04/09/2026
Weight မကျဘူးဆိုပြီး ရပ်လိုက်တော့မလား?
Progress မမြင်ရတာနဲ့ Progress မဖြစ်နေတာ မတူပါဘူး။”
Progress မမြင်ရတဲ့အချိန်မှာ ဘယ်လိုဆက်လုပ်မလဲ?
“၂ ပတ်၊ ၃ ပတ်လောက် Gym လည်းသွားတယ်။ Diet လည်းထိန်းတယ်၊ ဒါပေမယ့် Weight က မကျဘူး။
Body ကလည်း သိပ်မပြောင်းဘူး…”
အဲ့ဒီအချိန်မှာ လူအများစုက ဘာတွေးပြီး ဘာလုပ်ကြလဲဆိုရင်
“ငါလုပ်နေတာ အလုပ်မဖြစ်ဘူးထင်တယ်” ဆိုပြီး ရပ်လိုက်ကြပါတယ်။
ဒါပေမယ့် ဒီနေရာမှာ သိထားရမယ့်အချက်တစ်ခုရှိပါတယ်။
Progress မမြင်ရတာနဲ့ Progress မဖြစ်နေတာ မတူပါဘူး။
ခန္ဓာကိုယ်ပြောင်းလဲမှုဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။
တစ်ခါတလေ Scale ပေါ်မှာ Weight မပြောင်းသေးပေမယ့်—
Strength ခွန်အားတိုးလာနိုင်တယ်
Workout Performance လေ့ကျင့်ခန်းလုပ်ဆောင်မှုကောင်းလာနိုင်တယ်
Body Measurements ခန္ဓာကိုယ်အတိုင်းတာတွေ ပြောင်းလာနိုင်တယ်
အဝတ်အစား တွေဝတ်ရတာ အဆင်ပြေလာနိုင်တယ်
Energy ပိုကောင်းလာနိုင်တယ်
Daily Movement နေ့စဉ်လှုပ်ရှားမှုပိုတိုးလာနိုင်တယ်
Technique နည်းစနစ်ပိုကောင်းလာနိုင်တယ်
ဆိုတာတွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့်Scale တစ်ခုတည်းကို မကြည့်ပါနဲ့
Weight က နေ့တိုင်းတူနေမှာမဟုတ်ပါဘူး။
ရေဓာတ်၊ အစားအစာ၊ ဆားစားသုံးမှု၊ အစာချေမှု၊ Training စတဲ့အရာတွေကြောင့် Weight က တက်လိုက်ကျလိုက် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တစ်ရက်တည်းရဲ့ Weight ကိုမကြည့်ဘဲ
အချိန်အပိုင်းအခြားတစ်ခုရဲ့ Trend ကိုကြည့်ပါ။
Progress ကို Measurement အမျိုးမျိုးနဲ့တိုင်းပါ
Scale တစ်ခုတည်းမဟုတ်ဘဲWaist Measurement၊ Progress Photos၊ Clothes Fit၊ Strength၊ Steps / Daily Activity၊ Fitness Level၊ Sleep & Recovery
တွေကိုပါ Track လုပ်ပါ။
တစ်ခါတလေ Scale က မပြောပြနိုင်တဲ့ Progress ကို ဒီအရာတွေက ပြောပြပေးနိုင်ပါတယ်။
အရမ်းမြန်မြန် Result မမျှော်လင့်ပါနဲ့
လူတော်တော်များများက၂ ပတ်လုပ်ပြီးပြီ၊ ဘာလို့မပြောင်းသေးတာလဲ?လို့ မေးကြပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်က Social Media Before & After ပုံတွေလို တစ်ညတည်းနဲ့ ပြောင်းလဲတာမဟုတ်ပါဘူး။
Real Progress က အချိန်ယူပါတယ်။
အရေးကြီးတာကအမြန်ဆုံး Result ရဖို့မဟုတ်ဘဲ
ရေရှည်ဆက်လုပ်နိုင်တဲ့ Result ရဖို့ပါ။
Result မမြင်ရင် Program ကို ချက်ချင်းမပြောင်းပါနဲ့
ဒီအချက်က အရမ်းအရေးကြီးပါတယ်။
Progress မမြင်တာနဲ့Diet ပိုလျှော့တာ၊ Cardio ပိုလုပ်တာWorkout ပိုများလိုက်တာ၊လုပ်လိုက်တာမျိုး မဖြစ်သင့်ပါဘူး။
အရင်ဆုံး မေးရမှာက“ငါ့ Plan ကို တကယ် Consistently လိုက်နာနေလား?”ဆိုတာပါ။
Training ဘယ်နှရက်လုပ်လဲ၊ Protein လုံလောက်လား၊Calories ကို အကြမ်းဖျင်းထိန်းနိုင်လား၊Steps ဘယ်လောက်ရှိလဲ၊Sleep ဘယ်လောက်ရှိိလဲအရင်ဆုံး Process ကိုစစ်ပါ။
Result မဟုတ်ဘဲ Process ကို Focus လုပ်ပါ
“ဒီလ 5 kg ကျရမယ်” ဆိုတာထက်ဒီတစ်ပတ် Training 3 ကြိမ်လုပ်မယ်၊နေ့တိုင်း Steps ပြည့်အောင်လုပ်မယ်၊ Protein လုံလောက်အောင်စားမယ်၊ ရေသောက်မယ်၊ Sleep ကို ဦးစားပေးမယ်ဆိုတဲ့ Controllable Goals တွေကို အာရုံစိုက်ပါ။
ဘာလို့လဲဆိုတော့Result ကို အမြဲမထိန်းချုပ်နိုင်ပေမယ့်
Process ကိုတော့ ထိန်းချုပ်နိုင်ပါတယ်။
နောက်ဆုံးတစ်ခုProgress မမြင်ရတဲ့အချိန်က
ရပ်လိုက်ရမယ့်အချိန် မဟုတ်ပါဘူး။
အဲ့ဒီအချိန်ကပြန်စစ်ရမယ့်အချိန်၊နည်းနည်းပြင်ရမယ့်အချိန်၊
ပြီးတော့ ဆက်လုပ်ရမယ့်အချိန်ပါ။
တစ်ပတ်နှစ်ပတ်အတွင်း Result မမြင်ရလို့ ရပ်လိုက်ရင်
ခန္ဓာကိုယ်ပြောင်းလဲဖို့ အချိန်မပေးလိုက်ရပါဘူး။
Consistency ဆိုတာ Result မြင်နေရတဲ့အချိန်မှာပဲ ဆက်လုပ်တာမဟုတ်ဘူး။
Result မမြင်ရတဲ့အချိန်မှာတောင်
ကိုယ့် Process ကို ယုံကြည်ပြီး ဆက်လုပ်နိုင်တာပါ။
MARIO PHYSIQUE
Personal Training: Package
12 / 16 / 20 Days 💥09957645974