Jsport Myanmar

Jsport Myanmar ဘောလုံးသတင်းနှင့် highlight များ

အန်တိုနီ မန်ယူအသင်းမှ ထွက်ခွာနိုင်ဖွယ်ရှိနေမန်ယူအသင်းမှ ကစားသမား အန်တိုနီဟာ ဇန်နဝါရီ အပြောင်းရွှေ့ကာလမှာ အသင်းပြောင်းဖွယ...
08/09/2024

အန်တိုနီ မန်ယူအသင်းမှ ထွက်ခွာနိုင်ဖွယ်ရှိနေ

မန်ယူအသင်းမှ ကစားသမား အန်တိုနီဟာ ဇန်နဝါရီ အပြောင်းရွှေ့ကာလမှာ အသင်းပြောင်းဖွယ်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်

နယူးကာဆယ်အသင်းအနေနဲ့ အန်တိုနီကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အငှားခေါ်ယူခွင့်မရနိုင်ပါက အပြီးသတ်ခေါ်ယူဖို့ထိ ကြိုးစားနိုင်ပါတယ်

မန်ယူအသင်းနဲ့ ၂၀၂၇ခုနစ်ထိ စာချုပ်သက်တမ်းရှိတဲ့ အန်တိုနီဟာ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းကိုလည်း အငှား သွားနိုင်ချေရှိနေပါ​သေးတယ်။

မန်ယူနည်း​ပြ တန်ဟတ်သာ အန်တိုနီကို သူ့ဘေးမှာပဲ ဆက်ထားမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ သူ့အနေနဲ့ နောက်လာမယ်​့ ဆောက်တသမ် နဲ့ ပွဲစဥ်မှာ မြင်တွေ့နိုင်ဖို့ မျှော်လင့်ရပါတယ်။
MN

အဆင်နယ်ကစားသမား ကလာဖီအိုရီ ဒဏ်ရာစိုးရိမ်ရနိုင်လားပြင်သစ်နှင့် အီတလီတို့ ကန်တဲ့ပွဲစဥ်မှာ အီတလီအသင်းမှ ပါဝင်ကစား​ပေးခဲ့တဲ့...
07/09/2024

အဆင်နယ်ကစားသမား ကလာဖီအိုရီ ဒဏ်ရာစိုးရိမ်ရနိုင်လား

ပြင်သစ်နှင့် အီတလီတို့ ကန်တဲ့ပွဲစဥ်မှာ အီတလီအသင်းမှ ပါဝင်ကစား​ပေးခဲ့တဲ့ အာဆင်နယ်ကစားသမား ကလာဖီအိုရီက ဒဏ်ရာရရှိပြီး မိနစ် ၇၀မှာကွင်းထဲမှ ထွက်သွားခဲ့ရပါတယ်။
ကလာဖီအိုရီရဲ့ ခြေသလုံးနဲ့ ခြေကျင်းဝိတ်ကို ထိခိုက်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအခြေနေကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး အကယ်၍ နောက်လာမယ့် မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးပွဲမှာ ပါဝင်ဖို့အဆင်မပြေကြောင်း ကြေညာခဲ့ရင်တော့ အာဆင်နယ်အသင်းအတွက် စိတ်မကောင်းစရာသတင်းပဲ ဖြစ်ပါတယ်။
MN
#အာဆင်နယ် #အားကစား #ဂျာနယ်

မန်ယူ လေ့ကျင်းရေးကွင်းကို ဇီဒန်း လာရောက် လည်ပတ်သွားခြင်းက အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိ မန်ယူ နည်းပြ တန်ဟက်တွက် ခြိ...
07/09/2024

မန်ယူ လေ့ကျင်းရေးကွင်းကို ဇီဒန်း လာရောက် လည်ပတ်သွားခြင်းက အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိ မန်ယူ နည်းပြ တန်ဟက်တွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီး ဇီဒန်းတစ်ယောက် မန်ယူကို ရောက်လာနိုင်တယ်လို့ သတ်မှတ်ရတော့မယ်လို့ အရိပ်မြွက်ပြလိုက်ခြင်းများ ဖြစ်နေမလား။

#မန်ယူ

"ငါ ဂိုးပေါင်း 1000 လောက် သွင်းချင်တယ်..။ အဲ့တာက ငါ့တွက် အရေးပါတယ် ငါသာ ဒဏ်ရာမရရင် အဲ့ဒါကို အကောင်ထည်ဖော်ချင်တယ်... အခု ...
06/09/2024

"ငါ ဂိုးပေါင်း 1000 လောက် သွင်းချင်တယ်..။ အဲ့တာက ငါ့တွက် အရေးပါတယ် ငါသာ ဒဏ်ရာမရရင် အဲ့ဒါကို အကောင်ထည်ဖော်ချင်တယ်... အခု ဂိုး 900 ပြည့်တာက ငါ့အတွက် ဘောလုံးသမားဘဝမှာ အကောင်းဆုံး မှတ်ကျောက်တစ်ခုပဲ ... ပြီးရင် ဂိုး 1000 ပြည့်ဖိုက ငါ့တွက် ထပ်ယူမယ့် နောက်ထပ် စိန်ခေါ်မှု အသစ်ဖြစ်လာပြီ"

လို့ အသက် ၃၉နှစ်အရွယ် ပေါ််တူဂီ ကစားသမား ခရစ်စီယာနို ရော်နယ်ဒို က ဘောလုံးသမားဘဝ ဂိုး ၉၀၀ ပြည့်ကို သွင်းခဲ့တဲ့ ခရိုအေးရှားနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အနားမယူခင်အချိန်မှာ ရော်နယ်ဒို အနေနဲ့ ဂိုးတွေ ဘယ်လောက်ထပ်သွင်းမလဲကို စောင့်ကြည့်ကြတာပေါ့ဗျာ..... သူရဲ့ ကစားသမားဘဝအနားယူချိန်ဟာ နီးကပ်လာလို့ စိတ်မကောင်းစရာတော့ ဖြစ်မိပါတယ်။

MN
#ဘောလုံးသတင်း #ဒိုလေး #ဂျာနယ် #အားကစား

နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူကြောင်း လူဝစ်ဆွာရက်ဇ် ကြေငြာဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ လာမည့် ပါရာဂွေးအသင်းနှင့...
05/09/2024

နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူကြောင်း လူဝစ်ဆွာရက်ဇ် ကြေငြာ

ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ လာမည့် ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမယ့်ပွဲအပြီးမှာ နိုင်ငံတကာဘောလုံးလောကမှ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ လီဗာပူးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဟာ သူ့ရဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့ လက်​​ရွေးစင် ကစားသမား ဘဝ ကုန်ဆုံး သွားကြောင်း သတင်းစာရှင်းလင်းပွဲ မှာ စိတ်မကောင်းစွာဖြင့် မျှဝေ ခဲ့ပါတယ် ။ ၂၀၀၇ ခုနှစ်တွင် ပွဲဦးထွက်ခဲ့သည့် ဆွာရက်ဇ်ဟာ ဥရုဂွေးရဲ့ အကြီးကျယ်ဆုံး အရည်အချင်းရှိသူများထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီး ၁၄၂ ပွဲတွင် ၆၉ ဂိုးဖြင့် ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေကြောင့် လူသိများတဲ့ သူဟာ 2011 ခုနှစ်မှာ Copa America ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး နှစ်တွေတစ်လျှောက် ဥရုဂွေးရဲ့ အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 2010 ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် 2014 ခုနှစ်တွင် တခြားကစားသမားကို ကိုက်သည့် ဖြစ်ရပ်များကဲ့သို့သော အမှတ်ရစရာ အခိုက်အတန့်များကြားမှ ဥရုဂွေးဘောလုံးအသင်းအပေါ်တွင် ဆွာရက်ဇ်ရဲ့ ကျော်ကြားမှုဟာ သိသိသာသာထင်​ ပေါ်ခဲ့ပါတယ်။ ဆွာရက်ဇ်ကို နိုင်ငံလက်ရွေးစင် ဂျာစီနဲ့ ကွင်းထဲမှာ ထပ်မြင်တွေ့နိုင်မှာ မဟုတ်တော့တာက စိတ်မကောင်းစရာပါပဲ။
MN
#ဘောလုံးသတင်း #ဂျာနယ်

Address

Yangon
11101

Website

Alerts

Be the first to know and let us send you an email when Jsport Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category