Mahar United Futsal Club

Mahar United Futsal Club အသင်းတစ်သင်းဆိုတာ ကစားသမား တွေစုပုံထားတာ မဟုတ်ဘူး။ ယုံကြည်မှု တွေ စုပုံ ထားတာ။

17/02/2026

⚽️Coming Soon!
Myanmar U16 New Generations🇲🇲

✅MFF၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ Regional Football Training Centers (ဒေသဆိုင်ရာ ဘောလုံးလေ့ကျင့်ရေး စင်တာ) များ ၊ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ

🇲🇲မြန်မာ့လက်ရွေးစင် ဖြစ်ခွင့် အိပ်မက်နဲ့ တိုင်းဒေသကြီး/ပြည်နယ် ၊ ဒေသအသီးသီးက ရွေးချယ်ခံမည့် မျိုးဆက်သစ်များအတွက်

🏆နှစ်စဉ်ယှဉ်ပြိုင်ရမည့် အာရှ ယူ၁၇ ခြေစစ်ပွဲစဉ်တွေအတွက်

✅ယူ၁၅ လိဂ်နဲ့ လူငယ်ပြိုင်ပွဲတွေ၊ ကလပ်အသင်းတွေ အတွက် လိုအပ်နေတဲ့ မျိုးဆက်သစ်များ

🆕မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၆ အသင်းအတွက် ကစားသမား ရွေးချယ်ပွဲများ ၂၀၂၆ မတ်လတွင် စတင်ပါမည်။

✅ဘယ်နေရာတွေမှာ ရွေးချယ်မှာလဲ?

✅ဘယ်သူတွေက ဘယ်လိုရွေးချယ်မှာလဲ?

✅ဘယ်အသက်အရွယ်က စပြီးရွေးချယ်ခံနိုင်မလဲ?

✅ရွေးချယ်ခံဖို့ လျှောက်လွှာ Form ဘယ်လိုရယူပြီး ဘယ်လို ဆက်သွယ် ပေးပို့ရမလဲ?

✅ရွေးချယ်ခံဖို့ ဘာတွေလိုအပ်မလဲ?

🙏“မကြာခင် ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးသွားမှာဖြစ်လို့ စိတ်ပါဝင်စားတဲ့ လူငယ်မျိုးဆက်သစ်လေးများကို လက်ဆင့်ကမ်း မျှဝေ အသိပေးထားကြပါလို့ ကြိုတင်ကြေညာထားပါရစေခင်ဗျ” 🙏

16/02/2026

ပထမ အကြိမ် YMA League Futsal အမှတ်ပေးဖလား ပြိုင်ပွဲ ကို မကြာခင် စတင် ကျင်းပ ပါတော့မည် ဖြစ်ကြောင်း ကြေငြာ အပ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် ph-09 690 780 812,09 954 820 689.သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

31/01/2026
ပြည်ထောင်စု နေ့့အထိမ်းအမှတ် အဖြစ် ကျင်းပတဲ့ U 18 futsal ဘောလုံးပြိုင်ပွဲ ကို Mahar United U 18 အသင်းလည်း ဝင်ရောက်ယှဉ်ပြိ...
31/01/2026

ပြည်ထောင်စု နေ့့အထိမ်းအမှတ် အဖြစ် ကျင်းပတဲ့ U 18 futsal ဘောလုံးပြိုင်ပွဲ ကို Mahar United U 18 အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အားပေးလိုက်ကြပါစို့။

Mahar U16 Championship 🏆 Final Match မှာ Fearless FC အသင်းက Life Gate FC အသင်းကို 5 vs 1ရလာဒ်ဖြင့်ပထမဆုကို ထိုက်ထိုက်တန်...
04/01/2026

Mahar U16 Championship 🏆 Final Match မှာ Fearless FC အသင်းက Life Gate FC အသင်းကို 5 vs 1ရလာဒ်ဖြင့်ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိ သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပွဲစဉ်တလျှောက်သွင်းဂိုးအများဆုံးဆုကိုတော့ Life Gate FC မှ RAF FAကရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကိုတော့ FEARLESS FC မှ E LAN တို့က အသီးသီးရရှိခဲ့ကြပြီး ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြပါတယ်။ ပြိုင်ပွဲကိုဖြစ်မြောက်ရေးအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသော Mahar United Futsal Club ရဲ့နည်းပြချုပ် ဦးရှိုင်းထက်မင်း (ပြည့်စုံထက် ကားပစ္စည်းဆိုင်)မိသားစု ၊ ဦးဇော်ထွေး အိမ်၊ခြံ၊မြေ၊နှင့်ဆောက်လုပ်ရေးမိသားစု နှင့် စံရိပ်ဖူဆယ်ကစားကွင်း၊ခေတ္တာ ဖူဆယ်ကစားကွင်းမိသားစု၊ အဖက်ဖက်မှ ပါဝင်ကူညီပေးကြပါသော ရွာမရပ်ကွက်မှတာဝန်ရှိသူများ၊ လူငယ်များ ၊ကြိုးစားပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင် အသင်းများ ၊ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြောက်စွာနှင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

03/01/2026
Mahar U16 Championship 🏆 ပြိုင်ပွဲရဲ့Semi Final အဆင့်ယှဉ်ပြိုင်ပွဲတွင်Life Gate FC အသင်းက Dream FC အသင်းကို 11ဂိုး vs 8ဂ...
03/01/2026

Mahar U16 Championship 🏆 ပြိုင်ပွဲရဲ့Semi Final အဆင့်ယှဉ်ပြိုင်ပွဲတွင်Life Gate FC အသင်းက Dream FC အသင်းကို 11ဂိုး vs 8ဂိုး ဖြင့်အနိုင်ရပြီး Final အဆင့် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီး Fearless FC အသင်း က Legendary Soccer FC အသင်းကို14 ဂိုး vs 6ဂိုးဖြင့်အနိုင်ရကာ Final အဆင့်ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Mahar U16 Championship 🏆ပြိုင်ပွဲအတွက်Semi Final အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းတွေအတွက် ဂုဏ်ယူဝမ်းမြောက်...
02/01/2026

အခုဆိုရင်တော့ Mahar U16 Championship 🏆ပြိုင်ပွဲအတွက်Semi Final အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ knock out အဆင့်နဲ့‌ေကျနပ်ခဲ့ရတဲ့အသင်းတွေအတွက်လည်းကြိုးစားယှဉ်ပြိုင်မှုတွေကိုအသိအမှတ်ပြုဂုဏ်ယူမိကြောင်း Mahar United Futsal Club မှ မှတ်တမ်းတင်လိုက်ရပါတယ်။

Mahar U16 Championship 🏆 Fustal ပြိုင်ပွဲတွင် Group stage အဆင့်များပြီးဆုံးပြီး Knock out အဆင့်သို့ ရောက်ရှိခဲ့ပါပြီ။ မန...
01/01/2026

Mahar U16 Championship 🏆 Fustal ပြိုင်ပွဲတွင် Group stage အဆင့်များပြီးဆုံးပြီး Knock out အဆင့်သို့ ရောက်ရှိခဲ့ပါပြီ။ မနက်ဖြန် Quarter Final (Knock out) အဆင့်သို့တက်လှမ်းလာခဲ့သောအသင်းများနဲ့ ပွဲစဉ်များကိုကြေငြာပေးပါရစေ။

Address

ထောက်ကြန့်၊
Yangon

Telephone

+959967328821

Website

Alerts

Be the first to know and let us send you an email when Mahar United Futsal Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share