MOA, 1 MIL လေးတွေတောင်မှ စကားပြောပါတယ်။ မဆိုစလောက်လေးလှုပ်ခြင်းက အလွဲကြီး လွဲသွားစေပါတယ်။

Sight Picture အမိအရဖမ်းပြီး ပိုင်ပြီဆိုတာနဲ့ အသက်ကို အောင့်ပြီး ထိန်းကာ ပစ်ရပါတယ်။

အသက်အောင့်ပါများရင် နှလုံးခုန်နှုန်းမြင့်လာပြီး
လူကို တုန်စေပါတယ်။
ဒါကြောင့် အချိန်ကိုက် ရှူတတ်၊ အောင့်တတ်ဖို့ လိုပါတယ်။

ခလုပ် ညှစ်ဆွဲပုံ
ခလုတ်ပေါ်မှာ လက်ညိုးဟာ ပထမလက်ဆစ်အလယ်လောက်နဲ့ အသာဖိရုံလေး တင်ထားရမယ်။
တကယ်ညှစ်ဆွဲလိုက်တဲ့အချိန်မှာလည်း ဖိအားဟာ ဖြည်းဖြည်းမှန်မှန်နဲ့ နောက်တည့်တည့်ကို သက်ရောက်စေရမယ်။ ဇက်ကနဲ ရမ်းမဆွဲရဘူး။ ခလုတ်ညှစ်ဆွဲလိုက်ချိန်မှာ သေနတ်ကို နည်းနည်းမှ မရမ်းစေချင်တဲ့သဘောပါ။
ခလုတ်ညှစ်ဆွဲကာ ပစ်ပြီးတဲ့အခါမှာလည်း ဆက်လက်ညှစ်ဆွဲထားခြင်းက သေနတ်ရုန်းခြင်းကို သက်သာစေပါတယ်။
အနှစ်ချုပ်ရရင် ဒီအခြေခံအချက်တွေအားလုံးဟာ သေနတ်ကို အတည်ငြိမ်ဆုံးအနေအထားနဲ့ ပစ်ခတ်ပြီး ကျည်ကို ပစ်မှတ်ဆီ မလွဲတမ်း ပို့ဆောင်ပေးဖို့ လိုရင်းပဲ ဖြစ်တယ်

ရေးမယ်စိတ်ကူးတဲ့အချက်တွေကများလွန်းတာနဲ့
မနည်းအတိုချုပ်လိုက်ရပါတယ်။

⚠️ ⚠️ ⚠️ ⚠️ page quality risk ဖြစ်နေပါတယ် အပင်ပန်းခံရေးထားတဲ့ Hatsan Flash QE အကြောင်းလည်း ဒီညနိဂုံးချုပ်ရေးပြီး အားခဲတက...
29/01/2025

⚠️ ⚠️ ⚠️ ⚠️

page quality risk ဖြစ်နေပါတယ်
အပင်ပန်းခံရေးထားတဲ့ Hatsan Flash QE အကြောင်းလည်း ဒီညနိဂုံးချုပ်ရေးပြီး အားခဲတကြီးတင်လိုက်ကာမှ
တမ်းဖြတ်ချသွားတယ်
Facebook Communityနဲ့ ထက်ငြိမှာစိုးတာကြောင့်
ဘာမှကို မတင်ရဲတော့တဲ့အခြေအနေ
page suspendedဖြစ်သွားသည်ရှိသော် ပစ္စည်းတော်တော် များများ ဒီလ 1week /2week အတွင်းရောက်ဖို့ရှိတာကြောင့် telegram Channelကနေပဲ အဆင်ပြေသလိုတင်ပေးသွားပါမယ် လက်ရှိခြေနေနဲ့ Baht စျေး
အလှုပ်အခက်များတာကြောင့် နောက်ပိုင်းPostတောင် တစ်
သမတ်ထဲတင်ဖို့မလွယ်ကူလှဘူး

တခါ တလေတော့လည်း ပြန်လွမ်းမိပါရဲ့handmade လက်ရာဆရာတဆူ နွေထနောင်း/ စစ်မုန်း ဆိုတဲ့ ကွီးနွေဘာရောင်းရောင်း ဘောလုံးဆု တံဆိပ်လ...
27/01/2025

တခါ တလေတော့လည်း
ပြန်လွမ်းမိပါရဲ့

handmade လက်ရာဆရာတဆူ
နွေထနောင်း/ စစ်မုန်း ဆိုတဲ့ ကွီးနွေ

ဘာရောင်းရောင်း ဘောလုံးဆု တံဆိပ်လေးအမြဲပါတဲ့
ko ko chit

လျှာထိုးဦးထုပ်လေးနဲ့ အမြဲ ပုံရိုက်တတ်တဲ့
အမွန်း (Tun Min Naing)

စကားပြောရင် အဆဲလေးတလိုင်းနဲ့ တွင်ဆရာလေး
တာယာ

ဆယ်ခွန်းပြောရင် ၆ခွန်းလောက် သူများနားမလည်အောင်ပြောတတ်ပီး ကိုယ်မှန်တယ်ထင်ရင် ဗိုလ်မထားတတ်တဲ့ Punkကြီး

ဘယ်သူ ဘာပြောပြော ပြုံးပြုံးလေးနဲ့ နားထောင်ပေးတတ်တဲ့
ပြောင်းအရစ်ထိုး ဆရာ ကို Zay Yar Lwin

hamdmadeရော gunအရောင်းအဝယ်လောကမှာရော ဘုရင်တဆူဖစ်ခဲ့တဲ့ ဘီလူးမကြီး မာမီစိုင်းခေါ် Ko Sai

gas gunကို ပြိုင်ဘက်မရှိတဲ့ လက်ယာတွေနဲ့ နဂါးဆေးပေါ့လိပ်ခ
လေးအမြဲပါအောင်gunပုံရိုက်တဲတ်တဲ့ နဂါး ခေါ် ရဲနီ ခေါ် Ye`Naing

ပုဆိုးကို အမြဲတစောင်ဆွဲနေတဲ့ ငလုံးခေါ် တောဘုရင် ငလုံး

တောတိုး ဝတ်စုံကြီး အမြဲ Ppထားတတ်တဲ့ အောင်ပြည့်သိန်း

Afနဲ့ airလောကမှာနံမည် ကြီးတဲ့Tun Nay Tat

1ခွဲ ဆော့ကပ်နဲ့ gas gunကို ကွဲထွက်အောင် ပြင်းအား ဖန်တီးပြခဲ့တဲ့ ကားဆရာကြီး ကိုနန်းဝေ

လူလိမ်နဲ့ ဂျင်းကောင်ဆို ​ရှေ့ဆုံးကနေ ရန်ရှာ ပွဲခေါ်တတ်တဲ့
Joden Jarkခေါ် ညီလေး ဂျက်ကြီး

ပေ၈၀ ကို 502 အဖုံးထဲ ဘောစိဝင်အောင်gas gunနဲ့ပစ်ပြခဲ့တဲ့
Love King ခေါ် မန္တလေး သားလေး

homemade ဘောgunတွေ ကို ခေါက်ဒင်လေးတွေနဲ့ လုပ်တတ်တဲ့
မုန်တိုင်း လို့ခေါ်တဲ့ Moe Oo

တွေ့သမျှ အသုဘ မြေမြှုပ်ပေးချင်နေတဲ့
U Myo lwin

လူမမြင်ရခင် မိုးမွှန်အောင် ဆဲသံအရင်ကြားရတတ်တဲ့
ကြောင်မ ခေါ် ကြောင်ဖြူလေး

တံစဥ်း တချောင်း သံဖြတ်လွှ တခုနဲ့ gas gun ကနေ home made fx impactအထိ ဖန်တီးပြခဲ့တဲ့ Joker ခေါ် Ko Htet

အပိုပစ္စည်းတွေ ရောင်းပေးပီး ဝါသနာကြီးတတ်တဲ့
ရသ /သူရနဲ့ Mg Mg Chit မောင်ထီလာခေါ် ထီလာမောင်မောင်

ကျည် ဘောက်မှာ ဘောစိ ဘယ်လောက်ဆံ့တယ်မရေးပဲ စိမ့်တယ်လို့ ရေးတတ်တယ်တောကြီးမြွေဟောက်ခေါ် ရွှေပြည်စိုး

အုတ်ရိုက်ကျည်နဲ့ လူသိများခဲ့တဲ့ ကိုရုပ်ဆိုး

ဘောစိ gunမှာ လက်ရာကောင်းလို့နံမည်ကြီးခဲ့တဲ့
Lin Thu wai ခေါ် Wai Lin Thu

အမြဲ ဗျာများနေတတ်တဲ့ အသဲကွဲသမားလေး
Tun Tun Win
ခေါ်Wi lin Tun

ကြက်တကောင်နဲ့အလုပ်တွေရှုပ်နေတက်တဲ့
ထိုင်းပြန် ဆရာမိုး

gun လမ်းကြောင်းနဲ့နံမည်ကြီးသလို့ မုဆိုးစာပေရေးတဲ့​နေရာမှာပါ ဆရာကျတဲ့ မောင့်သုည

စတိီးနဲ့ ကျည်ထိုးမောင်းတင် ဘောစိgunလုပ်တဲ့Soe Gyi

တခြား တခြား ဝါသနာတူညီအကိုတွေရောပေါ့
ဒီလူတွေ နဲ့ ထူထောင်ခဲ့တဲ့ တချိန်က gun လောကကြီး
ပြန်ပီး လွမ်းမိပါရဲ့

အခုတော ငပိန်းတေ ငဒူတွေ ဖင်ခေါင်းကျယ်တေ ဆစရကတွေနဲ့ ပျက်စီးနေတဲ့ airလောကကြီး ဘာမှမလေ့လာ မကြိုးစားကြည့်ပဲ အုံဖွနဲ့ အဆင်သင့်ရချင်နေတဲ့သူတွေနဲ့ ပြည့်နေပါရောလား

တာယာစကားလေး အမှတ်ရမိပါရဲ့အသံမြည် အဆံထွက်ယုံနဲ့ gunလို့ထင်ရင် ဖန်ခင်လိုက်ဆိုတဲ့စကား

Second Focal Plane Scope (SFP) နှင့် FrontFocal Plane(FFP) စကုဒ်တွေဘာတွေကွာခြားလဲဆိုတာကို ပြောပြပေးပါမယ်။ ကျနော် စကုဒ် အ...
26/01/2025

Second Focal Plane Scope (SFP) နှင့် Front
Focal Plane(FFP) စကုဒ်တွေဘာတွေကွာခြားလဲဆိုတာကို ပြောပြပေးပါမယ်။

ကျနော် စကုဒ် အကြောင်းကို နောက်မှပဲရေးပေးမလို့ပါဘဲ ဒါပေမဲ့ ကျွန်တော့်ဆီ လာဝယ်တဲ့သူတွေခဏခဏအမေးများကျတာကြောင့် ဒီသင်ခန်းစာကို အခုအချိန်ရတုန်း တခါတည်းရေးပေးလိုက်ပါတယ်"
စကုတ်အကြောင်း ကျည်အကြောင်း ကိုယ်ဘယ်လက်နက်အမျိုးအစားနဲ့ ပစ်လဲဆိုတာ အမဲပစ်စနိုက်ပါ တစ်ယောက်အနေဖြင့် မသိလို့မရပါဘူး
ဒါတွေဟာ အရမ်းကို အရေးကြီးတဲ့ဟာတွေပါ

SFP နဲ့ FFP ဘာကွာခြားလဲဆိုတာကို ပြောပြပေးပါမယ်။
မထမဦးဆုံးSFP စကုတ်ဒ်များမှာ စကုတ်ဒ်က ၁၀ ဆ ကြည့်လို့ရ
တယ်ဆိုပါဆို SFP စကုတ်ရဲ့ ၁၀ဆမှာ သူက
Relative to eye ကတော့အတူတူပါဘဲ တားကတ်ဆိုက်ဒ် ကလဲတူတူပါပဲ ဒါက ၁၀ဆ နဲ့ကြည့်တဲ့ဟာပါ

ဒါပေမဲ့လည်း အဆ ၂၀ နဲ့ ကြည်တဲ့အခါကျတော့Relative to Target ကပြောင်းသွားပါတယ်။လွယ်လွယ်ပြောရရင်တော့ ၁၀ ဆနဲ့ ပုံမှန်ကြည့်ရင်တော့ မျက်လုံးထဲမှာ မြင်ရတဲ့ဟာကော တားကတ်ကောက ပုံမှန်ပါဘဲ Mil dot တန်ဖိုးလည်း မပြောင်းသွားပါဘူး ဒါပေမဲ ပြသနာက အဆ ၂ဝ ချဲ့ကြည့်လိုက်တဲ့အခါမှာ သူက တားကတ် ကတော့ကြီးသွားတယ် ဒါပေမဲ့ Mil dot တန်ဖိုးပြောင်းသွားကော ကျနော်အသေးစိတ်ပြောပေးပါ့မယ်။အခုလောလောဆယ် ဒီလိုလေးသိထားပေးပါ။

SFP ဆိုလျှင် 10 ဆ

Relative to eye = Target Same

SFP အဆ ၂၀ ချဲ့ကြည့်လျှင်

Relative to Target = Target change

Second Focal Plane က ကျနော်တို့ ဒီနိုင်ငံမှာ တော်တော်များများAirgun gesgunတွေနဲ့ အသုံးများနေတာကို မြင်တွေ့ရပါတယ် ကျွန်တော်တို့ကSFPကြီးနဲ့ပဲ နောက်ကျ ကျန်နေရင်တောင် FFPscope အကြောင်းလဲ တနေ့ကြုံတွေ့လာနိုင်သလို တကိုယ်တော်ဈေးကြီးပေးဝယ်ယူလာခဲ့ရင်
FFPကိုလဲသိထားဖို့လိုအပ်ပါတယ်

SFP နဲ့ FFP ဘယ်လိုကွာခြားလဲဆိုတာပြောပြပေးပါ့မယ်။
SFP မှာ တားကတ်ကို ၁၀ ဆနဲ့ ကြည့်လိုက်တဲ့အခါ ကျနော်တို့ မျက်လုံးနဲ့ မြင်၇တဲ့အတိုင်း အတူတူပါဘဲ ဒါပေမဲ့ မမြင်ရဘူးကွာ အဆ ၂၀ ချဲ့ကြည့်မယ်
ဆိုပြီး zoon ဆွဲကြည့်လိုက်ရင် တားကတ်ကပြောင်းသွားတယ် ပိုကြီးသွားတယ်။
အဲ့ဒါဆိုရင် ကျနော်တို့ သိထားတဲ့ 1 mil = 3.6Inches ဆိုတဲ့ ဟာကပြောင်းသွားပါတယ်။ ဘယ်လိုစမ်းသပ်ကြည့်ရမလဲဆိုတာကို ကျနော် Tenth -ခွဲဆယ်လီစိတ်ခွဲတဲ့ဟာတွေမှာ တင်ပေးမှာပါ။စမ်းသပ်ချင်တယ်ဆိုရင် အရင်ဆုံး မီးပြင်တဲ့ tapeအရောင်ခွဲတွေရှိပါတယ်။ အဲ့အရောင်ခွဲတွေကို ဥပမာ အဝါရောင် အနီရောင် အမဲရောင် ဆိုပြီး မီးပြင်းတဲ့ tape တွေရှိပါတယ်။ အဲ့ကောင်တွေကို သေချာတခုနဲ့တခု ၃.၆ လက်မဆီကွာပြီးတော့ ကပ်ထားပါ။ပြီးတာနဲ့ အဲ့တိုင်းထားတဲ့ဟာတွေကို Zoom ဆွဲကြည့်ပါအဲ့မှာ တိုင်းထားတဲ့ Volume တွေပြောင်းသွာတာ တွေ့ရမှာဖြစ်ပါတယ် အဲ့လိုပြောင်းသွားရင်ဘယ်လိုဖြစ်မလဲဆိုတာ အဲ့မှာသေးခြားတိုင်းတာလို့ရပါပြီ

အခု‌လောလောဆယ်တော့ ကျနော်ပြောတာ ရှုပ်နေအုံးမယ် ဒါပေမဲ့လည်း FFP အကြောင်းကို ရှင်းပြရင်သိသွားပါလိမ့်မယ်။

FFP ကိုကြည့်ရင် တားကတ်ဆိုက်ဒ် ကတော့
အတူတူဘဲ တားကတ်အကွာအဝေးလည်း အတူတူပါဘဲ ၁၀ဆ နဲ့ကြည့်လိုက်လျှင် ဥပမာ တားကတ်က4 mil high & 4 mil width အတူတူပါဘဲ ဒါပေမဲ့သေချာမမြင်ရဘူးကွာ အဆ ၂ဝ ချဲ့ကြည့်မယ် ဆိုပြီးချဲ့ကြည့်တယ်။ FTP စကုတ်ကို သုံးထားတဲ့အတွက် တားကတ်ကြီးတာကို မြင်ရမယ် ဒါပေမဲ့Mil dot တန်ဖိုးလုံးဝမပြောင်းလဲသွားဘူး အရင်က၁၀ ဆနဲ့ ကြည့်လိုက်ရင်ဥပမာ 4 mil high & 4 Mil Width ပါဘဲ အဆ ၂၀ နဲ့ ကြည့်တော့လည်း 4 Milhigh & 4 mil width ပါဘဲ
ဒါကတော့ SFP နဲ့ FFPစကုတ်ကွာခြားချက်ပါဘဲ

ကိုယ်သုံးတဲ့စကုတ် SFP လား FFP ဆိုတ
သိချင်ရင် ကိုယ်လိုချင်တဲ့ တားကတ်ကို အနီးကပ်Zoon ဆွဲကြည့်လျှင် သိနိုင်မှာဖြစ်ပါတယ်။
သုံးတဲ့လူတွေအတွက် ဘာကောင်းလဲဆိုတော့ FFPကိုသုံးရင် Range Estimation လုပ်တဲ့အခါတို့Target Hold over လုပ်တဲ့အခါတွေမှာ ပိုပြီး အကျိုးရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
သူကဘယ်လိုဘဲ အဆချဲ့ကြည့်ကြည့် တားကတ်ကို ကြီးတာမြင်မယ် ဒါပေမဲ့လည်း mil တန်ဖိုးမပြောင်းတော့ဘူး
ခင်ဗျားတို့ ရဲ့ တားကတ်က သေးသေးလေး အဝေးကြီးမှာ ဆိုရင် ခင်ဗျား အနေနဲ့ Zoon ဆွဲပြီးကြည့်ရတော့မယ် စစ်သုံ အနေဖြင့်သုံးမယ် ဆိုရင်တော့FFP က အကောင်းဆုံးပါ။ တားကတ်ကို တိုင်းတာတွေ Mil dot hold over လုပ်တာတွေမပြောင်းလဲသလို တားကတ်ကို ဆွဲကြည့်လျှင် လည်း အနီးကတ်မြင်နိုင်မှာဖြစ်ပါတယ်။
SFP ကို သုံးပြီးတော့ ဆွဲကြည့်မယ် ဆိုရင် ၁ဝ ကိုသုံးမယ် ဆိုရင် အမှန် MIL ကို ရမှာဖြစ်ပြီးတော့အဝေးကြီးက တားကတ်ကို Zoon ထက်ဆွဲမယ်ဆိုရင်တော့ Mil တန်ဖိုးပြောင်းသွားမယ်ဆိုတာကိုသတိပြုစေချင်ပါတယ်
ဒါတွေကြောင့် စနိုက်ပါနည်းပညာဟာ၊ ကိုယ်စီးတဲ့မြင်း အထီးအမ သိမှသာလျှင် ဖြစ်နိုင်မှာဖြစ်ပါတယ်။

ဒီလို စကုတ်တွေအကြောင်းကို ခင်ဗျားတို့ မသိရင်ခင်ဗျား တို့ ဘယ်လိုဘဲ Range Estimate လုပ်တာမှန်မှန် laser Range Finder သုံးပြီးတော့ ခင်ဗျား တို့တိကျတဲ့ တားကတ်အကွာ‌‌ ဝေးကိုရတယ်ထားအုံး target hold over မှန်တယ်ဘဲ ထားအုံး ဘယ်လိုမှ တားကတ်ကိုမထိနိုင်ပါဘူး SFP နဲ့ FFP scopeအကြောင်းတွေကို မသိဘဲဘယ်လိုဘဲscopeကို ဆယ်လီစိတ်ခွဲပြီး မှန်အောင်တွက်တွက်တားကတ်ကို ထိမှာမဟုတ်ပါဘူး။
အားလုံးအဆင်ချောမွေ့ကြပါစေ

Airgun Break-in Period (အသားချကာလ)အသစ်စက်စက် Brand new Airgun တစ်လက် ဝယ်ပြီးပါက သိထားရမည့်အချက်တစ်ချက်မှာ break-in perio...
25/01/2025

Airgun Break-in Period (အသားချကာလ)

အသစ်စက်စက် Brand new Airgun တစ်လက် ဝယ်ပြီးပါက သိထားရမည့်အချက်တစ်ချက်မှာ break-in period ဖြစ်သည်။
မည်သည့်ပစ္စည်းမဆို (ကား၊ ဆိုင်ကယ်၊ ဂစ်တာမှအစ သေနတ်အဆုံး) ဝယ်ခါစအသစ်ကျပ်ချွတ်ကို စသုံးပါက တန်း၍အသားမကျချေ။ အသားကျပြီး သုံးရအဆင်ပြေချောမွေ့စေရန် ကျင့်ယူပေးရသည်။

Airgun သည်လည်း ထိုသဘောပင်။
ဝယ်ခါစတွင် လိုချင်သည့် တိကျမှုကို အပြည့်အဝမရ‌သေးပေ။ စိတ်တိုင်းမကျစရာ Erratic Shots များ ဖြစ်တတ်သည်။
သို့သော် အသစ်များတွင် ဤသည်မှာ သာမန်အခြင်းအရာမျှသာ ဖြစ်သည်။

ဤအဆင့်ကို ဖြတ်ကျော်ရန် ကျင့်ယူပေးရသည့် ကာလကို Break-in period ဟု ခေါ်သည်။
အမျိုးအစားအလိုက်
အချို့တွင် အချက်ရေ ၄၀၊ ၅၀၊
အချို့တွင် အချက်ရေ ၁၀၀၊
အချို့တွင် အချက်ရေ ၄၀၀၊ ၅၀၀ အထိ လိုအပ်သည်။
ပိုပိုသာသာတွက်ရလျှင် ကနဦးအချက်ရေ ၁၀၀၀ အတွင်း ဟု ယူဆထားသင့်သည်။

စက်ရုံထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ချောဆီထိုးရာတွင် ပိုသွားသည့်ဆီပိုများ ရှင်းသွားစေရန် ခါထုတ်၊ မှုတ်ထုတ်သည့်သဘော၊
‌လှုပ်ရှားရသည့်အပိုင်းများ တစ်ခုနှင့် တစ်ခု ထိထိမိမိ အသားကျသွားရန် လုပ်သည့်သဘောများဖြစ်သည်။

Break-in Period အတွင်း Target Shooting, Plinking စသည်တို့ကိုသာ လုပ်ပေးနေသင့်သည်။ Hunting မှာ တန်း၍မသုံးသင့်ပေ။

မိမိ၏ Airgun အတွက် အဘယ်ကျည်က သင့်‌လျော်သနည်း။
ပထမ စဉ်းစားရမည်မှာ ကျည်အလေးချိန်ပင်။
မိမိသေနတ်က ပါဝါနည်းသည်၊ ကျည်က လေးသည်ဆိုပါက အဆင်မပြေနိုင်။

သေနတ်က ထုတ်နိုင်သည့်စွမ်းအင်ကို တသတ်မှတ်တည်းဟု ယူဆပါ။ ကျည် ပေါ့ပါက FPS များပြီး၊ ကျည်လေးပါက FPS လျော့ပေမည်။

FPE 12 ft-lb ထုတ်နိုင်သော သေနတ်တွင်
8.5 Gr ရှိ ကျည်သုံးပါက 800 FPS ရပြီး၊
10 Gr ရှိ ကျည်သုံးလျှင်မူ 735 FPS သာ ရပေမည်။

သေနတ်ပါဝါအားကောင်းပါက ကျည်ဝိတ်များသည်က ပို၍အဆင်ပြေမည်။
ပျံသန်းနေသောကျည်သည် လေကို ရုန်းနေစဉ်
စွမ်းအင်ဆုံးရှုံးသည်။
ဝိတ်များသောကျည်က ဝိတ်ပေါ့သောကျည်ထက် စွမ်းအင်ဆုံးရှုံးမှုသက်သာသည်။

ခပ်ဝေးဝေးရှိ ပစ်မှတ်ကို မှန်တာချင်းအတူတူတွင် ဝိတ်များသောကျည်ထိအားက ပို၍ပြင်းသည်။

မိမိ Airgun အတွက် မည်သည့်ဝိတ်နှင့် သင့်လျော်သည်၊ FPS မည်မျှ ရနိုင်သည် ချင့်ချိန်၍ ရွေးချယ်ရမည်။

ကျည်မှာလည်း ဒီဇိုင်းအမျိုးမျိုး လာကြသည်။
အနီးပစ်ရော၊ အဝေးပစ်ပါ အကောင်းဆုံး၊ စွမ်းအင်အထိန်းသိမ်းနိုင်ဆုံးမှာ Domed Pellet (ခေါင်းလုံးကျည်) ပင်ဖြစ်သည်။
Stopping Power အတွက်မူ Hollow-point Pellet
Pe*******on ဖောက်အားအတွက်မူ Pointed Pellet တို့ သင့်လျော်ကြသည်။

ဒုတိယအချက်အနေဖြင့် ကျည်သုံးရာတွင် တစ်မျိုးကိုသာ စွဲ၍သုံးခြင်းဖြစ်သည်။
သေနတ်သမားတို့ပါးစပ်ဖျားတွင် ရေပန်းစားသောစကားမှာ "All guns are picky about what they eat."
သေနတ်တို့သည် အစား ကြေးများ(ဂျီးများ)သည် ဟူ၏။

ဝယ်ရလွယ်ကူပြီး အရည်အသွေးကောင်းသောကျည်ကိုသာ တသတ်မှတ်တည်း သုံးပါ။
Precision & Accuracy အတွက် သေနတ်က ကျေ‌နပ်အောင် စွမ်းဆောင်ပေးပါလိမ့်မည်။
𝐒𝐭𝐚𝐲 𝐬𝐚𝐟𝐞 𝐚𝐧𝐝 𝐇𝐚𝐯𝐞 𝐚 𝐠𝐫𝐞𝐚𝐭 𝐝𝐚𝐲🪶

Address

𓃖
Yangon

Website

Alerts

Be the first to know and let us send you an email when Printable Targets Pvt. Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share